YMT online shop

YMT online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YMT online shop, Thamadi 3, Yangon.

09/02/2023

ငါလဲကျရင် ငါ ပြန်ထမှရမယ်
ငါ့အတွက်
ငါကြိုးစားရဦးမယ်...


20/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
A.San......

09/07/2022

မျက်နှာသုတ်ပုဝါနဲ့ ခေါင်းအုံးစွပ် ခနခနမလဲချင်တဲ့လူတွေအတွက်

▫️Acne prone skin တွေက hygine ကိုလည်း အထူးသတိထားရတာမို့ မျက်နှာနဲ့ နေ့တိုင်းထိတွေ့နေကျဖြစ်တဲ့ ခေါင်းအုံးစွပ်တို့ မျက်နှာသစ်ပုဝါတို့ သန့်ရှင်းဖို့လည်း အရမ်းအရေးကြီးပါတယ် ...

▫️ဝက်ခြံထွက်တတ်တဲ့လူတွေအနေနဲ့မျက်နှာသုတ်ပုဝါအစား အနံ့မပါတဲ့တစ်ရှူးကို အစားထိုးသုံးစေချင်တယ် ... Ps ကတော့ smile ပဲသုံးဖြစ်တယ် ဝယ်ရတာလည်း လွယ်ပြီး ရေစိုလည်း မပြဲလွယ်ဘူး ဈေးလည်းသက်သာတယ် အနံ့လည်းမပါတာမို့ အဆင်ပြေတယ် ...

▫️ခေါင်းအုံးစွပ်ကတော့ တစ်ပတ်တစ်ခါလဲတာအကောင်းဆုံးမို့ ခနခနချွတ်လိုက် ပြန်စွပ်လိုက် မလုပ်ချင်တဲ့လူတွေအတွက် ps ရဲ့ နည်းကတော့ ကိုယ့်မှာရှိတဲ့ အင်္ကျီတစ်ထည်ကို ခေါင်းအုံးပေါ်မှာ တင်အိပ်ပြီး တစ်ပတ်ပြည့်တာနဲ့ အဲ့အင်္ကျီကို လျှော် နောက်အင်္ကျီတစ်ထည်အစားထိုးတင်လိုက်ရုံပါပဲ ... Ps ကတော့ စပန့်ပဲ အသုံးများတယ် အေးပြီး လျှော်ရတာလည်း လွယ်လို့ တခြား Tshirt တို့ ပုဆိုးတို့လည်း တင်အိပ်လို့ရပါတယ် ... အရင်ကဆို ခေါင်းအုံးစွပ်လဲရမှာ ပျင်းတာနဲ့ မလဲဖြစ်ရင် ဝက်ခြံတွေက ပါးနှစ်ဖက်မှာ သိသိသာသာပိုဆိုးတတ်တယ် အခုအဲ့နည်းသုံးပြီးထဲက ပါးမှာ သိပ်မထွက်တော့ဘူး အိပ်ချိန်မမှန်တာကြောင့်ပဲ နှဖူးမှာ ပိုထွက်လာတယ်😢

အဲ့တော့ ကိုယ်က skincare သုံးနေကျပဲသုံးလည်း ဝက်ခြံတွေပိုဆိုးလာတယ်ဆို အိပ်ချိန် , အစားအသောက်နဲ့ ခေါင်းအုံးစွပ် မျက်နှာသုတ်ပုဝါတွေကို တစ်ချက်သတိထားပေးပါနော်🙆‍♀️🤎

Address

Thamadi 3
Yangon

Telephone

+959791953027

Website

Alerts

Be the first to know and let us send you an email when YMT online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share