Knowledge Land - Book Store

Knowledge Land - Book Store Welcome to Knowledge Land - Book Store !
(2)

15/05/2026

💰သိန်း ရာချီ၊ ထောင်ချီ၊ သောင်းချီ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေမလုပ်ခင်မှာ 📖 🏘️ရောင်းဝယ်စာချုပ်တွေကို ဘယ်လိုခိုင်မာအောင်လုပ်မလဲ။❗️အရှုပ်အရှင်းတွေကင်းအောင် ဥပဒေပိုင်းဆိုင်ရာ ဘယ်အကြောင်းအရာတွေကို သတိထားဖို့လိုသလဲ။ ဆိုတာတွေအတွက် ဒီစာအုပ်ကို မဖြစ်မနေဖတ်ပါ။ 🏗️

🫧 အရမ်းကိုခေါင်းစားရမယ့် အိမ်ခြံမြေအရှုပ်အရှင်းတွေမှ ကင်းဝေးအောင် မိမိကိုယ်တိုင် ဥပဒေပိုင်းဆိုင်ရာနဲ့ အိမ်ခြံမြေရောင်းဝယ်တဲ့အခါမှာ အဆင့်ဆင့်လုပ်ဆောင်ရမယ့်အချက်အလက်တွေကို အခြေခံသိထားသင့်ပါတယ်။ ❗️🫧

📍အိမ်ခြံမြေရောင်းဝယ်ငှါးရမ်းခြင်းနှင့်ပတ်သက်၍ ဖြစ်ခဲ့ဖူးသော စီရင်ထုံးများ၊🏘️ ပြဿနာများကို လက်တွေ့ထည့်သွင်းဖော်ပြထားတဲ့ ဆရာကြီး ဦးကျော်ဇေယျရဲ့ စာအုပ်ကောင်းဖြစ်တာကြောင့် နောက်မကျခင်အခုပဲအမြန်ဆုံးမှာယူထားလိုက်ပါ။📚

စာအုပ်တန်ဖိုး-၃၉၈၀၀ ကျပ်တည်းနဲ့ ပြဿနာတွေ၊ အရှုပ်အရှင်းတွေ၊ နစ်နာဆုံးရှုံးမှုကြီးတွေ ကနေကာကွယ်နိုင်မှာဖြစ်လို့ အခုပဲမှာယူဖတ်ရှုလိုက်ပါ။☑️

အရေအတွက်အများကြီးလည်းမကျန်တာဖြစ်လို့ အမြန်ဆုံးဝယ်ယူထားမှစိတ်ချရမယ်နော်🏘️

Knowledge Land - Book Store Page Messenger ကနေအခုပဲမှာယူလိုက်ပါနော်။ Facebook Messenger> https://m.me/knowledgelandbookstore

#အိမ်ခြံမြေ #အကျိုးဆောင် #စာအုပ်

ပုစွန်လုံးမှာ ဦးခေါင်းမပါဘူး။သို့ပေမယ့် ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်းပါတဲ့ လူ ကနေရာတကာ ...
14/05/2026

ပုစွန်လုံးမှာ ဦးခေါင်းမပါဘူး။
သို့ပေမယ့် ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်းပါတဲ့ လူ ကနေရာတကာ
ဟိုလူ့ မှီခို ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံနဲ့လုံးဝရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ်တစ်ယောက် ရဲ့ အနှစ်
အမြူတေဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်းရှိတယ်။

စာနာစိတ်ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း မဖြူခြင်း
ရုပ်ရည်လှခြင်း မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ မရှိ
ဘာတွေ လုပ်နိုင် မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

#အောင်သင်း

14/05/2026

📋စာချုပ်တွေချုပ်ဆိုတဲ့အခါမှာ ⚖️ ဥပဒေပိုင်းဆိုင်ရာပိုပြီးတော့ခိုင်မာမှုရရှိစေဖို့ ✅ ဆုံးရှုံးနစ်နာမှုတွေမဖြစ်စေဖို့အတွက် ✅ဆောင်ရန်၊❌ရှောင်ရန်တွေ စာချုပ်နမူနာတွေကိုဖော်ပြထားတဲ့ ဒီစာအုပ် (၂) အုပ်တွဲလေးကို ဝယ်ယူဖတ်ရှုလိုက်တော့နော်။

☑️ စာချုပ်အမျိုးမျိုးချုပ်ဆိုတဲ့အခါမှာ အားနည်းချက် မဖြစ်အောင် သတိထားသင့်တဲ့အကြောင်းအရာများ
☑️ခိုင်မာတဲ့ စာချုပ်မှာ ပါဝင်သင့်တဲ့ အင်္ဂါရပ်များ
☑️ငွေကြေးပေါင်နှံခြင်းဆိုင်ရာစာချုပ်နှင့် ပြဿနာများ
☑️ ကိုယ်စားလှယ်လွှဲစာအကြောင်း၊ အမွေဆက်ခံမှုနှင့်ဆိုင်သော စာချုပ်များအကြောင်း
☑️ အိမ်ခြံမြေရောင်းဝယ်ငှါး စာချုပ်နမူနာများ
☑️ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကိုရောင်းဝယ်ပေးကမ်းတဲ့အခါမှာချုပ်ဆိုသည့်စာချုပ်နမူနာများ

