The Black Cat Bookshop

  • Home
  • The Black Cat Bookshop

The Black Cat Bookshop စာအုပ်အမျိုးအစား အစုံအလင်ကို ပို့ခ သက်သာစွာနဲ့ တစ်နေရာတည်းမှာ မှာယူရရှိနိုင်သော စာအုပ်ဆိုင်ငယ်လေး 📚
(1)

🖤
14/05/2026

🖤

ကျမလေ…
ဘယ်လို Relationship မျိုးမှာမဆို
သူ့ဆီက ဘာရနိုင်မလဲဆိုတာထက်
ကျမ သူ့ကို ဘာပေးနိုင်မလဲဆိုတာပဲ
အမြဲ တွေးဖြစ်တယ် ။

သူ ဘာလိုအပ်မလဲ ?? သူ ဘာလိုချင်မလဲဆိုတာ‌ကိုပေါ့ ။
မတောင်းဆိုလည်း ပေးဖြစ်အောင်ပေးတယ် ။
မတောင်းဘဲ ဘာလို့ ပေးတာလဲဆို
သူက ကိုယ့်အတွက် ဒီလောက်အထိ ထိုက်တန်တယ်ဆိုတဲ့
ခံစားချက်မျိုး ရစေချင်လို့ ။

ကျမဘဝမှာ နောင်တရမှာ အကြောက်ဆုံးပဲ ။
ဒါကြောင့် ကျမအနားမှာ လူတွေ အများကြီးမထားဘဲ
ရှိတဲ့ လူနည်းနည်းလေးကိုပဲ
ထိုက်ထိုက်တန်တန် ချစ်ပေးဖြစ်တယ် ။

ဒါပေမဲ့ ကျမကိုတော့ သံယောဇဉ်ကြိုးကလွဲပြီး
ဘယ်လိုအရာနဲ့မှ ချည်နှောင်မထားနိုင်ဘူး ။
ဒါကြောင့် ကျမက အမြဲတမ်း
သစ်ရွက်တစ်ရွက် တိမ်စိုင်တစ်ခုလို အမြဲပေါ့ပါးနေတယ် ။
လူတွေရဲ့အနားကနေ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ် ။

#ယူနိုရာ

14/05/2026

စင်္ကာပူနိုင်ငံသို့ တစ်ဦးတည်း အမှာလေး 📦❤️

❝ ကျွန်တော် အစ်မကို ဘာကြိုးနဲ့မှ မချည်နှောင်ပါဘူး အစ်မရယ်အစ်မ မှောင်မိုက်နေတဲ့အချိန်အလင်းပေးချင်ရုံအစ်မ လမ်းပျောက်နေတဲ့အ...
14/05/2026

❝ ကျွန်တော် အစ်မကို ဘာကြိုးနဲ့မှ
မချည်နှောင်ပါဘူး အစ်မရယ်

အစ်မ မှောင်မိုက်နေတဲ့အချိန်
အလင်းပေးချင်ရုံ
အစ်မ လမ်းပျောက်နေတဲ့အချိန်
လမ်းပြပေးချင်ရုံပါ•••❞

အတိတ်ရဲ့ အရိပ်ထဲ ပိတ်မိနေပြီး ပစ္စုပ္ပန်နဲ့ လွန်ဆွဲနေတဲ့
စိတ်ခံစားချက် ရသဇာတ်လမ်း တစ်ပုဒ်…

ငယ်စဉ်ဘ၀ကတည်းက ချစ်ရတဲ့ ချစ်ဦးသူက တစ်ဖက် ၊ လက်ရှိ အချိန် ဘေးနားမှာ အတူတူ ရှိပေးသူက တစ်ဖက်နဲ့ ဝေခွဲမရတဲ့ အမျိုးသမီးလေးတစ်ဦးရဲ့ ဘ၀…

ဒီပွဲမှာ ကျွန်မက မတရားတဲ့သူပါ…
အနိုင်ရသူတစ်ဦး နဂိုကတည်းက ရှိပါလျက်နဲ့
နောက်တစ်ယောက်ကို ထပ်ပြိုင်ခိုင်းတာမျိုးပေါ့…
ကျွန်မကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်တဲ့အချိန်
ရောက်မလာပါစေနဲ့လို့ ဆုတောင်းရတော့မှာ ''

