Dress Me Vintage Store

Dress Me Vintage Store Shopping with pleasure

27/06/2023
Thrift ထဲမှာမှ အသန့်ဆို အသန့်ဝတ်ချင်သူတွေအတွက် 🤭လျော်ဖွတ်မီးပူတိုက်ပြီးသားပါ တန်းဝတ်ရုံပဲနော် Condition ကတော့ 10/10 အာမခ...
27/06/2023

Thrift ထဲမှာမှ အသန့်ဆို အသန့်ဝတ်ချင်သူတွေအတွက် 🤭

လျော်ဖွတ်မီးပူတိုက်ပြီးသားပါ တန်းဝတ်ရုံပဲနော်

Condition ကတော့ 10/10 အာမခံပါတယ်

ရန်ကုန် အိမ်အရောက်ငွေချေရပါတယ်
မဥ ကပါ

အားပေးကြပါဦးရှင် 🤗🤗🤗

26/06/2023

Hello

စျေးတန်တန်လေးနဲ့
Jean စကပ်လေးတွေ
ည 6:00 pm တင်ပေးပါမယ်ရှင့် 🌈

Size -36Price -15,000 mmk
15/01/2023

Size -36
Price -15,000 mmk

08/01/2022
အဝတ်​ဘယ်လိုလျှော်ရမလဲ အမှတ်အသားများBranded အဝတ်စားတွေကို မပျက်စီးအောင် ဘယ်လိုလျှော်သင့်လဲရိုးရိုး အဝတ်စားတွေကို လျှော်ဖွ...
06/12/2021

အဝတ်​ဘယ်လိုလျှော်ရမလဲ အမှတ်အသားများ
Branded အဝတ်စားတွေကို မပျက်စီးအောင် ဘယ်လိုလျှော်သင့်လဲ

ရိုးရိုး အဝတ်စားတွေကို လျှော်ဖွတ်ရတာ လွယ်ပေမဲ့ Branded အဝတ်စားတွေကို ဂရုတစိုက် လျှော်ဖွတ်ပေးရပါတယ်။

အခုပြောပြပေးမဲ့ အကြောင်းရာတွေကိုကြည့်ပြီး မိမိစျေးကြီးပေးပြီးဝယ်ထားတဲ့ အဝတ်စားတွေကို ကြာရှည်ခံပြီး လှလှပပနဲ့ ဝတ်ဆင်လို့ရမှာပါ။

1 - Label Tag ကို အရင်ဖတ်ပါ

ကိုယ်လျှော်မဲ့ အဝတ်စားက သူ့ကိုဘယ်လိုလျှော်ပေးပါဆိုပြီး ပြောနေသလိုပါပဲ။
Label Tag တွေကို အဝတ်စားတွေရဲ့ အတွင်းပိုင်းမှာ အများဆုံးတွေ့ရပါတယ်။ အများစုကတော့ အဝတ်လျှော်စက်နဲ့ မလျှော်ဖို့ ၊ အရောင်ချွတ်ဆေးမသုံးဖို့ တား ထားတာတွေ တွေ့ရပါတယ်။

2 - လက်နဲ့လျှော်ဖွတ်တတ်အောင်လုပ်ပါ ( Branded Clothes Only)

တချို့Branded အဝတ်စားတွေက နူးညံ့တဲ့ Fabric တွေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် လျှော်စက်နဲ့ လျှော်မယ်ဆို ပျက်စီးတတ်ပါတယ်။ အဲ့အတွက် လက်နဲ့လျှော်တတ်ရင် ပိုအဆင်ပြေပါတယ်။ လက်နဲ့ ဘယ်လိုလျှော်ရ
မလဲ ဆိုရင် - ဘေဇင် သို့မဟုတ် သန့်ရှင်းတဲ့ ပုံးတခုထဲမှာ အဝတ်စားရေမြုတ်လောက်တဲ့ထိ ထည့်ပါ။ ထည့်ပြီးရင် အဝတ်လျှော်ဆပ်ပြာထည့်ပါ။
အဝတ်စားထဲ ဆပ်ပြာဝင်အောင် ဖြည်းဖြည်းချင်း မွေ့ပေးပါ။
ပြီးလျှင် 5မိနစ် - 30မိနစ် အတွင်း စိမ်ထားပါ ထို့နောက် ဖြည်းဖြည်းလေး
လျှော်ဖွတ်ပြီး ဆပ်ပြာပြောင်အောင် ရေဆေးချပါ။
:ရေညစ်တဲ့အခါ အဝတ်ကို Twist မလုပ်ပဲ ရိုးရိုး ပဲ ညစ်ပါ။

