Zin Zin Online Store

Zin Zin Online Store အရည်အသွေးကောင်းမွန်တဲ့ Korea made Cosmetics နဲ့ Clothing များကို စျေးနူန်းမှန်ကန်စွာ ဝယ်ယူနိူင်ပါပြီ�

အလှကုန်တွေပါရှင်😄
08/11/2021

အလှကုန်တွေပါရှင်😄

ကဲ ပြောပါအုံးမျက်တောင်ကော့ရင် ပါစပ်ဟထားရတဲ့ အကြောင်းလေး😂😂😂
16/10/2021

ကဲ ပြောပါအုံး

မျက်တောင်ကော့ရင် ပါစပ်ဟထားရတဲ့ အကြောင်းလေး😂😂😂

အဆီပြန်တဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲ🔎အဆီပြန်ရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင...
16/10/2021

အဆီပြန်တဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲ🔎

အဆီပြန်ရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်တယ် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်တယ် ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ skincare တွေသုံးနေလို့လဲ ဖြစ်နိုင်ပါတယ်🍁 ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အရှင်းမပျောက်ရင်တောင် သက်သာအောင်လုပ်လို့ရမဲ့ နည်းလမ်းတွေရှိပါတယ်😇

Oily skin သမားတွေ ဘယ်လိုအသားအရေပြဿနာတွေကြုံတွေ့ရသလဲ❓

ကျွန်တော်တို့ရဲ့အသားအရေမှာ ရေဓာတ်နဲ့အဆီဓာတ်ဆိုပြီး ၂မျိုးရှိပါတယ်🌟 အဲ့ ၂မျိုး balance ဖြစ်နေမှ ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်တယ်လို့ ပြောလို့ရပါတယ် ❗Oily skin သမားတွေရဲ့ပြဿနာက အဆီတွေပိုထုတ်နေတာပါ နဂိုထဲက အဆီဂလန်းက သူ့ဘာသာပိုထုတ်နေတာလဲ ဖြစ်နိုင်သလို ရေဓာတ်မရှိလို့ အစိုဓာတ်ထိန်းဖို့ ပိုထုတ်နေတာလဲ ဖြစ်နိုင်ပါတယ် အဆီတွေပိုထုတ်နေတော့ မျက်နှာက အဆီတွေပြန် အဲ့အဆီတွေနဲ့ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံ အဆီဖု ဆားဝက်ခြံ ပြဿနာတွေ ကြုံရတတ်ပါတယ်😞

ဘာတွေဆောင်ရ✅ ရှောင်ရ❌ မလဲ❓

1 Double cleansing လုပ်ပါ✅
အဆီတွေ အညစ်အကြေးတွေ ပြောင်ဖို့အရေးကြီးပါတယ် Makeup မလိမ်းဘဲ Sunscreen လိမ်းရင်ကို double cleansing လုပ်ပါ ဝက်ခြံမရှိရင် cleansing balm/oil သုံးပြီး ဝက်ခြံရှိရင် micellar water သုံးပါ
Water based cleanser ကို အသားမခြောက်စေဘဲ deep cleansing လုပ်ပေးနိုင်မဲ့ gel type or foam type ရွေးပါ

2 တစ်ရက်ကို မျက်နှာ၂ခါထက် ပိုမသစ်ပါနဲ့❌
ညကို double cleansing လုပ်ပါ မနက်ကို water based cleanser နဲ့ပဲ သစ်ပါ Oily skin သမားတွေက အညစ်အကြေးနဲ့အဆီတွေပြောင်ဖို့အတွက် တရက်ကို မျက်နှာ၂ခါသစ်ဖို့ လိုပါတယ် ၂ခါထက် ပိုသစ်လို့လဲ မရပါဘူး over washing လုပ်ရင် မျက်နှာက အဆီတွေပိုထုတ်ပါတယ်

3 တစ်ပတ်ကို 1ခါ 2ခါ Clay mask သုံးပါ✅
မျက်နှာပေါ်က ပိုနေတဲ့အဆီတွေကို စုပ်ယူဖို့ clay mask သုံးပါ ယေဘူယအနေနဲ့ clay mask လို့ ပြောပေမဲ့ mud mask, charcoal mask ကြိုက်တာသုံးလို့ရပါတယ် အဆီစုပ်တာချင်း အတူတူပါပဲ သုံးတဲ့အခါ မျက်နှာပေါ် ၁၀မိနစ်ထက်ပိုမထားပါနဲ့ မခြောက်ခင် ရေဆေးချပါ

4 Astrigent toner, Alcohol based toner တွေရှောင်ပါ❌
Toner သုံးတာအကျိုးရှိပေမဲ့ အသားအရမ်းခြောက်စေမဲ့ astrigents တွေ alcohol တွေပါတဲ့ toner တွေ ဝေးဝေးကရှောင်ပါ အသားခြောက်ရင် မျက်နှာက အဆီတွေပိုထုတ်ပြီး အဆီပြန်တာပိုဆိုးနိုင်ပါတယ်

