Top Land Preschool

Top Land Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Top Land Preschool, maharthukha Street, kyauktan, Yangon.

📢 Top Land Pre School မှ ကြိုဆိုပါတယ် 📚✨သားသားမီးမီးတို့ရဲ့ ပထမဆုံးပညာရေးခရီးကိုပျော်ရွှင်မှု၊ နွေးထွေးမှုတွေနဲ့ စတင်ဖို...
18/05/2026

📢 Top Land Pre School မှ ကြိုဆိုပါတယ် 📚✨
သားသားမီးမီးတို့ရဲ့ ပထမဆုံးပညာရေးခရီးကို
ပျော်ရွှင်မှု၊ နွေးထွေးမှုတွေနဲ့ စတင်ဖို့
Top Land Pre School မှ အသင့်စောင့်ကြိုနေပါပြီ 💛
🌈 ကလေးဗဟိုပြုသင်ကြားမှု
🎨 ပျော်ရွှင်ဖွယ် Activity များ
🧸 သန့်ရှင်းလုံခြုံသော သင်ယူပတ်ဝန်းကျင်
👩‍🏫 ဂရုစိုက်သင်ကြားပေးမည့် Teacher များနှင့်အတူ
မူကြိုအရွယ် ဖြစ်တဲ့ 3 နှစ်မှ 5 နှစ် အရွယ် ဘေဘီ လေးတွေကို ကျောင်းအပ်လက်ခံနေပါပီရှင်။ဖွံ့ဖြိုးမှု နယ်ပယ်ငါးရပ်လုံး ကို ကစားရင်းနဲ့သင်ယူခွင့် ရမဲ့ကျောင်းလေးမို့ ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါပီရှင်
📍 Top Land Pre School
📞 အသေးစိတ်စုံစမ်းရန် –အမှတ်၇၆၈ မဟာသုခလမ်း ရွှေကုန်းရပ်ကွက် ကျောက်တန်း မြို့ 09401505239
“Learning through Play”
ကစားရင်း သင်ယူ… ပျော်ရွှင်ရင်း ကြီးပြင်းစေဖို့ 🌟
Top Land pre school ကိုရွေးကြစို့🤗

ချစ်စရာကောင်းတာလေးတွေထဲကတစ်ခု👩‍🍼👩‍👦
11/05/2026

ချစ်စရာကောင်းတာလေးတွေထဲကတစ်ခု👩‍🍼👩‍👦

06/05/2026

ညောင်ရေသွန်းခြင်းအမှတ်တရ 🩷🩷

မူကြိုအရွယ် အမှတ်တရ များစွာထဲကမှ အမှတ်ရစရာလေးတစ်ခုပါ။နောက်ထပ်လဲ မူကြိုအရွယ်မှာပျော်ရွှင်စွာဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ အသိလေးတွေများများ မှတ်မိသွား ရ အောင် တီချယ်တို့နဲ့အတူတူ ဖန်တီးကြမယ်နော်🤩🤩

17/04/2026

Happy moment 🤩🤩

09/04/2026

Small treats & Big smiles 😋

07/04/2026

အာရွှီးတဲ့ကိုကို😍😍😍

07/04/2026

အာရွှီးတဲ့ကိုကို 😍😍😍

24/02/2026

📌လေထုညစ်ညမ်းခြင်းနှင့်ကလေးငယ်များ (Air Pollution)

ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေပါတယ်။ IQAir က real-time လေထုအရည်အသွေးကို ကြည့်မယ်ဆိုရင် Yangon ရဲ့ AQI က 171 လို့ ဖော်ပြထားပါတယ်။

💠AQI 171 ဆိုတာဘာလဲ?