ဝေဝေမွန်ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ကတော့ အတိတ်ရဲ့ အရိပ်ထဲ ပိတ်မိနေပြီး ပစ္စုပ္ပန်နဲ့ လွန်ဆွဲနေပါတယ် ။ ငယ်စဉ်ဘ၀ကတည်းက ချစ်ရတဲ့ ချစ်ဦးသူက တစ်ဖက် ၊ လက်ရှိ အချိန် ဘေးနားမှာ အတူတူ ရှိပေးသူက တစ်ဖက်နဲ့ ဝေခွဲမရတဲ့ အမျိုးသမီးလေးရဲ့ ဘ၀က ဘာဆက်ဖြစ်မလဲ ။

#ဆာယာရုပ်ကြွင်း #ခေတ်ရှေးညို

လူတစ်ယောက်သည် ဆင်းရဲစွာ နေထိုင်စားသောက်ရပြီးနောက် ကွယ်လွန်သောအခါ၌ သူ၏ ဈပန စည်ကားခဲ့လျှင် သေကံကောင်းသည်ဟု ပြောကြ၏ ။ အချို...
14/05/2026

လူတစ်ယောက်သည် ဆင်းရဲစွာ နေထိုင်စားသောက်ရပြီးနောက် ကွယ်လွန်သောအခါ၌ သူ၏ ဈပန စည်ကားခဲ့လျှင် သေကံကောင်းသည်ဟု ပြောကြ၏ ။ အချို့ သားသမီးများသည် မိဘ မကျန်းမာသည့်အခါ ဆရာဝန်ခေါ်ဖို့ ဝန်လေးသော်လည်း ဈပန စည်ကားရေးအတွက်ကိုမူ ရှိသမျှကလေးကို ရောင်းချ၍ အကုန်ခံတတ်ကြ၏ ။ အချို့ကလည်း ကွယ်လွန်သူကို ရည်စူး၍ လှူဒါန်းခဲ့လျှင် ဤကောင်းမှုအတွက် ကွယ်လွန်သူက တမလွန်ဘဝ၌ ခံစားခွင့်ရှိသည်ဟု ယုံကြည်ကြ၏ ။ ကွယ်လွန်သူသည် ဘ၀တစ်ပါး၌ ပြိတ္တာဖြစ်နေခဲ့ပါမူ ဤကောင်းမှုအတွက်သာဓုခေါ်နိုင်ခွင့် ရှိ၍ ကျွတ်နိုင်သည်ဟု ပေတ ဝတ္ထု၌ ဗုဒ္ဓဟောတော်မူဖူးခြင်းမှ တစ်ပါး ကျန်ရစ်သူများက ပြုသော ကောင်းမှုအတွက် ကွယ်လွန်သူက အကျိုးခံစားခွင့်ရှိသည် ဆိုခြင်းကို ကျမ်းဂန်၌ မတွေ့ရဖူးပေ ။ စေတနာကြောင့် အကျိုးပေးသည်ဟု ဗုဒ္ဓဟောတော်မူခဲ့ရာ ကျန်ရစ်သူများ၏ စေတနာကြောင့် ကွယ်လွန်သူအဖို့၌ အကျိုးပေးသည် ဆိုခဲ့လျှင် စေတနာရှင်က တခြား ၊ ခံစားရသူက တစ်ယောက်ဖြစ်နေသဖြင့် သဘာဝမကျလှချေ ။ ပြိတ္တာဘဝသို့ရောက်၍ သာဓုခေါ်နိုင်ခြင်းမျိုးမှ တစ်ပါး လူတစ်ဦးတစ်ယောက်က အခြား လူတစ်ဦးတစ်ယောက်အတွက် ကောင်းမှုသော်လည်းကောင်း ၊ မကောင်းမှုသော်လည်းကောင်း ပြုလုပ်ပေးနိုင်သည့်နှယ် ယုံကြည်တတ်ခြင်းမှာ ကျမ်းဂန်
နှင့်လည်း မညီညွတ် ၊ သဘာဝလည်းမကျသော အယူဝါဒတစ်ခု ဖြစ်ချေသည် ။

( ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနက်တွင် ကျမ်းဂန်နှင့် မကိုက်ညီသည့် အယူဝါဒ တော်တော်များများ ရှိကြလေရာ သင်ပြထိုက်သော ပုဂ္ဂိုလ်များက သင်ပြခြင်းမရှိဘဲ မျက်နှာ လွှဲတတ်ကြခြင်းမှာ ဝမ်းနည်းဖွယ်ရာ တစ်ခု ဖြစ်ပေသည်။ )

