ZNW Online Shop

  • Home
  • ZNW Online Shop

ZNW Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZNW Online Shop, .

19/02/2022

os
ပြန်ရောင်းပါပီနော်
အားပေးကြပါအုန်း❤
အသဲလေးတို့ရေ🙏🙏🙏

အိမ်တွင်းဆေး1 - တစ်နေ့့ပန်းသီးတစ်လုံးစားရင် ဆရာဝန်မလို2 - ပင်စိမ်းရွက်တစ်နေ့တစ်ရွက်စားပါက ကင်ဆာမဖြစ်ပါ3 -  သံပုယိုသီးတစ်...
18/08/2021

အိမ်တွင်းဆေး

1 - တစ်နေ့့ပန်းသီးတစ်လုံးစားရင် ဆရာဝန်မလို

2 - ပင်စိမ်းရွက်တစ်နေ့တစ်ရွက်စားပါက ကင်ဆာမဖြစ်ပါ

3 - သံပုယိုသီးတစ်နေ့တစ်လုံးစားပါကအဆီကျ၍ ဝ မလာနိုင်ပါ

4 - တစ်နေ့နွားနို့စစ်စစ်တစ်ခွက်သောက်ပါက အရိုးပွရောဂါမဖြစ်ပါ

5 - တစ်နေ့ကိုရေ ၃ လီတာသောက် ( ရေသန့်၃ ဘူး ) ရောဂါကင်းဝေးမယ်

6 - နေ့လည်ခင်းတစ်ရေးအိပ်သင့်တယ် ၁၀ မိနစ် ၂၀ မိနစ် နိုးကြားမှု့ကိုလှုံဆော်ပေး အားအင်ပြည့်စေတယ်. အလုပ်လုပ်ဖို့အားအင်ပြည့်လန်းဆန်းစေတယ်

