B.G.S Myanmar

B.G.S Myanmar Fountain pen and Gadget store
(2)

"Surprised gift🎁"မွေးနေ့အတွက် back dateနဲ့ ပြန်ပေးတဲ့ လက်ဆောင်လေးပါ၊ ညီမလေးအတွက် အသုံးဝင်တဲ့အရာလေးဖြစ်ပါစေ... 💙🎁🎂🎉"
05/08/2026

"Surprised gift🎁"

မွေးနေ့အတွက် back dateနဲ့ ပြန်ပေးတဲ့ လက်ဆောင်လေးပါ၊ ညီမလေးအတွက် အသုံးဝင်တဲ့အရာလေးဖြစ်ပါစေ...
💙🎁🎂🎉"

03/08/2026

Review လေးပေးတယ့်customer တယောက်ချင်းစီတိုင်းကိုကျေးဇူးပါ။

27/07/2026

အချစ်ဆုံးသူငယ်ချင်း အတွက် အမှတ်အရဆုံးလက်ဆောင်..

#သူငယ်ချင်း

24/07/2026

ဘဝရဲ့ အဆင်မပြေတဲ့အချိန်၊ လဲကျနေတဲ့အချိန်တွေမှာ 'ငါရှိပါတယ်' ဆိုပြီး ဘာမှမမေးဘဲ အသံတိတ်ပြီး ကိုယ့်ရဲ့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ သူငယ်ချင်းမျိုး ရှိတာဟာ တကယ့်ကိုမှ ရှားပါးတဲ့ ကံကောင်းမှုပါပဲ။

အောင်မြင်နေချိန်မှာကိုယ့်ဘေးနားမှာရှိနေကြတဲ့လူတွေထက်၊ အဆိုးဆုံးအချိန်တွေမှာတောင် သင့်ကို လက်မလွှတ်ခဲ့တဲ့ သူငယ်ချင်းမျိုးကို ပိုပြီး တန်ဖိုးထားပါ။

ဒီဗီဒီယိုလေးကို မြင်တာနဲ့ သင့်ခေါင်းထဲကို ပထမဆုံး ပြေးဝင်လာတဲ့... သင့်ဘဝရဲ့ အချစ်ဆုံးသူငယ်ချင်းကို Mention ခေါ်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။ 👇

#သူငယ်ချင်း

ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ခဲ့တဲ့ "အောင်ပွဲရဖောင်တိန်"ဒုတိယကမ္ဘာစစ်အတွင်း ဥရောပစစ်မြေပြင်က သွေးထွက်သံယိုမှုတွေကို ရပ်တ...
16/07/2026

ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ခဲ့တဲ့
"အောင်ပွဲရဖောင်တိန်"

ဒုတိယကမ္ဘာစစ်အတွင်း ဥရောပစစ်မြေပြင်က သွေးထွက်သံယိုမှုတွေကို ရပ်တန့်စေခဲ့တဲ့ ဂျာမနီနိုင်ငံ လက်နက်ချခြင်းစာချုပ် (German Instrument of Surrender) ကို ၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ ချုပ်ဆိုခဲ့ကြပါတယ်။

တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးရရှိဖို့ စောင့်မျှော်နေတဲ့ အဲဒီအချိန်မှာ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ် ဂျင်နရယ် အိုင်ဆင်ဟောင်ဝါ (General Eisenhower) ဟာ စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် ထူးခြားတဲ့ ကလောင်တစ်ချောင်းကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။အဲဒါကတော့ ကမ္ဘာကျော် Parker 51 အမျိုးအစား ဖောင်တိန်ပဲ ဖြစ်ပါတယ်။

စစ်ပွဲမပြီးခင်ကတည်းက အိုင်ဆင်ဟောင်ဝါက ပါကာဖောင်တိန်ကုမ္ပဏီ ဥက္ကဋ္ဌထံ စာရေးပြီး "ဂျာမနီတွေ အရှုံးပေးတဲ့နေ့ကျရင် ငါ မင်းတို့ရဲ့ Parker 51 နဲ့ လက်မှတ်ထိုးမယ်" လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲပြီးဆုံးသွားတဲ့အခါ အိုင်ဆင်ဟောင်ဝါဟာ ကတိအတိုင်း လက်မှတ်ရေးထိုးပြီးအဲ့ဒီသမိုင်းဝင် ဖောင်တိန်ကို အောင်ပွဲရ အမှတ်တရအဖြစ် ပါကာကုမ္ပဏီထံ ပြန်လည်လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ကုမ္ပဏီအနေနှင့် Parker 51 Deluxe
စီးရီးတွေကို သမိုင်းဝင်အငွေ့အသက် မပျက်စေဘဲ ထုတ်လုပ်လာခဲ့ကြတာ ယနေ့ထက်တိုင်လူကြိုက်များဆဲဖြစ်ပါတယ်။