☑️စာချုပ်စာတမ်းနှင့်ပတ်သက်ပြီး အားနည်းချက်တွေကြောင့်တရားရုံးသို့ရောက်ခဲ့တဲ့အထိ တရားဝင်စီရင်မှုများ ⚖️📚

ဒါမျိုးလေးတွေပြည့်ပြည့်စုံစုံပါဝင်တဲ့ စာအုပ်ကောင်းလေးနှစ်အုပ်ဖြစ်ပါတယ်။

✅စာချုပ်အမျိုးမျိုးချုပ်ဆိုကြသူများနှင့်စာချုပ်နမူနာများ - ဦးကျော်ဇေယျ

✅စာချုပ်ချုပ်မည်ဆိုလျှင်ဆောင်ရန်နှင့်ရှောင်ရန်များ - ဦးကျော်ဇေယျ

မိမိရဲ့💰 ပိုင်ဆိုင်မှုတွေနစ်နာဆုံးရှုံးမှုတွေမဖြစ်စေအောင်၊ 🪜 အခက်ခဲပြဿနာတွေမပေါ်ပေါက်အောင် ဒီစာအုပ်လေးတွေကိုမဖြစ်မနေဖတ်ရှုသင့်ပါတယ်။

📚📄 စာအုပ် (၂) အုပ်တွဲလေးကို ၃၀၀၀၀ကျပ်+ပို့ခ တည်းဖြင့် Knowledge Land - Book Store Page Messenger ကနေအခုပဲမှာယူလိုက်ပါနော်။ Facebook Messenger> https://m.me/knowledgelandbookstore

#စာချုပ်စာတမ်း #ဥပဒေ #စာအုပ်ဆိုင်

14/05/2026

"မိုးဟာ ကြောက်စရာမဟုတ်ပါဘူး ဝါဝါ၊
မိုးဟာ အေးမြစိုလန်းခြင်းကို ပေးသူပါ”

“ပြီးတော့...မိုးဆိုတာ မေတ္တာရဲ့သင်္ကေတပါ"

တက္ကသိုလ်ဘုန်းနိုင်
မိုးတွေရွာမှဖြင့်လျှင်ကွယ်

“Idol အတွက်ပါ” နှစ်သက်ရာ စာအုပ် ၅ အုပ် လက်ဆောင်ယူပါဆိုပြီးလက်ဆောင်လေးရထားပါတယ်ရှင့်။❤️📚စာအုပ်လေးတွေလာရွေးပေးပြီး လိပ်စာဖ...
14/05/2026

“Idol အတွက်ပါ” နှစ်သက်ရာ စာအုပ် ၅ အုပ် လက်ဆောင်ယူပါဆိုပြီး
လက်ဆောင်လေးရထားပါတယ်ရှင့်။❤️📚

စာအုပ်လေးတွေလာရွေးပေးပြီး လိပ်စာဖုန်းနံပါတ်လေးပေးပေးပါဦးရှင့်။

လေရူးသုန်သုန် - ဒုတိယတွဲ ✅အရင်မူဟောင်းမှာ ပထမတွဲပဲဝယ်ထားပြီး ဒုတိယတွဲဆက်လက်ဖတ်ရှုဖို့အတွက်ရှာနေသူများအတွက် လေရူးသုန်သုန်...
13/05/2026

လေရူးသုန်သုန် - ဒုတိယတွဲ ✅

အရင်မူဟောင်းမှာ ပထမတွဲပဲဝယ်ထားပြီး ဒုတိယတွဲဆက်လက်ဖတ်ရှုဖို့အတွက်ရှာနေသူများအတွက် လေရူးသုန်သုန် ဒုတိယတွဲ (မူဟောင်း) ရပါပြီရှင့်။ အခုအသစ်မှာလည်းခွဲမရောင်းပေးလို့ ဒုတိယတွဲရှာနေတဲ့သူတွေအတွက်တကယ်ကို အဆင်ပြေမယ်ထင်ပါတယ်ရှင့်။

📖📚 စာအုပ်တန်ဖိုး - ၃၃၀၀၀ ကျပ်ပါရှင့်။

စာအုပ်လေးက ၅ အုပ်အောက်ပဲရတာမို့လို့ အမြန်ဆုံးမှာယူထားမှစိတ်ချရမယ်နော်။ ✅

မှာယူမယ်ဆိုရင် page Messenger> https://m.me/knowledgelandbookstore မှအမြန်ဆုံးမှာယူလိုက်ပါရှင့်။

