09/11/2022
မြွေတွေကိုအိမ်မက်တာမထက်ကိုလာမေးနေကြလို့ဖြေပေးလိုက်ပြီနော်🤑
🐍 မြွေကိုအိမ်မက်တယ်၊ ကိုယ့်ကိုဘာမှမလုပ်ဘူးဆိုရင်၊ မဝေးတော့တဲ့ကံကောင်းခြင်းတဲ့လာဘ်လာဘကိုရမှာပါ
🐍 မြွေအများကြီးစုပြုံနေတာကိုမြင်တွေရတယ်ဆိုရင်တော့ ကျန်းမာရေးဂရုစိုက်ပါ၊ အိပ်ရေးဝဝအိပ်ပါ(အလုပ်ပင်ပန်းလို့မက်တာပါ)
🐍 မြွေစိမ်းကိုမက်တယ်ဆိုရင်သင့်ကိုကူညီမယ့်သူတွေပေါမယ်၊ အစောင့်ရှောက်ကောင်းရမယ်၊ လာဘ်လာဘဝင်ပါလိမ့်မယ်
🐍 မြွေမြိုခံရတယ်ဆိုရင် အရင်ဘဝကပဌာန်းဆက်ကအနားမှာရှိတာ သို့ မိမိကိုလွမ်းစေတာပါ
🐍 မြွေအနက်ကိုအိမ်မက်ရင် မိမိပြုလုပ်နေသည့်လတ်တလောမကောင်းမှုများကိုဆက်မလုပ်ဖို့သတိပေးတာပဲဖြစ်ပါတယ်
🐍 မြွေကမိမိခန္ဓာကိုယ်ကိုရစ်ပတ်ထားတယ်ဆိုရင် မိမိချစ်သူ သို့ အိမ်ထောင်ဖက်ကဖောက်ပြန်ချင်နေတာပါ
🐍 မြွေလိုက်လို့ထွက်ပြေးရတယ်ဆိုရင် မကြာခင်ကံမကောင်းခြင်းတစ်ခုကြုံရမှာမို့ နိုးနိုးခြင်းခေါင်းလျှော်သင့်ပါတယ်
🐍 မြွေအရေခွံလဲတာ သို့ မြွေကိုကိုင်နေရတယ်ဆိုရင် ကံကောင်းခြင်းတွေရောက်လာတော့မှာဖြစ်ပါတယ်
🐍 မြွေကိုကိုယ်တိုင်သတ်ပစ်တယ်မက်ရင် မကြာမီသင်ဟာဆုတောင်းပြည့်ပြီးအောင်မြင်တော့မယ့်နိမိတ်ပါ
🐍 မြွေကလိုက်တယ် သို့ အကိုက်ခံရတယ်ဆိုရင် ပြဿနာတခုဖြစ်ဖို့ရှိနေတာမို့ သတိရှိဖို့လိုပါမယ်
🐍 မြွေအချင်းချင်းကိုက်နေတာမြင်ရင် သင့်မိတ်ဆွေ သို့ သင့်သူငယ်ချင်းထဲကတယောက်ယောက်က မနာလိုဖြစ်နေတာပါ
ကဲဘယ်သူတွေဘယ်လိုမက်ဖူးလဲမထက်ကိုပြောပြကြပါအုံး☺
ချစ်စွာဖြင့် ..... မထက်💜
Ma Htet