5 Oil based serum တွေ face oil တွေရှောင်ပါ❌

6 Moisturizer 💦နေ့တိုင်းလိမ်းပါ✅
အဆီပြန်လို့ ရေဓာတ်မဖြည့်တာ လွှဲမှားတဲ့ အယူအဆပါ အဆီဓာတ်နဲ့ ရေဓာတ်မတူပါဘူး ရေဓာတ်မရှိရင် အဆီပိုထုတ်တဲ့အတွက် ရေဓာတ်ဖြည့်ဖို့လိုပါတယ် moisturizer ရွေးရင်လဲ humectants တွေ occlusives တွေပါတာရွေးပါ shea butter, oils တွေစတဲ့ emollients တွေပါတာ ရှောင်ပါ ပြီးတော့ ဘူးမှာ oil free, non-comedogenic (won't clog pores) ပါတဲ့ gel type moisturizer ရွေးပါ

7 အဆီထိန်းတဲ့ အဆီပြန်တာ သက်သာစေမဲ့ Niacinamide(2-5%), Green tea, salicylic acid, benzoyl peroxide ပါတဲ့ products တွေရှာဝယ်ပါ✅

8 Blotting Paper(အဆီစုပ်စက္ကူ) ဆောင်ထားပါ✅
အဆီပြန်ရင် သုတ်ဖို့ပါ အဆီတွေနဲ့ ချွေးပေါက်ပိတ်တာ သက်သာနိုင်ပါတယ် တနေ့တာလုံး မျက်နှာအဆီတွေတရွှဲရွှဲဖြစ်တဲ့ဒုက္ခကနေလဲ ကင်းဝေးစေပါတယ်

9 တစ်ပတ်ကို 1ခါ 2ခါ BHA ပါတဲ့ exfoliating product နဲ့
ဂျေးချွတ်ပါ✅
dead skin cells တွေကို နိုင်နိုင်ဖယ်ဖို့လဲ အရေးကြီးပါတယ် မဟုတ်ရင် dead skin cells တွေအဆီတွေရောထွေးပြီး ချွေးပေါက်တွေပိတ်ပြီး breakout ဖြစ်နိုင်ပါတယ်😖
အလွန်အကျွံမသုံးမိဖို့လဲ ဂရုစိုက်ပါ❗

Oily skin အတွက်ကတော့ ဒီလောက်ပါပဲ😘
နောက်ရက်တွေမှာ Dry skin, Combination skin တွေအတွက်လဲ လာပါမယ်👌🏻


❄️Some By Mi AHA.BHA.PHA 30 days Miracle Trucecica clear pad ❄️ 💚skin trouble ရှိတဲ့ သူတွေ ယားယံပြီးနီမြန်းတက်တဲ့ သူတွေ ...
15/10/2021

❄️Some By Mi AHA.BHA.PHA 30 days Miracle Trucecica clear pad ❄️

💚skin trouble ရှိတဲ့ သူတွေ ယားယံပြီးနီမြန်းတက်တဲ့ သူတွေ ဝက်ခြံအမာရွတ်ရှိတဲ့ သူတွေ အသုံးပြုလို့ရပါ တယ်

💚သူက ပုံမှန် toner ကိုမှ Pad ပါတဲ့အတွက် သပ်သပ်ထပ်ဝယ်စရာတောင်မလိုတော့ဘူး။

💚သူ့ရဲ့ pad လေးရဲ့အဖုလေးတွေပါတဲ့အခြမ်းကို dead cell တွေဖယ်ရှားဖို့ T Zone တဝိုက်မှာရှိတဲ့ အဆီလေးတွေဖယ်ရှားဖို့သုံးနိုင်ပါတယ်။ pad ရဲ့ ချောမွတ်နေတဲ့ ဘက်ကိုတော့ skin texture ကို refine ပြန်လုပ်ပေးဖို့သုံးနိုင်ပါတယ်

💚skin trouble ဖြစ်နေတဲ့ နေရာလေးတွေကို pad လေးနဲ့၅ -၁၀ မိနစ်လောက် တင်ပေးထားပြီး mask pad အနေနဲ့ လည်းသုံးလို့ရပါတယ်

💚Cica ပါဝင်လို့ ဝက်ခြံ အဆီဖု ရှိပြီး အဆီပြန် အသားအရေအတွက်အကောင်းဆုံးပါ

🇰🇷🇰🇷Made in Korea 💯Authentic

❄️70EA, 125ml - 25000ks❄️
👉🏻 Waiting time - 2weeks


❄️ Some By Mi AHA BHA PHA Real Cica 92% Cool Calming Soothing gel ❄️💚အခု Some By Mi ကနေ အသစ်စက်စက် ထွက်ထားတဲ့ Cool Calmi...
15/10/2021

❄️ Some By Mi AHA BHA PHA Real Cica 92% Cool Calming Soothing gel ❄️

💚အခု Some By Mi ကနေ အသစ်စက်စက် ထွက်ထားတဲ့ Cool Calming Soothing Gel လေးနဲ့ မိတ်ဆက်ပေးမယ်နော်