- မိနစ် ၃၀ အိပ်ရင် မှုးနောက်နောက်ဖြစ်စေ

- မိနစ် ၆၀ မှတ်ညာဏ်တိုးတက်စေ

- မိနစ် ၉၀ စိတ်ခံစားမှုမှတ်ညာဏ်နဲ့တီထွင်မှု့တွေတိုးတက်စေ

7 - သဘာဝဆေးဖက်ဝင်ဖျော်ရည်

●အအေးမိရင်- မုန်လာဥနီ နာနတ်သီး ဂျင်း ကြက်သွန်ဖြူအားလုံးရောဖျော်သောက်

●အစာမကြေလျှင် - နာနတ်သီး မုန်လာဥနီ ရှောက်သီး ပူစီနာ ရောဖျော်သောက်

● မှတ်ညာဏ်ကောင်းလိုလျှင် - သလဲသီး စပျစ် ရောဖျော်

● အရက်နာကျ - ပန်းသီး မုန်လာဥနီ ရှောက်သီး ရောဖျော်

●မောပန်းလျှင် - ပန်းသီးအစိမ်းရောင် မုန်လာဥနီ ရှောက်သီး ဟင်းနုနွယ်ရောဖျော်

●ဝမ်းချုပ်လျှင် - မုန်လာဥနီ ပန်းသီး ဂေါ်ဖီစိမ်း ရောဖျော်

● စိတ်ဖိစီးလျှင် - ငှက်ပျောသီး စတော်ဘယ်ရီ သစ်တော်သီး ရောဖျော်သောက်

● မျက်လုံးကောင်းရန် - မုန်လာဥနီ တရုတ်နံနံ ရောဖျော်သောက်

●ကျောက်ကျလျှင် - လိမ္မော် ပန်းသီး ဖရဲသီး ရှောက်သီး ရောဖျော်သောက်

●အကြောရောင်လျှင် -မုန်လာဥနီ နာနတ်သီး တရုတ်နံနံ ရှောက်သီးရောဖျော်သောက်

●ပြည်တည်နာရှိလျှင် - ဂေါ်ဖီ မုန်လာဥနီ တရုတ်နံနံရောဖျော်

●ရင်ကျပ်လျှင် - မုန်လာဥနီ ပန်းသီး ဟင်းနုနွယ် ရှောက်သီး ကြက်သွန်ဖြူ

● စိတ်ကျရောဂါရှိလျှင် - မုန်လာဥနီ ပန်းသီး ရဲယိုသီး ဟင်းနုနွယ်

●ဆီးချိုရှိလျှင် - မုန်လာဥနီ ဟင်းနုနွယ် တရုတ်နံနံ

●ခေါင်းကိုက်လျှင် - ပန်းသီး သခွားသီး တရုတ်နံနံ ကိုက်လန် ဂျင်း

●သွေးတိုးရှိလျှင် - ပန်းသီး တရုတ်နံနံ သခွားသီး ဂျင်း

●အအေးမိလျှင် - မုန်လာဥနီ ဂျင်း ကြက်သွန်ဖြူ နာနတ်သီး

# ကျန်းမာရေးဗဟုသုတအိမ်တွင်းဆေးနည်း
NESY

07/08/2021

ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)

(၂) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။

(၃) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။

(၄) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။

(၅) ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဉ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။

အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Crd - ဒေါက်တာအေးမင်းထူး

သူများနိုင်ငံတွေမှာ ကလေးတွေကို ဘယ်လိုကျွေးလဲဆိုကို တချက်ရှိုးလိုက်😎နောက်ဆုံးပုံ က အသက်ပဲ😁
06/07/2021

သူများနိုင်ငံတွေမှာ ကလေးတွေကို ဘယ်လိုကျွေးလဲဆိုကို တချက်ရှိုးလိုက်😎
နောက်ဆုံးပုံ က အသက်ပဲ😁

စီးပွားတက်စေမည်🙏🙏🙏
06/07/2021

စီးပွားတက်စေမည်🙏🙏🙏

ဝိတ်ချမဲ့ အသဲလေး❤တို့အတွက်7 day diet plan
06/07/2021

ဝိတ်ချမဲ့ အသဲလေး❤တို့အတွက်
7 day diet plan

 #စာဖတ်ကြပါစို့ #အီရန်အီရန်နိူင်ငံမှာ ၁၆ နှစ်အောက်ကလေးတစ်ယောက် ခိုးမှုပဲဖြစ်ဖြစ် လုယက်မှုပဲဖြစ်ဖြစ်တစ်စုံတစ်ခု  အမှားကျူ...
06/07/2021

#စာဖတ်ကြပါစို့

#အီရန်

အီရန်နိူင်ငံမှာ ၁၆ နှစ်အောက်
ကလေးတစ်ယောက် ခိုးမှုပဲ
ဖြစ်ဖြစ် လုယက်မှုပဲဖြစ်ဖြစ်
တစ်စုံတစ်ခု အမှားကျူးလွန်
မိတဲ့အခါ ပြစ်မှုဟာ အရမ်း
မကြီးကျယ်ဘူးဆိုရင် ပြစ်ဒဏ်
ပေးလေ့ရှိတာကတော့..
#စာဖတ်ဒဏ် # ပါပဲ။

အစိုးရကပေးတဲ့ စာအုပ်တွေကို
ပြီးအောင် ဖတ်ပြီး မိမိရဲ့အတွေး
အမြင်တွေ ထင်မြင်ယူဆချက်
တွေကို တစ်ဖန်ပြန်လည် တင်ပြရ
သတဲ့။

#ရိုးမေနီးယား

တကယ်လို့သင်ဟာ ရိုးမေနီးယား
နိူင်ငံကို သွားလည်တဲ့သူဆိုရင်
စာကြည့်တိုက် သို့မဟုတ် စာအုပ်
ဆိုင်ထဲ ရောက်သွားသလားလို့
ထင်မှတ်မှားပြီး စကားကျယ်ကျယ်
မပြောရဲ ဖြစ်နေပါလိမ့်မယ်။
လူတိုင်း အာရုံစိုက်ပြီး စာဖတ်
နေကြလို့ပါ။

