Zaw Moe Oo
Zaw Moe Oo welcome
6 th aniversary (Samudra Myanmar)
29/10/2023
6 th aniversary (Samudra Myanmar)
04/10/2023
ဆည်းဆာရောင်လွှမ်း နေညိုချမ်း--
17/09/2023
ဆည်းဆာရောင်လွှမ်း နေညိုချမ်း--
7 new items · Memory by Zaw Moe
ဆန္ဒရှိသလို တည်ပါဘုရားရုပ်တု ရှိနေသေးပေမယ့် ဘုရားသာသနာကတော့ အာဖဂန်မှာ မရှိတော့ပါဘူး။ဒါပေမယ့်... မင်းတို့ ပြောနေကြသလိုမျိ...
09/08/2023
ဆန္ဒရှိသလို တည်ပါ
ဘုရားရုပ်တု ရှိနေသေးပေမယ့် ဘုရားသာသနာကတော့ အာဖဂန်မှာ မရှိတော့ပါဘူး။
ဒါပေမယ့်...
မင်းတို့ ပြောနေကြသလိုမျိုး ဘုရားဆိုတာ နှလုံးသားမှာ တည်ဖို့ကအဓိက အပြင်မှာမလိုဘူးလို့ ရှေးရှေးက အာဖဂန်တွေ တွေးခဲ့မယ်ဆိုရင်၊ အာဖဂန်မှာ တချိန်က ဘုရားသာသနာရှိခဲ့ကြောင်းကို မင်းတို့ ငါတို့ အခု မသိနိုင်တော့ဘူး။
ဒီတော့...
နှလုံးသားဝယ် ဘုရားတည် ဆိုတဲ့အတိုင်း နှလုံးသားမှာပဲ တည်လိုက တည်။
ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီလို့ စေတီ အမျိုးမျိုးရှိတဲ့အတွက်၊ နှလုံးသားမှာ တည်လို့မရတဲ့ စေတီမျိုးကိုတော့ အခါအခွင့်သင့်ရင် မြေပြင်မှာ တည်ပါ။
ကိုယ့်ဆန္ဒကို ကိုယ့်ဖြည့်ပါ။
ရှင်းတယ်နော်။
ကုသိုလ်ပိုရတဲ့နည်း      တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်းနှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏     "ဝါ...
31/07/2023
ကုသိုလ်ပိုရတဲ့နည်း
တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်း
နှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏
"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်
ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင်
ကပ်လှူပူဇော်ပါ။
ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...
(၁*၈*၂၀၂၃)ဝါဆိုလပြည့်နေ့ နံနက်အာရုံတက်ချိန်
ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား🙏🙏🙏
ဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ
မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ
စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ္ပါးပါး
အားစွန့်ပြီး ပြန်လှူလိုက်ပါ..
" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "
" သံဃာလှူရတဲ့ ကုသိုလ်ရယ် "
ကုသိုလ်ပိုရပါတယ်။
သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ
တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..
အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။
အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။
ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...
ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါစေ။ #ဝေမျှကုသိုလ်ပါရှင်
I have reached 400 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
19/06/2023
I have reached 400 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
ညနေပိုင်း စျေးဆိုင်နားမှာ မယောင်မလယ်နဲ့ ကိုရင် ၂ ပါးတီးတိုးပြောနေကြတာတွေ့လို့ ဘာလဲပေါ့ဆိုပြီး နားထောင်မိတယ် မလှမ်းမကမ်းက...
14/04/2023
ညနေပိုင်း စျေးဆိုင်နားမှာ မယောင်မလယ်နဲ့ ကိုရင် ၂ ပါးတီးတိုးပြောနေကြတာတွေ့လို့ ဘာလဲပေါ့ဆိုပြီး နားထောင်မိတယ် မလှမ်းမကမ်းက မင်းသွားဝယ်၊ ငါသွားဝယ် ညင်းခုံနေကြတာပေါ့။