Parker 51 ၏စိတ်ဝင်စားစရာ သမိုင်းနောက်ခံအချက်များ

51ဆိုတာ....🖋️

Parker ကုမ္ပဏီ၏ ၅၁ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သော ၁၉၃၉ ခုနှစ် တွင် စတင်သုတေသနပြု တီထွင်အောင်မြင်ခဲ့ခြင်း ဖြစ်သောကြောင့် အထိမ်းအမှတ်အနေဖြင့် Parkerရဲ့နောက်မှာ"51" ဟု နာမည်ပေးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ပထမဆုံး လေလုံကလောင်သွား..

Parker 51 ဟာ ကမ္ဘာ့ပထမဆုံး Hooded Nib (ကလောင်သွားကို အမိုးငုံဖုံးထားတဲ့) စနစ်ကို စတင်အသုံးပြုခဲ့တဲ့ ဖောင်တိန်ဖြစ်ပါတယ်။

Hooded Nib ရဲ့ထူးခြားချက်..

စာမရေးဘဲ အဖုံးဖွင့်ထားရင်တောင် မင်အလွယ်တကူ မခြောက်သွေ့အောင် ကာကွယ်ပေးထားလို့ စက္ကူပေါ်ချလိုက်တာနဲ့ ချက်ချင်းအချောမွေ့ဆုံး ရေးနိုင်တဲ့ ခေတ်ရှေ့ပြေးနည်းပညာ ဖြစ်ခဲ့ပါတယ်။

ဒီဇိုင်းနောက်ခံ....

ဒီလို ထူးခြားတဲ့ အမိုးငုံဒီဇိုင်းကပဲ စစ်အတွင်းက တိုက်လေယာဉ်တွေရဲ့ ရှေ့ဦးခေါင်းပိုင်း ကိုယ်ထည်ပုံစံနဲ့ တူညီသွားစေပြီး "အခြားကမ္ဘာမှ လာသော ကလောင်" လို့ ထိုခေတ်က တင်စားခေါ်ဝေါ်ခဲ့ကြရပါတယ်။

လူကြီးမင်းတို့ကော Parker 51 သုံးဖူးပါသလား။တခြားသောဖောင်တိန်လေးတွေနှင့်ဘာကွာလဲ။အတွေ့အကြုံလေးတွေအောက်ကComment Boxမှာမျှဝေပေးပါဦးရှင့်။
👇👇👇👇

13/07/2026

အရေးကြီးတဲ့ စာချုပ်တစ်ခုကို လက်မှတ်ထိုးဖို့ အင်္ကျီအိတ်ကပ်ထဲကနေ ဖောင်တိန်ကို ဆွဲထုတ်လိုက်တဲ့အချိန်...
တစ်ခန်းလုံးက သင့်ကို အထင်ကြီးလေးစားစွာ ငေးကြည့်သွားမယ့် ခံစားမှုကို လိုချင်ပါသလား?

Sheaffer Icon (Matte Black) ကို ကိုင်ဆောင်ထားတဲ့အခါ လက်ထဲမှာ ခံစားရမယ့် အလေးချိန်စီးစီးလေးနဲ့၊ စာရွက်ပေါ်ကို ထိလိုက်တာနဲ့ ချောမွေ့စွာ စီးဆင်းသွားတဲ့ အထိအတွေ့က သင့်ရဲ့ ခေါင်းဆောင်မှုနဲ့ ယုံကြည်မှုကို အပြည့်အဝ ထင်ဟပ်စေပါတယ်။

အထူးသဖြင့် အင်္ကျီအိတ်ကပ်မှာ ထိုးထားတဲ့အချိန် Matte Black ရဲ့ တည်ငြိမ်မှုနဲ့ အနီရောင်လိုင်း (Red Accent) ရဲ့ ရဲရင့်တဲ့ ဒီဇိုင်းက သင့်ရဲ့ အဆင့်အတန်း (Status) နဲ့ လေးနက်တည်ကြည်မှုကို စကားတခွန်းမှ ပြောစရာမလိုဘဲ တိတ်ဆိတ်စွာ ကြေညာနေပါလိမ့်မယ်။

ယနေ့ခေတ် အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ၊ ရာထူးကြီးမန်နေဂျာတိုင်းမှာ သူတိုရဲ့ Professional Image ကို ပြသဖို့ ကိုယ်ပိုင် Signature Pen တွေ အသီးသီး ရှိနေကြပါပြီ။

လူကြီးမင်းရဲ့ နေ့စဉ်ဘဝမှာကော ဘယ်လို Pen မျိုးကို အသုံးပြုနေပါသလဲ?