ပြီးတော့ .. ဘက်စ်ကားစီးရင်း
စာအုပ်ဖတ်နေရင်
'ကားခ အခမဲ့ပါ'တဲ့။

#ဂျူးလူမျိုး တစ်ယောက်ဟာ

တစ်နှစ်ကို ပျမ်းမျှ စာအုပ်
၆၄ အုပ် ဖတ်ကြပါတယ်။

သူတောင်းစားက အစ
စာအုပ် လက်နဲ့မကွာတဲ့
လူမျိုးစုတွေပါ။

#ဂျာမနီ

ဂျာမနီလူမျိုး ၅၀ % ဟာ
ပုံမှန် စာအုပ် ဝယ်ဖတ်ကြပြီး

၃၀%က နေ့တိုင်း စာဖတ်သူတွေပါ။

မိသားစု တစ်စုတိုင်းမှာ
ပျမ်းမျှ စာအုပ် အုပ်ရေ ၃၀၀ ခန့်
စုဆောင်း ထားတတ်ကြပါသတဲ့။

#ဂျပန်

သူတို့ကေတာ့
ကားစောင့်နေရင်းပဲ ဖြစ်ဖြစ်
ဘက်စ်ကားစီးရင်းပဲ ဖြစ်ဖြစ်
ကလေးသူငယ်တွေက အစ
စာဖတ်ရင်း
အချိန်ကုန်ခံလေ့ ရှိကြပါတယ်။

ကမ္ဘာ့ စာအုပ် ရောင်းအား
အကောင်းဆုံးနဲ့
စာဖတ်အား အကောင်းဆုံး
နိုင်ငံဆိုလည်း မမှားပါဘူး။

စက်မှုသိပ္ပံတွေထွန်းကားတဲ့နိုင်ငံမှာ
ကမ္ဘာ့စာဖတ်အား အကောင်းဆုံး
ဆိုတဲ့ ဂုဏ်ဟာ လူတိုင်းကို
မှင်သက်စေပါတယ်။

နောက်ပြီး
စာအုပ်စျေးနှုန်းတွေကလည်း
အရမ်းမြင့်တတ်ကြပေမယ့်
စာအုပ်ဆိုင်တွေမှာ အမြဲလိုလို
လူပြည့်နေတတ်ပြီး စာအုပ်ဝယ်ဖို့
တန်းစီ ရပ်စောင့်နေရတဲ့
လူမျိုးစုတွေပါ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ
စာဖတ်အား အရမ်းနည်းနေကြပြီ။

* စာဖတ်ခြင်းဟာ
အလွယ်ကူဆုံးခရီးသွားခြင်းပဲ။

* စာဖတ်ခြင်းဟာ .. အမြန်ဆုံး
အတွေးအခေါ် ရင့်ကျက်
စေခြင်းပဲ။

ကျွန်တော်တို့
မြန်မာပြည်သူပြည်သားတွေ
အားလုံး စာဖတ်ကြပါစို့
တိုက်တွန်းပါရစေ
_______________________

စာပေဝါသနာရှင်များအား
ကျေးဇူးအထူးတင်လျက်
ထပ်ဆင့် ပြန်လည်မျှဝေလိုက်
ပါသည်။

credit
#စာပေနှင့်ဘဝ

ငွေရှာဖ်ို.ကိူ ဘယ်လိုအကြောင်းနဲ့မှမရပ်လိုက်ပါနဲ့လုပ်ချင်တာတွေလိုချင်တာတွေလိုအပ်တာဝယ်ဖို့လူချင်တာလူဖို့အားနည်းသူကိုတွဲကူဖ...
26/06/2021

ငွေရှာဖ်ို.ကိူ ဘယ်လိုအကြောင်းနဲ့မှမရပ်လိုက်ပါနဲ့

လုပ်ချင်တာတွေ
လိုချင်တာတွေ
လိုအပ်တာဝယ်ဖို့
လူချင်တာလူဖို့
အားနည်းသူကိုတွဲကူဖို့အတွက်
ကိုယ်ပိုင်ဝင်ငွေလေးရှိမှရတာပါ..