💚ဒီမှာက နေ့ဘက်ဆို ရာသီဥတုက အရမ်းပူတော့ ချွေးတပြန်ပြန် အဆီတဝင်းဝင်း ဖြစ်နေလို့ ဘာမှမလိမ်းချင်ဖြစ်နေရင် Soothing gel က မရှိမဖြစ်ပါပဲ ☀️

👉 သူလေးက နေလောင်ဒဏ်ကြောင့် အသားအရေ နီမြန်းတတ်တဲ့သူတွေ / Mask အကြာကြီး တတ်ထားရလို့ အသားအရေ ယားယံပြီး trouble skin ဖြစ်တတ်တဲ့သူတွေ / အဆီအရမ်းပြန်တတ်တဲ့သူတွေ အတွက် ရည်ရွယ်ပြီး ထုတ်ပေးထားတာပါ

ဒီ soothing gel လေးက Tiger Grass လို့ခေါ်တဲ့ အထိမခံတဲ့ အသားအရေတွေအတွက် calming & healing ဖြစ်စေတဲ့ နာမည်ကြီး Cica (မြင်းခွာရွက်) ကို 92% ပါဝင်တဲ့အပြင်

🌲Tea Tree Leaf Water, Mugwort Leaf Extract, Rosemary Leaf Oil ကြောင့် လိမ်းလိုက်ရင် အေးအေးလေးနဲ့ acne prone skin တွေအတွက် ကောင်းတယ်

🌲AHA BHA PHA ကြောင့် ဝက်ခြံ ဖြစ်စေတဲ့ မလိုအပ်တဲ့ sebum တွေ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေ ကို ဖယ်ရှား သန့်စင်ပေးပါတယ်

🌲Moisture Bomb လို့ခေါ်တဲ့ Hyaluronic Acid ကို 3 layers တောင်ပါဝင်လို့ ရေဓာတ်ပြည့်ဝပြီး စိုပြေကြည်လင်စေတယ်

သူ့ကို Daily moisture cream အတွက်သာမကပဲ
✔️ မျက်လုံးအောက် eye cool care အနေနဲ့သုံးမလား
✔️ဆံသားအတွက် moisturizing pack အနေနဲ့ပဲသုံးမလား
✔️ Sleeping pack or Body gel အနေနဲ့သုံးမလား

ဒီလို ဘက်စုံအသုံးဝင်တဲ့ multi gel လေးဖြစ်တာကြောင့် တစ်ဘူးလောက်‌‌ ဆောင်ထားလိုက်တော့နော်👌👌

🇰🇷🇰🇷Made in Korea 💯Authentic

❄️300ml - 21000ks❄️
👉🏻 Waiting time - 2weeks


gel

ကိုယ်ကြောင့်ကိုယ့်အသားရေက sensitive ဖြစ်နေတာလား? သို့မဟုတ်မွေးရာပါလား?𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 𝐒𝐤𝐢𝐧 𝟏𝟎𝟏: 𝐇𝐨𝐰 𝐭𝐨 𝐝𝐞𝐚𝐥 𝐰𝐢𝐭𝐡 𝐩𝐢𝐬𝐬𝐞𝐝 𝐨𝐟𝐟 𝐬𝐤...
15/10/2021

ကိုယ်ကြောင့်ကိုယ့်အသားရေက sensitive ဖြစ်နေတာလား? သို့မဟုတ်မွေးရာပါလား?
𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 𝐒𝐤𝐢𝐧 𝟏𝟎𝟏: 𝐇𝐨𝐰 𝐭𝐨 𝐝𝐞𝐚𝐥 𝐰𝐢𝐭𝐡 𝐩𝐢𝐬𝐬𝐞𝐝 𝐨𝐟𝐟 𝐬𝐤𝐢𝐧

--
Sensitive skin ဆိုတာဘာလဲ?

ရိုးရိုးပြောရမယ်ဆို အသားအရေတစ်ခုရောင်ရမ်းတာ (inflammation) နီတာ (redness) စပ်တာ (irritation) ထိခိုက်လွယ် sensitive ဖြစ်တယ်လို့ပြောကြတယ်။ ဒါမယ့်ဒီမှာတင်ပြီးမသွားပါဘူး ကိုယ့်အသားအရေရောင်ရမ်းတာ ပတ်ဝန်းကျင်အပြောင်းလဲကြောင့်လား (environmental factors) ပစ္စည်းအသစ်သုံးမိလို့ယားတာ/စပ်တာလား (contact dermatitis) သို့မဟုတ် skincare ပစ္စည်းထဲက အမွှေးနံတွေ နဲ့ အပင်ကထွက်တဲ့အဆီ (fragrance + essential oils) တွေကိုမတည့်တာလား (allergic contact dermatitis)

