Lumen Libris

Lumen Libris "Lumen Libris Book Shop" 📖

_ တစ်ခါတလေမှာ စာအုပ်ထဲက စာသားတစ်ကြောင်းက လမ်းပျောက်နေတဲ့ဘဝအတွက် မီးရှူးတန်ဆောင် ဖြစ်သွားတတ်ပါတယ်။‎‎– အတွေးအခေါ်တွေ မှန်က...
26/05/2026

_ တစ်ခါတလေမှာ စာအုပ်ထဲက စာသားတစ်ကြောင်းက လမ်းပျောက်နေတဲ့ဘဝအတွက် မီးရှူးတန်ဆောင် ဖြစ်သွားတတ်ပါတယ်။
‎
‎– အတွေးအခေါ်တွေ မှန်ကန်နေရင် ရှေ့ဆက်ရမယ့် လမ်းက ဘယ်လောက်ဝေးဝေး မိတ်ဆွေ မပင်ပန်းတော့ပါဘူး။
‎
‎– လူငယ်ဘဝဟာ ဝေခွဲမရမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီစာအုပ်က မိတ်ဆွေကို အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ထက် “တန်ဖိုးရှိတဲ့ လူတစ်ယောက်” ဖြစ်လာဖို့ ဘယ်လိုတွေးခေါ်ရမလဲဆိုတာကို အကောင်းဆုံး လမ်းပြပေးမှာဖြစ်ပါတယ်။
‎
‎• လူငယ်နှင့်အတွေးအမြင်
• တင်ညွန့်
• ‎15000 mmk


#တင်ညွန့်‎ #လူငယ်နှင့်အတွေးအမြင်‎ #စာဖတ်ပါမိတ်ဆွေ ‎

နှမလေးသို့ ပေးစာများ စာအုပ်‌ဟာ အိန္ဒိယ၏ လွတ်လပ်ရေးခေါင်းဆောင်၊ ပထမဆုံးဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး၏ “ချစ်သမီးသို့ပေး...
26/05/2026

နှမလေးသို့ ပေးစာများ စာအုပ်‌ဟာ အိန္ဒိယ၏ လွတ်လပ်ရေးခေါင်းဆောင်၊ ပထမဆုံးဝန်ကြီးချုပ် ပဏ္ဍစ်ဂျဝါဟာလာနေရူး၏ “ချစ်သမီးသို့ပေးစာ”ကို လည်းကောင်း၊ မြန်မာစာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ “ချစ်ဇနီးသို့” ဟူသည့် အိမ်ထောင်ရေး ပညာပေးစာအုပ်ကိုလည်းကောင်း တစ်စွန်းတစ်စ အမှတ်ရစေသောရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ လူငယ်ထုတစ်ရပ်လုံးသို့သာမက ဆန်းသစ်သည့် အတွေးအမြင်တွေကို လက်ခံကြိုဆိုသူ လူရွယ်၊ လူကြီးအားလုံး ကိုပါ သတင်းပါးလိုသည့် အကြောင်းအရာများဖြစ်၍ စာပေမွေ့လျော်သူ အားလုံးထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ရည်သန်လျက် “ဥယျာဉ်မှူး” နှင့် ရင်းချာသည့် ဆက်ဆံရေးရှိသော “အမြွှာညီနောင်စာပေ”မှ မကြာသေးခင်က ဖြန့်ချိထားတဲ့ အသစ်ထွက်စာအုပ်လေးတစ်အုပ်လည်းဖြစ်ပါတယ်။

• ကျော်မိုးသူ
• နှမလေးသို့ ပေးစာများ
• 12000 MMK


#နှမလေးသိို့ပေးစာများ #စာဖတ်ပါ

နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတ...
25/05/2026

နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတတ်ပါတယ်။ ဒီစာအုပ်လေးဟာ အဲဒီပြဿနာတွေအတွက်မြတ်စွာဘုရား ကိုယ်တိုင်ဟောခဲ့တဲ့လက်တွေ့အဖြေတွေကို ခေတ်လူငယ်တွေအတွက် အထူးရည်ရွယ်ပြီး စုစည်းထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။

ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်နဲ့ မဟာသမယသုတ်လို နက်ရှိုင်းတဲ့ တရားတော်တွေကို ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ရုံသက်သက်မဟုတ်ဘဲ နေ့စဉ်ဘဝမှာ အသုံးချလို့ရတဲ့ ”ဘဝနေနည်း အနုပညာ”အဖြစ် ပြောင်းလဲပေးထားပါတယ်။