🩸Collagen အကြောင်း အတိအကျ ပြောပြပါမယ် 🩸သောက်ရမလားSide effect  ပြောပေးပါလို့ခဏခဏ မေးကြလို့..ဒီစာလေးတင်းပေးရတာပါနော်..1.  ...
26/06/2021

🩸Collagen အကြောင်း အတိအကျ ပြောပြပါမယ် 🩸သောက်ရမလား
Side effect ပြောပေးပါလို့ခဏခဏ မေးကြလို့..
ဒီစာလေးတင်းပေးရတာပါနော်..

1. Collagen ဆိုတာ လိုအပ်ပါသလား ?

2. ဘယ်အရွယ်က စသောက်လို့ရလဲ ?

3. ဘာကြောင့် သောက်သင့်တာလဲ ?

4. ဘယ်လိုလူတွေ ရှောင်သင့်လဲ ?

5. Collagen ရဲ့ ကာင်းကျိုးများ...

6. ဘယ်အချိန်တွေမှာ သောက်သုံးသင့်လဲ?
ဆောင်ရန်!✅ ရှောင်ရန်! ❌

Collagen နှင့် ပတ်သတ်ပြီး
အမေးအများဆုံး အထက်ပါ (6) ချက်ကို
သေချာ ပြောပြပေးပါမယ် 💁

1. Collagen ဆိုတာ လိုအပ်ပါသလား?

‘’Collagen ဆိုတာ လူတယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ မရှိမဖြစ် လိုအပ်တဲ့ Amino acid protein ဓာတ်တမျိုးဖြစ်လို့ အမှန်တကယ် လိုအပ်ပါတယ် ၊

ဘာေ့ကြာင့်လဲဆိုရင် အလှအပ တစ်ခုထဲအတွက်တခုထဲမဟုတ်ပဲ ကြည့် ထင်ပြီး မလိုအပ်ဘူးလို့ ထင်နေကြတဲ့ အပေါ်မှာ ရှင်းပြချင်တာက

collagen ဟာ အရေပြားအလှအပအတွက် အရွတ်, အရိုးနု, ခြေသည်းလက်သည်း, ဆံပင်, အရ်ိုး အပြင် အရေပြား အတွက်
အရမ်းကို အထောက်အကူဖြစ်စေပြီး လိုအပ်တဲ့ အတွက် အလှအပတွက်တင်
မဟုတ်ပဲ ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းဖို့ပါ အရမ်းကို အထောက်အကူ ဖြစ်စေတယ်လို့ ပြောချင်ပါတယ်ရှင့် 💁

2. Collagen ကို ဘယ်အရွယ်က
စသောက်လို့ရလဲ ? 👦👧👩👱‍♀️👵
Collagen ကို အသက် (၂၀) အထက်မှစပြီး သောက်လို့ရပါတယ်။

(၂၅) နှစ်ကျော်ပြီဆို အလှအပနဲ့ ကျန်းမာရေး လိုက်စားသူ အမျိုးသား အမျိုးသမီးများ မဖြစ်မနေ နီးပါး
သောက်သုံးသင့်သလို
အသက် (၃၀) ကျော်လာပြီး
(၄၀) ဝန်းကျင်တွေမှာတော့ collagen ထုတ်နိုင်စွမ်း အရမ်းကို လျော့နည်းလာပြီဖြစ်လို့ မဖြစ်မနေ collagen ဓာတ်ကို ဖြည့်တင်းပေးဖို့ သိပ်လိုအပ်လာပါပြီ 💯