မင်မင်ရဲ့ skin ဆိုရာသီဥတု အပြောင်းလဲ ၊ ရေအပြောင်းလဲ နဲ့ essential oils တွေကိုတော်တော်လေး sensitive ဖြစ်တယ်။ သူငယ်ချင်းအိမ်သွားလည်လို့မျက်နှာသစ်မိရင်ချက်ချင်း မိတ်ဖုပုံစံလေးတွေ (hives) အရည်ကြည်ဖုလေးတွေမျက်နှာမှာပေါက်လာတတ်တယ်။

--
Sensitive vs. Sensitised skin

❣️ အဓိကွာခြားချက်ကတော့ sensitive skin ရှိတဲ့သူတွေကမွေးရာပါ genetics နဲ့ ဆိုင်ပြီး sensitised skin က ကိုယ်တစ်ခုခုလုပ်မိလို့ skin barrier ယာယီပျက်စီးသွားတာပါ။

--
ဒါဆို skin က sensitive ဖြစ်နေတုန်းကိုဘယ်လိုထိန်းသိမ်းရမလဲ?

1. Stick to 1 routine (skincare ပစ္စည်းလိမ်းစဉ်တစ်ခုပဲထားပါ)

ကိုယ့်အတွေ့အကြုံအရ sensitive skin တွေက “constant” ပုံမှန်ဖြစ်နေတဲ့ environment ကိုကြိုက်တယ် “changes” အပြောင်းလဲတွေကိုသိပ်ခံနိုင်ရည်မရှိဘူး။ ဥပမာ ခရီးတွေခဏခဏထွက်လို့ရာသီဥတုပြောင်းတာ ၊ diet တစ်ရက်နဲ့တစ်ရက်အရမ်းပြောင်းစားတာ ၊ သူငယ်ချင်းတွေဟိုဟာကောင်းတယ် ဒီဟာကောင်းတယ် ဟိုဟာလိုက်သုံးခိုင်း ဒီဟာလိုက်သုံးခိုင်းလို့ မျက်နှာပေါ်ပစ္စည်းတွေခဏခဏပြောင်းသုံးတာတာဆိုရင်စပြီးဒုက္ခရောက်ပြီ။

❣️ Product တစ်ခုမသုံးခင်အရင်လေ့လာပါ 🙏🏻 တစ်ယောက်နှင့်တစ်ယောက်မှာအသားရေကွာခြားတာလေးတွေရှိပါတယ်။ ကိုယ်ပစ္စည်းတစ်ခုမဝယ်ခင် ဘာ ingredients ပါလဲ ၊ ဘယ်လိုသုံးရမှာလဲ

>>> ဘာရည်ရွယ်ချက်နဲ့သုံးမှာလဲ

မင်မင်ကအကြားအမြင်ရလို့ မလိုဘူးနော်😬😅
13/10/2021

မင်မင်ကအကြားအမြင်ရလို့ မလိုဘူးနော်😬😅

09/10/2021
📍၁၀လပိုင်း ၉ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံရဲ့ '한글날(Hangeul Day)’🇰🇷တောင်ကိုရီးယားမှာတော့ နှစ်စဉ် အောက်တိုဘာလ ၉ရက်နေ့ကို ကိ...
08/10/2021

📍၁၀လပိုင်း ၉ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံရဲ့ '한글날(Hangeul Day)’🇰🇷

တောင်ကိုရီးယားမှာတော့ နှစ်စဉ် အောက်တိုဘာလ ၉ရက်နေ့ကို ကိုရီးယားအက္ခရာနေ့ '한글날(Hangeul Day)’လို့ သတ်မှတ်ကြပါတယ်။
ကိုရီးယားနိုင်ငံဟာဆိုရင် ကိုယ်ပိုင်အက္ခရာကို စတင်တီထွင်သူကိုရော တီထွင်ခဲ့တဲ့ ခုနှစ်ကိုရော အတိအကျသိတဲ့ နိုင်ငံပဲဖြစ်ပါတယ်။
ကိုရီးယားစာလုံးကို စတင် တီထွင်ခဲ့တာကတော့ ‘세종대왕(ဆယ်ဂျုံးမင်းကြီး)’ပဲ ဖြစ်ပါတယ်။

