Mother sons

Mother sons မြဝတီ /ရန်ကုန် ကုန်ပစ္စည်း ပို့ဆောင်မှုလုပ်ငန်း

21.1.2024.ရန်ကုန်သို့ ပို့ဆောင်ရမည့် ကုန်ပစ္စည်းများpage လေးကို like & follow လုပ်ပေးထား
21/01/2024

21.1.2024.ရန်ကုန်သို့ ပို့ဆောင်ရမည့် ကုန်ပစ္စည်းများ
page လေးကို like & follow လုပ်ပေးထား

26/08/2022

ရှေးလူကြီးတွေကတော့
စာတစ်လုံးဘုရားတစ်ဆူလို့
ပြောခဲ့ကြတာ...
အရင်ကတော့
နားမလည်ခဲ့ဘူး။
ဒီ Post လေးတွေ့လိုက်တော့မှ...
အော်...
ဒါကိုပြောတာလားဆိုပီး
နားလည်လာတော့တယ်...
ထပ်ဆင့် မျှဝေကုသိုလ်
ပြုလိုက်ပါတယ်...
🙏 နေမာဗုဒ္ဓဿ 🙏
" အက္ခရာဘုရားရှိခိုး "
🙏🙏🙏🙏🙏🙏🙏

🙏 က 🙏
ကကြီးဟူသည်ကား
ကိလေသာ မာန်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ခ 🙏
ခခွေးဟူသည်ကား
ခန္ဓမာန်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဂ 🙏
ဂငယ်ဟူသည်ကား
ဂုဏ်တော်ကိုးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဃ 🙏
ဃကြီးဟူသည်ကား
ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော
ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 င 🙏
ငဟူသည်ကား
မာန်ငါးပါးကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 စ 🙏
စလုံးဟူသည်ကား
စကြ၀ဠာ တစ်သိုက်
တုဖက်ပြိုင်ဖက် ရှိတော်မမူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဆ 🙏
ဆလိမ်ဟူသည်ကား
ဆယ်ပါးသော ဒုစရိုက်ကို
ပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဇ 🙏
ဇကွဲဟူသည်ကား
ဇာတိဿ ရဥာဏ်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဈ 🙏
ဇမျဉ်ဇွဲဟူသည်ကား
စျာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ည 🙏
ညဟူသည်ကား
ဉေယျ ဓံတရား ငါးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဋ 🙏
တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို
ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဋ္ဌ 🙏
ဋ္ဌဝန်ဘဲဟူသည်ကား
ပဋ္ဌာန်းကျမ်းကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဍ 🙏
ဒရင် ကောက်ဟူသည်ကား
ကောဒည ပုဏ္ဏားသည်
လက်ညိုးတစ်ချောင်းထောင်ပြ၍
ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟု
ပြောဆိုခံရသော မြတ်စွာဘုရား။🙏🙏🙏

🙏 ဎ 🙏
ဓရင်မှုတ် ဟူသည်ကား
ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌
အနိယတ ဗျာဒိတ်ပန်းကို
ဆင်မြန်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဏ 🙏
ဏကြီးဟူသည်ကား
တဏှာတည်းဟူသော
အမိုက်မှောင်တို့ကိုပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 တ 🙏
တဝမ်းပူဟူသည်ကား
တစ်ထောင်မကသော
ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ထ 🙏
ထဆင်ထူး ဟူသည်ကား
ထူးမြတ်သော တရားအပေါင်း၌
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဒ 🙏
ဒဒွေးဟူသည်ကား
ဒိပ္ပစက္ခု ရွှေဥာဏ်တော်ကို
ရတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဓ 🙏
ဓအောက်ချိုက်ဟူသည်ကား
ဓမ္မစကြာ တရားအပေါင်း၌
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 န 🙏
နငယ်ဟူသသည်ကား
နိဗ္ဗာန်ခေမာ ပြည့်အောင်ဥာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ပ 🙏
ပစောက်ဟူသည်ကား
ပုဗ္ဗနေိဝါသ နုဿ တိဥာဏ်ကိုအောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဖ 🙏
ဖဥထုပ်ဟူသည်ကား
ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဗ 🙏
ဗလချိုက်ဟူသည်ကား
ဗောဓိပင်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဘ 🙏
ဘကုန်းဟူသည်ကား
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 မ 🙏
မဟူသည်ကား
မစ္စု မာန်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ယ 🙏
ယပလက်ဟူသည်ကား
ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ရ 🙏
ရကောက်ဟူသည်ကား
ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 လ 🙏
လဟူသည်ကား
လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်
ကင်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဝ 🙏
ဝဟူသည်ကား
ဝသုနြေ္ဒ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအား
ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 သ 🙏
သဟူသည်ကား
သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 ဟ 🙏
ဟဟူသည်ကား ဟန်ဒ ဒါနိ ဘိက်ခဝေ
ပါဋ္ဌိတော်လာသည်နှင့်အနိယတ
ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား။🙏🙏🙏

🙏 ဠ 🙏
လကြီး ဟူသည်ကား
ဝေဠုဝန်ကျောင်းတော်၌
လပြည့်ဝန်းကဲ့သို့
ပြည့်ထွန်းတော်မူသော
မြတ်စွာဘုရား။🙏🙏🙏

🙏 အ 🙏
အဟူသည်ကား
နေ အရုဏ်မတက်မှီ အာသဝေါကင်း၍
အာသဝက္ခယဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား။🙏🙏🙏

ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု
ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။

" သဗဗှဒါနံ ဓမမှဒါနံ ဇိနာတိ "
" သာဓုသာဓုသာဓု "
🙏 🙏 🙏

.....လေးစားစွာဖြင့်

ပြန်လည်မျှဝေပါသည်။

Address

No. 4 Htantabin Road
Yangon
11111

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959791291403

Website

Alerts

Be the first to know and let us send you an email when Mother sons posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share