Kyaw's Book journey

Kyaw's Book journey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw's Book journey, Yangon.

ဆေးဖက်ဝင် ​ကျောက်ဖရုံပင်🌾
09/11/2025

ဆေးဖက်ဝင် ​ကျောက်ဖရုံပင်🌾

"ဇာတ်လမ်းဆုံးတိုင်း သံ​ယောဇဥ်ဟာ ဆုံးသလား၊ဆုံး​ကော ဆုံးထိုက်လား။""မိုး​တွေရွာမှဖြင့်လျှင်ကွယ်"(တက္ကသိုလ်ဘုန်းနိုင်)မူးယစ်...
22/09/2025

"ဇာတ်လမ်းဆုံးတိုင်း သံ​ယောဇဥ်ဟာ ဆုံးသလား၊ဆုံး​ကော ဆုံးထိုက်လား။"

"မိုး​တွေရွာမှဖြင့်လျှင်ကွယ်"
(တက္ကသိုလ်ဘုန်းနိုင်)

မူးယစ်​ဆေးဝါး အန္တရာယ်​ဟော​ပြောဖို့ ဖိတ်လို့ ဇာတိ​မြေ​မော်လမြိုင်ကို လာရင်း တက္ကသိုလ်ဝင်းထဲ တစ်ချိန်က နှစ်ဖက်မိဘ​တွေ​ကြောင့် ​ဝေးခဲ့ရတဲ့ ငယ်ရည်းစား ဝါဝါကို စိတ္တဇသည် အဖြစ် ပြန်​တွေ့ရတဲ့ ​ဒေါက်တာမျိုးမွန်။ ရည်းစား​ဟောင်းဖြစ်​ပေမဲ့ သံ​ယောဇဥ်​ကြောင့် ဝါဝါဟာ တကယ်ပဲ စိတ်​ဝေဒနာရှင် ဖြစ်​နေတာလား။ တခြားအ​ကြောင်းပ​​ယောဂ​တွေ ပါ​နေတာလားဆိုတာကို စုံစမ်းဖို့ ​ဇာတိ​​မြေမော်လမြိုင်ကို ​ပြန်ပြောင်းလာသူ။

ဝါဝါ နာမည်​လေးနဲ့လိုက်​အောင် အသား​လေးဝင်းဝါပြီး ညာဘက်ပါးပြင်​ပေါ် စံပယ်တင်မှဲ့​လေးနဲ့ ချစ်ဖွယ်​ကောင်းသူ။ သု၀ဏ္ဏမြိုင်အိမ်ကြီးရဲ့ တစ်ဦးတည်း​သောသမီးဖြစ်ပြီး မိဘ​တွေ​ကြောင့် ချစ်ရသူနဲ့ ကွဲကွာသွားသူ။ မိဘ​တွေ ဆုံးပါးသွားပြီး​နောက် စိတ်ထိခိုက်ခဲ့တာ​ကြောင့် ​စေ့စပ်ထားသူကလဲ စိတ်​ဝေဒနာရှင်ထင်ကာ ​စေ့စပ်ပွဲဖျက်သိမ်းခံရပြီး မင်းရဲသီဟ၊ ရှင်​ထွေး တို့ကိုမြင်ရ၊ကြားရပြီး နှစ်ဘ၀ နှစ်​လောက ရှိတယ်ထင်​နေသူ။

ဦးတိတ်ကြည် ဝါဝါ့အ​ဒေါ်၏​ယောကျ်ား၊ မိဘ​တွေ ဆုံးပါးပြီး စိတ်ထိခိုက်စရာကြုံ​နေတဲ့ ဝါဝါ့ကို အနားမှာ အားက်ုးစရာဖြစ် မားမားမတ်မတ် ရပ်တည်​ပေးပြီး ဂရုစိုက် ​စောင့်​ရှောက်​ပေး​နေသူ။
တကယ်ပဲ ဝါဝါဟာ စိတ္တဇ​ရောဂါဖြစ်​နေတာလား?
ဘယ်လို အ​ကြောင်း​တွေ​ကြောင့် ဒီလို ​ရောဂါခံစား​နေရတာလဲ?

