T-Mall

T-Mall Foods & Clothes

ငတ်တာလည်းငတ် ရှောင်သင့်တာလည်းရှောင်...🤣Photo Crd
12/05/2022

ငတ်တာလည်းငတ် ရှောင်သင့်တာလည်းရှောင်...🤣
Photo Crd

မုန့်လုံးရေပေါ်လုပ်နည်း 🤗မုန့်လုံးရေပေါ်လုပ်နည်းအတွက်ပါဝင်ပစ္စည်းတွေကတော့ - ကောက်ညှင်းဆန်မှုန့် ၁၂၀ ဂရမ်- ဆန်မှုန့် ၄၀ ဂ...
09/04/2022

မုန့်လုံးရေပေါ်လုပ်နည်း 🤗

မုန့်လုံးရေပေါ်လုပ်နည်းအတွက်ပါဝင်ပစ္စည်းတွေကတော့

- ကောက်ညှင်းဆန်မှုန့် ၁၂၀ ဂရမ်
- ဆန်မှုန့် ၄၀ ဂရမ်
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံတစ်ပုံခန့်
- ရေ ၁၁၀ မီလီ လီတာ
- ထန်းလျက် ၈၀ ဂရမ်
- အုန်းသီး (ကြိုက်နှစ်သက်သလောက်)

မုန့်လုံးရေပေါ်ပြုလုပ်နည်းအဆင့်ဆင့်လေးကတော့

- ကောက်ညှင်းဆန်မှုန်၊ ဆန်မှုန့်နှင့် ဆားတို့ကို ပန်းကန်တစ်ခုထဲတွင်ထည့်ပါ။
- ထို့နောက် ပန်းကန်ထဲသို့ ရေ ၁၁၀ မီလီ လီတာကို မုန့်အနေအထားအပေါ် မူတည်ပြီး နည်းနည်းချင်းဆီထည့်၍ မွှေပါ။ မပျော့မမာ ကိုင်တွယ်လို့ရနိုင်မည့် အနေအထားဖြစ်ရပါမည်။
- ပြီးရင်တော့ အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
- ထန်းလျက်များကို အတုံးသေးသေးစီ လှီးထားပါ။ မုန့်လုံးရေပေါ် ထည့်ပြုတ်ရန်အတွက် ရေနွေးတစ်အိုးကိုလည်းတည်ထားပါ ။
- ၁၅မိနစ်ကြာပြီးရင်တော့ မုန့်စလုံးလို့ရပါပြီ။ ထန်းလျက်ကို အလယ်မှာထည့်ပြီး မုန့်လုံးပါ။
- ရေနွေးပွက်ပွက် ဆူပြီဆိုရင်တော့ လုံးထားတဲ့မုန့်တွေကို ထည့်ပါ။ မုန့်လုံးရေပေါ်လေးတွေ ရေပေါ်ကိုပေါ်လာပြီဆိုရင် ၁ မိနစ်ခန့် ထပ်ပြုတ်ထားပြီးမှ ဆယ်ယူပါ။ ဆယ်ယူလို့ရတဲ့ မုန့်လုံးရေပေါ်လေးတွေကိုတော့ ရေအေးထည့်ထားတဲ့ ဇလုံထဲမှာ ၁ မိနစ်ခန့် ထပ်စိမ်ပါ။
- ရေအေးထဲကနေ ဆယ်ယူပြီးပြီဆိုရင်တော့ ခြစ်ထားတဲ့ အုန်းသီးလေးအုပ်ပြီးတော့ အရသာရှိတဲ့ မုန့်လုံးရေပေါ်လေးကို သုံးဆောင်လို့ရပါပြီနော်။

#မုန့်လုံးရေပေါ်လုပ်နည်း

:photo

Address

Yangon

Telephone

+959269309903

Website

Alerts

Be the first to know and let us send you an email when T-Mall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share