Favorite Books Publishing House

Favorite Books Publishing House Ph: 095118316, 09253838485

📚  #စာအုပ်ထဲဝင်သိပ္ပံသင် "မြင်နေကျ ငှက်လေးတွေကို အမြင်အသစ်နဲ့ မြင်ရစေမယ့် သိပ္ပံစာအုပ်လေးပါ။🐦 "ငှက်တိုင်း ပျံနိုင်တယ်" လ...
16/08/2026

📚 #စာအုပ်ထဲဝင်သိပ္ပံသင် "

မြင်နေကျ ငှက်လေးတွေကို အမြင်အသစ်နဲ့ မြင်ရစေမယ့် သိပ္ပံစာအုပ်လေးပါ။

🐦 "ငှက်တိုင်း ပျံနိုင်တယ်" လို့ ထင်ထားတာလား?
🐦 "ငှက်တွေမှာ သွားမရှိဘဲ အစာ ဘယ်လိုစားကြသလဲ?"
🐦 "ငှက်တွေက ဉာဏ်ကောင်းကြလား?"

✨ ငှက်တွေအ​ကြောင်း ထူးထူးဆန်းဆန်း ​မေးခွန်းတွေကို
🎨 ပုံလှလှ​လေး​တွေ
📝 အမေးအဖြေ​လေး​တွေ
🔬 ကလေးနားလည်လွယ်မယ့် ရှင်းလင်းချက်တွေနဲ့

ဖတ်ရင်းဖတ်ရင်း အံ့ဩသွားစေရမယ့် ပုံစံမျိုးနဲ့
တင်ဆက်ထားပါတယ်။

💡 သဘာဝပတ်ဝန်းကျင် နဲ့ တိရစ္ဆာန်တွေကို စိတ်ဝင်စားတဲ့ ကလေးတွေ
💡 "ဘာလို့?" အမြဲမေးတတ်တဲ့ ကလေးတွေ
အတွက် လက်လွတ်မခံသင့်တဲ့ စာအုပ်လေးပါ 💛

💰 တန်ဖိုး - ၅,၀၀၀ ကျပ်
📩 Messenger မှာ အခုပဲ မှာယူနိုင်ပါပြီ။

ဒီစာအုပ်​လေး ဖတ်ပြီးသွားရင်
ငှက်လေးတွေကို ​အရင်လို ငေးကြည့်​နေရုံမဟုတ်ဘဲ
သူတို့အ​ကြောင်း ​သေ​သေချာချာ နားလည်သွားမှာပါ 🐦✨

🔍🔍 ပျောက်သွားတဲ့ အရုပ်​လေး​တွေရဲ့ မြို့​တော် 🔎🔎က​လေးတို့ ကစား​နေတဲ့ အရုပ်​လေး​တွေ တစ်ခါတ​လေ ဘယ်​နေရာမှ ရှာမ​တွေ့ဘဲ ​ပျော...
16/08/2026

🔍🔍 ပျောက်သွားတဲ့ အရုပ်​လေး​တွေရဲ့ မြို့​တော် 🔎🔎

က​လေးတို့ ကစား​နေတဲ့ အရုပ်​လေး​တွေ တစ်ခါတ​လေ ဘယ်​နေရာမှ ရှာမ​တွေ့ဘဲ ​ပျောက်​နေတာမျိုး ကြုံဖူးကြလား။

အဲဒီအရုပ်​လေး​တွေ ဘယ်နား​ရောက်သွားလဲ မသိချင်ကြဘူးလား။

ဒီပုံပြင်ထဲက ဝီလျံ​လေးက​တော့ ​ပျော်သွားတဲ့ ဝက်ဝံရုပ်​လေးကို စွန့်စွန့်စားစား လိုက်ရှာရင်း ထူးဆန်းတဲ့ ဝက်ဝံမြို့​တော်ကို ​ရောက်သွားသတဲ့။

က​လေးတို့ ​ပျောက်သွားတဲ့ အရုပ်​လေး​တွေ​ရော သူတို့ရဲ့ အရုပ်မြို့​​တော်​တွေမှာ ပြန်​ရောက်​နေမလား။