#မြသန်းတင့် #လေရူးသုန်သုန် #ဒုတိယတွဲ #စာအုပ်ဆိုင်

13/05/2026

အခုတော့ မောင်လိုချင်တဲ့အတိုင်းရပြီပေါ့။

#အမှတ်တရ #ဂျူး
#စာအုပ်ဆိုင်

အောင်သင်း အတွေး , အောင်သင်း စကား *************************************မခေါ်တဲ့သူနောက် လုံးဝပြေးကာ မလိုက်တာလည်း အေးချမ်းခ...
13/05/2026

အောင်သင်း အတွေး , အောင်သင်း စကား *************************************

မခေါ်တဲ့သူနောက်
လုံးဝပြေးကာ မလိုက်တာလည်း
အေးချမ်းခြင်းတစ်မျိုးပဲ ။

မရှိတဲ့ဂုဏ်ကို ရှိသယောင်ဆောင်
လှစ်မပြတာလည်း ရိုးသားခြင်း
တစ်မျိုးပဲ ။

မရလေတဲ့
အောင်မြင်မှုတွေကို မငိုဘဲ
ရှေ့ဆက်နိုင်တာလည်း
ကြံခိုင်ခြင်း တစ်မျိုးပါပဲ။

ဘဝမှာ
လူတစ်ဦးတစ်ယောက်ကို
ချစ်ဖို့လိုသလို ကိုယ့်ကိုယ်ကို
ချစ်ဖို့လည်း လိုပါတယ်။

ဒီအတွက်
အေးချမ်းခြင်းကို အရယူပါ ။

တစ်ခါတစ်ခါမှာ
ထိုက်သင့်သလောက်
ဟန်ကိုယ့်ဖို့ လိုပေမယ့်
တစ်ချိန်လုံး ဟန်ဆောင်ဖို့ထိ
မလိုပါဘူး။

ဒီအတွက် တတ်နိုင်သလောက်
ရိုးသားပါ။

အမြဲတမ်းတော့
အိပ်မက်တွေကို ရှေ့ဆက်လို့
မရတတ်ပေမယ့် အပြီးတိုင်
လှည့်ပြန်ခြင်းကလည်း
မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။

ဒီအတွက်
မယိုင်လဲဘဲ ကြံခိုင်ပါ ။

#အောင်သင်း

🏠 အိမ်ခြံမြေဆိုင်ရာ ဥပဒေရေးရာဆိုင်ရာစာအုပ်ကောင်းများ ❤️Knowledge Land - Book Store Page Messenger ကနေအခုပဲမှာယူလိုက်ပါနေ...
13/05/2026

🏠 အိမ်ခြံမြေဆိုင်ရာ ဥပဒေရေးရာဆိုင်ရာစာအုပ်ကောင်းများ ❤️

Knowledge Land - Book Store Page Messenger ကနေအခုပဲမှာယူလိုက်ပါနော်။ Facebook Messenger> https://m.me/knowledgelandbookstore

#အိမ်ခြံမြေ #ဦးကျော်ဇေယျ

Editor’s Choice for May’s First Week ❤️✨📚ဘယ်စာအုပ်​လေးတွေကောင်းလဲ…ရောင်းရတဲ့စာအုပ်တွေထဲက ဘယ်စာအုပ်လေးတွေ ဖတ်ရှုရင်ကောင်း...
13/05/2026

Editor’s Choice for May’s First Week ❤️✨📚

ဘယ်စာအုပ်​လေးတွေကောင်းလဲ…ရောင်းရတဲ့စာအုပ်တွေထဲက ဘယ်စာအုပ်လေးတွေ ဖတ်ရှုရင်ကောင်းလဲဆိုပြီး မေးတဲ့ Customer တွေအတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ သုတ၊ ရသ စာပေအလိုက် Editor’s Choice Collection လေးကို တင်ပေးလိုက်ရပါတယ်နော် ✨📚

🌟ချစ်ခင်ရသူတွေကို စာအုပ် surprise gift ပေးချင်သူတွေအနေနဲ့လည်း ပေးလို့ရတယ်နော်💥🎉🤩

📚🎉 Knowledge Land - Book Store Page Messenger ကနေအခုပဲမှာယူလိုက်ပါနော်။ Facebook Messenger> https://m.me/knowledgelandbookstore

ကမ္ဘာပေါ်မှာအကြီးမားဆုံးအမှား ဆို လက်ခံလားဟေ့🤧📖ကိုယ်နဲ့တွဲပြီးရင်ပြောင်းလဲလာမှာပါဆိုတဲ့စကား 🫡🤭ညီမလေးကအချစ်ကိုကိုးကွယ်သတဲ...
12/05/2026

ကမ္ဘာပေါ်မှာအကြီးမားဆုံးအမှား ဆို လက်ခံလားဟေ့🤧📖

ကိုယ်နဲ့တွဲပြီးရင်ပြောင်းလဲလာမှာပါဆိုတဲ့စကား 🫡🤭

ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
မိုးမိုး အင်းလျား

Address

Yangon

Alerts

Be the first to know and let us send you an email when Knowledge Land - Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category