ဒီစာအုပ်မှာ အရင်ဆုံး ဓမ္မစကြာတရားဦးကနေ အစွန်းနှစ်ဘက်ကို ရှောင်ရှားနည်း၊ သစ္စာ ၄ ပါးကို
ပြဿနာဖြေရှင်းနည်း အဆင့် ၄ ဆင့်အနေနဲ့ မဂ္ဂင် ၈ ပါးကို ဘဝအေးချမ်းအောင်မြင်ရေးစနစ်အဖြစ် တင်ပြထားပါတယ်။ အနတ္တလက္ခဏသုတ်က စိတ်ထဲက ‘ငါ ငါ့ဟာ’ဆိုတဲ့ အတ္တဝန်ထုပ်ကြီးကို ချွတ်ချနည်းသင်ပေးပြီး ဘဝကို ပေါ့ပါးလွတ်လပ်စေပါတယ်။

နောက်ဆုံး မဟာသမယ ၇ သုတ်က ကိုယ့်စရိုက်ကို စစ်ဆေးနည်း ပြပြီး ကိုယ်နဲ့ကိုက်ညီတဲ့တရား ရွေးချယ်ကျင့်သုံးနည်းကို ညွှန်ပြပါတယ်။ မဟာသမယသုတ်ကို ပိုမိုအစွမ်းထက်မြက်အောင် ရွတ်ဖတ်နည်းကိုလဲ ဖော်ပြပေးထားပါတယ်။

စိတ်ညစ်တဲ့အခါ၊ ပူလောင်တဲ့အခါ၊ ဘာဆက်လုပ်ရမှန်း မသိတဲ့အခါမျိုးမှာ ဒီစာအုပ်လေးကို ဖွင့်ဖတ်လိုက်ရုံနဲ့ အဖြေတစ်ခုခု ရရှိသွားမှာပါ။

- အရှင်ဉာဏဝရ (ပါရမီ)
- ဓမ္မစကြာနှင့် မဟာသမယသုတ်လာ ဘဝနေနည်းအနုပညာ
- 7500 MMK


#ဓမ္မစကြာ #မဟာသမယသုတ် #ဘဝနေနည်း #အနုပညာ #ဗုဒ္ဓဘာသာ

"Lumen Libris" မှာ ရနိုင်မယ့် BL BOOKS တွေပါတောပန်းလေး=25000 Vampire =23000လခွမ်းအုပ်ကြီးဖြစ်ရတာ =26000ချစ်ရပါသောခြည် =3...
25/05/2026

"Lumen Libris" မှာ ရနိုင်မယ့် BL BOOKS တွေပါ

တောပန်းလေး=25000

Vampire =23000

လခွမ်းအုပ်ကြီးဖြစ်ရတာ =26000

ချစ်ရပါသောခြည် =33000

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ = 40000


"‎ချစ်” ဆိုတဲ့ စကား​တွေ အများကြီးပါ​တော့ ဒီစာအုပ်ဟာ ကလက်သလို ဖြစ်​နေမှာ​ပေါ့။‎ချစ်ရတဲ့​ယောကျ်ားများ ဆိုပြန်​တော့ “ဟာ..ဘယ...
24/05/2026

"‎ချစ်” ဆိုတဲ့ စကား​တွေ အများကြီးပါ​တော့ ဒီစာအုပ်ဟာ ကလက်သလို ဖြစ်​နေမှာ​ပေါ့။
‎ချစ်ရတဲ့​ယောကျ်ားများ ဆိုပြန်​တော့ “ဟာ..ဘယ်လိုများလဲ” ဆိုပြီး မိန်းမတစ်​ယောက်ရဲ့ ကိုယ်ကျင့်တရားကို သံသယဝင်ရင် ဝင်မှာ​ပေါ့။ တကယ်​တော့ ဒီစာအုပ်ဟာ ဘဝထဲက အချစ်အ​ကြောင်းနဲ့ အချစ်ထဲက ဘဝအ​ကြောင်းကို ​ပြောပြချင်လို့ ​ရေးခဲ့တာသာ ဖြစ်ပါတယ်။
‎
‎ဒီဝတ္ထုကို​ရေးတော့ ကျွန်မအသက် ၂၈နှစ်ရှိပြီ။ အ​တွေ့အကြုံခပ်များများကို မြည်းစမ်းခဲ့ဖူးပြီ။ ပြီး​တော့ က​လေးတစ်​ယောက်အ​မေ ဖြစ်​နေခဲ့ပြီ။
‎ဒါ​ကြောင့်ကျွန်မဟာ ဒီဝတ္ထုကို မိခင်စိတ်နဲ့ ​ရေးခဲ့ပါတယ်။
‎
‎(ဆရာမ မြူပါးရ်ရဲ့ အမှာစာ​ကောက်နှုတ်ချက်)
‎
‎- ချစ်သော ချစ်မိသော ချစ်ခဲ့ဖူးသော ချစ်လှစွာသောယောကျာ်းများ
- မြူပါးရ်
- 9000 MMK