B.G.S Myanmar မှာဆိုရင် လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် 100% Authentic ဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကမ္ဘာကျော် Brand တွေဖြစ်တဲ့ Sheaffer, Parker နဲ့ Cross အမှတ်
တံဆိပ် ဘောပင်၊ ဖောင်တိန်တွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် မိမိနာမည် (သို) လိုဂိုလေးတွေကိုပါ သေသပ်လှပစွာ Customized ထွင်းပေးနေတာမို့ အသေးစိတ်ကို Chat Box (CB) မှတစ်ဆင့် ယခုပဲ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 🖋️✨

Send a message to learn more

ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်အာသာရဲ့ ဖောင်တိန် (၆) ချောင်းနှင့် လူသိနည်းတဲ့ ဖြစ်ရပ်ဆန်းများ....
07/07/2026

ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်အာသာရဲ့ ဖောင်တိန် (၆) ချောင်းနှင့် လူသိနည်းတဲ့ ဖြစ်ရပ်ဆန်းများ...

၁၉၄၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့... USS Missouri စစ်သင်္ဘောကြီးပေါ်မှာ ဒုတိယကမ္ဘာစစ်ကြီးကို တရားဝင် ပြီးဆုံးစေခဲ့တဲ့ "ဂျပန်နိုင်ငံရဲ့ လက်နက်ချစာချုပ်" ကို လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီသမိုင်းဝင် စာချုပ်ပေါ်မှာ မဟာမိတ်တပ်ပေါင်းစု အထူးဗိုလ်ချုပ်ကြီး ဒေါက်ကလပ်စ် မက်အာသာ (General Douglas MacArthur) က ၎င်းရဲ့အမည်ကို လက်မှတ်ထိုးတဲ့အခါ ဖောင်တိန်တစ်ချောင်းတည်း မဟုတ်ဘဲ စုစုပေါင်း ဖောင်တိန် (၆) ချောင်း ကို တစ်လှည့်စီ ပြောင်းလဲပြီး အသုံးပြုသွားခဲ့တာကို သိကြပါသလား? 🤔

သူ ဘာကြောင့် ဖောင်တိန် ၆ ချောင်းအထိ သုံးခဲ့ရတာလဲ?

အဲ့ဒီဖောင်တိန်တွေကို ဘယ်သူတွေကို လက်ဆောင်ပေးခဲ့ပြီး အခု ဘယ်ပြတိုက်တွေမှာ ရှိနေလဲ?

👇 စိတ်ဝင်စားစရာ အသေးစိတ် သမိုင်းကြောင်း

ဗိုလ်ချုပ်ကြီး မက်အာသာဟာ ၎င်းရဲ့ အမည်စာလုံးတွေကို ရေးထိုးရာမှာ အက္ခရာအနည်းငယ်စီကို ဖောင်တိန်တစ်ချောင်းစီ ပြောင်းသုံးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်ပွဲအတွင်း အသက်ဘေးကနေ ခဲယဥ်းစွာ ဖြတ်သန်းခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေကို "သမိုင်းဝင် အမှတ်တရလက်ဆောင်" အဖြစ် ပေးအပ်ချင်လို့ပဲ ဖြစ်ပါတယ်။

🖋️ ၁။ ပထမဆုံး ဖောင်တိန်

Waterman´s Ideal Fountainpen(အနက်ရောင်စားပွဲတင်ဖောင်တိန်)-> ဖိလစ်ပိုင်စစ်ပွဲမှာ ဂျပန်တို့ထံ ဖမ်းဆီးခံရပြီး စစ်သုံ့ပန်းအဖြစ် ဒုက္ခခံခဲ့ရတဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျွန်နသန် ဝိန်းရိုက်တ် (Jonathan Wainwright) အား လက်မှတ်ထိုးပြီးချင်း ချက်ချင်း ပေးအပ်ခဲ့ပါတယ်။