၁၄၄၆ခုနှစ်၊ ဂျိုဆွန်းခေတ်အတွင်းမှာ တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။
စတင် တီထွင်ခဲ့တုန်းကတော့ ‘훈민정음(Hunminjeongeum)’လို့ ခေါ်ခဲ့ပါတယ်။
‘ပြည်သူတွေအတွက် မှန်ကန်သော အသံ သင်ကြားမှု’လို့ အဓိပ္ပာယ်ရပါတယ်။
ဂျိုဆွန်းခေတ်မှာဆိုရင် ကိုရီးယားနိုင်ငံက ကိုယ်ပိုင်အက္ခရာမရှိတာကြောင့် တရုတ်အက္ခရာကို သုံးခဲ့ရပါတယ်။
တရုတ်အက္ခရာဟာ အရေးအသား အလွန်ခက်ခဲပြီး အထက်တန်းလွှာက လူတွေသာ သင်ကြားခွင့်ရတာကြောင့် နိုင်ငံတွင်းမှာရှိတဲ့ သာမန်လူတန်းစားတွေ လက်လုပ်လက်စားတွေအတွက် စာပေတတ်မြောက်ဖို့ဆိုတာ အလွန်ခက်ခဲခဲ့ပါတယ်။
ဒါကြောင့် ‘ဆယ်ဂျုံးမင်းကြီး’ဟာ လူတန်းစားမရွေး စာတတ်မြောက်ဖို့အတွက် ကိုယ်ပိုင်အက္ခရာကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ‘한글(Hangeul)’လို့ ပြောင်းလဲခေါ်လာခဲ့ပါတယ်။
ဆယ်ဂျုံးမင်းကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုရီးယားပိုက်ဆံ တစ်သောင်းတန်ပေါ်မှာလည်း ဆယ်ဂျုံးမင်းကြီးရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။

ဒါ့အပြင် ၂၀၀၉ခုနှစ်မှာ ကိုရီးယားအက္ခရာ ပေါ်ပေါက်တာ ၅၆၃နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ‘ဆယ်ဂျုံးမင်းကြီး’ရဲ့ ရုပ်ထုကို ကြေး တန် ၂၀နဲ့ ပြုလုပ်ပြီး ဆိုးလ်မြို့အလယ်မှာ ရှိတဲ့ 광화문광장(Gwanghwamun Square)မှာ ထားရှိပါတယ်။
ဒီ ရုပ်ထုဟာဆိုရင် အမြင့် ၆.၂မီတာရှိပြီး ရုပ်ထုရဲ့ အောက်ခံ ဘေးပတ်ပတ်လည်မှာတော့ ကိုရီးယားအက္ခရာစာလုံးတွေကို ထွင်းထားပါတယ်။

‘한글날(Hangeul Day)’ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကိုရီးယား ယဉ်ကျေးမှု ပြတိုက်တွေမှာ ကိုရီးယားစာလုံး လက်ရေးလှပြိုင်ပွဲနဲ့ ဟောပြောပွဲတွေ၊ ရိုးရာအကဖျော်ဖြေပွဲတွေကို ကျင်းပလေ့ရှိကြပါတယ်။
광화문광장(Gwanghwamun Square)မှာ ရှိတဲ့ ‘ဆယ်ဂျုံးမင်းကြီး’ရဲ့ ရုပ်ထုကို လာရောက်လည်ပတ်ကြည့်ရှုခြင်းတွေကိုလည်း ပြုလုပ်ကြပါတယ်။

#10월9일한글날
💜

သင်သုံးနေတဲ့မျက်နှာသစ်ဆပ်ပြာကသင်နဲ့သင့်တော်ရဲ့လား--🔅 Hello Glow Fam! 🔅Let’s Glow! မှ ပထမဦးဆုံး post အနေနဲ့ အားလုံး ကျန်...
08/10/2021

သင်သုံးနေတဲ့မျက်နှာသစ်ဆပ်ပြာကသင်နဲ့သင့်တော်ရဲ့လား

--
🔅 Hello Glow Fam! 🔅

Let’s Glow! မှ ပထမဦးဆုံး post အနေနဲ့ အားလုံး ကျန်းမာပြီး glow နေတဲ့အသားရေလေးတွေရစေဖို့ skincare tips လေးတွေမျှဝေချင်ပါတယ်

Skincare မှာအရေးကြီးဆုံး step ကတော့ Cleansing ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ် တခြားဘာမှမလိမ်းခင်အရင်ဆုံး ဖုန် ၊ အညစ်အကြေးများ၊ အဆီ (excess sebum) ၊ ဆဲလ်သေဆဲလ်ဟောင်းများ နှင့် ဘက်တီးရီးယားပိုးများ ကိုဖယ်ရှားပေးရပါတယ်။ မျက်နှာကိုနေ့စဉ်ပုံမှန်သန့်စင်ပေးရင် မျက်နှာပေါ်ရှိချွေးပေါက်များလည်းပိတ်ဆို့မှုနည်းသွားမယ်။ တခြား skincare ပစ္စည်း (serums) တွေလည်းအရေပြားရဲ့နက်ရှိုင်းတဲ့အလွှာတွေကိုပိုပြီးစိမ့်ဝင်နိုင်စေပါတယ်။ အခု Cleansing ရဲ့ benefits တွေအခုအားလုံးသိသွားတော့မင်မင်တို့ မျက်နှာသစ်တဲ့ tips လေးတွေဆက်ပြီးရှယ်ပါရစေ 🙏🏻