#မြူပါးရ် #စာဖတ်ပါ
‎
‎

ဝဋ်ကြွေးတွေ ကြီးလိုက်ပုံများကွာ…‎လူသန်းပေါင်းများစွာ ရှိနေတဲ့ကမ္ဘာမှာ‎မဖြစ်နိုင်ပါဘူး ဆိုတဲ့‎သူတစ်ယောက်တည်းကိုမှ‎ငါ့မှာ ...
24/05/2026

ဝဋ်ကြွေးတွေ ကြီးလိုက်ပုံများကွာ…
‎လူသန်းပေါင်းများစွာ ရှိနေတဲ့ကမ္ဘာမှာ
‎မဖြစ်နိုင်ပါဘူး ဆိုတဲ့
‎သူတစ်ယောက်တည်းကိုမှ
‎ငါ့မှာ ရူးရူးမူးမူး။
‎လိုက်ရှာမယ့်သူမရှိတဲ့ ဘဝကြီးထဲမှာ
‎ပုန်းနေရတာဟာလည်း
‎အဓိပ္ပါယ်မဲ့ပါတယ်…
‎
‎မင်းလည်း အချစ်နဲ့ကမ္ဘာ ထပ်တူကျခဲ့မယ်ဆိုရင် သူ့ကိုချစ်မိ အပြစ်ရှိ၏ လို့ ဆိုထားတဲ့ ဒီစာအုပ်လေးထဲမှာ အချစ်စာစုတွေ၊ ရင်တွင်းက စီးဆင်းတဲ့ နှလုံးသွေးစက်တွေကို တရှိုက်မက်မက် သောက်သုံးခွင့် ရလိမ့်မယ်။
‎
‎
- မယ်ညို
- သူ့ကိုချစ်မိ အပြစ်ရှိ၏
- ‎9000 MMK


#မယ်ညို #သူ့ကိုချစ်မိအပြစ်ရှိ၏ #စာဖတ်ပါ
‎

“မားကက်တင်း ၇.၀” စာအုပ်ဟာ AI နည်းပညာနဲ့ လူသားတို့ရဲ့ စိတ်အာရုံကို ပေါင်းစပ်ပြီး ခေတ်သစ်စီးပွားရေးလောကကို ဘယ်လိုဦးဆောင်ရမ...
23/05/2026

“မားကက်တင်း ၇.၀” စာအုပ်ဟာ AI နည်းပညာနဲ့ လူသားတို့ရဲ့ စိတ်အာရုံကို ပေါင်းစပ်ပြီး ခေတ်သစ်စီးပွားရေးလောကကို ဘယ်လိုဦးဆောင်ရမလဲဆိုတာ လမ်းညွှန်ပေးထားပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှု လေ့လာသူတွေအတွက် နောက်ဆုံးပေါ် မားကက်တင်းသီအိုရီတွေကို တစ်နေရာတည်းမှာ စနစ်တကျ လေ့လာနိုင်မှာပါ။ လက်တွေ့ လုပ်ကိုင်နေသူတွေ အတွက်လည်း AI ကို အသုံးချပြီး ဖောက်သည်တွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းဗျူဟာကောင်းတွေ ပါဝင်ပါတယ်။

သုတေသနပြုသူတွေ အတွက် ဆိုရင်လည်း မျိုးဆက်သစ် စားသုံးသူတွေရဲ့ အမူအကျင့်နဲ့ စိတ်နေစိတ်ထားတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။ ဒီစာအုပ်ဟာ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ စျေးကွက်အမြင်သစ်တွေကို ပေးစွမ်းနိုင်လို့ စီးပွားရေးလောကထဲက လူတိုင်း ဖတ်ရှုသင့်တဲ့ အဖိုးတန်စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