ကျနော်လည်း မနေသာတော့ပဲ ကိုရင်တို့ တပည့်တော်သွားဝယ်ပါမယ် ဘာအလိုရှိပါသလဲဘုရားလို့ လျှောက်တာပေါ့။ ကိုရင်လေးတွေက သိပ်တော့ မငယ်တော့ဘူး။ ရှက်ရို့ရှက်ကန်းလေးတွေနဲ့ပါ မုန့်ဝယ်ချင်တာပါတဲ့။ ကျနော်လည်း ထပ်မေးမနေတော့ပါဘူး။ ကိုယ်တိုင်ဆိုင်ထဲသွားပြီး ကိတ်မုန့်လေးတွေ ဝယ်လှူလိုက်ပါတယ်။
စာသင်သားကိုယ်တော်လေးတွေ စာဝါတွေက နေ့ဝါ ညဝါဆက်နေတာမို့ စာကျက်ရင်း ဝမ်းဟာလို့နေမှာပေါ့လို့ တွေးမိလို့ မမေးပေမယ့်။ ကိုရင်လေးတွေက ကျနော့်ကို ဖြေရှင်းချက်လေး ကျနော်မမေးပဲ သူတို့ဘာသာဖြေလိုက်တော့ စိတ်မကောင်းဖြစ်ရတယ်။
ဒကာကြီး ကိုရင်တို့ ညစာအတွက်မဟုတ်ပါဘူးတဲ့။ မနက်အရုဏ်အတွက်ပါတဲ့။ အရုဏ်ဆွမ်းလောင်းလှူကြတဲ့ သူတွေလည်းမရှိကြတော့ အရင်လို မနက် ၄ နာရီ အာရုံဆွမ်းခံလည်းမထွက်ရဘူး။ ကျောင်းလာလှူတဲ့လူလည်းမရှိဘူး။ ကျောင်းမှာ ဆွမ်းချက်ကပ်မယ့် ကပ္ပိယလည်း မရှိဘူးတဲ့။ ကိုရင်တို့က စာဝါလိုက်နေကြတာဆိုတော့ မနက် အာရုံတစ်ခုခုမဘုန်းရင် ဝမ်းဟာလို့ မခံနိုင်လို့ပါတဲ့။
ဒီတော့မှ ကျနော်လည်း အပြစ်ရှိသူက ကိုယ်တိုင်ဖြစ်နေပါရော့လားလို့တွေးမိတော့တယ်။ ခုလိုအချိန်အခါဆိုးမှာ နာမည်မရှိတဲ့ ကျောင်းတွေ စာသင်တိုက်လေးတွေမှာ အမှန်တကယ်လိုအပ်ချက်တွေ ပြည့်နေတာ ကျနော်တို့ အပြစ်ပါပဲ။ ပြည့်နေတဲ့ အိုးထဲ ထပ်ဖြည့်ပြီးလျှံကျနေတာတွေပဲ မြင်ရတွေ့ရများပါတယ်။
သမုဒ္ဒရာထဲ မိုးရွာနေလို့ အကျိုးမရှိအချည်းသာဖြစ်နေတာမို့ပါ။ နေရာတကာ မတောက်တခေါက် ဝိနည်းကံလေးတွေ ကြားဖူးနားဝနဲ့ လိုက်ချိန်ထိုးပြီး အပြစ်ပြောဆိုနေကြတဲ့ သူတွေကိုလည်း ဒီနေရာက တစ်ခုလောက် မေးလိုပါတယ်။ အရုဏ်ဆွမ်းကို ဘဝမှာ ဘယ်နှစ်ကြိမ်ကပ်ဖူး လောင်းဖူးပါသလဲလို့ခင်မျာ။
မိုးခေါင်ရေရှားရပ်ဝန်းမှာ ဆီးနှင်းတစ်စက် မိုးတစ်ပေါက်မျှ ဖြစ်ရာဖြစ်ကြောင်း ဒီပို့စ်လေးကို တင်ပါရစေခင်မျာ။
#လေးစားစွာဖြင့် 💕🙏💕
. to. #သက်ထားခင်ခင်လေး
"အထင်မစောပါနဲ့"_________________“ကြည့်စမ်းပါအုံး ဘုန်းကြီးတဲ့ကွာ ဆွမ်းစားနေတယ် အချိန်လဲကြည့်ဦး ဒါသာသနာကို ဖျက်နေတာပဲနော့...
24/05/2022
"အထင်မစောပါနဲ့"
_________________
“ကြည့်စမ်းပါအုံး ဘုန်းကြီးတဲ့ကွာ ဆွမ်းစားနေတယ် အချိန်လဲကြည့်ဦး ဒါသာသနာကို ဖျက်နေတာပဲနော့” တဲ့။
ကျုပ် အလုပ်ကအပြန် ဗိုက်ဆာဆာနဲ့ ဆိုင်ထဲအဝင် ကြားရတဲ့စကားကြောင့် ဆိုင်ထဲ‌ဝေ့အကြည့် ဆွမ်းဘုန်းနေတဲ့ ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရပါတယ်။ အချိန်ကြည့်တော့။
ဟုတ်သား။
နေ့လည်(၁၂း၀၀)နာရီကျော်နေပြီ။ စားပွဲထိုးလေးကိုခေါ်ပြီး ချိုစိမ့်လေး တစ်ခွက်လှမ်းမှာလိုက်ပါတယ်။ အေးစိမ့်တဲ့ မိုးလေတစ်ချက်အဝှေ့ရှာ ဘာမဆိုင် ညာမဆိုင် ကျုပ်ရဲ့ အတွေးထဲ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်း ဝင်လာတယ်။ သူက ရာဇဂြိုလ်ပြည်က ကျောင်းအမကြီး “ဝိသာခါ”။
ဒီအမျိုးသမီးကို ကျုပ်သဘောကျတာ (၃)ချက်ရှိပါတယ်။ကလေး အ‌တော်မွေးနိုင်လွန်းတဲ့ အမျိုးသမီးဖြစ်သလို သားသမီး အယောက်(၂၀) ရှိတယ်ဗျာ။ တစ်သားမွေးတစ်သွေးလှလို့ ထင်ပါရဲ့။ ဒီအမျိုးသမီးက သူတစ်ပါးပြောတိုင်း မယုံတတ်ဘူး။
ကိုယ်ပိုင်ဉာဏ်နဲ့သာ ဆုံးဖြတ်တတ်တယ်။ ဒါနရဲ့ ရပိုင်ခွင့်တိုင်းကို သာသနာအတွက်သာ ရည်စူးတတ်တယ်။ ဝါဆိုသင်္ကန်း ကပ်လှူတဲ့ ဓလေ့ဟာ ဒီအမျိုးသမီး “ဝိသာခါ” က စခဲ့တာပဲ။
ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးချိန် ဝိသာခါက ဆွမ်းစားပင့်ခိုင်းလိုက်တယ်။ အဲ့ညမှာပဲ ထစ်ချုန်းမိုးရွာ သင်္ကန်းအပို သုံးခွင့်မရှိတဲ့ ရဟန်းတွေဟာ အဝတ်ဗလာနဲ့ မိုးရေချိုးနေချိန် ကြုံပါလေရောဗျာ။