3 - အဝတ်ပေါ်မှာ တခုခုပေကျန်သွားရင် ချက်ချင်း ဆေးပါ

အဝတ်စားပေါ်မှာ အညစ်ကြေးတခုခုပေကျန်သွားရင် ဒီတိုင်းမထားပါနဲ့။ လျှော်လိုက်ရင်ပျောက်သွားမယ်ဆိုပြီး မပေါ့ဆလိုက်ပါနဲ့။
တခုခုပေကျန်ခဲ့လိုရှိရင် တစ်ရှူး သို့မဟုတ် ရေအနည်းငယ်နဲ့ ပေကျန်နေတာတွေကို ဖဲရှားပါ။

လျှော်ပြီးသားအဝတ်စားတွေကိုသေချာ လှန်းပါ
ပုံမှန်လှန်းနေကြအတိုင်း သဘာဝလေ ရှိတဲ့နေရာမှာ လှန်းပါ။ Dryer နဲ့ မှုတ်တာမျိုးတွေ မလုပ်မိပါစေနဲ့။

အဝတ်တန်းတခုပေါ်မှာ ချိတ် ချိတ်ပြီး လှန်းရင် အဆင်ပြေပါတယ်။ နေအရမ်းပူနေရင် သတိထားပြီး လှန်းဖို့ အကြံပေးချင်ပါတယ်။
အခုလို သေချာဂရုစိုက်ပြီး လျှော်ဖွတ်မယ်ဆို မိမိအဝတ်စားတွေ
မပျက်စီးတော့ပဲ ကြာရှည်လှပစွာ ရှိနေမှာပါ။

Courtesy - Sai Kenneth

မင် live လွှင့်ပေးရမလား 😁
28/11/2021

မင် live လွှင့်ပေးရမလား 😁

Customer အမျိုးအစားများ**************************1. စိတ်မြန်လက်မြန်ရှိသူအမရေ ဒါလေး ရသေးလား။ဘယ်နေ့ရမလဲ ခဏနေ ရမလား။လမ်းကြု...
13/11/2021

Customer အမျိုးအစားများ
**************************

1. စိတ်မြန်လက်မြန်ရှိသူ

အမရေ ဒါလေး ရသေးလား။
ဘယ်နေ့ရမလဲ ခဏနေ ရမလား။
လမ်းကြုံတယ် ဝင်ယူလိုက်မယ်။

2. အတွေးအခေါ်သမား

ဒါနဲ့ ဒီဟာနဲ့ ဘယ်ဟာ ပိုကောင်းလဲ။
ဒါကို ဘာကြောင့် စျေးလျှော့ထားတာလဲ။
ဘာကိုယူသင့်သလဲ review လေးတွေ ပြပါဦး။

3. ယဉ်ကျေးလိမ်မာသူ

မင်မင်ရေ မေးခွန်းလေး တစ်ခုလောက်
မေးမလို့ စိတ်တော့မရှိပါနဲ့နော်
ဒါလေးက ဘယ်လိုသုံးရလဲဟင် ။
စိတ်မဆိုးနဲ့နော် မင်မင် 😘

4. စိတ်အေးလက်အေး ရှိလွန်းသူ

ရတယ် အေးဆေးမှပို့ ။
လာတဲ့ချိန် ဖုန်းဆက်လိုက်ပါ။
လူမရှိရင် အိိမ်မှာ ပေးထားလိုက်ပါ။

5. ဂျီးဂျွတ်မများသူ

ဒါ ယူမယ်။ အင့် လိပ်စာ ဖုန်းနံပါတ်။ 👍🏻
(စာထပ်မဖတ်တော့)