🌟 မျက်နှာမကိုင်ခင်လက်ကိုအရင်ဆေးပါ

ဥပမာ ညစ်ပတ်နေတဲ့အဝတ်စတစ်ခုနဲ့ မျက်နှာပြင်တစ်ခုကိုသုပ်မိရင် အဝတ်စပေါ်ကပ်နေတဲ့ အညစ်အကြေးနဲ့ဘက်တီးရီးယားတွေကမျက်နှာပြင်ပေါ်ကိုရောက်သွားနိုင်သလို မသန့်ရှင်းသောလက်ဖြင့်မျက်နှာကိုဆေးမိရင် လက်မှာကပ်ပါလာတဲ့အညစ်အကြေးတွေကို မျက်နှာပေါ်ရှိချွေးပေါက်များထဲတွန်းပို့သလိုဖြစ်နိုင်ပါတယ်။

🌟 မျက်နှာသစ်ရင်အခန်းအပူချိန်ရေ သို့မဟုတ် ကြက်သီးနွေးရေလေးကိုဘဲသုံးပါ

ရေပူနဲ့သစ်ရင်မျက်နှာကိုရေဓာတ်ခန်းခြောက်စေပါတယ် — အရေပြားမှထွက်တဲ့သဘာဝအဆီများကိုလိုတာထက်ပိုပြီးစုပ်ယူသွားတော့အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ကြက်သီးနွေးရေက ရေပူလောက်မျက်နှာကိုမခြောက်သွေ့စေဘဲ မျက်နှာပေါ်ရှိအညစ်အကြေးတွေကို ညင်ညင်သာသာနှင့်လုံလောက်စွာလျော့ပါးပေးပါတယ်။ သင့်အရေပြားနီရဲတာလွယ်လျှင်မျက်နှာပေါ်ရှိသွေးကြောများကိုယာယီကျဉ်းအောင်ရေအေးဖြင့်သစ်လို့လည်းရပါတယ်။

🌟 Double cleansing သေချာလေးလုပ်ပါ

မိတ်ကပ် နှင့် Sunscreen ပုံမှန်လိမ်းဖြစ်ရင် double cleansing (မျက်နှာ ၂ ခါ သစ်တာ) သေချာလေးလုပ်ဖို့တိုက်တွန်းချင်ပါတယ်။ တချို့ရေစိုခံနိုင်သည့် make up/sunscreen တွေကို ရေဖြင့်အခြေခံပြုလုပ်ထားတဲ့ water-based cleanser တွေကလုံလောက်စွာမဖယ်ရှားမပေးနိုင်ပါဘူး။ အရင်ကတော့ make up remover/wipes တော်တော်များများ alcohol ပါဝင်သောကြောင့် သုံးပြီးရင်မျက်နှာတွေကြမ်းပြီးအရေပြားတွေပါခြောက်သွေ့လာပါတယ်။ Make up wipes တွေသုံးတာများရင်လည်းမျက်နှာကိုပွတ်တိုက်ခြင်းဖြင့်ရောင်ရမ်းပြီးနီရဲလာစေနိုင်ပါတယ်။ Make up wipes သုံမယ့်အစား အဆီ နှင့် ပြုလုပ်ထားသော cleansing oil ၊ cleansing balm သို့မဟုတ် micellar water တို့စသည့်ပစ္စည်းများကိုအရင်သုံးပေးပါ။ ဒုတိယအကြိမ်ကိုကြမှ ကိုယ်နဲ့သင့်တော်တဲ့ cleanser ဆက်ပြီးအသုံးပြုနိုင်ပါတယ်။

🌟 မျက်နှာသစ်ရင်အနည်းဆုံး ၁ မိနစ်လောက် သစ်ပေးပါ

မျက်နှာသစ်ရင် မျက်နှစ်သစ်ဆပ်ပြာကို သေချာလေးမျက်နှာ, လည်ပင်း နှင့် မေးရိုးတဝိုက် မှာ ၁ မိနစ်လောက် လက်ချောင်းနဲ့စက်ဝိုင်းပုံစံလေးဖြင့်နှိပ်ပေးပါ။ ဒါဆို မွေးညင်းပေါက်ထဲမှာပိတ်ဆိုနေတဲ့ ဖုန် နဲ့ အညစ်ကြေးတွေလည်း ဆပ်ပြာနဲ့ကပ်ပါလာပြီး ရေနဲ့ဆေးလိုက်ရင် တခါတည်းပါသွားမှာပါ။ လက်နဲ့သာသာလေးပွတ်နှိပ်ချင်းအားဖြင့် မျက်နှာကိုသွေးလည်ပတ်မှုကိုတိုးတက်စေပြီး ဖောရောင်ခြင်းကိုလျှော့ချစေပါတယ်။

🌟 Tissue သို့မဟုတ်သီးသန့်မျက်နှာသုတ်ပဝါနဲ့ဘဲသုတ်ပါ

မျက်နှာကိုဆေးပြီးနောက် မျက်နှာစိုအိအိလေးဖြစ်ရုံလောက်ပဲသုတ်ရင်ရပါတယ်။ အချို့ဆံပင်သုံးပစ္စည်း (ပျော့ဆေး conditioner, hair treatment အဆီ) များကလည်းမျက်နှာပေါ်ရှိချွေးပေါက်များကိုပိတ်ဆို့စေနိုင်တာကြောင့် မျက်နှာသုတ်ပဝါ နဲ့ ဆံပင် ၊ ခန္ဓာကိုယ်သုတ်ပဝါတွေကိုသက်သက်ခွဲထားစေချင်ပါတယ်။

--
How to pick a cleanser for your skin?