ဆွမ်းစားပင့်ဖို့ ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေးက ဒါကိုတွေ့သွားတော့ အိမ်ကိုလှည့်ပြန်လာတယ်။ “ရဟန်းတွေမရှိ၊ တက္ကတွန်းတွေသာရှိတယ်”လို့ ပြောသတဲ့ဗျာ။ “ဝိသာခါ”ဆိုတဲ့ အမျိုးသမီးဟာ ဉာဏ်ပညာရှိသူ။ လိမ္မာယဉ်ကျေးသူ။
အတွေးအခေါ် လျင်မြန်ထက်မြက်သူ။ ရဟန်းတွေ ရေချိုးနေမည်ဖြစ်ကြောင်း သိတယ်။ ဒါကြောင့် အိမ်ဖော်မလေး ကို ပြန်လွှတ်တယ်။ ဒီအချိန် ရဟန်းတွေဟာ ဝတ်ရုံဝတ်။ ကျောင်းတွင်းမှာ ငြိမ်ငြိမ်သက်သက် သီတင်းသုံးနေပါပြီ။
တိတ်ဆိတ်နေတော့ အိမ်ဖော်မလေးက “တစ်ကျောင်းလုံး ရဟန်းတစ်ပါးမျှ မရှိ” ဆိုပြီး အိမ်ပြန် ပြန်တယ်။ ဝိသာခါက ချက်ချင်းပြန်လွှတ်ပြီး ပင့်ခိုင်းတာပဲ။ ဒီတော့မှ မြတ်စွာဘုရားနဲ့ ရဟန်းတို့ ဆွမ်းစားကြွတယ်။
ထူးခြားတာက လမ်းမှာ ရေကြီးရေလျှံဖြစ်နေသော်လည်း ဘုရားရှင်အပါဝင် ဘယ်ရဟန်းကမှ ရေစိုခြင်း မရှိဘူး။ ဝိသာခါတို့ အံ့ဩစိတ်နဲ့ ကြည်ညိုသဒ္ဓါစိတ် ပွားရပြီပေါ့။ ဒါအပြင် ဝိသာခါဟာ ဘုရားရှင်ကို ဆွမ်းကပ်လှူပြီးတာနဲ့ ဆု(၈)ခုကို တောင်းခံတယ်။
သူ့အတွက်။ ဆွေမျိုးအတွက်။ မဟုတ်ဘူး။ ကြည့်ပါအုံး။
ရဟန်းတွေ ရေလဲခံ မရှိတဲ့အတွက် အမြင်ကြောင့် သာသနာကို အကြည်ညိုပျက်မှာစိုးလို့
(၁) ရဟန်းတွေကို သက်ဆုံးထိ ဝါဆိုသင်္ကန်း (မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။
(၂) ခရီးနှောင့်နှေးမှု အခက်ခဲရှိနိုင်တဲ့အတွက် အာဂန္တု ဧည့်သည်ရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။
(၃) ဆွမ်းရှာနေချိန်ကြောင့်လည်းကောင် ခရီးသွားဖော်ကို ငဲ့၍သော်လည်းကောင်း ခရီးမတွင်ဖြစ်နေ၍ သော်လည်းကောင်း ခရီးသွားရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။
(၄) သူနာရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။
(၅) သူနာရဟန်းများကို အချိန်မရွေး ဆေးလှူခွင့်။
(၆) ဆွမ်းထွက်ရှာရပါက လူနာပြုစုရန် လစ်ဟင်းမည်စိုး၍ သူနာပြုစုရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။
(၇) ယာဂုအကျိုး(၅)မျိုးသည် ခန္ဓာအတွက် အသုံးဝင်၍ ရဟန်းများကို အချိန်မရွေး ယာဂု သုံးဆောင်မှီဝဲခွင့်။
(၈)ဘိက္ခူနီအမျိုးသမီး ရဟန်းများကို သက်ဆုံးထိ ဝါဆိုသင်္ကန်း (မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။
ဝိသာခါရဲ့တောင်းဆုဟာ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆုမို့ ဘုရားရှင်ကလည်း ဒီ(၈)ချက်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့ အမျိုးသမီးလဲ။ ဒါကို အတွင်းကျကျမသိ။ ကြားဖူးနားဝလည်း မရှိ။ ဘုမသိ ဘမသိနဲ့ ကဲ့ရဲ့နေကြတယ်ဗျာ။
အင်းပေါ့လေ လောကမှာ မရှိတာထက် မသိတဲ့လူတွေက အများသားမို့လား။ ထင်နေ၊ မြင်နေတာကိုပဲ အမှန်ထင်သူတွေနဲ့ ဇွတ်အတင်းမငြင်းလိုပါ။ အမြင်မတူမှုနဲ့ ရန်သူလဲ မပွားလိုပါ။ ကျုပ်အဖို့ ပြန်ချိန်လည်း ရောက်နေပြီမို့ စားပွဲထိုးကိုခေါ်ပြီး ကျသင့်ငွေရှင်းကာ ဆိုင်က ထွက်လာလိုက်တော့တယ်။
လမ်းရောက်မှ ကျုပ် ပီတိလေးနဲ့ ပြုံးမိတယ်။ ခုချိန်ဆို ဘုန်းကြီးလည်း ဆွမ်းစားပြီးလောက်ပြီမို့ ကျသင့်ငွေ ရှင်းသွားတဲ့အလှူရှင်ကို လိုက်ရှာနေလောက်ပြီဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ။
#နော်ဂဲလယ်ထူး (စာပေပရဟိတ)
[ Zawgyi + Unicode ] ငါးပါးသီလကို ကျူးလွန်ခြင်း၏ အပြစ်များ*********************************အရာရာတိုင်းတွင် ကောင်းကျိုးနှ...