ဒီစာအုပ်​လေးက ပုံပြင်ချည်း သက်သက် မဟုတ်ဘူး။

က​လေးတို့ အ​ဖြေရှာရမယ့် ဥာဏ်စမ်းပ​ဟေဠိ​လေး​တွေလည်း ပါပါတယ်။

အရုပ်မြို့​တော်ကို ဝင်ခွင့်လက်မှတ်​လေးက​တော့ တန်ဖိုး ၅၀၀၀ ပါ။

မေ​မေကလွဲပြီး ဘယ်သူမှ မပြောပြနိုင်တဲ့ ပုံပြင်ဝက်ဝံမလေး ဖူးဖူးက ကလေးတို့လိုပဲ ပုံပြင်တွေ သိပ်ကြိုက်တာတဲ့။သူ့မေမေ ပြောပြဖူ...
16/08/2026

မေ​မေကလွဲပြီး ဘယ်သူမှ မပြောပြနိုင်တဲ့ ပုံပြင်

ဝက်ဝံမလေး ဖူးဖူးက ကလေးတို့လိုပဲ ပုံပြင်တွေ သိပ်ကြိုက်တာတဲ့။

သူ့မေမေ ပြောပြဖူးတဲ့ ပုံပြင်တွေထဲမှာ
ဖူးဖူး အကြိုက်ဆုံး ပုံပြင်လေး တစ်ပုဒ်ရှိတယ်။

အဲဒီပုံပြင်လေးကိုတော့
သူ့မေမေကလွဲပြီး ဘယ်သူမှ မပြောပြနိုင်ဘူး။

အဲဒီပုံပြင်လေး နားထောင်ပြီးတိုင်း
ဖူးဖူးရဲ့ စိတ်ထဲမှာ နွေးနွေးထွေးထွေး ဖြစ်သွားတယ်။
အားရှိသွားတယ်။
လုံခြုံသွားတယ်။
ပျော်ရွှင်သွားတယ်။
​ကျေနပ်သွားတယ်။
ပြီးတော့
ဖေဖေနဲ့ မေမေကိုလည်း
ပိုပိုပြီး ချစ်လာတယ်။

တကယ်တော့
ကလေးတို့ အားလုံးမှာလည်း
ဖူးဖူးလိုပဲ ကိုယ်ပိုင်ပုံပြင်လေး တစ်ပုဒ်စီ ရှိပါတယ်။

“သားသား/မီးမီးတို့ ​မေ​မေ့ဗိုက်ထဲမှာ ​နေတုန်းက အ​ကြောင်း​တွေ "
မေမေတစ်ယောက်ပဲ ပြောပြနိုင်တဲ့ ပုံပြင်လေး​တွေပေါ့။

ဖူးဖူးရဲ့ ပုံပြင်လေး နားထောင်ပြီးရင်
ကလေးတို့ရဲ့ ကိုယ်ပိုင်ပုံပြင်လေးကိုလည်း
မေမေ့ဆီမှာ မေးကြည့်နော်…

ပြီးတော့
မေမေပြောပြတဲ့ အကောင်းဆုံး ပုံပြင်လေးကို
က​လေးတို့ ရင်ထဲမှာ
တစ်သက်လုံး သိမ်းထားလိုက်နော်… 💛

🩺🩺🩺 ဆရာဝန်လေး မောင်ဖိုးသား 🩺🩺🩺"ဖိုးသား​လေး ကြီးလာရင် ဘာလုပ်မလဲ" လို့ မေးတိုင်း... "မေမေ့လို ဆရာဝန်ကြီးလုပ်မှာ!" လို့ အား...
14/08/2026

🩺🩺🩺 ဆရာဝန်လေး မောင်ဖိုးသား 🩺🩺🩺

"ဖိုးသား​လေး ကြီးလာရင် ဘာလုပ်မလဲ" လို့ မေးတိုင်း...

