KML

KML Live, Laugh, Love

"ဘာလို့ စံပယ်ပန်း ပန်တဲ့သူဟာ စန်းပွင့်တာလဲ?"​ရှေးလူကြီးတွေ ပြောလေ့ရှိပါတယ်။ "စံပယ်ဖြူ အနံ့က မွှေးသလို၊ စိတ်ကိုလည်း အေးချ...
20/01/2026

"ဘာလို့ စံပယ်ပန်း ပန်တဲ့သူဟာ စန်းပွင့်တာလဲ?"

ရှေးလူကြီးတွေ ပြောလေ့ရှိပါတယ်။ "စံပယ်ဖြူ အနံ့က မွှေးသလို၊ စိတ်ကိုလည်း အေးချမ်းစေတယ်" တဲ့။ တကယ်တော့ စံပယ်ပန်းနဲ့ စန်းပွင့်ခြင်းကြားမှာ စိတ်ဝင်စားစရာ အချက်တွေ ရှိနေပါတယ်။

​ဖြူစင်ခြင်းရဲ့ ပြယုဂ်: စံပယ်ရဲ့ အဖြူရောင်က မြင်ရသူကို အေးချမ်းစေပါတယ်။ ဖြူစင်တဲ့ စွမ်းအင် (Positive Energy) ထွက်နေတဲ့သူကို လူတိုင်းက ဝိုင်းချစ်ကြတာ မဆန်းပါဘူး။

​ရနံ့ကပေးတဲ့ ဆွဲဆောင်မှု: စံပယ်နံ့ဟာ စိတ်ကို ကြည်လင်စေပြီး တည်ငြိမ်စေတဲ့ အာနိသင်ရှိပါတယ်။ ကိုယ်တိုင်က စိတ်ကြည်နေရင် မျက်နှာက အလိုလို ဝင်းပလာပြီး ဆွဲဆောင်မှု (Vibe) က ပိုတက်လာတာပါ။

​နူးညံ့တဲ့ စွမ်းအင်: စံပယ်ပန်းကို မြတ်မြတ်နိုးနိုး ပန်ဆင်သူ ဒါမှမဟုတ် အဆောင်မှာ ထားသူဟာ စိတ်ထားနူးညံ့တတ်ကြပါတယ်။ အဲဒီ နူးညံ့မှုကပဲ တစ်ဖက်လူကို ဖမ်းစားနိုင်တဲ့ "စန်း" ဖြစ်လာတာပါ။

ဒါကြောင့် ကိုယ့်ရဲ့ စန်းကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျမများတဲ့ စံပယ်ပန်းလေးတွေကို အမြဲနီးစပ်အောင် ထားကြည့်ဖို့ အကြံပေးပါရစေ။ ✨🌸

Kml

#စံပယ်ပန်း

16/08/2025

ပြောင်းလဲသွားတယ်လို့ မပြောခင်
တဖက်သူအပေါ် ကိုယ်ဘာတွေများ မှားတယ်ဆိုတာကို စဥ်းစားသင့်တယ်။

Kml

ညနက်လာပြီးလှုပ်ရှားမှုအားလုံး ငြိမ်သက်သွားတဲ့အခါပန်းခြံပေါ်မှာ လရောင်ကဖြာကျနေတယ်စိတ်ထဲက မသန့်ရှင်းမှုတွေကို လျှော်ဖွပ်ပြ...
06/07/2025

ညနက်လာပြီး
လှုပ်ရှားမှုအားလုံး ငြိမ်သက်သွားတဲ့အခါ
ပန်းခြံပေါ်မှာ လရောင်ကဖြာကျနေတယ်
စိတ်ထဲက မသန့်ရှင်းမှုတွေကို လျှော်ဖွပ်ပြီး
စစ်မှန်တဲ့ သဘာဝက ထွက်ပေါ်လာတယ်။

Kml

ဒီလိုလူမျိုးနဲ့ တွေ့ဆုံချင်တယ်။ငါရဲ့နှလုံးသားကို အချိန်တိုင်း စက္ကန့်တိုင်းတလှပ်လှပ် ခုန်အောင် လုပ်နိုင်တဲ့သူဒီလိုလူမျို...
03/06/2025

ဒီလိုလူမျိုးနဲ့ တွေ့ဆုံချင်တယ်။
ငါရဲ့နှလုံးသားကို အချိန်တိုင်း စက္ကန့်တိုင်း
တလှပ်လှပ် ခုန်အောင် လုပ်နိုင်တဲ့သူ
ဒီလိုလူမျိုးနဲ့ တွေ့ဆုံချင်တယ်။
သူရဲ့ ပွေ့ဖက်ထားမှုက အဲ့ဒီတနေ့လုံး ရုန်းကန်လှုပ်ရှားထားသမျှကို ဖြေပျောက်စေတဲ့သူ။