12/03/2022
[ Zawgyi + Unicode ]
ငါးပါးသီလကို ကျူးလွန်ခြင်း၏ အပြစ်များ
*********************************
အရာရာတိုင်းတွင် ကောင်းကျိုးနှင့် ဆိုးပြစ် တို့သည် ရှိတတ်ကြစမြဲဖြစ်သည်။ ငါးပါးသီလကို စောင့်ထိန်းခြင်းအတွက် ကောင်းကျိုးများရှိသကဲ့သို့ ငါးပါးသီလကိုကျူးလွန်ခြင်းအတွက် ဆိုးပြစ်များ လည်း ရှိလေသည်။ ကျွန်တော်သည် ငါးပါးသီလ စောင့်ထိန်းခြင်း၏ ကောင်းကျိုးများကို မနောမယ ဂျာနယ်တွင် ရေးသားခဲ့ဖူးလေသည်။ စာဖတ်သူများ က ငါးပါးသီလကို စောင့်ထိန်းရန်လွယ်ကူသကဲ့သို့ ဖျောက်ဖျက်ရန်လည်း အလွန်လွယ်ကူကြောင်း။ ထို့ ကြောင့် ဖျောက်ဖျက်ခဲ့လျှင် ကျူးလွန်ခဲ့လျှင် မည် သည့်အပြစ်များ ဖြစ်နိုင်သည်ကို ဆက်လက်၍ ရေး သားပေးပါရန် တိုက်တွန်းလာကြသည်။ ထို့ကြောင့် ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ် များကိုလည်း ဆက်လက် ရေးသားတင်ပြအပ်ပေ သည်။
ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်လေသည်။
၁။ များစွာသော ပစ္စည်းဥစ္စာတို့မှ ဆုံးရှုံးပျက် စီးခြင်းခံရခြင်း။
၂။ မကောင်းသတင်း ပျံ့နှံ့ကျော်စောခြင်း။
၃။ ပရိသတ်အလယ်၌ ကြောက်ရွံ့၍ မျက်နှာ မလှခြင်း။
၄။ သေသောအခါ၌ တွေဝေငေးမော၍သေရ ခြင်း။
၅။ သေသည်၏အခြားမဲ့၌ အပါယ်ငရဲသို့ ရောက်ရခြင်း။
ငါးပါးသီလ ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များကို အကျယ်အားဖြင့်လည်း သိရှိထားသင့် ပေသည်။
၁။ ပါဏာတိပါတ
သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းဖြစ် လေသည်။ သူတစ်ပါး၏ အသက်ကိုသတ်သူသည် သေပြီးသည့်နောက် ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံ၊ အသူရကာယ်ဘုံတို့သို့ ကျရောက်တတ်ပေသည်။ လူ့ ဘုံတွင်ဖြစ်လျှင်လည်း အသက်တိုတတ်၍ မွေးခါစ ၌ပင် သေတတ်ပေသည်။
၂။ အဒိန္နာဒါန
သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းဖြစ် သည်။ သူတစ်ပါး၏ ပစ္စည်းဥစ္စာကိုခိုးယူသော် သေပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ အသူရကာယ်ဘုံသို့ ကျရောက်တတ်သည်။ လူ့ဘုံမှာ ဖြစ်သည့်အခါ ဥစ္စာပစ္စည်း ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်တတ်သည်။ အနည်းငယ်မျှသော ပစ္စည်းဥစ္စာ မျှလည်းမတည်တတ်၊ မရှိတတ်ဖြစ်တတ်သည်။ သူ တစ်ပါး၏ ဥစ္စာကိုခိုးယူခြင်း၊ ဓားပြတိုက်ခြင်း၊ ညာ ဖြန်း လှည့်ပတ်ရယူခြင်း၊ အရောင်းအ၀ယ်ပြုရာ၌ တင်းတောင်း ချိန်ခွင်၊ အလေးစသည်ဖြင့်လည်း ကောင်း ရောင်းကုန်တိုးအောင် ရေထိုးခြင်း၊ ခဲသဲ ရောခြင်း စသည်ဖြင့်လည်းကောင်း မရိုးမသားရယူ ခြင်းသည် အဒိန္နာဒါန မြောက်လေသည်။
၃။ ကာမေသုမိစ္ဆာစာရ