အခုအားလုံး cleansing အကြောင်းကိုတော်တော်လေးသိသွားပြီ ဒါဆို .. ကိုယ့်ရဲ့အသားရေနဲ့သင့်တော်တဲ့ cleansers လေးတွေဘယ်လိုရွေးရမှာလဲ 🤔

1. Skin Type (အသားရေအမျိုးအစား)

တစ်ယောက်နှင့်တစ်ယောက်မှာအသားရေကွာခြားတာလေးတွေရှိပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ review တွေ ကောင်းတယ်လို့ပြောတဲ့ပစ္စည်းတွေမသုံးခင် အရင်ဆုံးကိုယ့်ရဲ့အသားရေအမျိုးသစားသိဖို့လိုပါတယ်။ ဥပမာ silicone ပါတဲ့ ပစ္စည်းတွေက dry skin အတွက်အသုံးပြုတည့်ပေမယ့် oily/acne prone skin အတွက်ဆိုသုံးရတာအဆင်မပြေပါဘူး။ Skin type တွေကို အလွယ်ဆုံး ၅ မျိုးလောက်ခွဲလို့ရပါတယ်။

Dry — ခြောက်သွေ့သောအသားရေ
Normal — ပုံမှန်အသားအရေ
Oily — အဆီပြန်သောအသားရေ
Combination — မျက်နှာတချို့နေရာအဆီပြန်ပြီး တချို့နေရာခြောက်သွေ့သောအသားရေ
Sensitive — ထိခိုက်ရောင်ရမ်းလွယ်သောအသားရေ

Skin type ၂-၃ မျိုးရှိတဲ့လူတွေလည်းရှိပါတယ်။ မင်မင်ဆိုရင် combination oily/sensitive skin ပါ။

❣️အရေပြားဆိုတာခန္ဓာကိုယ်မှာအင်္ဂါ (body organ) အကြီးဆုံးဖြစ်သောကြောင့် ရာသီ၊ ဒေသ၊ အသက်ရွယ်၊ ကိုယ်စားတဲ့ diet အပေါ်မူတည်ပြီးအမြဲပြောင်းလွှဲနေပါတယ်။ ဒါကြောင့်မို့တစ်ခါတစ်လေကိုယ်အမြဲသုံးနေကြ skincare ပစ္စည်းတွေရုတ်တရက်ကိုယ်နဲ့အသုံးမတည့်တော့တာလေးတွေဖြစ်သွားတတ်ပါတယ်နော်။

2. Skin Concerns (ကိုယ့်မျက်နှာမှာပြုပြင်စေချင်သောအရာ)

ကိုယ်ပစ္စည်းတစ်ခုမဝယ်ခင်ကိုယ်ကဘာလို့ဒီပစ္စည်းကိုဝယ်တာလဲ? ဘယ်နေရာတွေသုံးရမှာလဲ? ဘယ်လိုသုံးရမှာလဲ? ဘယ်လောက်အချိန်ထိသုံးရမှာလဲဆိုတာလေးတွေလည်းထည့်စဉ်းစားပေးသင့်ပါတယ်။ ကိုယ့်မျက်နှာက ချွေးပေါက်ကျယ်လား (enlarged pores), ညစ်နေလား (dullness), အမဲစက်အမာရွတ်တွေများလား (hyperpigmentation), ဝက်ခြံပေါက်လား (acne), အရေးအကြောင်းလိုင်းများရှိနေလား (fine lines) လို့အရင်ဆုံးသေချာကြည့်ရှုလေ့လာမှကိုယ်နဲ့သင်တော်တဲ့ပစ္စည်းလေးတွေရွေးသုံးနိုင်မှာ​ပေါ့။ မဟုတ်လို့ရှိရင်ဝယ်ထားပြီးသားပစ္စည်းကိုယ်နဲ့မတည့်လို့မသုံးဖြစ်တာ expire ဖြစ်သွားတာလိုမျိုးလေးတွေခဏခဏဖြစ်မှာဆိုးလို့ပါ
---

to owner

Beauties လေးတို့အတွက် အရွယ်တင်ပြီး နုပျိူသွားစေတဲ့လျှိုဝှက်ချက်လေးကို မင်မင်ကပြောပြပေးမယ်နော်💁‍♀️💁‍♀️🤎Tonymoly Black Tea...
08/10/2021

Beauties လေးတို့အတွက် အရွယ်တင်ပြီး နုပျိူသွားစေတဲ့လျှိုဝှက်ချက်လေးကို မင်မင်ကပြောပြပေးမယ်နော်💁‍♀️💁‍♀️

