Ya danar san

Ya danar san Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ya danar san, Shopping Service, Yangon.

ရန်ကုန်ကို လာမယ်ဆိုရင်အပေါ် လမ်း ကပဲ လာလာအောက်လမ်း ကပဲ လာလာသခင်မြပန်းခြံ  ကို ရောက်မှာ ဖြစ်ပါတယ် ။အဝေးပြေးကားနဲ့ လာလာလေယ...
20/02/2024

ရန်ကုန်ကို လာမယ်ဆိုရင်

အပေါ် လမ်း ကပဲ လာလာ
အောက်လမ်း ကပဲ လာလာ
သခင်မြပန်းခြံ ကို ရောက်မှာ ဖြစ်ပါတယ် ။

အဝေးပြေးကားနဲ့ လာလာ
လေယဥ်နဲ့ လာလာ
ရောက်တာနဲ့ လှိုက်လှဲ ပျူငှာစွာ ကြိုဆိုပြီး
အထုပ်တွေ အတင်းဆွဲ ကားနဲ့ အိမ်အထိလိုက်ပို့မယ့်
သူတွေ ရှိ ပါတယ်
တောင်းသလောက် တော့ ပေးရပါမယ် ။ Taxi

တည်းခိုမယ် ဆိုရင်လဲ တည်းခိုခန်း အများစုက

တနာရီ section လား
၃နာရီ section လား
တနေ့လုံးတည်းမှာ လား
သေချာပြောတည်းလို့ ရပါတယ် ။

ဘုန်းကြီးကျောင်း လား
အသိအိမ် တည်းမှာလား

ဘယ်မှာတည်းတည်းဧည့်စာရင်းတိုင်ရပါတယ် ။

ရွာမှာလို လော်စပီ ကာသံတွေ
ငှက်အော်သံ တွေ ကြားရမှာမဟုတ်သလို

စျေးသယ် တွေ ရဲ့ ဘာရောင်းမှန်း မသိအောင်
အော်ရောင်း နေတဲ့ လည်ရောင်း နေတဲ့ အသံတွေ ကို
ဆယ်မိနစ်တခါ ကြားရပါလိမ့်မယ်

ရန်ဖြစ်နေတယ် ထင်ရင် ထွက်မကြည့်ပါနဲ့
စျေးသယ် နှစ်သယ်
ဆုံအော်နေတာ ဖြစ်ပါလိမ့်မယ် ။

အပြင်ထွက်လို့ ကိုယ့်ကို အုပ်လိုက်ကြီး
ဝိုင်းကြည့်နေရင် သွေးမပျက်ပါနဲ့
ဆိုက်ကား ဆရာနဲ့ Taxi ကားသမားတွေ ပါ ။

တိုက်ခန်းတွေ က ညဖက် မအိပ်ကြဘူး
မီးတွေ ထွန်းထားပြီး
ဟိုချောင်း ဒီချောင်း လုပ်နေရင်လဲ
မစိုးရိမ်ပါနဲ့
ရေတင် မလို့ စောင့်နေကြတာပါ ။

စနေ။ တနင်္ဂနွေ ဆို
လဖက်ရည်ဆိုင်က ဟေးကနဲ ဝါး ကနဲ အော်ရင်လဲ
မထိတ် လန့်ပါနဲ့
ဘောပွဲ ကြည့်နေကြတာပါ ။

အသံ အရမ်းကျယ်ကျယ်အော်ရင်
မန်ယူ နိုင်တယ် လို့မှတ်ပြီး
တိတ်ဆိတ်နေရင်တော့
ဆိုက်ကားဂိတ် မီးလောင်နေပြီ လို့ မှတ်ပါ ။

ရန်ကုန် မှာ ဘုရား ဖူးသွားရင်း
လက်ခုပ် တီးခေါ်ရင် မသွားပါနဲ့
အဆောင်တခု ရပြီး မြွေစာ ကျွေးခဲ့ ရမှာပါ ။

သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ သူဆို ရှောင်ပါ
ပေတိပေစုပ်နဲ့ တလောကလုံး သူ့လုပ်စာစားတဲ့
မျက်နှာ နဲ့ လူက လူကောင်းပါ ။

အရေးအကြီးဆုံး တခုမှာချင်တာက
တိုက်တွေ ကိုမော့ကြည့်ပြီး လမ်းမလျောက်ပါနဲ့

ပလက်ဖောင်းပေါ်မှာ ပလစတစ်ခင်း ရောင်းနေတဲ့
မျက်မှန်တွေ နာရီ တွေ တက်နင်းမိရင်
တသက်လုံး လျော်လို့ ဆုံးမှာမဟုတ်ပါ ။

ကားမှတ်တိုင်မှာ အလုပ်လုပ်မလား မေးတဲ့ ကောင်မလေး တွေ ရှိ ပါတယ် ။
အလုပ်ရပြီ ဆိုပြီး လိုက်မသွားပါနဲ့
ကိုယ်ကပိုက်ဆံ ပြန်ပေးခဲ့ ရမှာပါ (ကိုယ်တွေ့)

03/01/2024
03/01/2024

ကိုယ်တိုင်ချုပ်လက်ရာလေး🥰

ကံကောင်းခြင်းတွေနဲ့ ပြည့်စု့ကြပါစေ🥰
03/11/2023

ကံကောင်းခြင်းတွေနဲ့ ပြည့်စု့ကြပါစေ🥰

29/10/2023

Address

Yangon

Telephone

+959405211578

Website

Alerts

Be the first to know and let us send you an email when Ya danar san posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ya danar san:

Share