သူတစ်ပါး၏ မယားနှင့် မိဘဆွေမျိုး အုပ် ထိန်းခြင်းမကင်းသော သမီးပျိုများကို မေထုန်မှု ကျူးလွန်ခြင်း ဖြစ်လေသည်။ မိန်းမဖြစ်လျှင် မိမိ၏ ကာမပိုင် လင်ယောက်ျားမှတစ်ပါး အခြားသော ယောက်ျားများနှင့် မေထုန်မှု ကျူးလွန်ခြင်းသည် အပြစ်ဖြစ်လေသည်။ ကာမေသုမိစ္ဆာစာရကံကို ကျူး လွန်သူသည် သေလွန်ပြီးသည့်နောက် ငရဲဘုံ၊ တိ ရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ ရောက် တတ်သည်။ လူ့ဘုံမှာ လူဖြစ်သည့်အခါ ရန်သူပေါ များတတ်သည်။ မြင်သမျှသူ အပေါင်းကလည်း ရန်သူလို သဘောထားနေတတ်သည်။
၄။ မုသာဝါဒ
မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းသည် အပြစ်ဖြစ်သည်။ မဟုတ်မမှန်သော စကားကို ပြော ဆိုခြင်းသည် သေပြီးသောအခါတွင် ငရဲဘုံ၊ တိရစ္ဆာန် ဘုံ၊ အပါယ်ဘုံတို့သို့ရောက် တတ်ပေသည်။ လူ့ဘုံ တွင် လူဖြစ်သည့်အခါ၌လည်း မဟုတ်မတရား အစွပ်စွဲခံရတတ်သည်။ သူတစ်ပါးပြုသော မတရား မှုများ မိမိအပေါ်သို့ကျရောက်တတ်သည်။ စကားပီ ပီသသ မပြောတတ်ခြင်း၊ သွားများမညီမညွတ်ရှိခြင်း၊ ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊ ကိုယ်အရေအသား ပူရှိန် ခြောက်ကပ် စိုစိုဖပ်ဖပ် မရှိခြင်း၊ မျက်စိ၊ နားစသော ဣနြေ္ဒများ နောက်ကျူကျူရှိခြင်း ပုံဟန်မလှဘဲ ဆိုးခါး ချို့ယွင်းဖောက်ပြန်ခြင်း၊ သူတစ်ပါးအပေါ်၌ သြဇာ အာဏာမထည်ခြင်း အပြောအဆိုနှုတ်လျှာများ ထော် လော်ကြမ်းတမ်းခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော် လီတတ်ခြင်းတို့ ဖြစ်တတ်သည်။
၅။ သုရာမေရယ
သေရည်သေရက်သောက်ခြင်းသည် အပြစ် ဖြစ်သည်။ သေရည်သေရက်သောက်သူသည် သေ ပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ရောက်တတ်သည်။ လူ့ဘုံမှာ စိတ်ကယောင်ချောက်ချား ဖြစ်နေတတ်သည်။ အ လည်းအ၊ နားလည်းပင်းသော လူမျိုးဖြစ်တတ် သည်။ အရေးအခွင့်သင့်၊ မသင့်ကိုမသိတတ်ခြင်း၊ ပျင်းရိတတ်ခြင်း၊ မေ့လျော့မူးရူးတတ်ခြင်း၊ သူများက ပြုဖူးသော ကျေးဇူးကို မေ့လျော့တတ်ခြင်း၊ ဟိရီ၊ သြတ္တပ္ပဟူသော အရှက်အကြောက်တို့မှ ကင်းခြင်းတို့ ဖြစ်တတ်သည်။ သေရည်သေရက်ကို သောက်မိ လျှင် မည်သည့်အကုသိုလ်မှမရှောင်ကြဉ်ဘဲ အလုံးစုံ သော မကောင်းမှုကို အလွယ်တကူပြုမိတတ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ၀င်တို့အနေဖြင့် ငါး ပါးသီလကို ကျင့်သုံးဆောက်တည်သင့်ကြပေသည်။ ငါးပါးသီလကိုမျှ မဆောက်တည်နိုင်လျှင် သေလွန် သည့်အခါ၌ အပါယ်လေးဘုံသို့ ကျရောက်တတ်ရုံမျှ မက နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားရ ဖွယ်ရှိကြောင်း ငါးပါးသီလကိုခါး၀တ်ပုဆိုးကဲ့သို့ မြဲ မြံသင့်ကြကြောင်းရေးသားတင်ပြအပ်ပေသည်။
မောင်ဥာဏ်စိန်
ရည်ညွှန်းစာအုပ်များ
၁။ ရတနာ့ဂုဏ်ရည်(အရှင်ဇနကာဘိဝံသ)
၂။ ငါးပါးသီလအကြောင်း မြတ်စွာဘုရား အကြောင်းသံဃာတော်အကြောင်း ဓမ္မအကြောင်း ဗုဒ္ဓသာသနာအရေးတော်ပုံ (၀န်ကြီးချုပ်ဟောင်းဦးနု)
_______________________________
[ Unicode ]
ငါးပါးသီလကို ကျူးလွန်ခြင်း၏ အပြစ်များ