#ရွှေဥဒေါင်းတစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ)

🤍
14/05/2026

🤍

အမျိုးသမီးတစ်ယောက်ရဲ့ အကောင်းဆုံးပုံစံ ပြောပါဆိုရင်

- ပိုက်ဆံ ရှာနိုင်တယ် ။
- ခန္ဓာကိုယ် လှတယ် ။
- တည်ငြိမ်တယ် ။
- အသိဉာဏ် ကြွယ်ဝတယ် ။
- အထီးကျန်ဖို့ မကြောက်ဘူး ။
- လွတ်လပ်ပေါ့ပါးတယ် ။
- အချစ်ကို ဘဝတစ်ခုလုံး မသတ်မှတ်ထားဘူး ။
- ကျန်းမာရေး ကောင်းတယ် ။
- တန်ဖိုးရှိအောင် နေတတ်ထိုင်တတ်တယ် ။
- အကြည်ဓာတ် ရှိတယ် ။
- ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တယ် ။
- ယုံကြည်မှု မြင့်တယ် ။
- လူတိုင်းကြိုက်တဲ့သူဖြစ်အောင်မနေဘူး ။
လူတိုင်းမရနိုင်တဲ့အနေဖြစ်အောင် ကြိုးစားတယ် ။

အများကြီး မခက်ပါဘူး ။ ရိုးရှင်းပါတယ် ။ အမျိုးသမီးကောင်း တစ်ယောက်ဖြစ်ဖို့ အချိန်ပေးရတယ် ။ လွယ်လွယ် မဖြစ်နိုင်ဘူး ။ တဖြည်းဖြည်း ကြိုးစားပါ ။ တစ်လှမ်းပြီး တစ်လှမ်း ကြိုးစားပါ

#နူးနူးအောင်

ဒီနောက်ပိုင်းလေ ပိုပိုသိလာတာ ။ လူတိုင်းမှာ သူ့ရုန်းကန်မှု နဲ့ သူ ။ စီးပွားရေးရှိမယ် ။ ကျန်းမာရေးရှိမယ် ။ အချစ်ရေးရှိမယ် ...
14/05/2026

ဒီနောက်ပိုင်းလေ ပိုပိုသိလာတာ ။ လူတိုင်းမှာ သူ့ရုန်းကန်မှု နဲ့ သူ ။ စီးပွားရေးရှိမယ် ။ ကျန်းမာရေးရှိမယ် ။ အချစ်ရေးရှိမယ် ။ ဘာကြောင့်ပဲ ရုန်းကန်ရ ၊ ရုန်းကန်ရ ကိုယ့်အပူ ကိုယ်အသိဆုံးပဲ ။ ကိုယ့်အချိန်ကို ကိုယ်အသိဆုံးပဲ မဟုတ်လား ။ ဘယ်သူ့ဒုက္ခကမှ ပိုမနေသလို ဘယ်သူ့ဒုက္ခကမှ မလျော့နေပါဘူး ။ ဒီတိုင်းလေးပဲ လူတွေဟာ ကိုယ့်ဘဝကိုယ် မနည်း ကြိုးစားရှင်သန်နေကြရလို့…

အဲ့ဒါကြောင့် ကိုယ့်ကို ဦးစားမပေးလို့ ၊ ကိုယ့်ကို သတိမရလို့ ၊ ကိုယ့်ကို မကူညီလို့ စိတ်ဆိုးစိတ်ကောက်တွေ လုပ်တာကလေ တကယ် ကလေးဆန်ပါတယ် ။ ကိုယ်တိုင် မခံစားဖူးသ၍ သူများရဲ့ နာကျင်မှုတွေကို ကိုယ်ချင်းမစာနိုင်ကြဘူးနော် ။

ပြီးတော့လေ လူတစ်ယောက်က လူတစ်ယောက်ကို မဖြစ်မနေ ကူညီပေးရမယ် ၊ ဖြည့်တွေးပေးရမယ်ဆိုတဲ့ တာဝန်တွေ မရှိပါဘူး ။ တာဝန်မရှိပါဘဲနဲ့ ကိုယ့်ကို ကူညီနေတာ ၊ နားလည်ပေးနေတာတွေသည် ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ် ။ တစ်ခါတလေမှာ အဲဒီလူတွေ ကိုယ်တိုင်လည်း ကိုယ့်ကို မကူညီပေးနိုင်တဲ့ အချိန် ၊ နားမလည်ပေးနိုင်တဲ့ အချိန်တွေဆိုတာလည်း ရှိပါတယ် ။ ဒါကိုလည်း နားလည်ထားရပါမယ် ။