🤎Tonymoly Black Tea Serum
(50ml)🤎

ဒါကတော့ Tonymoly ကထုတ်တဲ့အရမ်းကောင်းတဲ့ Serumလေးပါနော်

🔸သူက74%အချဉ်ဖောက်ထားတဲ့ Black Tea လေးကိုသုံးထားလို့အသားအရေကိုတင်းရင်းစေတာမို့ အရေးအကြောင်းရှိတဲ့ သူတွေအတွက် အသင့်တော်ဆုံးပါပဲ

🔸အသားအရည်အတွက် ကောင်းကျိူးအများကြီးရစေတဲ့ Niacinamide ဆိုတဲ့ ကောင်လေးပါလို့ အမဲစက်တင်းတိပ်တွေ လျော့ပါးစေပြီး စိုပြေတင်းရင်စေပါတယ်👌🏻 အဆီပြန်ခြင်းကိုထိန်းပေးပြီးအရေးအကြောင်းကိုလျှော့ချပေးပြီးအသားလေးကိုလည်းကြည်လင်စေပါတယ်

🔸Anti Aging series မို့ အသက် ၂၅နှစ်အထက်ကနေစပြီး အသုံးပြုဖို့
မင်မင်ကအကြံပေးပါရစေနော်🤗

Serum အကြောင်းအသေးစိတ်သိချင်ရင် 👇🏻👇🏻👇🏻 ဒီမှာဖတ်ပါနော်
https://www.facebook.com/104413698556048/posts/155700306760720/

🇰🇷🇰🇷Made in Korea 💯Authentic

🤎50ml - 23500ks🤎
👉🏻 Waiting time - 2weeks



🍃Innisfree Green Tea Seed Serum (30)ml🍃ဒါလေးကတော့ Innisfree ရဲ့ Green Tea Line ထဲကမှ လူကြိုက်များပြီး Review ကောင်းတွေရရ...
07/10/2021

🍃Innisfree Green Tea Seed Serum (30)ml🍃

ဒါလေးကတော့ Innisfree ရဲ့ Green Tea Line ထဲကမှ လူကြိုက်များပြီး Review ကောင်းတွေရရှိထားတဲ့အတွက်ကြောင့် Best Seller အဖြစ်နာမည်ကြီးနေတဲ့ ☘️Green Tea Seed Serum ☘️လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။

ဒီ Serum လေးကိုသုံးဖူးသူတိုင်းကြိုက်နှစ်သက်ကြရတဲ့ အကြောင်းရင်းလေးတွေကတော့🤩🤩🤩

🌿 ဂျယ်ဂျူကျွန်းမှထွက်ရှိတဲ့ သဘာဝလက်ဖက်စိမ်းကို အရည်ညှစ်ကာဖော်စပ်ထုတ်လုပ်ထားတာတဲ့ Serum ဖြစ်တဲ့အတွက် အသားအရည်ရဲ့ ဟိုးအတွင်းပိုင်းထိအားဖြည့်ပေးနိုင်စွမ်းရှိပြီး ကြည်လင်စိုပြေတဲ့အသားအရည်လေးကိုရရှိစေမှာဖြစ်ပါတယ်။

🌼 လိမ်းလိုက်တာနဲ့ စေးကပ်ကပ်ဖြစ်မနေစေပဲ အသားပေါ်မှာစိုစိုအိအိလေးနဲ့စိမ့်ဝင်မှုအားကောင်းတဲ့အတွက် မျက်နှာပေါ်မှာလိမ်းလို့လိမ်းထားမှန်းမသိသာအောင် ပေါ့ပါးနေစေမှာဖြစ်လို့ နေ့ရောညပါလိမ်းပေးလို့အဆင်ပြေပါတယ်။

🌺 မွှေးရနံ့သင်းသင်းလေးကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေရုံမကပဲ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် Oily Skin သမားတွေအတွက်တော့ highly recommend ပါပဲနော်။

💦 အသားအရည်ကို ရေဓါတ်အပြည့်အဝဖြည့်စွမ်းပေးနိုင်စွမ်းရှိတယ်

👩‍🦰 နေ့စဉ်ပုံမှန်အသုံးပြုပေးမယ်ဆိုရင် အရေးအကြောင်းများလျော့ပါးလာပြီး စိုပြေဝင်းမွတ်တဲ့ မျက်နှာအသားအရည်လေးကို ပိုင်ဆိုင်လာစေမှာပဲဖြစ်ပါတယ်။

💚💚Serum အကြောင်းအသေးစိတ်သိချင်ရင် 👇🏻👇🏻👇🏻 ဒီမှာဖတ်နော်
https://www.facebook.com/104413698556048/posts/155700306760720/

🇰🇷🇰🇷🇰🇷 Made in Korea 💯Authentic

☘️30ml - 11500ks ☘️



Address

Thamine
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959951002559

Website

Alerts

Be the first to know and let us send you an email when Zin Zin Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share