3. ဘာကြောင့်သောက်သင့်တာလဲ ? 🍷

အသက်အရွယ်အရ collagen ကို လိုအပ်လာတဲ့အတွက်
ယခင်ထက်
-အသားအရေတွေ ညစ်နွမ်းလာမယ် ပါးလာမယ်
-အမဲစက်တွေ မပျောက်တော့ဘူး
-ဆံသားတွေ ငယ်ရွယ်ချိန်ထက် ပိုခြောက်လာမယ်
-အရိုးတွေပွလာမယ်
-လက်သည်း ခြေသည်းလေးတွေ ကျိုးလွယ်ပြီး
-နူတ်ခမ်းသားတွေ ညိုမဲလာမယ်
-မျက်နှာအသားအရေ တင်းရင်းမူ မရှိတဲ့အတွက် ဝင်လာတတ်ပါတယ်
ပွစိစိဖြစ်လာပါမယ်
-အရေးအကြောင်းတွေ သိသာ ထင်ရှားလာမယ်
-ကြွက်သားတွေ လျော့တွဲလာမယ်
-မကောင်းတဲ့ cholesterol တွေ ဒါ့ပြင် အရိုးနုနဲ့၊ အရွတ် အစရှိတဲ့ ပြဿနာများကို
ဖြေရှင်းနိုင်ဖို့အတွက် collagen ကို
အမှန်တကယ်
သောက်သင့်တယ်လို့ ပြောပြပါရစေနော် 🍷💁

4. ဘယ်လိုလူတွေရှောင်သင့်လဲ ? 👶🤰
-ကြာရှည်စွာ ဆေးကို စွဲ၍သာက်သုံးနေရသူ
-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
-အသက် (၁၂) နှစ်အောက်ကလေးငယ်များ

5. Collagen သောက်သုံးခြင်းရဲ့ ကောင်းကျိုးများ ✅
လျော့ချပေးနိုင်ပါတယ်
(1) အသားအရေကို တင်းရင်း စိုပြေ ဖြူဝင်းလာပါတယ်

(2) အရေးအကြောင်းတွေကို

(3) အမဲစက်နဲ့ အမာရွတ်တွေကို မှေးမှိန်စေပါတယ်

(4) ဆံသား, မျက်ခုံးမွှေး နဲ့ မျက်တောင်မွှေးလေးတွေကို သန်စွမ်း တောက်ပြောင်စေပါတယ်

(5) ခြေသည်းလက်သည်းကို ခိုင်ခံ့ လှပပြီး
ပန်းနု သွေးရောင် သမ်းစေပါတယ်

(6) အရိုးနဲ့ ကြွက်သားက်ို ကောင်းတဲ့ဘက်က ပံ့ပိုးပေးပါတယ်

အရိုးအဆစ်များကျိုးလွယ်တာတွေကို ကာကွယ်ပေးပါတယ် 💪

ကြွက်သားရောင်ရမ်း နာကျဉ်မူကိုပါ သက်သာစေလျော့စေတယ်လို့တဲ့အတွက် အားကစားသမားတွေ အတွက်ပါ collagen ဟာ လိုအပ်ပါတယ် 🏋️‍♀️⛹️‍♀️🤾‍♀️🏌️‍♀️

(7) ဦးနှောက် အတွက်လဲ Anxiety ကို သိရပါတယ်

(8) Collagen သောက်ရင် ဝိတ်တက်လား?
ထိန်းပေးပါတယ်
မေးတဲ့သူတွေ အတွက်က Collagen ဟာ အမျှင်ဓာတ်ပါတာမို့ အစာခြေစနစ်ကို ကောင်းစေလို့ cholesterol ကိုကျစေပြီး ဝိတ်ကိုပါ 💃
ဝိတ်မတက်စေပါဘူး ဝိတ်ချစေဖို့ ပံ့ပိုးပေးပါတယ် ။ ပန်းသွေးရောင်

(9) 🐟 နှုတ်ခမ်းသား ညိုမဲနေတဲ့သူတွေ အတွက်
နှုတ်ခမ်းသားကို စိုပြေ နူးညံ့၍ တင်းရင်းပြီး သမ်းစေပါတယ် ။