နည်းပညာခေတ်မှာ စီးပွားရေးအရ အောင်မြင်မှုရဖို့အတွက် ဒီစာအုပ်က မရှိမဖြစ် လိုအပ်တဲ့ လက်စွဲစာအုပ်ကောင်း တစ်အုပ်ပါ။

စာအုပ်တန်ဖိုး ၂၄၀၀၀ ကျပ်


#ဝင်းသိန်းဦး #စာဖတ်ပါ

❝ အချစ်ခံရတဲ့ မိန်းမလား အနိုင်ကျင့်ခံရတဲ့ မိန်းမလား ❞ကိုယ်ကတော့ ချစ်လို့၊ မြတ်နိုးလို့၊ အစစအရာရာ လိုက်လျောပေး၊ ဂရုစိုက် ...
22/05/2026

❝ အချစ်ခံရတဲ့ မိန်းမလား အနိုင်ကျင့်ခံရတဲ့ မိန်းမလား ❞

ကိုယ်ကတော့ ချစ်လို့၊ မြတ်နိုးလို့၊ အစစအရာရာ လိုက်လျောပေး၊ ဂရုစိုက် ကိုယ့်လူ စိတ်ဆိုးမှာကြောက်လို့ ကိုယ့်ဆန္ဒတွေကို ထိန်းချုပ် မျိုသိမ့်ထားနေရတာ.. ဒါပေမဲ့ သူ ဘာလို့ ကိုယ့်ကို တန်ဖိုးမထားတာလဲ။ အမျိုးသမီးအများစု လုပ်နေတဲ့အကြီးမားဆုံးအမှားက “ ပိုပေးဆပ်ရင် ပိုအချစ်ခံရမယ် ” ဆိုတဲ့အမှားပဲ။ ယောက်ျားတစ်ယောက်က ခေါ်ရင်လာ ခိုင်းရင်လုပ်.. နှင်ရင်သွား.. ပုံစံနဲ့ Nice Girl ဖြစ်ချင်ကြတယ်။ ချစ်ပါတယ်ဆိုပြီး ကိုယ့်အတွက် ဘာကောင်းကျိုးမှ မပေးတဲ့ယောက်ျားဆိုရင်တောင် ကိုယ့်ဘဝကိုယ် မနှမြောဘဲနဲ့ ချနင်းကြ ရင်းနှီးကြ ပေးဆပ်ကြတယ်။ မေးစရာမေးခွန်းက ဘာလို့ ဒါတွေလုပ်တာလဲ ယောက်ျားတစ်ယောက်ဆီမှာ အချစ်မခံရမှာစိုးလို့လား။

ဒီစာအုပ်ထဲမှာ မိန်းမတွေ ဘာလို့အချစ်မခံရတာလဲ၊ ဘယ်လိုမိန်းမတွေကို ယောက်ျားတွေက ဘယ်လိုမြင်လဲ၊ တန်ဖိုးရှိတဲ့မိန်းမဆိုတာကို ဘာပေတံနဲ့တိုင်းတာမလဲ စတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဆုလာဘ်လိုဖြစ်အောင် “ ဘယ်လိုကျင့်ကြံရမလဲ ” ဆိုတာနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးရမဲ့ ဥပဒေသ ၁၀၀ တိတိကို စနစ်တကျ ဖော်ပြထားပေးပါတယ်။

ဒီစာအုပ်က စာဖတ်သူအမျိုးသမီးကို ကောက်ကျစ်ဖို့ သင်ပေးတာ မဟုတ်ပါဘူး။ နူးညံ့တဲ့မက်မွန်းသီးထဲ မာကျောတဲ့ အစေ့ရှိသလိုမျိုး ကိုယ့်ရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာ သင်ပေးမှာပါ။ ယောက်ျားတစ်ယောက်ဆီက သူပေးတဲ့ စားကြွင်းစားကျန်လောက်နဲ့ မကျေနပ်ဘဲ အပြည့်အဝ အာရုံစိုက်၊ ဂရုစိုက်ခံရဖို့ ဘယ်လိုရပ်ရမလဲဆိုတာ သင်ပေးမှာပါ။ ယောက်ျားတွေရဲ့စိတ် ယောက်ျားတွေရဲ့ဦးနှောက်ကို သူတို့ပါးစပ်က မပြောရင်တောင် အလွယ်လေး ဘယ်လိုဖောက်စားရ မလဲဆိုတာသင်ပေးမှာပါ။