*************************
အရာရာတိုင်းတွင် ကောင်းကျိုးနှင့် ဆိုးပြစ် တို့သည် ရှိတတ်ကြစမြဲဖြစ်သည်။ ငါးပါးသီလကို စောင့်ထိန်းခြင်းအတွက် ကောင်းကျိုးများရှိသကဲ့သို့ ငါးပါးသီလကိုကျူးလွန်ခြင်းအတွက် ဆိုးပြစ်များ လည်း ရှိလေသည်။ ကျွန်တော်သည် ငါးပါးသီလ စောင့်ထိန်းခြင်း၏ ကောင်းကျိုးများကို မနောမယ ဂျာနယ်တွင် ရေးသားခဲ့ဖူးလေသည်။ စာဖတ်သူများ က ငါးပါးသီလကို စောင့်ထိန်းရန်လွယ်ကူသကဲ့သို့ ဖျောက်ဖျက်ရန်လည်း အလွန်လွယ်ကူကြောင်း။ ထို့ ကြောင့် ဖျောက်ဖျက်ခဲ့လျှင် ကျူးလွန်ခဲ့လျှင် မည် သည့်အပြစ်များ ဖြစ်နိုင်သည်ကို ဆက်လက်၍ ရေး သားပေးပါရန် တိုက်တွန်းလာကြသည်။ ထို့ကြောင့် ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ် များကိုလည်း ဆက်လက် ရေးသားတင်ပြအပ်ပေ သည်။
ငါးပါးသီလအား ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များမှာ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်လေသည်။
၁။ များစွာသော ပစ္စည်းဥစ္စာတို့မှ ဆုံးရှုံးပျက် စီးခြင်းခံရခြင်း။
၂။ မကောင်းသတင်း ပျံ့နှံ့ကျော်စောခြင်း။
၃။ ပရိသတ်အလယ်၌ ကြောက်ရွံ့၍ မျက်နှာ မလှခြင်း။
၄။ သေသောအခါ၌ တွေဝေငေးမော၍သေရ ခြင်း။
၅။ သေသည်၏အခြားမဲ့၌ အပါယ်ငရဲသို့ ရောက်ရခြင်း။
ငါးပါးသီလ ဖောက်ဖျက်ကျူးလွန်ခြင်း၏ အပြစ်များကို အကျယ်အားဖြင့်လည်း သိရှိထားသင့် ပေသည်။
၁။ ပါဏာတိပါတ
သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းဖြစ် လေသည်။ သူတစ်ပါး၏ အသက်ကိုသတ်သူသည် သေပြီးသည့်နောက် ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံ၊ အသူရကာယ်ဘုံတို့သို့ ကျရောက်တတ်ပေသည်။ လူ့ ဘုံတွင်ဖြစ်လျှင်လည်း အသက်တိုတတ်၍ မွေးခါစ ၌ပင် သေတတ်ပေသည်။
၂။ အဒိန်နာဒါန
သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်းဖြစ် သည်။ သူတစ်ပါး၏ ပစ္စည်းဥစ္စာကိုခိုးယူသော် သေပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ အသူရကာယ်ဘုံသို့ ကျရောက်တတ်သည်။ လူ့ဘုံမှာ ဖြစ်သည့်အခါ ဥစ္စာပစ္စည်း ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်တတ်သည်။ အနည်းငယ်မျှသော ပစ္စည်းဥစ္စာ မျှလည်းမတည်တတ်၊ မရှိတတ်ဖြစ်တတ်သည်။ သူ တစ်ပါး၏ ဥစ္စာကိုခိုးယူခြင်း၊ ဓားပြတိုက်ခြင်း၊ ညာ ဖြန်း လှည့်ပတ်ရယူခြင်း၊ အရောင်းအဝယ်ပြုရာ၌ တင်းတောင်း ချိန်ခွင်၊ အလေးစသည်ဖြင့်လည်း ကောင်း ရောင်းကုန်တိုးအောင် ရေထိုးခြင်း၊ ခဲသဲ ရောခြင်း စသည်ဖြင့်လည်းကောင်း မရိုးမသားရယူ ခြင်းသည် အဒိန္နာဒါန မြောက်လေသည်။
၃။ ကာမသေုမိစ်ဆာစာရ