စိတ္တဇ​ရောဂါ ဖြစ်ရတဲ့ အ​ကြောင်းအရင်း စုံစမ်းရင်း ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်း​မေတ္တာ၊ မူးယစ်​ဆေး​ကြောင်း ဖြစ်လာနိုင်တဲ့ ဆိုးကျိုး​တွေ၊ မိဘက သားသမီး​ပေါ်ထားတဲ့ ချစ်ခြင်း​မေတ္တာ၊ သူငယ်ချင်း​တွေရဲ့ ချစ်ခြင်း​မေတ္တာကို ပါးပါး​လေးနဲ့ မြင်သာ​အောင် ​ရေးထားပြီး စုံ​​ထောက်ဝတ္ထုဆန်ဆန် ရသစာ​ပေမျိုးကို ဖတ်ချင်ရင်​တော့ ဒီစာအုပ်​လေးကို ညွှန်းချင်ပါတယ်။🌻

ရည်းစား​ဟောင်းကို Move onချင်သူများ မဖြစ်မ​နေ ဖတ်ရမဲ့စာအုပ်📚ကိုယ်ချစ်တဲ့သူ​တွေနဲ့ ရှင်ကွဲ ဒါမဟုတ် တခြား​သော ခွဲခွာခြင်း​...
21/09/2025

ရည်းစား​ဟောင်းကို Move onချင်သူများ မဖြစ်မ​နေ ဖတ်ရမဲ့စာအုပ်📚

ကိုယ်ချစ်တဲ့သူ​တွေနဲ့ ရှင်ကွဲ ဒါမဟုတ် တခြား​သော ခွဲခွာခြင်း​တွေနဲ့ ခွဲခွာကြရတဲ့အခါ ကျန်ရစ်သူ​တွေမှာ ဝမ်းနည်းစရာ​သောကအပြည့်နဲ့ ကျန်ခဲ့ရတာပါ။

ဘယ်​နေ့ဘယ်အချိန်မှာ ကိုယ်ချစ်တဲ့သူ​တွေနဲ့ ခွဲခွာရမှာလဲ? ကိုယ်က ကျန်ရစ်သူဖြစ်မလား ချန်ခဲ့သူဖြစ်မလားဆိုတာကို မသိနိုင်တာမို့ မခွဲခွာခင် ဒါမမဟုတ် ခွဲခွာပြီး ဘယ်လိုစိတ်​တွေ ထားနိုင်မ ​သောက​တွေမရှိပဲ ခွဲခွာနိုင်မယ်ဆိုတာကို (အရှင်ဆန္ဒာဓိက)ရဲ့ "လမ်းခွဲတာ ဝမ်းနည်းစရာလား" စာအုပ်ကို ဖတ်ပြီး ​သောကပူ​ဆွေးမှု​တွေကို ​ဖျောက်ဖျက်နိုင်ပါတယ်။

စာအုပ်မှာ လမ်းခွဲတာ ဝမ်းနည်းစရာလား နဲ့ ​သေမှ​အေးမယ်ဆိုတဲ့ တရား၂ပုဒ်ပါပါတယ်။
"တချို့​သောပုဂ္ဂိုလ်​တွေအတွက် လမ်းခွဲခြင်းဟာ ဝမ်းနည်းစရာ​ဖြစ်ပြီး​တော့ တချို့​သောပုဂ္ဂိုလ်​တွေ အတွက် လမ်းခွဲခြင်းဟာ ဝမ်းနည်းစရာ မဟုတ်ပါဖူး"☘️

ဒါဆို ဘယ်လိုနည်းနဲ့ လမ်းခွဲရင် ဝမ်းနည်းစရာမဟုတ်ဖူးလဲ?။
က်ုယ်လမ်းခွဲခဲ့တာက​ရော ဘယ်လိုနည်းနဲ့ ခွဲခဲ့လို့ ဝမ်းနည်းခံစား​နေရတာလဲ?။ ကိုယ့်လမ်းခွဲခြင်းကို ဘယ်လိုနည်းနဲ့ လမ်းခွဲလိုက်ရင် ဝမ်းမနည်းရ​တော့ဖူးလဲ?။
ဒီအ​ဖြေ​တွေကို စာအုပ်ဖတ်လိုက်တာနဲ့ သိပြီး ကိုယ်စိတ်ထားတတ်ရင် ထားတတ်သလို ​သောက အပူ​တွေ ​လျော့ပြီး ​အေးချမ်းလာမှာပါ။

တရားစာအုပ်နဲ့ move onတာနဲ့ ဆိုင်ရဲ့လားဆိုတာကို စာအုပ်ဖတ်ပြီး သ​ဘော​ပေါက်သွားမှာပါ။ ဒါ့​ကြောင့် ဖတ်ကြည့်ပါ။ဖတ်ပြီး ကိုယ့်အတွက်အကျိုးတစ်ခုခု ရသွားမှာပါ။
'sbookjourney

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kyaw's Book journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share