6. ဇီဇာကြောင်သူ

ပုံမှာပြထားတဲ့ အရောင်နဲ့ အပြင်အရောင်
အတူတူပဲလား ။ အလင်းထဲထွက်ပြီး
ဗီဒီယိုဖိုင် ရိုက်ပြပေးပါလား။
300 ml ဆိုရင် gram နဲ့ ဘယ်လောက်လဲ။
ပေတံလေးနဲ့ တိုင်းပေးလို့ရလား ဒီ size ကို။

7. ဇာတ်ကြောင်းပြန်တတ်သူ

ညီမလေ ငယ်ငယ်တုန်းက ချော်လဲထားတော့
ခြေထောက်မှာ အမာရွတ်လေးရှိတယ်။
ဒါမဲ့ အဖွားက ကြိတ်မှန်ရွက် လိမ်းပေးတာ သက်သာသွားတယ်။ အဖွားက နယ်ကလေ။
ညီမက ဒီမှာ ကျောင်းတက်နေလို့။
ခု ညီမရှာနေတာက အဲ့လို ကြိတ်မှန်ရွက် effect ပါတဲ့ ....

8. ငွေတစ်ဝက် ကြိုရှင်းထားသူ

မင်မင်ရေ ဘောက်ချာမှာ တစ်ဝက်တန်ဖိုးပဲ
ရေးပေးနော် မမေ့ပါနဲ့နော်။ 🥺
မေ့ရင် အိမ်ပေါ်က ဆင်းရတော့မှာ။ 🥺

9. ဒရာမာကွင်း

နေပါစေ 🙂 ရပါတယ် ပြန်မလဲတော့ပါဘူး။
သေချာပြောထားရက်နဲ့ မှားလာတာတော့
စိတ်မကောင်းဘူး 🙂
ကိုယ်ပဲ သေချာ မပြောပြတတ်တာ နေမှာပါ။🙂

10. ရာသီလာနေသူ

ဘယ်လိုလုပ်လိုက်တာလဲ အစ်မ။
အလုပ်ကို သေချာ မလုပ်တတ်ဘူးလား။
ခုချက်ချင်း ပြန်အမ်းငွေ လိုချင်တယ်။
ဘာမှ ပြန်မလဲပေးနဲ့။ နောက်လည်း မဝယ်ဘူး။

11. ဖွန်ကြောင်သူ

ဟယ်လို အက်မင် မမနဲ့ စကားပြောချင်ပါတယ်။
ရန်ကုန်ကလားဗျ။ 😜

12. ပစ္စည်းမကျန်မှာ တွေးပူတတ်သူ

မင်မင်ရေ လကုန်မှ ယူမှာ ချန်ထားပေးပါဦး။
လကုန် တကယ်ယူမှာနော်။

13. လူလိမ် page များကြောင့် စိတ်ဒဏ်ရာရနေသူ

အော် ငွေကြိုလွှဲရမှာလား ဆောရီးနော်။
မယူဖြစ်တော့ဘူး။ တစ်ခါက အလိမ်ခံထားရလို့ပါ။

13-1. ကားဂိတ်များကို အယုံကြည် ကင်းမဲ့သောသူ

ဟယ်လို ကားဂိတ် ပြေစာလေး ပို့ထားပေးပါ။
ဂိတ်တွေက ဖုန်းမဆက်လို့ပါ။
အမ ဂိတ်ပြေစာ ရရင် ပို့ထားပါဦး။
အမ ပို့ပြီးပြီလားရှင့် ပြေစာလေး။

14. ချွေတာဖို့ ကြိုးစားနေသူ

မင်မင်ရေ ဒီလ သုံးတာများသွားလို့
ဘူးသေးပဲ ယူတော့မယ်။
ဟယ် နှုတ်ခမ်းနီက sale ချနေတာလား။
မပြောဘူး ကြည့်။
ဒါရယ် ဒါရယ် ဒါရယ် သုံးမျိုး အရင်လိပ်စာပဲနော်။

