13/12/2025
💙ခေါက်သိမ်းရအရမ်းလွယ်ကူတဲ့ ခေါက်ကိုင်းခြင်ထောင်လေးတွေ ရောက်ထားပါတယ်ရှင့် 💙
စျေးကွက်ထဲက ကိုင်းခြင်ထောင်လေးတွေက ၆ သောင်းကျော်နေပြီမို့လို့ စျေးအများကြီးမသုံးချင်ဘူး
ကြိုးနဲ့ ခြင်ထောင်တွေလည်း သံတွေရိုက်ဘာတွေရိုက်နဲ့မို့ မသုံးချင်ဘူးဆို ဒီခြင်ထောင်လေးက စျေးလည်း အရမ်းသက်သာတာမို့လို့ ရွေးချယ်သင့်တဲ့ ခြင်ထောင်လေးဖြစ်ပါတယ် 👧🏻
ဒီခြင်ထောင်လေးရဲ့ အားသာချက်က 💁🏻♀️
✅စျေးကွက်ထဲက ကိုင်းခြင်ထောင်တွေထက် စျေးထက်ဝက်သက်သာတယ်
✅ကိုင်းနဲ့မို့လို့ ခြင်ထောင်ကြိုးချည်ဖို့ သံရိုက်ရတာ အုတ်ဖောက်ရတာတွေ လုံးဝမလိုတော့ဘူး
✅ခေါက်သိမ်းရအရမ်းလွယ်ကူလို့ တခြားကိုင်းခြင်ထောင်တွေလိုလည်း အိပ်ယာပေါ်မှာ အချိန်ပြည့် ရှုပ်မနေတော့ဘူး
(နေ့ခင်းဘက်တွေဆို ရှုပ်တာမကြိုက်ရင် အသာလေး ခေါက်သိမ်းထားလိုက်ရုံပဲ/ အရမ်းလွယ်ကူတယ်)
✅ဆိုဒ်ကလည်း ၂ ယောက်အိပ်မို့ အကျယ်ကြီး/
(၂ ယောက်အိပ်ဆိုပေမယ့်လည်း တချို့ အောက်မှာပဲ မွေ့ယာချထားတဲ့သူလေးတွေဆို တစ်ယောက်အိပ်မွေ့ယာတွေမှာလည်း ကျယ်ကျယ်ဝန်းဝန်းသုံးလို့ရလို့ အဆင်ပြေတယ်)
✅နောက်ပြီး ခေါက်သိမ်းထားရင် နေရာလုံးဝမယူတာမို့လို့ Camping ထွက်တာမျိုးယူသွားလည်း အရမ်းအဆင်ပြေတယ်
စျေးနှုန်းလေးလည်း ရိုးရိုးခြင်ထောင်စျေးတောင်မရှိဘဲ အရမ်းတန်တာမို့လို့ ယူထားသင့်တဲ့ ခြင်ထောင်လေးပါ 🥰
Instock အရေအတွက် အနည်းငယ်သာပါပါတယ်နော် 😘
(ပန်းရောင်နဲ့ အပြာ ၂ ရောင်လာပါတယ် ပါကင်ပိတ်မို့လို့အရောင်တော့ ရွေးမရပါဘူးရှင့်🙅🏻♀️)
စျေးနှုန်း - 37,500 ks
အလျား - ၆ ပေ (190 cm)
အနံ - ၅ ပေ (160 cm)
အမြင့် - ၂ပေခွဲ (80 cm)
မှာချင်တဲ့သူလေးတွေက page ရဲ့ messenger မှာ နာမည် လိပ်စာ ဖုန်းနံပါတ်လေး ပေးထားရင်ရပါပြီ မင်မင် reply ပြန်ပေးပါ့မယ်နော်
အသုံးပြုနည်း video လေးလည်း cmt မှာတင်ပေးထားပါတယ်ရှင့်
ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေရပါတယ်ရှင် 📦🚚
အခြားမြို့လေးတွေကတော့ 150 cm ကျော်တဲ့ပစ္စည်းတွေဆို Deli service တွေက လက်မခံလို့ အိမ်ရောက်ငွေချေလေး ပို့ပေးလို့မရပါဘူးရှင့်
အခြားမြို့လေးတွေက ငွေကြိုရှင်းရပြီး ကားဂိတ်တွေကနေပဲ ပို့ပေးလို့ရပါမယ်နော် ဂိတ်ပို့ခ ၂၀၀၀ + တန်ဆာခ ဝယ်သူကျခံရမှာပါရှင့် 💝
Online Payment များနှင့် ငွေရှင်းလိုပါက Kpay, Wave Pay, AYA Pay ဖြင့် ငွေချေနိုင်ပါတယ်ရှင်
❌စာနှင့်ပုံများ တစ်စိတ်တစ်ပိုင်းဖြစ်စေ မှီငြမ်း၍ဖြစ်စေ လုံးဝ (လုံး၀) ကူးယူဖော်ပြခွင့်မပြုပါရှင်❌