(10) 🐟
အရွယ်မတိုင်ပဲ ဆံပင်ဖြူခြင်းကို ဟန့်တားပေးစေပြီး ဆံပင်ကျွတ်နူန်းကို လျော့ချပေးပါတယ် ။

(11) 🐟တကယ်ကောင်းမွန်သိသာတဲ့ collagen ဆိုတာ မျက်နှာအသားအရေကို ပန်းရောင်သမ်းပြီး glow look ကိုပါ ရရှိစေပါတယ်

6. ဘယ်အချိန်တွေမှာသောက်သင့်လဲ? ⏱⏱⏱
ဆောင်ရန် ✅/ ရှောင်ရန် ❌အားပိုကောင်းလို့

-အစာနှင့်ဝေးတဲ့အချိန်တွေက စုတ်ယူမူ
Collagen ကို သောက်သင့်ပါတယ် ။

*ဆောင်ရန်* ✅
Collagen ကို vitamin - c & zinc နှင့် တွဲသောက်တာ
ပိုပြီး ရလာဒ်ကောင်းတာ တွေ့ရပါတယ်
ရေများများ သောက်ရန်လိုအပ်ပါတယ်
ရေသောက်များလေ ပိုရလာဒ် ကောင်းလေပါပဲ။

# # #

" မေတ္တသုတ်ရွတ်ပွားရကျိုး "_______________________     " မေတ္တ " သုတ်တံ       ရွတ်ပွားမှန်က       ဒေဝါနတ်များ       ချစ်...
13/06/2021

" မေတ္တသုတ်ရွတ်ပွားရကျိုး "
_______________________

" မေတ္တ " သုတ်တံ
ရွတ်ပွားမှန်က
ဒေဝါနတ်များ
ချစ်ခင်ပွား၍။

ဆိုးရွား အိမ်မက်
မမြင်မက်ဘဲ။

အိပ်စက်နိုးထ
ချမ်းသာရလျက်။

ရန်စရန်ငြောင့်
မြန်ပျောက်လိုက။

ရွတ်ကြအဟုတ်
ခွန်နစ်အုပ်တည်း။

13.6.2021

" ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း "________________________________   ၁။ သော ဘဂဝါ ဣတိပိ         အရဟံ   =  ၁ - ပါတ်။    ၂။...
13/06/2021

" ဂုဏ်တော်တစ်ထောင် ပုတီးစိပ်နည်း "
________________________________

၁။ သော ဘဂဝါ ဣတိပိ
အရဟံ = ၁ - ပါတ်။

၂။ သော ဘဂဝါ ဣတိပိ
သမ္မာသမ္ဗုဒ္ဓေါ = ၁ - ပါတ်။

၃။ သော ဘဂဝါ ဣတိပိ
ဝိဇ္ဇာစရဏသမ္ပန္နော = ၁ - ပါတ်။

၄။ သော ဘဂဝါ ဣတိပိ
သုဂတော = ၁ - ပါတ်။

၅။ သော ဘဂဝါ ဣတိပိ
လောကဝိဒူ = ၁ - ပါတ်။

၆။ သော ဘဂဝါ ဣတိပိ
အနုတ္တရောပုရိသဒမ္မသာရထိ = ၁ - ပါတ်။

၇။ သော ဘဂဝါ ဣတိပိ
သတ္ထာဒေဝမနုဿာနံ = ၁ - ပါတ်။

၈။ သော ဘဂဝါ ဣတိပိ
ဗုဒ္ဓေါ = ၁ - ပါတ်။

၉။ သော ဘဂဝါ ဣတိပိ
ဘဂဝါ = ၁ - ပါတ်။

၁၀။ သော ဘဂဝါ ဣတိပိ
အရဟံ = ၁ - ပါတ်။

ဤသို့ စိပ်သဖြင့် တစ်ရာ့ရှစ်လုံး
ပုတီးကုံး ၁၀ - ပတ် ပြည့်သောအခါ
ဂုဏ်တော် တစ်ထောင် ရပါသည်။