"မေမေ့လို ဆရာဝန်ကြီးလုပ်မှာ!" လို့ အားရပါးရ ဖြေတတ်တဲ့ မောင်ဖိုးသားလေး။

ဖိုးသားလေးက ဆရာဝန်လုပ်တမ်း ကစားရတာ သိပ်ကြိုက်တာ။
သူ့မှာ ကစားစရာ နားကြပ်လေး ရှိတယ်။
ကစားစရာ ဆေးထိုးအပ်လေး ရှိတယ်။
ကစားစရာ ဆေးပုံးလေးလည်း ရှိတယ်။

တစ်နေ့မှာတော့
မေမေက ဖိုးသား​လေးကို ဆေးရုံ​ခေါ်သွားသတဲ့။
သူ့ကိုယ်သူ ဆရာဝန်လို့ ထင်​နေတဲ့ ​ဖိုးသား​လေးက ​​​ငို​နေတဲ့ က​လေး​လေး​တွေ၊ ကြောက်​နေတဲ့ လူနာ​တွေ၊ ​နေမ​ကောင်းဖြစ်နေတဲ့ အဘိုးအဘွားတွေကို ဘယ်လို ​ပျော်​အောင် လုပ်​ပေးခဲ့သလဲ ဆိုတာ....
​
ဖတ်ရင်း ရယ်မောရသလို၊ ကလေးတွေရဲ့ ချစ်စရာ စိတ်ကောင်းလေးတွေကိုပါ ​တွေ့မြင်ဖတ်ရှုရမယ့် စိတ်ဝင်စားစရာ ပုံပြင်စာအုပ်လေး။

တန်ဖိုး ၅၅၀၀

🐰📚✨  #ပုံပြင်ထဲဝင်စိတ်ကူးယဥ်ကလေးတို့ရေ... ပုံပြင်ဖတ်ရင်း မင်းသမီးလေး ဖြစ်ချင်လား❓ပင်လယ်ဓားပြကြီး ဖြစ်ချင်လား❓ဒိုင်နိုဆော...
14/08/2026

🐰📚✨ #ပုံပြင်ထဲဝင်စိတ်ကူးယဥ်

ကလေးတို့ရေ... ပုံပြင်ဖတ်ရင်း
မင်းသမီးလေး ဖြစ်ချင်လား❓
ပင်လယ်ဓားပြကြီး ဖြစ်ချင်လား❓
ဒိုင်နိုဆောကြီး ဖြစ်ချင်လား❓

ယုန်လေး "ဂျက်ဂျက်" ကတော့ ပုံပြင်စာအုပ်တွေ ဖတ်ရင်း စိတ်ကူးယဥ်ကမ္ဘာထဲ အမြဲရောက်နေတတ်တယ်။

📖 ပုံပြင်တွေက ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလဲ...
🌈ပုံပြင်ထဲဝင်ပြီး စိတ်ကူးယဥ်ရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ...

ဂျက်ဂျက်နဲ့အတူ ပုံပြင်ကမ္ဘာထဲ လိုက်လည်ကြည့်ရအောင်နော်။ ✨

📚 တန်ဖိုး — ၅၅၀၀ ကျပ်

🧚‍♀️✨ နတ်သမီးပုံပြင် အသစ်အဆန်းလေးတွေ ဖတ်ချင်တဲ့ သားသားမီးမီးတို့အတွက်  နတ်သမီး  ပုံပြင်ရှည် ၃ ပုဒ် 📚 ရောင်းစျေး — ၇၀၀၀ က...
14/08/2026

🧚‍♀️✨ နတ်သမီးပုံပြင် အသစ်အဆန်းလေးတွေ ဖတ်ချင်တဲ့ သားသားမီးမီးတို့အတွက် နတ်သမီး ပုံပြင်ရှည် ၃ ပုဒ် 📚 ရောင်းစျေး — ၇၀၀၀ ကျပ်

ကလေးလေးက နတ်သမီးပုံပြင်တွေ သိပ်ကြိုက်တယ်။မေမေကလည်း ပြောပြချင်တာပေါ့။

ဒါပေမဲ့ အမြဲကြားနေကျ နတ်သမီးပုံပြင်တွေက ရိုးအီနေပြီဆိုရင်တော့ ဒီစာအုပ်ထဲက နတ်သမီးပုံပြင် ၃ ပုဒ်က ထူးထူးဆန်းဆန်းနဲ့ စိတ်ဝင်စားစရာကောင်းနေမှာပါ။ 💫