သူတစ်ပါး၏ မယားနှင့် မိဘဆွေမျိုး အုပ် ထိန်းခြင်းမကင်းသော သမီးပျိုများကို မေထုန်မှု ကျူးလွန်ခြင်း ဖြစ်လေသည်။ မိန်းမဖြစ်လျှင် မိမိ၏ ကာမပိုင် လင်ယောက်ျားမှတစ်ပါး အခြားသော ယောက်ျားများနှင့် မေထုန်မှု ကျူးလွန်ခြင်းသည် အပြစ်ဖြစ်လေသည်။ ကာမေသုမိစ္ဆာစာရကံကို ကျူး လွန်သူသည် သေလွန်ပြီးသည့်နောက် ငရဲဘုံ၊ တိ ရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ ရောက် တတ်သည်။ လူ့ဘုံမှာ လူဖြစ်သည့်အခါ ရန်သူပေါ များတတ်သည်။ မြင်သမျှသူ အပေါင်းကလည်း ရန်သူလို သဘောထားနေတတ်သည်။
၄။ မုသာဝါဒ
မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းသည် အပြစ်ဖြစ်သည်။ မဟုတ်မမှန်သော စကားကို ပြော ဆိုခြင်းသည် သေပြီးသောအခါတွင် ငရဲဘုံ၊ တိရစ္ဆာန် ဘုံ၊ အပါယ်ဘုံတို့သို့ရောက် တတ်ပေသည်။ လူ့ဘုံ တွင် လူဖြစ်သည့်အခါ၌လည်း မဟုတ်မတရား အစွပ်စွဲခံရတတ်သည်။ သူတစ်ပါးပြုသော မတရား မှုများ မိမိအပေါ်သို့ကျရောက်တတ်သည်။ စကားပီ ပီသသ မပြောတတ်ခြင်း၊ သွားများမညီမညွတ်ရှိခြင်း၊ ခံတွင်းပါးစပ်ပုပ်ညီှခြင်း၊ ကိုယ်အရေအသား ပူရှိန် ခြောက်ကပ် စိုစိုဖပ်ဖပ် မရှိခြင်း၊ မျက်စိ၊ နားစသော ဣန္ဒြေများ နောက်ကျူကျူရှိခြင်း ပုံဟန်မလှဘဲ ဆိုးခါး ချို့ယွင်းဖောက်ပြန်ခြင်း၊ သူတစ်ပါးအပေါ်၌ ဩဇာ အာဏာမထည်ခြင်း အပြောအဆိုနှုတ်လျှာများ ထော် လော်ကြမ်းတမ်းခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော် လီတတ်ခြင်းတို့ ဖြစ်တတ်သည်။
၅။ သုရာမေရယ
သေရည်သေရက်သောက်ခြင်းသည် အပြစ် ဖြစ်သည်။ သေရည်သေရက်သောက်သူသည် သေ ပြီးသည့်နောက် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံတို့သို့ရောက်တတ်သည်။ လူ့ဘုံမှာ စိတ်ကယောင်ချောက်ချား ဖြစ်နေတတ်သည်။ အ လည်းအ၊ နားလည်းပင်းသော လူမျိုးဖြစ်တတ် သည်။ အရေးအခွင့်သင့်၊ မသင့်ကိုမသိတတ်ခြင်း၊ ပျင်းရိတတ်ခြင်း၊ မေ့လျော့မူးရူးတတ်ခြင်း၊ သူများက ပြုဖူးသော ကျေးဇူးကို မေ့လျော့တတ်ခြင်း၊ ဟိရီ၊ ဩတ္တပ္ပဟူသော အရှက်အကြောက်တို့မှ ကင်းခြင်းတို့ ဖြစ်တတ်သည်။ သေရည်သေရက်ကို သောက်မိ လျှင် မည်သည့်အကုသိုလ်မှမရှောင်ကြဉ်ဘဲ အလုံးစုံ သော မကောင်းမှုကို အလွယ်တကူပြုမိတတ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ငါး ပါးသီလကို ကျင့်သုံးဆောက်တည်သင့်ကြပေသည်။ ငါးပါးသီလကိုမျှ မဆောက်တည်နိုင်လျှင် သေလွန် သည့်အခါ၌ အပါယ်လေးဘုံသို့ ကျရောက်တတ်ရုံမျှ မက နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ခံစားရ ဖွယ်ရှိကြောင်း ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲ မြံသင့်ကြကြောင်းရေးသားတင်ပြအပ်ပေသည်။
မောင်ဉာဏ်စိန်
ရည်ညွှန်းစာအုပ်များ
၁။ ရတနာ့ဂုဏ်ရည်(အရှင်ဇနကာဘိဝံသ)
၂။ ငါးပါးသီလအကြောင်း မြတ်စွာဘုရား အကြောင်းသံဃာတော်အကြောင်း ဓမ္မအကြောင်း ဗုဒ္ဓသာသနာအရေးတော်ပုံ (ဝန်ကြီးချုပ်ဟောင်းဦးနု)
သားတော်လိမ္မာရာဟုလာလေးအကြောင်းသားတော်လိမ္မာရာဟုလာလောင်းသည် ဒီကမ္ဘာတစ်သိန်းရဲ့အထက် ပဒုမုတ္တမြတ်စွာဘုရားရဲ့သားလေးကိုအားကျပ...