#စူးရှမေ

🌟 အသစ်ထွက် စာအုပ် 🌟မှန်ခြင်း၊ မှားခြင်းသည် တစ်ကဏ္ဍရှုံးခြင်း၊ နိုင်ခြင်းသည် တစ်ကဏ္ဍ ဖြစ်၏။မှန်ခြင်း၊ မှားခြင်းကိုနှလုံးသ...
13/05/2026

🌟 အသစ်ထွက် စာအုပ် 🌟

မှန်ခြင်း၊ မှားခြင်းသည် တစ်ကဏ္ဍ
ရှုံးခြင်း၊ နိုင်ခြင်းသည် တစ်ကဏ္ဍ ဖြစ်၏။
မှန်ခြင်း၊ မှားခြင်းကို
နှလုံးသားမှ ဆုံးဖြတ်၍
ရှုံးခြင်း၊ နိုင်ခြင်းကိုတော့
အင်အားက ဆုံးဖြတ်သည် ။

လောကတစ်ခွင်လုံး အုံဆိုင်းမှိုင်းဝေကာနေတယ်...၊
ယနေ့မြူဆိုင်းနေပုံက တခြားညနေများနဲ့မတူဘဲ သီသီဝေဝေ...၊

ကြည့်ပါဦး ...၊
တံတားရဲ့တစ်ဖက်ကမ်းမှာ....
သစ်ပင်ကြီးငယ်တိုရဲ့ ထက်အောက်ဝဲယာမှာ...
တံတားရဲ့အောက်ဖက်ရေပြင်ပေါ်မှာ…
သူ့သဘာဝနဲ့သူ သီးခြားရှိနေသောအရာများကို ဒီမြူခိုးများက ပေါင်းစပ်ပေးထားသလိုမျိုး၊
ရှူရှိက်ရသော လေထုထဲကိုပင်အရသာ တစ်စုံတစ်ရာပေါင်းထည့်ပေးထားသလိုမျိုး တသွေးတမွေးရှိလှပါတယ်၊

နေဝင်တော့မယ် …
အနောက်တောင်ထောင့်မှာ မကြာခင်ကတိမ်တောက်သွားရဲ့...၊
အဲလိုဟန်မျိုးနဲ့နေဝင်သွားသောညတိုင်းဟာ ဒီရွာလေးကိုအစောကြီးအိပ်ရာဝင်စေပါတယ်၊
နောက်နေ့မနက်မှာ သူတို့ ကားဟွန်းသံအကျယ်ကြီးကို ကြားရလိမ့်မယ်၊
ဟွန်းသံကြားတာနဲ့တစ်ရွာလုံးအုံးအုံးထအောင်လှုပ်ရှားသွားကြလိမ့်မယ်၊
ပြီးတော့ အထုပ်အပိုးတွေဆွဲပြီးရွာထိပ်ကိုအလုအယက်ပြေးကြလိမ့်မယ်၊

ရွာထိပ်မှာ ကားအိုကြီးတစ်စင်းကအသင့်စောင့်နေပါတယ်၊
ယာဉ်မောင်းမှာအသက်အတော်ကြီးလှပြီ၊
ယာဉ်နောက်လိုက်ကတော့ ထောင်ထောင်မောင်းမောင်း စကားပြောပြတ်ပြတ်၊
လူစုံပြီဆိုတာနဲ့ ယာဉ်နောက်လိုက်ကသူ့အိတ်ကပ်တွင်းမှ စာရွက်တစ်ရွက်ကိုထုတ်လိမ့်မယ်၊

အဲ့ဒီစာရွက်ပါပဲ...၊
ထိုစာရွက်ကပဲတစ်ရွာလုံးကိုထိန်းထားတာပါ၊
စာရွက်ကိုဖတ်ပြပြီးတဲ့အခါ ကားကြီးမောင်းထွက်သွားလိမ့်မယ်၊
လိုက်ခွင့်ရသည်ဖြစ်စေ …
မရသည်ဖြစ်စေပေါ့ ….
အလင်းမြိုရဲ့ တချိုထိုင်ခုံတွေဟာ လူတိုင်းအတွက်မဟုတ်မှန်း ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ သင်တိုသိရပါလိမ့်မယ် ...၊