Kml

အသံတစ်သံက ဘဝကိုပြောင်းလဲစေတယ်။တချို့အသံက နွေးထွေးမှုပေးတယ်။ သက်တောင့်သက်သာ ဖြစ်စေတယ်။ လွတ်လပ်မှုကိုလဲ ဖြစ်စေတယ်။ ကျိုးကြ...
25/05/2025

အသံတစ်သံက ဘဝကိုပြောင်းလဲစေတယ်။
တချို့အသံက နွေးထွေးမှုပေးတယ်။
သက်တောင့်သက်သာ ဖြစ်စေတယ်။
လွတ်လပ်မှုကိုလဲ ဖြစ်စေတယ်။
ကျိုးကြေနေတဲ့စိတ်နှလုံးသားကို ကြင်နာစွာ
ထွေးပိုက်တယ်။ တချို့အသံတွေကတော့
စိတ်ဓာတ်ကျနေတဲ့ နှလုံးသားကို လှုပ်နိုးပေးတယ်။
တချို့အသံတွေကတော့ မင်းရဲ့စိတ်နှလုံးကို ချိုးဖျက်စေနိုင်တယ်။ လောကကြီးမှာ ကောင်းတဲ့အသံနဲ့ မကောင်းတဲ့ အသံဆိုပြီးရှိတယ်။
မင်းက ကောင်းတဲ့အသံတွေကိုပဲ နားထောင်ပြီး
အိပ်စက် အနားယူနိုင်ပါစေနော်။

Kml

စိတ်ဒဏ်ရာကြောင့် နေမကောင်းဘူးဆိုရင်အဲ့ဒါကို စိတ်ဝေဒနာလို့ခေါ်တယ်။စိတ်ဝေဒနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြသနာကြောင့် တဖြည်းဖြည...
14/05/2025

စိတ်ဒဏ်ရာကြောင့် နေမကောင်းဘူးဆိုရင်
အဲ့ဒါကို စိတ်ဝေဒနာလို့ခေါ်တယ်။
စိတ်ဝေဒနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြသနာကြောင့် တဖြည်းဖြည်းဖြစ်လာတာပဲ။
အလားတူ ခက်ခဲတဲ့အခြေအနေ တစ်ခုခုကို
မင်းရောက်လာရင် အဲ့ဒါကို မတရားရှောင်လွဲမိမှာပဲ
ဒါမှမဟုတ် နှောင့်နှေးမိမှာပဲ။
မင်း အပြေးလေ့ကျင့်ရင် စိတ်ညစ်ညူးတာတွေကို ပျောက်စေနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ အဒရီနယ်ဓာတ်တွေကို ပိုထွက်လာလိမ့်မယ်။ အဲ့လိုမျိုးပဲ
တချို့ သိပ္ပံပညာရှင်တွေက ပြောကြတယ်
စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေက ဦးနှောက်ထဲက အာရုံကြော ချိတ်ဆက်မှုတွေကို ကြည့်ပြီးတော့ဖြစ်ဖြစ် ဓာတုပေါင်းစပ် ဖြစ်စဥ်တွေကို ကြည့်ပြီးတော့ဖြစ်ဖြစ် ကုသနိုင်တယ်တဲ့။
ဒါပေမယ့် မင်းခန္ဓာကိုယ်ထဲက ဓာတုဖြစ်စဥ်တွေ
ပုံမှန်အခြေအနေရှိနေရင်တောင် အဲ့ဒါက လူသားရဲ့စိတ်က ဘယ်လို အလုပ်လုပ်တယ်ဆိုတာမျိုး မဟုတ်ဘူးလေ။ ငါတို့က ကွန်ပျုတာလိုမှ မဟုတ်တာ။ ငါတို့စိတ်ထဲမှာ ခံစားရတာတွေက ငါတို့ဘဝမှာ ကြုံတွေ့ရတဲ့ ရလာဒ်တွေပဲ။
အချစ် နာကျင်မှု ဆုံးရှုံးမှု ဒေါသ အကြမ်းဖက်မှု ငြိမ်းချမ်းမှု ပြီးတော့ ပျော်ရွှင်မှုတွေပေါ့။
စိတ်ပိုင်းဆိုင်ရာ ဝေဒနာကနေ လွတ်မြောက်ဖို့က
အကြောက်တရားတွေကနေ ရင်ဆိုင်ဖို့ပဲ။
အမှောင်ထုကနေ လွတ်မြောက်မှုအတွက်က
အမှောင်ထုထဲကိုလျှောက်ဝင်သွားပြီး ရင်ဆိုင်ရမယ်။ ပြီးတော့ နာကျင်စရာ အတိတ်တွေအားလုံးကို စပြီးတော့ နှုတ်ဆက်လိုက်တော့။
ကောင်းသောညပါရှင်။

Kml

❀❀Forget me not Flowers❀❀ဒီပန်းလေးကိုတော့ရင်းနှီးတဲ့သူများမယ်လို့ထင်ပါတယ်နာမည်လေးကဆန်းတာကိုး .....ပန်းသေးသေးလေးတွေက အရမ်...
03/12/2024

