07/09/2025
"အဝါရောင်ကိုက်ခဲမှု"
ချစ်သောရေ
အလင်းဆိုင်မှာ ဆွေးနွေးခဲ့ကြတဲ့
မျဉ်းပြိုင်အကြောင်းတွေလို
ထပ်ဆုံဖို့အခွင့်အရေးတွေမရှိတော့ပြီ။
ချစ်သောရေ
မဆုံနိုင်ခြင်းတွေရဲ့အကြောင်းတရားတွေဟာ
မဖြစ်နိုင်ခြင်းတွေမဟုတ်ပဲ
မချစ်နိုင်ခြင်းတွေဖြစ်နေခဲ့။
ချစ်သောရေ
အဲ့ဒီနေ့က
တွေ့သမျှနှင်းဆီတွေဟာ အဝါရောင်
ပြတင်းပေါက်က ကြောင်ကလေးကအဝါရောင်
ရေဒီယိုက လွှင့်တဲ့အသံက
ယနေ့ကံကောင်းစေသောအရောင်မှာ အဝါရောင်.....။
ချစ်သောရေ
တိုက်ဆိုင်မှုတွေဟာ ရှေးရေစက်တဲ့
မင်းနောက်ဆုံးဝတ်ခဲ့တဲ့
ရှပ်အင်္ကျီလေးက အဝါရောင်။
သတိရလွမ်းဆွတ်မှုတွေနောက်မှာ
ငါ့ကိုက်ခဲမှုတွေဟာ အဝါရောင်.......
#အဝါရောင်