US AQI စံနှုန်းအရ 151–200 အတွင်းဟာ ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ လေထုထဲမှာ ဖုန်မှုန့်သေးသေးလေးတွေ များလာတဲ့အဆင့်ပါ။ ဒီအနေအထားမှာ လူတိုင်းအတွက် အနည်းငယ် ကျန်းမာရေးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။အထူးသဖြင့် High Risk Person(နာတာရှည်ရောဂါရှိသူ)တွေမှာ ပိုအန္တရာယ်ရှိပါတယ်။

💠ဖြစ်နိုင်တဲ့ လက္ခဏာများကတော့

▪️မျက်လုံး၊ လည်ချောင်း ယားယံခြင်း
▪️ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း
▪️အဆုတ်ရောဂါ နဲ့ Asthma (ပန်းနာရင်ကြပ်) ပိုမိုဆိုးရွားနိုင်ခြင်း
▪️ရောဂါအခံရှိသူများမှာ နှလုံးနဲ့ သွေးကြောဖိအားတိုးနိုင်ခြင်းတို့ဖြစ်ပါတယ်။

💠လေထုညစ်ညမ်းချိန်မှာ သတိထားသင့်သူများကတော့

▪️ကိုယ်ဝန်ဆောင်များ
▪️ကလေးငယ်များ
▪️အသက်အရွယ်ကြီးရင့်သူများ
▪️ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူများဖြစ်ပါတယ်။

ဒီလိုနေ့တွေမှာ အားလုံးက

▪️အပြင်လေထုနဲ့ထိတွေ့တာလျှော့သင့်ပါတယ်။ ပြင်ပမှာ အားကစား / လေ့ကျင့်ခန်း မလုပ်တာကောင်းပါတယ်။ အိမ်ပြတင်းပေါက် ပိတ်ထားပြီး အိမ်ထဲမှာ HEPA Air Purifier သုံးသင့်ပါတယ်။

▪️အပြင်ထွက်ရင် N95 / KN95 Mask တပ်ပါ။

▪️ရေများများ သောက်ပါ။

ရန်ကုန်မှာ လေထုညစ်ညမ်းမှုများရတဲ့ အကြောင်းရင်းကတော့ ယာဉ်အသွားအလာများခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဖုန်များထွက်ခြင်း၊အမှိုက်များမီးရှို့ခြင်းတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းတဲ့အချိန် ကလေးတွေကိုပိုဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက လူကြီးတွေထက် အသက်ရှူနှုန်းပိုမြန်တာကြောင့် ဖုန်မှုန့်တွေပိုဝင်နိုင်လို့ပါ။ ဒါ့အပြင် အဆုတ်ကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် နုနယ်နေပြီး ခံနိုင်ရည်ရော ကိုယ်ခံအားရောနည်းနေပါတယ်။

ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေဖြစ်တတ်ပါတယ်။ အသက်ရှူမြန်ခြင်း၊ မောခြင်း၊ မျက်လုံး၊နှာခေါင်းယားယံခြင်း၊ ပန်းနာရင်ကြပ်ပြန်ကြွခြင်းတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ Outdoor Play အပြင်ထွက်မှု လျှော့ပါ။ မဖြစ်မနေ အပြင်ထွက်ဖြစ်ရင် အသက် ၂နှစ်အထက်ဆိုရင် Mask အသုံးပြုလို့ရပါတယ်။(Child-size KN95 / N95)။ 2 နှစ်အောက်ကတော့ Mask မတပ်ရပါဘူး။ တတ်နိုင်သမျှ အပြင်မထွက်တာကောင်းပါတယ်။

ကလေးများအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဆက်တိုက်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ မောခြင်း၊ ပြာနှမ်းခြင်းများရှိလာရင်တော့ ချက်ချင်းဆေးရုံသွားရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

📍စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

24/12/2025

Lovely babies 😍😍

Address

Maharthukha Street, Kyauktan
Yangon
11301

Opening Hours

Monday 08:00 - 15:00
Tuesday 08:00 - 15:00
Wednesday 08:00 - 15:00
Thursday 08:00 - 15:00
Friday 08:00 - 15:00
Saturday 08:00 - 15:00
Sunday 08:00 - 15:00

Telephone

+959401505239

Website

Alerts

Be the first to know and let us send you an email when Top Land Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Top Land Preschool:

Share