❀❀Forget me not Flowers❀❀

ဒီပန်းလေးကိုတော့ရင်းနှီးတဲ့သူများမယ်လို့ထင်ပါတယ်
နာမည်လေးကဆန်းတာကိုး .....
ပန်းသေးသေးလေးတွေက အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။
Forget me notဆိုတဲ့နာမည်က German
စကားလုံးဖြစ်တဲ့ "Vergissmeinnicht "
(ဖယ်ဂစ်မိုင်းနစ်ရ်ှထ်)ဆိုတဲ့စကားကဆင်းသက်လာတာပါ။

ဒီပန်းကိုအဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့
ဘယ်တော့မှမသေဆုံးသောအချစ်စစ်,
သစ္စာတရား,အတူရှိခဲ့ဖူးတဲ့အမှတ်တရတွေ,သတိရခြင်း လို့အဓိပ္ပါယ်ရပါတယ်။

သတိရတယ်ဆိုတဲ့နေရာမှာကိုယ်နဲ့အတူရှိခဲ့ဖူးမှသတိရသင့်တာမဟုတ်ပါဘူး အတူမရှိခဲ့ဖူးပေမယ့်လည်းကိုယ့်အတွက်တစ်စုံတစ်ခုကောင်းကျိုးပေးခဲ့တယ်ဆိုရင်လည်းသတိရခြင်းခံရဖို့ထိုက်တန်ပါတယ် ဥပမာ တိုင်းပြည်အတွက်အသက်စွန့်သွားတဲ့သူရဲကောင်းတွေလိုပေါ့
Newfoundland နိုင်ငံမှာအခုချိန်ထိJuly 1ရက်နေ့မှာ World War I မှာကျဆုံးသွားတဲ့စစ်သည်တွေကိုအမှတ်ရတဲ့အနေနဲ့forget me notပန်းတွေကိုပန်ဆင်ကြပါတယ်

Forget me notပန်းတွေမှာအခြားအချစ်နဲ့မသက်ဆိုင်တဲ့အယူအဆတွေလည်းရှိပါသေးတယ်။
ဒီပန်းတွေဟာလူတွေကိုစုန်းတွေရဲ့ရန်ကနေကာကွယ်နိုင်တယ်လို့လည်းအယူရှိကြပါတယ်။ ဒါ့အပြင် forget me notပန်းဟာကံကောင်းခြင်းတွေကိုယူဆောင်လာနိုင်ပါတယ်တဲ့။
England နိုင်ငံရဲ့ဘုရင်Henery lV က
Forget me notပန်းတွေကို ၁၃၉၈ခုနှစ်သူပြည်နှင်ဒဏ်ခံရစဉ်က ကံကောင်းစေတဲ့အဆောင်အဖြစ်သတ်မှတ်ထားရှိပါတယ်တဲ့။
သူဘုရင်ဖြစ်လာတဲ့အခါမှာ
Forget me notဟာသူ့ရဲ့သင်္ကေတဖြစ်လာပါတယ်။

credit to flowermeaning and other internet sources
Credit to photo owner

သေးငယ်တဲ့ပန်းလေးဆိုတော့ သင်းပျံ့ပျံ့ရနံလေးရှိတယ်။သေးငယ်ပေမယ့် သူ့ရဲ့အစွမ်းတွေကို ထုတ်ဖော်ပြီး အလှပဆုံးပွင့်လန်းနေတယ်။Kml
29/03/2024

သေးငယ်တဲ့ပန်းလေးဆိုတော့ သင်းပျံ့ပျံ့ရနံလေးရှိတယ်။
သေးငယ်ပေမယ့် သူ့ရဲ့အစွမ်းတွေကို ထုတ်ဖော်ပြီး အလှပဆုံးပွင့်လန်းနေတယ်။

Kml

Daffodil ရဲ့ ပန်းစကားက မင်းနဲ့သာအတူရှိမယ်ဆိုရင် နေရောင်ခြည်တွေက တောက်ပနေတယ်တဲ့လေ။ နောက်တမျိုးကတော့ မင်းက ကိုယ့်ရဲ့တစ်ဦး...
17/01/2024

Daffodil ရဲ့ ပန်းစကားက မင်းနဲ့သာအတူရှိမယ်
ဆိုရင် နေရောင်ခြည်တွေက တောက်ပနေတယ်
တဲ့လေ။ နောက်တမျိုးကတော့ မင်းက
ကိုယ့်ရဲ့တစ်ဦးတည်းသော လို့လဲအဓိပ္ပါယ်ဖွင့်
ကြတယ်။

KML

ဒေစီပန်းရဲ့ အဓိပ္ပါယ်က မေတ္တာသက်ဝင်နေရင်တောင် ဖွင့်မပြောဘူးတဲ့လေ။KML
02/12/2023

ဒေစီပန်းရဲ့ အဓိပ္ပါယ်က မေတ္တာသက်ဝင်
နေရင်တောင် ဖွင့်မပြောဘူးတဲ့လေ။

KML

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when KML posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category