22/04/2026
(group တခုမှာတွေ့လို့ ကော်ပီယူလာတာပါ respectfully 🙏)
မိန်းကလေးများအတွက်. . .
အန်တီ့လို ဖြစ်မှာစိုးလို့ သတိထားကြပါလို့ ပြောပါရစေ။
အန်တီ 2025 နှစ်ကုန်ခါနီးက (......လမ်း လမ်းတိုေလး ထဲ က အများသိကြတဲ့ ဆံပင်ညှပ်နေကြ ဆံပင်ညှပ်ဆိုင်မှာ (ဆံပင်ဆေးဆိုးနေကြ) ဆေးဆိုးရင်း Discount ရက် မလို့ မျက်နှာဆေးသွားလိုက်ပါလားလို့ ဝန်ထမ်းမလေး က ပြောတာနဲ့ဆေးဆိုးတာလည်း စောင့်ရမယ့်အတူတူ ဆေးချင်ဆေးလိုက်ပါဆိုပြီး မျက်နှာပါ ဆေးမိပါတယ်။
အဲ့ဒိလို ဆေးပြီးကတည်းက မျက်နှာက အရမ်း ယား လာပါတယ်။ ယားလို့ ကုတ်မိရင် ကုတ်မိတဲ့နေရာ မှာ အမဲကွက် တွေ ဖြစ်လာပါတယ်။ မျက်နှာဆေးတော့ မေးစေ့အောက် လည်ပင်း နားရွက်တွေပါဆေးတွေ ထိတော့ လည်ပင်း နားရွက်တွေပါ ယားတဲ့နေရာတိုင်း မဲ ကုန်ပါတယ်။ အရင် ဆံပင်တစ်ခုပဲဆေးဆိုးတုန်းက ဒီလို မဖြစ်ပါ။ စိတ်အရမ်းဆင်းရဲပြီး -
၁/ Aryu က Professor Dr. khaing Khaing Zaw နဲ့ ပြပါတယ်။မပျောက်ပါဘူး။Chemical တွေ အရေပြားထဲ နက်နက်ရှိုင်းရှိုင်း ထိ ဝင်သွားတယ်လို့ပြောပါတယ်။ ဆိုင်ကသုံးတဲ့မျက်နှာဆေးတွေ ရဲ့ Expired date သိလားမေးပါတယ်။မျက်နှာဆေးသူတိုင်းက ဘယ်ဆိုင်ကမှ expired date မပြောတာ မိန်းကလေးတိုင်းသိပါတယ်နော်။လိမ်းဆေးတွေ သောက်ဆေးတွေ နဲ့လည်း မပျောက်ပါဘူး။နေပူထဲ သွားလို့မရပါဘူး။ဟင်းချက်လို့မရ မျက်နှာ အပူဟပ်လို့မရဘူး။ပူရင် ပိုမဲ မယ်လို့ပြောပါတယ်။ တစ်နေ့ဓူဝ အိမ်အလုပ် လုပ်ရတဲ့အန်တီ့အဖို့ ဈေးသွား ဟင်းချက် ကလေးကျောင်းပို့ အပြင်သွား လုပ်ရပါတယ်။
၂/ နောက် သာကေတ က ဇီဝသုခ ဆေးခန်းက အရေပြားအထူးကုနဲ့ ထပ်ပြပါတယ်။ ပေးတဲ့ဆေးတွေ လိမ်းတာလည်း မပျောက်ပါဘူး။သွေးတွေလည်းစစ်နဲ့ ငွေတွေသောက်သောက်လဲ ကုန်ပါတယ်။
၃/ နောက် ပျောက်ချင်လွန်းလို့ တာမွေ ဗဟိုရ်စည်ဆေးခန်းက အရေပြားအထူးကု ဆရာကြီး Dr.kyaw kyaw နဲ့ထပ်ပြပါတယ်။ပေးတဲ့ဆေးတွေလည်း သောက် လိမ်းပါတယ်။မြင်တဲ့အတိုင်းပဲ မပျောက်ပါဘူး။ယားရင် ကုတ်မိရင် ကုတ်တဲ့နေရာမဲတာက နေပူမိရင် ပိုမဲလာပါတယ်။
၄/အတော်စိတ်ဆင်းရဲနေလို့ ဒီနေ့ သီဟသိဒ္ဓိ အရေးပြားဆေးခန်းက အရေပြားအထူကု Dr.khin su su နဲ့ ထပ်သွားပြပါတယ်။ Dr. က အပြတ်ပြောလိုက်ပါတယ်။ အရေးပြားထဲ အသားထဲထိ Chemical တွေ က ရောက်သွားလို့ မပျောက်တော့ပါဘူး အနည်းငယ်သက်သာအောင် ပဲ လုပ်လို့ရမယ်လို့ အပြတ်ပြောပြီး ဘာဆေးမှ မပေးလိုက်ပါဘူး။ စမ်းသပ်ခပဲ ယူလိုက်ပါတယ်။
နောင်တ က တော့ သူများအားနာပြီး မျက်နှာဆေးမိလိုက်တာ သေရာပါအမဲစက်တွေရသွားတာပါ။ မျက်နှာဆေးရင် သတိထားကြပါ။အန်တီ့လို မဖြစ်စေချင်လို့ စေတနာနဲ့ တင်ပေးလိုက်ပါတယ်။
credit ပါ
ကွန်မန့်လေးပါ sharing လုပ်လိုက်တယ်
သတိထားနိုင်အောင်
ဒါပေမယ့်လေ ဆရာဝန် က ပြောတာကလေ သာမန် အရေပြားဖြစ်စဉ်လိုမဟုတ်ပဲ expired chemical burn တာ မလို့ ချွေးပေါက်တွေကျယ်ပြီး အပေါက်ထဲကနေ အသားနက်နက်ထဲ ထိရောက်သွားလို့ သာမာန် တင်းတိတ် သမားတွေလို အရေပြားရောဂါလည်း မဟုတ်တော့ ဆေးပေးလို့မရတာလို့ပြောတယ်။