- ဘုန်းမောင်ဦး
- အချစ်ခံရသော မိန်းမဆိုးများ
- 19000 MMK


#အချစ်ခံရသောမိန်းမဆိုးများ #စာဖတ်ပါ

ဤစာအုပ်တွင် စာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာကြမည့် စာဖတ်သမားလူငယ်များအတွင် ရည်ရွယ်ကာ စာအုပ်တော်တော်များများအကြောင်း ...
20/05/2026

ဤစာအုပ်တွင် စာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာကြမည့် စာဖတ်သမားလူငယ်များအတွင် ရည်ရွယ်ကာ စာအုပ်တော်တော်များများအကြောင်း တစ်စွန်းတစ်စစီ ထည့်သွင်း ပြောဆိုပေးထားပါသည်။ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်အောက်၌ အေဗရာဟင်လင်ကွန်း၊ နပိုလီယန် စသော ပုဂ္ဂိုလ်ကြီးများ ဖတ်ရှုသည့် စာအုပ်များ ပါဝင်သလို၊ ဂန္တဝင်သင်တန်းတက်သူတို့ ဖတ်ကြသည့် စာအုပ်အမည်များလဲပါပါသည်။

ခေတ်အဆက်ဆက် ကမ္ဘာကို လွှမ်းမိုးခဲ့သောစာအုပ်များ ခေါင်းစဉ်အောက်တွင်မူ ပုံပြင်၊ဝတ္ထု၊ ပြဇာတ်စသည့် ရသစာပေဆိုင်ရာ စာအုပ် (၅၀) နှင့် အတ္ထုပ္ပတ္တိ၊ သမိုင်း၊ သိပ္ပံ၊ ဒဿနနှင့် အခြားပညာရပ်ဆိုင်ရာ စာအုပ် (၆၀) တို့ကို အညွှန်းတိုများနှင့် ဖော်ပြပေးထားပါသည်။

_ ဖေမြင့်
_ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း
_ 9500 MMK


#ဖေမြင့် #ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း #စာဖတ်ပါ

"အတွေးတွေကို စွန့်လိုက်ပါစိတ်ကို လွတ်လပ်စေပါ .."•  ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက်… မိမိတို့ရဲ့ စိတ...
19/05/2026

"အတွေးတွေကို စွန့်လိုက်ပါ
စိတ်ကို လွတ်လပ်စေပါ .."

• ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက်… မိမိတို့ရဲ့ စိတ်လေးက ရှင်းလင်းနေဖို့၊ တည်ကြည်ငြိမ်သက်နေဖို့၊ Powerful ဖြစ်နေဖို့ လိုအပ်ပါတယ်…။ ဒီလိုမှမဟုတ်ဘဲ သောကတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ ဆုံးရှုံးမှုတွေအပြင် လူမှုရေး၊ စီးပွားရေး၊ Relationship ပြဿနာတွေထဲမှာပဲ စိတ်က ဖြေမဆည်နိုင်ဘဲ ရပ်တန့်နေပြီဆိုရင်တော့…. ကိုယ့်ရဲ့ ဘ၀ကြီးက အဓိပ္ပာယ်မရှိတာမျိုး …. ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတာမျိုး စတာတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်…။

• စိတ်က တည်ကြည်ရှင်းလင်းနေမှသာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်လုပ်ချင်တာတွေကို စိတ်သွားတိုင်းကိုယ်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်…။ ပြီးတော့ စိတ်ရဲ့ ဖြစ်တတ်တဲ့ သဘောတရားတွေ … မိမိကိုယ်မိမိ သေသေချာချာ သိနားလည်ခြင်းတွေ… လောကကြီးရဲ့ ဖြစ်တတ်တဲ့ သဘောတရားတွေကို အနည်းအကျဉ်းနားလည်ထားမှသာ မိမိတို့ရဲ့စိတ်ကို ဘယ်လိုဟန်ချက်ညီအောင် ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ်။

• ဒီ ‘စိတ်၏ဖြေရာ’ စာအုပ်က …. မိမိစိတ်နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ…၊ သောက၊ ဒုက္ခကြုံတွေ့လာရင် ထားသင့်တဲ့ စိတ်နေစိတ်ထားတွေ…. စိတ်ခွန်အားဖြစ်စရာတွေ…. စိတ်ဖြေတတ်ဖို့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…။