#ကလေးတို့ပတ်ဝန်းကျင်မှနတ်သမီးလေးများ

📣📣📣 မျက်ရည် နတ်သမီး

“မျက်ရည်နတ်သမီး” ဆိုတာ ကလေးတို့ တစ်ခါမှ မကြားဖူးသေးဘူးနော်…

သူက ကလေးလေးတွေရဲ့ မျက်ရည်တွေကို လိုက်စုနေတာတဲ့။ 😢✨

စုထားတဲ့ မျက်ရည်စက်တွေကို မျက်ရည်အိတ်ကြီးထဲ သိမ်းထားသတဲ့…

အဲ့ဒီမျက်ရည်တွေကို ဘာအတွက် စုထားတာလဲ ....? 💧

📣📣📣 ဘဲလာနဲ့ နတ်သမီးပညာ

နတ်သမီးမေမေကလည်း အိမ်က မေမေလိုပဲ ကျောင်းမတက်ခင် စာတွေ ကြိုသင်ပေးသတဲ့။ 📚

နတ်သမီးလေးတွေကလည်း ကလေးတို့လိုပဲ ပျင်းကြတယ်။

စာတွေမှားလိုက်၊စိတ်ကောက်လိုက်၊​မေ​မေက စိတ်မရှည်လိုက်နဲ့… 😆

ဖတ်ရင်းနဲ့ “ဟယ် ငါနဲ့ တူလိုက်တာ” လို့​တောင် ​တွေးမိသွားနိုင်တယ်နော်။

နတ်သမီးလေးတွေ သင်ရတဲ့ သင်ခန်းစာတွေက ဘာတွေဖြစ်မယ် ထင်သလဲ… ✨

📣📣📣 သွားနတ်သမီးလေးရဲ့ နှင်တံ

နတ်သမီးတစ်ယောက်ရဲ့ တန်ခိုးနဲ့ အရည်အချင်းကို“နှင်တံ” ကပဲ ဆုံးဖြတ်ပေးသတဲ့။ 🪄

နှင်တံ မရှိရင် နတ်သမီးတိုင်းပြည်မှာ ဘာမှလုပ်လို့ မရတော့ဘူး…

သွားနတ်သမီးလေးရဲ့ နှင်တံက ဘယ်လို ပျောက်သွားတာလဲ…? 👀✨

📖 စာမျက်နှာ ၇၂ မျက်နှာ ပါဝင်လို့ အားရပါးရ တဝကြီး ဖတ်ကြရမှာပါနော် 💛

 #စာအုပ်ထဲဝင်သိပ္ပံသင် 🦋ကလေးတို့ရဲ့ ငယ်သူငယ်ချင်း "လိပ်ပြာလေးတွေ" အကြောင်း 💛လိပ်ပြာလေးတွေ ဘယ်လိုကြီးလာကြလဲ❓ပေါက်ဖတ်လေးတွ...
14/08/2026

#စာအုပ်ထဲဝင်သိပ္ပံသင် 🦋
ကလေးတို့ရဲ့ ငယ်သူငယ်ချင်း "လိပ်ပြာလေးတွေ" အကြောင်း 💛

လိပ်ပြာလေးတွေ ဘယ်လိုကြီးလာကြလဲ❓
ပေါက်ဖတ်လေးတွေ ဘာစားကြလဲ❓
လိပ်ပြာနဲ့ ပိုးဖလံ ဘာတွေကွာခြားလဲ❓

ဒီမေးခွန်းတွေအတွက် အဖြေတွေအပြင်

မြောက်အမေရိကတိုက်က ကမ္ဘာကျော် မိုနာ့ခ်လိပ်ပြာတွေရဲ့ ​​ဆောင်းခိုခရီး အ​ကြောင်း ​

ရောင်စုံသရုပ်​ဖော်ပုံ လှလှလေးတွေ အများကြီးပါလို့ အလွယ်တကူ ဖတ်ရှုနားလည်နိုင်မှာ ​သေချာပါတယ်။

📖 စာအုပ်ဖတ်ရင်း သိပ္ပံသင်မယ်
🦋 သဘာဝကို ချစ်တတ်လာမယ်
✨လိပ်ပြာ​လေး​တွေအ​​ကြောင်း သိချင်​နေတဲ့ မေးခွန်းတွေအတွက် အဖြေတွေ ရလာမယ်

ကလေးတိုင်းရဲ့ စာအုပ်စင်မှာ ရှိထားသင့်တဲ့ သိပ္ပံစာအုပ်လေးပါ။

တန်ဖိုး ၅၀၀၀ ကျပ်

🥰🥰🥰  #ရှက်တတ်တဲ့ကြောင်ကလေး 🐱ကလေး​လေးက... 🥺 သူငယ်ချင်း​တွေကို စပြီး နှုတ်ဆက်ရမှာ ရှက်​နေလား🥺 သူစိမ်းတွေနဲ့ စကားပြောဖို့ ​...
09/08/2026