🖋️ ၂။ ဒုတိယမြောက် ဖောင်တိန်

Waterman´s Ideal Fountainpen(အနက်ရောင်စားပွဲတင်ဖောင်တိန်)->စင်ကာပူကျဆုံးချိန်မှာ ဂျပန်တို့ထံ လက်နက်ချခဲ့ရပြီး ၃ နှစ်ကျော်ကြာ နှိပ်စက်ခံခဲ့ရတဲ့ ဗြိတိသျှဗိုလ်ချုပ်ကြီး အာသာ ပါစီဗယ် (Arthur Percival) အား လက်ဆောင်ပေးခဲ့ပါတယ်။ (လက်ရှိ ယူကေနိုင်ငံ၊ Cheshire စစ်ဘက်ဆိုင်ရာပြတိုက်မှာ ရှိပါတယ်)

🖋️ ၃။ တတိယမြောက် ဖောင်တိန်

Waterman´s Ideal Fountainpen(အနက်ရောင်စားပွဲတင်ဖောင်တိန်)-> ဝါရှင်တန်ဒီစီရှိ အမေရိကန် အမျိုးသားမော်ကွန်းတိုက် (National Archives) သို့ လှူဒါန်းခဲ့ပါတယ်။

🖋️ ၄။ စတုတ္ထမြောက် ဖောင်တိန်

Waterman´s Ideal Fountainpen(အနက်ရောင်စားပွဲတင်ဖောင်တိန်)-> အမေရိကန် ဝက်စ်ပွိုင့် (West Point) စစ်တက္ကသိုလ်ပြတိုက်သို့ လှူဒါန်းခဲ့ပါတယ်။

🖋️ ၅။ ပဉ္စမမြောက် ဖောင်တိန်

Sheaffer Balance -> စစ်ဘက်အရာရှိ ဗိုလ်ချုပ် ကော့တ်နီ ဝှစ်တ်နီ ထံမှ ခေတ္တငှားယူသုံးပြီး ပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတယ်။

🖋️ ၆။ ဆဋ္ဌမမြောက် ဖောင်တိန်

(အနီရောင် Parker Duofold Jr.) -> ဤဖောင်တိန်ကတော့ မက်အာသာရဲ့ ဇနီးဖြစ်သူ ပိုင်ဆိုင်တဲ့ ဖောင်တိန်ဖြစ်ပြီး ၎င်းရဲ့အမည် နောက်ဆုံးအက္ခရာကို ရေးထိုးပြီး ဇနီးဖြစ်သူထံ ပြန်ပေးခဲ့ပါတယ်။ (လက်ရှိ အမေရိကန် မက်အာသာ အထိမ်းအမှတ်ပြတိုက်မှာ ထိန်းသိမ်းထားပါတယ်)

💡 ဒါ့အပြင် ဒီလက်မှတ်ထိုးပွဲမှာ လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက် (၂) ချက်လည်း ရှိပါသေးတယ်
- ဇနီးဖြစ်သူရဲ့ ဖောင်တိန်ဟာ သက်တမ်း ၂၀ ကျော် ရှိနေပြီဖြစ်ခြင်း:
ဗိုလ်ချုပ်ကြီး မက်အာသာ နောက်ဆုံးအဆင့်မှာ အသုံးပြုခဲ့တဲ့ အနီရောင် Parker Duofold Jr. ဖောင်တိန်ဟာ ၁၉၂၈ ခုနှစ်လောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး စာချုပ်ချုပ်တဲ့အချိန် (၁၉၄၅) မှာ သက်တမ်း ၂၇ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူ အမြတ်တနိုး သုံးစွဲတဲ့ ဖောင်တိန်အဟောင်းလေး ဖြစ်ပါတယ်။

- စာချုပ်ထဲက အမှားတစ်ခုကြောင့် မက်အာသာ
ဒေါသထွက်ခဲ့ရပုံ:
ကနေဒါ ကိုယ်စားလှယ်က လက်မှတ်ထိုးတဲ့အခါ အမှားပြင်ဆင်ချက် စာကြောင်းပေါ်မှာ မှားယွင်းလက်မှတ်ထိုးခဲ့လို့ စာချုပ်ရဲ့ အောက်ခြေမှာ တရုတ်၊ ပြင်သစ်၊ နယ်သာလန် ကိုယ်စားလှယ်တွေပါ ကမောက်ကမ လိုက်ထိုးခဲ့ရဖူးပါတယ်။ ဗိုလ်ချုပ်ကြီး မက်အာသာက သမိုင်းဝင်စာချုပ်ကြီး အစုတ်ကြီး ဖြစ်သွားလို့ဆိုပြီး ထိုစဉ်က အတော်လေး မကျေမနပ် ဖြစ်ခဲ့ရပါတယ်။

ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ ဤဖောင်တိန်များနှင့် သမိုင်းဝင်ဖြစ်ရပ်သည် ယနေ့တိုင် ကမ္ဘာ့အမွေအနှစ် ပြတိုက်ကြီးများတွင် သမိုင်းသက်သေအဖြစ် စနစ်တကျ ရှိနေဆဲ ဖြစ်ပါသည်။


(Photo Credit: Official historic archives from DVIDS / National Archives / Cheshire Military Museum. Educational purposes only.)

