24/07/2024
ပြည်ပနိုင်ငံများသို့ခရီးထွက်ခြင်းက ပိုရန်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်
•••••••••••••••••••••••••••••••••••••••••••••••••••••
ပတ်ဝန်းကျင်တစ်ခုမှာ နေရတာများလာတဲ့အခါ မြင်နေကြ၊ တွေ့နေကြအရာတွေပဲ နေ့တိုင်းမြင်တွေ့နေရတာများလာတော့ ကြာရင်ငြီးငွေ့လာတက်ကြပါတယ်။
တစ်ချို့တွေကြတော့ အလုပ်တွေပိပြီး အနားယူချိန်ပျောက်ဆုံးကာ စိတ်ဖိစီးမှုတွေများလာတက်ပါတယ်။
ငြီးငွေ့မှုတွေကြားက ရုန်းထွက်တဲ့အနေနဲ့ဖြစ်စေ၊ စိတ်ဖိစီးမှုတွေများလာလို့ပဲဖြစ်စေ ရေ၊ မြေခြား နိုင်ငံခြားသို့ ခရီးထွက်လိုက်တဲ့အခါ စိတ်လက်ပေါ့ပါးပြီး နုပျိုလန်းဆန်းမှုအပြည့်ပြန်ရစေပါတယ်။
ကိုယ်မသွားဖူးသေးတဲ့ နိုင်ငံကိုခရီးသွားရတာဟာ တကယ့်ကို ပျော်ရွှင်မှုအပြည့်၊ ရန်ခုန်မှုအပြည့်၊ စိတ်လှုပ်ရှားမှုအပြည့်နဲ့ သာယာလှပသော ခရီးစဥ်တစ်ခုဖြစ်စေမှာပါ။
======
- ဘာလို့လည်းဆိုတော့ ကိုယ်မရောက်ဖူးတဲ့ နေရာသစ်ကိုသွားရမှာဖြစ်လို့ စွန့်စားခန်းခရီးတစ်ခုလိုဖြစ်စေပြီး ကိုယ့်ကိုကိုယ်လည်း Confidence ပိုရှိလာနိုင်ပါတယ်။
- တစ်ခါမှမမြင်ဖူးတဲ့ လူသစ်တွေနဲ့ သူတို့ရဲ့ပြောဆိုဆက်ဆံပုံတွေ၊ ဓလေ့စရိုက်တွေ၊ မတူညီတဲ့ယဥ်ကျေးမှုတွေနဲ့ နေထိုင်မှုပုံစံတွေကို လေ့လာနိုင်ပြီး အတွေ့အကြုံများစွာလည်းရစေမှာပါ။
- ကိုယ်နေနေကြ ပတ်ဝန်းကျင်ဟောင်းကနေ မတူညီတဲ့ပတ်ဝန်းကျင်အသစ်ကို ခရီးထွက်လာရခြင်းကြောင့် မတူညီတဲ့လူတွေအကြောင်းကို မတူညီတဲ့ရူထောင့်ပေါင်းစုံကမြင်တက်လာပြီး ကိုယ့်ရဲ့အတွေးအမြင်ပိုင်းမှာလည်း တိုးတက်လာနိုင်ပါတယ်
- ပုံထဲမှာပဲမြင်ဖူးသေးပြီးကိုယ်သွားချင်တဲ့နေရာကို
အပြင်မှာတကယ်ရောက်သွားတဲ့အခါ ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်မလဲဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်နော်..... 💖
=====
အတွေ့အကြုံအသစ်တွေနဲ့ ပျော်ရွှင်မှု level တွေတိုးတက်ပြီး စိတ်ချမ်းသာမှုအပြည့်နဲ့ နုပျိုလန်းဆန်းချင်ရင် ပြည်ပခရီးစဥ်တွေသွားကြည့်ဖို့တိုက်တွန်းအပ်ပါတယ်✨🤗