04/03/2022
သားတော်လိမ္မာရာဟုလာလေးအကြောင်း
သားတော်လိမ္မာရာဟုလာလောင်းသည် ဒီကမ္ဘာတစ်သိန်းရဲ့အထက် ပဒုမုတ္တမြတ်စွာဘုရားရဲ့သားလေးကိုအားကျပြီး ပဒုမုတ္တမြတ်စွာဘုရားရှင်နဲ့ သံဃာတော်တစ်သိန်းကို ဆွမ်းကပ်ပီး နင်္ဂါးမင်းဖြစ်နေတဲ့ဘဝကနေ ဆုတောင်းခဲ့တယ် ခြေတော်လားရာ ခြေအောက်ကနေ ကြာတွေခံခံပေးတဲ့ ပဒုမုတ္တမြတ်စွာဘုရားက အနာဂတ္ထာန ညာဏ်တော်ကြီးနဲ့ကြည့်ပြီးဆုပေးတယ် ဒီကမ္ဘာပြီး နောက်ကမ္ဘာတစ်သိန်းဆို ဂေါတမဘုရားပွင့်ပြီး သင်တောင်းတဲ့ဆုပြည့်လိမ့်မယ်ဆိုပြီး ဆုပေးတယ် ။ဒီဘဝပြီး လူ့ပြည်နတ်ပြည်စုံဆန်သွားလာလိုက်တာ ဂေါတမမြတ်စွာဘုရားပွင့်တဲ့ချိန် ဂေါတမမြတ်စွာဘုရားရဲ့သားတော်လာဖြစ်တယ်။၇နှစ်အထိ ယသော်ဓရာကဘဲထိန်းပြီး မြတ်စွာဘုရားနဲ့‌တွေ့တော့အမွေအဖြစ် သာသနာဘောင်ထဲဝင်ခိုင်းလိုက်တယ်။ရာဟုလာသည် ရှင်ပြုပွဲလဲမလုပ်ခဲ့ရဘူး ဒီနေရာမာ ငယ်ငယ်လေးနဲ့ သနားစရာကောင်းတယ်။ကို‌ရင်လေးဝတ်ပြီးတဲ့နောက်ပိုင်း မြတ်စွာဘုရားကဘဲထိန်းရတယ်။သားတော်လေးကို သင်္ချာဂဏန်းနဲ့ တရားနဲ့ ဆက်စပ်ပီးသင်ပေးတယ်တဲ့။ ရာဟုလာလေးသည် ကမ္ဘာတစ်သိန်းမှာ ဘဝတိုင်း ဘုရားလောင်းရဲ့သားတော်လေးအဖြစ်နဲ့ ပါရမီဖြည့်လာတော့ သဘောထားပြည့်ဝပြီးအတော်လိမ္မာတယ်တဲ့။ ညဆိုရင် အရှင်သာရိပုတ္တရာနဲ့ တစ်တည်းထဲမှာ အတူအိပ်ပြီး သီတင်းသုံးတယ် ။အရှင်သာရိပုတ္တရာကလည်း သူ့ဆရာအဖြစ်နဲ့ ရာဟုလာလေးကိုဆုံးမတယ်။ မြတ်စွာဘုရားရှင်က ငါ့သားရာဟုလာ ရှင်သာရိပုတ္တရာ ရဟန္တာမထေရ်ကြီးနဲ့ အတူနေတာ မရိုမသေလုပ်မိမာစိုးနေတယ်တဲ့။ဒါနဲ့သားတော်ကိုဆုံးမတယ်။မြတ်စွာဘုရားက သားတော်''အရှင်သာရိပုတ္တရာမထေရ်သူမြတ်ကိုရိုရိုသေသေဆက်ဆံနော် သူကရဟန်းသာဖြစ်နေပြီသားရဲ့''သားတော်ရာဟုလာလေးကလည်း ''သားရိုရိုသေသေဆက်ဆံပါတယ် ခမည်းတော်ဘုရား"ဆိုပြီးပြန်ဖြေတယ်။ ရာဟုလာလေးသည် မနက်တိုင်းစောစောထတယ် သံဃာ့ကိစ္စတွေကိုအကုန်ဆောင်ရွက်ပြီး ကျောင်းရှေ့ကသဲလေးကိုဆုပ်လိုက်တယ် ဆုပ်ပြီးဆုတောင်းတယ် ဒီသဲလောက်ပမာဏရှိတဲ့ ဆုံးမတဲ့ဆရာသမားတွေပေါ်ပါစေဆိုပြီး ဆုတောင်းတယ်တဲ့။၁၈နှစ်အရွယ်ရောက်လာတော့ ရာဟုလာလေးသည် တရားအားထုတ်နိုင်နေပြီတဲ့။မြတ်စွာဘုရားကပြောတယ် "သားတော် နောက်တဘဝမဖြစ်ချင်နဲ့တော့ ဒီ၃၁ဘုံကိုမလာချင်နဲ့တော့ နိဗ္ဗာန်ရောက်အောင် တရားအားထုတ်ပါ"ဆိုပြီး ပြောတယ်။ဒါနဲ့ဆွမ်းတောင်မစားအားဘဲတရားအားထုတ်တာ ရဟန္တာဖြစ်သွားတယ်တဲ့ ။ ရာဟုလာက လူ့ပြည်မှာတရားသိပ်မဟောဖြစ်ဖူးတဲ့ နတ်တွေက နတ်ပြည်ကိုပင့်ပြီး တရားဟောခိုင်းတော့ တရားဟောပေးတယ်တဲ့ ။ဒါနဲ့ ဘွားတော် ဂေါတမီအဟန္တာမကြီးပရိတ်နိဗ္ဗာန်စံပြီး ရာဟုလာလေးလည်း မြတ်စွာဘုရားထက်အရင်ပရိဗ္ဗာန်အရင်စံသွားတယ်တဲ့။ ခမည်းတော်ဘုရားဟောတဲ့အတိုင်း နောက်ဘဝသစ်ပြန်မဖြစ်ဘဲ နိဗ္ဗာန်ကိုရောက်ပြီး ဘဝဇာတ်သိမ်းသွားခဲ့တယ်။🙏🙏🙏
Address
Yangon
Telephone
+959977155884
Website
Alerts
Be the first to know and let us send you an email when Zaw Moe Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Zaw Moe Oo:
Share