ဖောင်တိန်ထဲသို့ Wyteboard Markerမှင် လုံးဝ လုံးဝ          မထည့်ပါနှင့်🖋️ဖောင်တိန်စတင်အသုံးပြုသူတွေ မှားလေ့ရှိတယ့်အမှား တ...
01/07/2026

ဖောင်တိန်ထဲသို့ Wyteboard Markerမှင် လုံးဝ လုံးဝ မထည့်ပါနှင့်🖋️

ဖောင်တိန်စတင်အသုံးပြုသူတွေ မှားလေ့ရှိတယ့်အမှား တခုရှိပါတယ်။Wyteboard Markerမှင်တွေကို ဖောင်တိန်ထဲ ထည့်အသုံးပြုမိလို့ ဖောင်တိန်ပျက်စီးသွားရခြင်းပါ။😢

ဖောင်တိန်မှင်

ကျွန်တော်တို့အသုံးပြုရတယ့်ဖောင်တိန်မှင်တွေက မှင်စီးဆင်းမှုလွယ်ကူအောင်နှင့် စာရွက်သားမှာ
စိမ့်ဝင်အောင်ရယ် ရည်ရွယ်ပြီး(Water base)ရေကိုအခြေခံ ထုတ်လုပ်ထားတယ့် မှင်တွေပါ။

Wyteboard Marker မှင်

Wyteboard Marker မှင်တွေကိုတော့ လေနဲ့ထိလိုက်တာနဲ့ တခဏအတွင်းခြောက်သွားအောင်လို့ Alcohol ဒါမှမဟုတ် Solvent တွေကိုအခြေခံပြီးထုတ်လုပ်ထားတာပါ။

Wyteboard Marker မှင်ဘာကြောင့်သုံးမရတာလဲ

ဖောင်တိန်ထဲသို့ Wyteboard Markerမှင်ကို ထည့်လိုက်ရင် မှင်ထဲမှာရှိတယ့် တခဏလေးနဲ့မှင်ခြောက်သွေ့စေတယ့် ဓာတုပစ္စည်းတွေက Fountain Pen ရဲ့ Nib နဲ့ Feedတွေကို အလွယ်တကူ တိုက်စားသွားပြီး ဖောင်တိန်ကို ပျက်စီးစေတတ်တာကြောင့် သုံးမရတာပါ။

ဖောင်တိန်တွေရေရှည်အသုံးခံအောင်

ဖောင်တိန်မှင်အသုံးပြုမှသာ ဖောင်တိန် တွေကရေရှည်အသုံးခံမှာပါ။ဒါကြောင့်​Wyteboard Marker Ink တွေကို ဖောင်တိန်ထဲလုံးဝ လုံးဝ မထည့်ပါနှင့်။

#ဖောင်တိန်မှင် #ဖောင်တိန်မှင်အသုံးပြုနည်း

22/06/2026

ပေးတယ့်သူရဲ့တန်ဖိုးကိုပါမြှင့်တင်ပေး
မယ့်BGSMyanmarရဲ့ လက်တလောဝင်ထားတယ့် Fountain Pen နှင့် Ballpen ဒီဇိုင်းလေးတွေ...

✍️Magnetic Pen Box လေးကိုဖွင့်လိုက်တာနဲ့တွေ့ရ
မယ့်Customizedစာသားလေးနဲ့ဖောင်တိန်လေးက
လက်ဆောင်ရသူကို``Wow!´´ခနဲဖြစ်သွားစေမှာပါ။

📌ကိုယ့်စိတ်ကြိုက်ဒီဇိုင်းလေးတွေလက်မလွတ်ရလေအောင်Penဒီဇိုင်းလေးကိုSaveပြီးcbမှာစိတ်ကြိုက်မေးမြန်းလို့ရပါတယ်နော်။

#လက်ဆောင် #အမှတ်တရလက်ဆောင်

Address

Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959758027850

Website

Alerts

Be the first to know and let us send you an email when B.G.S Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to B.G.S Myanmar:

Shortcuts

Share