- စိတ်၏ဖြေရာ
- မျိုးသီဟကျော် _Randy
- 9000 MMK


#စိတ်၏ဖြေရာ #စာဖတ်ပါ

ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့” ဆိုတဲ့ စာအုပ်လေးက လူတိုင်းအတွက် လမ်းညွှန်ပေးနိုင်မဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အထူးသဖြင့် အတွေး...
19/05/2026

ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့” ဆိုတဲ့ စာအုပ်လေးက လူတိုင်းအတွက် လမ်းညွှန်ပေးနိုင်မဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ အထူးသဖြင့် အတွေးနွံနစ်နေသူ၊ စိတ်ထိခိုက်စရာတွေနဲ့ ပိတ်မိနေသူ၊ စိတ်ခံစားချက်တွေထဲ လမ်းပျောက်နေတဲ့သူ၊ ကိုယ့်ဘာသာကိုယ် အရှုံးပေးနေတဲ့သူတွေအတွက်ပေါ့။ စာရေးသူ Daniel Chidiac က ရိုးရိုးရှင်းရှင်းနဲ့ လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို သုံးပြီး ဘာကြောင့် ကိစ္စသေးသေးလေးတွေက သင့်တစ်နေ့တာလုံးကို ပျက်စီးစေတယ်ဆိုတာကို သက်သေပြထားတယ်။ ဒါတွေကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေကိုလည်း ပြပေးထားတယ်။

ဒီစာအုပ်ကနေ

· ကိစ္စအသေးအဖွဲလေးတွေနဲ့ တစ်နေ့လုံး စိတ်မပျက်တတ်အောင်

· ကိုယ့်ဘာသာကိုယ် မဖျက်ဆီးမိအောင်

· အပြစ်ရှိတယ်လို့ မခံစားရဘဲ သင့်တော်တဲ့ ကန့်သတ်ချက်တွေ သတ်မှတ်တတ်အောင်

· တကယ့်အပြစ်ရှိတာနဲ့ ခြယ်လှယ်ခံရတာကို ခွဲခြားတတ်အောင်

· အတွေးမလွန်မိအောင်

· ကိုယ်နဲ့ပတ်သက်တဲ့အရာတိုင်းကို စိတ်ရောကိုယ်ပါ မခံစားမိအောင်
စိတ်ခံစားချက်နဲ့ လွင့်မျောမနေအောင်

· အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေကို ခွဲခြားတတ်ပြီး နောင်တမရဘဲ ထွက်ခွါလာတတ်အောင်

· ကိုယ့်ကိုယ်ကိုယ် ပိုထိန်းနိုင်ပြီး နေ့ရက်တိုင်း ကောင်းမွန်လာအောင်

· နစ်နာသူအဖြစ်ကနေ ကိုယ့်ကိုယ်ကိုယ် အစွမ်းရှိသူအဖြစ် ပြောင်းလဲတတ်အောင်

· စိတ်ခံစားချက်တွေကို ခပ်ခွါခွါနေတတ်အောင်

· ကိုယ် တိုးတက်လာတာကို ရှင်းပြနေစရာမလိုဘဲ ရှေ့ဆက်တတ်အောင်သင်ပေးပါတယ်။

အတွေးနွံနစ်ရင်း ပင်ပန်းနေတဲ့အခါ၊ လူတွေရဲ့ စိတ်ခံစားချက်တွေကို အမြဲလိုက်ပါခံစားနေရလို့ ခြေကုန်လက်ပန်းကျနေတဲ့အခါ၊ ဒါမှမဟုတ် ဘဝရဲ့ ဖရိုဖရဲဖြစ်မှုတွေက ကိုယ့်စိတ်ခံစားချက်ကို ဆုံးဖြတ်ခွင့်ပေးတာကို ရပ်လိုက်ချင်တဲ့အခါ ဒီစာအုပ်ကို ဖတ်သင့်ပါတယ်။ ကိုယ့်အင်အားကို ပြန်ရရှိဖို့၊ ကိုယ့်စိတ်ငြိမ်းချမ်းမှုကို ကာကွယ်ဖို့၊ ကိုယ်ပိုင်စည်းချက်နဲ့ ရပ်တည်ဖို့ လမ်းကြောင်းပြပေးမှာပါ။

- စုမြတ်ချစ်
- ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့
- 15000 MMK


#စုမြတ်ချစ် #စာဖတ်ပါ

Address

Yangon

Alerts

Be the first to know and let us send you an email when Lumen Libris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category