🥰🥰🥰 #ရှက်တတ်တဲ့ကြောင်ကလေး 🐱
ကလေး​လေးက...
🥺 သူငယ်ချင်း​တွေကို စပြီး နှုတ်ဆက်ရမှာ ရှက်​နေလား
🥺 သူစိမ်းတွေနဲ့ စကားပြောဖို့ ​ကြောက်​နေလား
🥺 အတန်းထဲမှာ စာ​မေးရင် လက်ထောင်ပြီးဖြေဖို့ တွန့်ဆုတ်​နေလား .....

ဒီလိုဆိုရင်... မိကျားလေးအ​ကြောင်း ဖတ်ပြလိုက်ပါ​နော် 💛

မိကျား​လေးဟာ အင်မတန် ရှက်တတ်တဲ့ ​​ကြောင်​လေး​ပေါ့ကွယ်။
ရှက်လွန်း​တော့လည်း သူ့မှာ သူငယ်ချင်း နည်း​​နေတာ​ပေါ့။
ရှိတဲ့ သူငယ်ချင်း​တွေနဲ့လည်း စိမ်း​နေတာ​ပေါ့။

နှုတ်ဆက်ရမှာရှက်၊
စကား​ပြောရမှာရှက်၊
ရင်းရင်းနှီးနှီး ​နေရမှာလည်း ရှက်​နေတာကိုး။

ရှက်စိတ်​တွေ များလွန်းတော့
မိကျား​လေးရဲ့ နေ့စဉ်ဘ၀မှာ ကိစ္စအသေးအဖွဲ​လေး​တွေကအစ ခက်ခဲလာတယ်။

ဒီပုံပြင်​လေးကတော့
ရှက်တတ်တဲ့ က​လေး​လေး​တွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု​လေး တဖြည်းဖြည်း ရလာ​စေဖို့
​ဖေး​ဖေးမမ အား​ပေးထားတဲ့ ပုံပြင်​လေးပါ။ ✨

📚 တန်ဖိုး — ၄၅၀၀ ကျပ်

😻😻😻ကြွက်စိတ်ဝင်​နေတဲ့ ​ကြောင်က​လေး🐁🐁🐁မရိုးနိုင်တဲ့ ​ကြောင်နဲ့ ကြွက် ဇာတ်လမ်း​တွေ အများကြီးထဲကမှ  တမူထူးခြားတဲ့ ဇာတ်လမ်း​...
09/08/2026

😻😻😻ကြွက်စိတ်ဝင်​နေတဲ့ ​ကြောင်က​လေး🐁🐁🐁

မရိုးနိုင်တဲ့ ​ကြောင်နဲ့ ကြွက် ဇာတ်လမ်း​တွေ အများကြီးထဲကမှ တမူထူးခြားတဲ့ ဇာတ်လမ်း​လေး

ကြောင်ချစ်တဲ့ က​လေး​လေး​တွေ သိပ်ကြိုက်ကြတဲ့ ပုံပြင်​လေး

တကယ်​တော့ ဖိုးကံ​ကောင်းက ​ကြောင်က​လေး​ပါ။

ဒါ​ပေမဲ့ သူ့ကိုယ်သူ ကြွက်က​လေးလို့ပဲ ထင်​နေတာ။

​နေ​တော့လည်း ကြွက်မိသားစုနဲ့။

က​လေးတို့​ရေ.....
ကြွက်မိသားစုထဲ ​ကြောင်က​လေးတစ်​ကောင် ​ရောက်​နေတဲ့အခါ ဘာ​တွေ ဆက်ဖြစ်လာမယ် ထင်သလဲ......

ဖိုးကံ​ကောင်းက ​ကြောင်က​လေးဆိုတာ ဘယ်လို​ပေါ်သွားသလဲ......