[ " #မှတ်သားရန်အထူး " ]
_______________________

▪︎ #စိပ်နည်း ( ၁) ။

"သော ဘဂဝါ ဣတိပိ အရဟံ" ပုတီးတစ်လုံးချ၊
"သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ"ပုတီးတစ်လုံးချ၊

ဤသို့ စသည်ဖြင့်"သော ဘဂဝါ ဣတိပိ ဘဂဝါ"
အထိ စိပ်သွားပြီး ..တစ်ဖန် ..
"" သော ဘဂဝါ ဣတိပိ အရဟံ ""မှ ပြန်စ၍ စိပ်ပါ။
ဤသို့စိပ်သဖြင့် တစ်ရာ့ရှစ်လုံး ပုတီးကုံး ၁၀ - ပတ်ပြည့်
သောအခါ ဂုဏ်တော်တစ်ထောင် ရပါသည်။

▪︎ #စိပ်နည်း (၂) ။

" သော ဘဂဝါ ဣတိပိ အရဟံ "တစ်ပါးတည်း
ပုတီးတစ်ပတ် ပြည့်အောင်စိပ်ပါ။ နောက်...
" သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ " စသည်ဖြင့်
ဂုဏ်တော်တစ်ပါးလျှင် ပုတီးတစ်ပတ်စီ
စိပ်သွားပါကလည်း ဂုဏ်တော်ကိုးပါး ပြည့်လျှင်
ကိုးပတ်ပြည့်သဖြင့် ဂုဏ်တော်တစ်ထောင် ရပါသည်။

▪︎ #စိပ်နည်း (၃) ။

"" သော ဘဂဝါ ဣတိပိ အရဟံ "" မှ
"" သော ဘဂဝါ ဣတိပိ ဘဂဝါ "" အထိ
ဂုဏ်တော်ကိုးပါး ဆုံးအောင်ပွားပြီးမှ ပုတီးတစ်လုံးချပါ။
ဤသို့ ဂုဏ်တော်ကိုးပါးဆုံးမှ ပုတီးတစ်လုံးတစ်လုံးစီ
ချ၍ စိပ်ခြင်းအားဖြင့်လည်း တစ်ရာရှစ်လုံး ပုတီးတစ်
ပတ်ရလျှင် ဂုဏ်တော်တစ်ထောင် ဖြစ်ပါသည်။

မှတ်ချက်။ ။ဂုဏ်တော် ၉၇၂ .ပါးကိုပင်လျှင်
ဂုဏ်တော် ၁၀၀၀ ဟု ခေါ်ဆိုခြင်းဖြစ်သည်။

♤ " #ရတနာသုံးပါးပူဇော်ပုံ "
___________________________________

• ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ ဗုဒ်ဓံ ပူဇေမိ ။

• ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ ဓမ်မံ ပူဇေမိ ။

• ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ သံဃံ ပူဇေမိ ။

လောကုတ္တရာ​တရား​ကိုး​ပါး​အားလျော်​သော
ဤ​ကျင့်ဝတ် ပဋိပတ်ဖြင့် မြတ်​စွာဘုရား​ကို
ပူဇော်​ပါ​၏ အရှင်ဘုရား။
တ​ရားတော်​ကို ပူဇော်​ပါ​၏ အရှင်ဘုရား။
သံ​ဃာတော်​ကို ပူဇော်​ပါ​၏ အရှင်ဘုရား။

• ဣဒံ မေ ပုညံ အာသဝက်ခယာဝဟံ ဟောတု ။

• ဣ​ဒံ မေ ပု​ညံ နိဗ္ဗ​န​ဿ ပစ္စ​ယော ဟော​တု ။

• ဣမံ ပုညဘာဂံ သဗ်ဗသတ်တာနံ ဘာဇေမ ။

( 8.6.2021 )

Address


Telephone

+959698094290

Website

Alerts

Be the first to know and let us send you an email when ZNW Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share