24/05/2024
ရန်ကုန်တက္ကသိုလ်ကြီးမှာ ပေါက်ဖွားလာခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ချိန်တုန်းက တက္ကသိုလ်ကျောင်းသားတွေရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကျောင်းသားဘဝ အနှစ်သာရလေးတွေကို အမှတ်ရလွမ်းဆွတ်စေနိုင်မယ့် "မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း"ဆိုတဲ့ စာအုပ်လေးတစ်အုပ်...
မိသားစုအတွက် တရားမျှတမှုရှာဖို့ ဥပဒေမေဂျာကိုရွေးခြယ်ကာ ရန်ကုန်တက္ကသိုလ်ကြီးမှာ ပညာလာသင်တဲ့ ရှမ်းပအို့ဝ်ကပြားလေး "ခွန်းစဝ်လွန်းနောင်"
မိသားစုက အလိုလိုက်ထားလို့ ဂျစ်ကန်ကန်လေးနဲ့ စကားတတ်လွန်းတဲ့ တစ်မိုးအောက်က "မဂ္ဂဒီပါ"
ဝေသာလီဆောင်မှာ စတွေ့ခဲ့တဲ့အချိန်ကစလို့ လွန်းနောင်အပေါ်ကို သူတစ်ယောက်တည်းသာ အနိုင်ယူချင်လေ့ရှိတဲ့ မဂ္ဂက အချစ်ကိုနားလည်သွားတဲ့အချိန်ကျမှ ချစ်ရသူနဲ့ခွဲခွာရဖို့ဖြစ်လာခဲ့ရလေတယ်...
"သူဟာ လွန်းကိုချစ်နေမိပါသည်ဆိုတဲ့ ခိုင်မာသည့်အရာသည် လွန်းနဲ့ခွဲခွာဖို့ တိကျနေသောအချိန်မှာ သေချာသွားခဲ့လေသည်..."
-မဂ္ဂဒီပါ-
လွန်းနောင်ဟာလည်း ပထမဆုံးတွေ့ချိန်ကာလတည်းက မဂ္ဂအပေါ် သူငယ်ချင်းတစ်ယောက်အနေနဲ့ လိုအပ်တာထက်ပိုပြီး ဂရုစိုက်ပေးခဲ့ပေမယ့်
မိသားစုအတွက် တရားမျှတမှုရှာဖွေခြင်းကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ဖို့ရာ ချစ်ခြင်းမေတ္တာကို ကျောခိုင်းခဲ့ရတဲ့နောက်...
"မြကျွန်းညိုမှာချခဲ့မိတဲ့ မျိုးစေ့လေးက အဆိပ်ကင်းခဲ့တာကို ယုံပါ ခင်ဗျားရယ်"
-ခွန်စဝ်လွန်းနောင်-
မြကျွန်းညိုမှာ အစပြုခဲ့မိတဲ့ အချစ်တစ်ခုဟာ အလွမ်းတွေ နာကျင်မှုတွေနဲ့ ဆွေးတမြေ့မြေ့ကျော်ဖြတ်ခဲ့ရပေမယ့် ကြည်နူးမျက်ရည်ခံစားရတဲ့အထိ သူတို့၂ယောက်ရဲ့ မြတ်နိုးမှုအတိုင်းအတာကြီးမားတာကြောင့် စာဖတ်သူတွေရဲ့နှလုံးသားထဲအထိ တသိမ့်သိမ့်ခံစားကြရမှာ အသေအချာပါပဲ
"မြကျွန်းညို မှ လိပ်ပြာဝှက်တမ်း" ဆိုတဲ့ စာအုပ်လေးကို လက်ဝယ်ကိုင်ဆောင်ပြီး ဖတ်ရှုချင်တယ်ဆိုရင်တော့ Book Garden Bookstoreလေးမှာ preorder gift+box အစုံအလင်ကို 19500 ကျပ်ဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ
#မြကျွန်းညိုမှ_လိပ်ပြာဝှက်တမ်း
ီးနှင်းခဲ