စိတ်လှုပ်ရှားစရာ၊ အသည်းယားစရာ​၊ ကြည်နူးစရာ​တွေနဲ့ ရသ အမျိုးမျိုးပါတဲ့ ပုံပြင်​​လေးပါ။

တန်ဖိုးက ၄၅၀၀ ဆို​တော့ အလွန်တန်​သောပါ​နော်

ထူးထူးဆန်းဆန်းမေးခွန်းလေးတွေ တွေးတတ် မေးတတ်တဲ့ သားသားမီးမီးတို့အတွက်❓️❓️❓️ မေးရင်းဖြေရင်း သိပ္ပံသင်ကလေးတို့ မေးလေ့ရှိတဲ့...
09/08/2026

ထူးထူးဆန်းဆန်းမေးခွန်းလေးတွေ တွေးတတ် မေးတတ်တဲ့ သားသားမီးမီးတို့အတွက်

❓️❓️❓️ မေးရင်းဖြေရင်း သိပ္ပံသင်

ကလေးတို့ မေးလေ့ရှိတဲ့ မေးခွန်းတွေ၊ သိချင်မယ်ထင်တဲ့ မေးခွန်းတွေ၊ သိထားရင် အကျိုးများမယ့် မေးခွန်းတွေ ရွေးချယ်ပြီး ကလေးတို့ နားလည်မယ့် စကားလုံး အသုံးအနှုန်းတွေ၊ အရေးအသားတွေနဲ့ ဖြေထားပေးပါတယ်။

➡️ ခွေးလေးတွေက မွေးစမှာ မျက်စိမပွင့်သေးတာ ဘာကြောင့်လဲ။

➡️ ခွေးတွေ အီးပါပြီးရင် မြေကြီးကို ခြေထောက်နဲ့ ယက်တာဘာကြောင့်လဲ။

➡️ ပင့်ကူက သူ့ချည်မျှင်နဲ့သူ ဘယ်တော့မှ မငြိတာ ဘာကြောင့်လဲ။

➡️ ယင်ကောင်ကို ရိုက်ရခက်တာ ဘာကြောင့်လဲ။

➡️ ဘာလို့ ပုရွက်ဆိတ်တွေက အတန်းလိုက် သွားကြတာလဲ။

➡️ အသွားနဲ့အပြန် ပုရွက်ဆိတ်ချင်း ခေါင်းချင်းဆိုင်တာ ဘာကြောင့်လဲ။

➡️ လိပ်ပြာတွေကျတော့ ဘာလို့ ဖြောင့်ဖြောင့်တန်းတန်း မပျံတာလဲ။

➡️ လူကို တုပ်တဲ့ပျားက ပျားမဆိုတာ ဟုတ်လား။

➡️ ပိုးစုန်းကြူးလေးတွေဆီက အလင်းရောင်ထွက်တာ ဘာကြောင့်လဲ။

➡️ ငရုတ်သီးကျွေးရင် ကြက်တူရွေး စကားပြောတယ်ဆိုတာ ဟုတ်လား။

➡️ ဘာကြောင့် ငှက်တွေ သီချင်းဆိုတာလဲ။

➡️ မနက်တိုင်း အချိန်မှန်တွန်နိုင်တာ ကြက်ဖကြီးက မိုးလင်းတော့မှာကို ကြိုသိလို့လား။

➡️ နွားတွေကိုကြည့်လိုက်ရင် ပါးစပ်လေး တမြုံ့မြုံ့နဲ့ လုပ်နေတတ်တာ ဘာကြောင့်လဲ။

➡️ ပန်ဒါက ဝက်ဝံဆိုပြီး ဘာလို့ အသားမစားဘဲ ဝါးလုံးတွေ၊ ဝါးရွက်တွေချည်း စားတာလဲ။

➡️ ဆင်တွေရဲ့နားရွက်က ဘာကြောင့် ဒီလောက် အကြီးကြီးဖြစ်နေတာလဲ။

ဒီမေးခွန်းလေးတွေ နဲ့ အဖြေလေးတွေပါမယ်။

စာတွေချည်း ဖတ်ရရင် ငြီးငွေ့မှာစိုးလို့ ပုံလှလှလေးတွေလည်း အများကြီး ထည့်ထားပေးတယ်နော်။ ဖတ်ကြည့်လိုက်ပါဦး။

ထူးထူးဆန်းဆန်း ​မေးခွန်း​တွေအများကြီးနဲ့ အ​ဖြေ​တွေ အများကြီးကိုမှ ၅၀၀၀ ကျပ်ပါ။

Address

56 Street
Yangon

Telephone

+9595118316

Website

Alerts

Be the first to know and let us send you an email when Favorite Books Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category