အကယ်၍များ …
ကျွန်တော်တိုလိုက်ခွင့်မရှိတဲ့ ကားအိုကြီးတစ်စီးကိုမြင်ရတဲ့အခါ
တစ်ယောက်လက်တစ်ယောက်တွဲပြီး မျက်ရည်ဝဲခြင်းနည်းကိုသာ ထည်လဲသုံးကြဖို အကြံပြုပါရစေ …
အလင်းမြိုရဲ့တချိုထိုင်ခုံတွေဟာ လူတိုင်းအတွက်မဟုတ်မှန်း
နာမည်ခေါ်သံဆုံးတဲ့အခါ သိရပါလိမ့်မယ် ။

#သိုးဆောင်း #အလင်းမြို့

🤍
13/05/2026

🤍

" တွယ်တာခြင်းကင်းမှ ငြိမ်းချမ်းမှု စတာပါ "

လောကကြီးမှာ မိမိတို့ ခံစားနေရတဲ့
ပူလောင်မှု အတော်များများဟာ
ပိုင်ဆိုင်လိုစိတ်နဲ့ တွယ်တာခြင်းဆိုတဲ့
အမြစ်တွယ်မှုတွေကနေ စတင်တာပါ ။

" ငါ.. ငါ့ဥစ္စာ ဆိုတဲ့ အစွဲတွေကို
အလွန်အမင်း ဖက်တွယ်ထားမိတဲ့အခါ...

ထိုအရာတွေရဲ့ မမြဲခြင်းသဘောနဲ့
ပြောင်းလဲမှုတိုင်းက မိမိတို့ရဲ့ စိတ်ကို
အစဉ်အမြဲ ပူလောင်စေတတ်ပါတယ် ။ "

အမှန်စင်စစ်...
အစွဲကင်းလေ.. အတွင်းစိတ် ငြိမ်အေးလေပါပဲ ။

ဘယ်အရာအပေါ်မှာမဆို
တွယ်တာခြင်းကင်းတဲ့ စိတ်ဖြင့်သာ နေထိုင်ကြည့်ပါ ။

လွှတ်ချနိုင်ခြင်းကပင် သင့်နှလုံးသားထဲမှာ
အစစ်မှန်ဆုံးသော ငြိမ်းချမ်းမှုတွေကို
စတင်ဖြစ်ပေါ်လာစေပါလိမ့်မယ် ။


For Life



#ငြိမ်းချမ်းခြင်း

ကြိုးစားနေချိန် စိတ်ဓာတ်မကျဖို့ လက်တွေ့ လိုက်နာသင့်တဲ့ အချက် ၅ ချက်၁ ။ အခက်အခဲနဲ့ တွေ့လာရင် စိတ်ဓာတ်မကျပါနဲ့ ။၂ ။ ကြိုးစ...
13/05/2026

ကြိုးစားနေချိန် စိတ်ဓာတ်မကျဖို့ လက်တွေ့ လိုက်နာသင့်တဲ့ အချက် ၅ ချက်

၁ ။ အခက်အခဲနဲ့ တွေ့လာရင် စိတ်ဓာတ်မကျပါနဲ့ ။
၂ ။ ကြိုးစားနေချိန် အပျော်အပါး မမက်ပါနဲ့ ။
၃ ။ အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ကြိုးစားပါ ။
၄ ။ ပန်းတိုင်ကို အာရုံစိုက်ပါ ။
၅ ။ အောင်မြင်မှု သေးသေးလေးတွေအတွက် သင့်ကိုယ်သင်ဆုချပါ ။

အခက်အခဲဆိုတာမရှိရင် အောင်မြင်မှုဆိုတာကလည်း ရှိလာမှာ မဟုတ်ပါဘူး ။ အောင်မြင်သူတွေဟာ ကြိုးစားနေရင်း အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရတာပါ ။ အရှုံးမပေးပဲ ဆက်ပြီးကြိုးစားတဲ့အတွက် အောင်မြင်မှု ရကြတာပါ ။ အခက်အခဲကိုတွေ့ကို မကြိုးစားတော့ဘဲ လက်လျှော့အရှုံးပေးလိုက်မယ်ဆိုရင် အောင်မြင်မှုကို ဘယ်တော့မှရမှာမဟုတ်ပါဘူး ။ ကြိုးစားနေချိန် အခက်အခဲနဲ့ တွေ့တဲ့အခါ စိတ်ဓာတ်ကျပြီး လက်မလျှော့လိုက်ပါနဲ့ ။ အခက်အခဲကို အခွင့်အလမ်းဖြစ်မြင်ကြည့်ပြီး ရှေ့ဆက်ကြိုးစားပါ ။ ကြိုးစားမှုကနေ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို သင်ကိုယ်တိုင်ရရှိခံစားရပါလိမ့်မယ် ။

#ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့အတွက်သင်ခန်းစာ၂၅ချက်
#မြင့်မြင့်ခင်

မှာယူအားပေးကြတဲ့ Customer လေးတွေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို မင်မင်က ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ✨စာအုပ်လေးတွေကို အမ...
13/05/2026

မှာယူအားပေးကြတဲ့ Customer လေးတွေ
တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို မင်မင်က
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ✨

စာအုပ်လေးတွေကို အမြန်ဆုံး ပို့ဆောင်ထားပေးပါတယ်ရှင့် 🩷

သူတစ်ပါးကို ခွင့်မလွှတ်နိုင်လေ ကျွန်မတို့ရဲ့ စိတ်ဟာ ပိုပြီးတော့ အကျဉ်းကျလေပါပဲ ။ “ငါ့ကို ဘာလို့ ဒီလိုလုပ်တာလဲ ၊ ဒီလိုလုပ...
13/05/2026

သူတစ်ပါးကို ခွင့်မလွှတ်နိုင်လေ ကျွန်မတို့ရဲ့ စိတ်ဟာ ပိုပြီးတော့ အကျဉ်းကျလေပါပဲ ။ “ငါ့ကို ဘာလို့ ဒီလိုလုပ်တာလဲ ၊ ဒီလိုလုပ်ရကောင်းလား” ဆိုတဲ့ အတွေးတွေနဲ့ ပိတ်မိမယ် ။ သူတစ်ပါးကို ခွင့်မလွှတ်တဲ့အပြင် မိမိကိုယ်မိမိပါ အပြစ်တင်မယ် ။ အသုံးမကျဘူးလို့ ခံစားရမယ် ။ မကောင်းတဲ့ စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မယ် ။ ရှေ့ဆက်ဖို့ မပြောနဲ့ အတိတ်ကနေကို ရုန်းမထွက်နိုင်ဘဲ မုန်းတီးမှု သံသရာ ၊ နာကျင်မှု သံသရာမှာပဲ လည်ထွက်နေတတ်ပါတယ် ။

ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်ခွင့်ပေးပါ ။ လွတ်မြောက်ခွင့်ပေးလိုက်ပါ ။ ဘယ်သူဟာ ဘယ်လိုပဲ မှားခဲ့ ၊ မှားခဲ့ ၊ ဘယ်သူဟာ ဘယ်လိုပဲ မကောင်းခဲ့ ၊ မကောင်းခဲ့ အရာအားလုံးဟာ အတိတ်မှာ ပြီးဆုံးခဲ့ပါပြီ ။ အတိတ်ကနေ သင်ခန်းစာယူပြီး အတိတ်ကို အတိတ်အတိုင်း ထားခဲ့နိုင်ဖို့ လိုတယ် ။ အတိတ် ကနေ ရုန်းထွက်နိုင်ဖို့လိုတယ် ။ ပြီးရင် ကျွန်မတို့ ရှေ့ဆက်ရဦးမယ်လေ ။ ရှေ့ဆက်ဖို့ ဆိုတာက မိမိကိုယ်မိမိ လွတ်မြောက်ခွင့်ပေးနိုင်မှ ရတာ ။ မိမိကိုယ်မိမိ လွတ်မြောက်ခွင့်ပေးဖို့ ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးနိုင်မှ လွတ်မြောက်မှာပါ ။

မိမိကိုယ်မိမိ ခွင့်လွှတ်ဖို့အတွက် သတ္တိတွေ အားလုံးဆီမှာ ရရှိပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ် ။ ခွင့်လွှတ်ပေးလိုက်တဲ့အခါ သူတစ်ပါးလည်း လွတ်မြောက်သလို မိမိကိုယ်တိုင်ပါ လွတ်မြောက်စေပါတယ် ။

Address


Website

Alerts

Be the first to know and let us send you an email when The Black Cat Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share