ဘာယူယူ  #3000 📣📣📣မင် ဆောင်းရာသီအတွက် ဥထားတာလေး ❄️❄️❄️တက်တင်းထည်လေးတွေနော်ကြိုက်တာတွေ့ရင် comments မှာ ယူပေးပါတကယ်ကြိုက်မ...
13/11/2021

ဘာယူယူ #3000 📣📣📣

မင် ဆောင်းရာသီအတွက် ဥထားတာလေး
❄️❄️❄️

တက်တင်းထည်လေးတွေနော်

ကြိုက်တာတွေ့ရင် comments မှာ ယူပေးပါ

တကယ်ကြိုက်မှယူပေးပါ comments မန့်ပီးတာနဲ့ chat box မှာ အမည် လိပ်စာ ဖုန်းနံပါတ် တခါထဲလာပေးထားရပါမယ်

Order Cancel ခြင်းလက်မခံပါရှင်

ဝယ်ယူအားပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်

အဆင်ပြေသောနေ့ရက်လေးဖြစ်ပါစေ 🌥🌈

Wave & Kpay လက်ခံပါတယ် 🆙
မဥ အိမ်လာယူလို့ရပါတယ်

Lb 90_110ဆွယ်တာ ကိုယ်ကျပ်လေးCondition - 10/10✅1,500 MMKYangon - COD(Wave & Kpay နဲ့လည်းလက်ခံပါတယ် % ထည့်လွှဲစရာမလိုပါ )O...
06/10/2021

Lb 90_110

ဆွယ်တာ ကိုယ်ကျပ်လေး

Condition - 10/10✅

1,500 MMK

Yangon - COD

(Wave & Kpay နဲ့လည်းလက်ခံပါတယ် %
ထည့်လွှဲစရာမလိုပါ )

Other - Prepaid

လိပ်စာနဲ့ ဖုန်း ပေးပီးမှသာ confirmed ဖြစ်မှာပါနော် ⚠️

ပစ္စည်းချန်ထားပေးပါဆိုတဲ့သဲတို့က ငွေကြိုလွှဲပေးကြပါနော် ❗️

📞 09250065202

👗 Dress Me 👗

Lb 110_125Floral Dress က်ိုမှ အသားကောင်းCondition - 10/10✅3,000 MMKYangon - COD(Wave & Kpay နဲ့လည်းလက်ခံပါတယ် % ထည့်လွှဲ...
06/10/2021

Lb 110_125

Floral Dress က်ိုမှ အသားကောင်း

Condition - 10/10✅

3,000 MMK

Yangon - COD

(Wave & Kpay နဲ့လည်းလက်ခံပါတယ် %
ထည့်လွှဲစရာမလိုပါ )

Other - Prepaid

လိပ်စာနဲ့ ဖုန်း ပေးပီးမှသာ confirmed ဖြစ်မှာပါနော် ⚠️

ပစ္စည်းချန်ထားပေးပါဆိုတဲ့သဲတို့က ငွေကြိုလွှဲပေးကြပါနော် ❗️

📞 09250065202

👗 Dress Me 👗

Lb 90_100Office Wear လေးCondition - 10/10✅2,000 MMKYangon - COD(Wave & Kpay နဲ့လည်းလက်ခံပါတယ် % ထည့်လွှဲစရာမလိုပါ )Other...
06/10/2021

Lb 90_100

Office Wear လေး

Condition - 10/10✅

2,000 MMK

Yangon - COD

(Wave & Kpay နဲ့လည်းလက်ခံပါတယ် %
ထည့်လွှဲစရာမလိုပါ )

Other - Prepaid

လိပ်စာနဲ့ ဖုန်း ပေးပီးမှသာ confirmed ဖြစ်မှာပါနော် ⚠️

ပစ္စည်းချန်ထားပေးပါဆိုတဲ့သဲတို့က ငွေကြိုလွှဲပေးကြပါနော် ❗️

📞 09250065202

👗 Dress Me 👗

Address

No225, Padamya Street, L Block , Northokkalapa Tsp
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959250065202

Website

Alerts

Be the first to know and let us send you an email when Dress Me Vintage Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share