STZ online shop

STZ online shop ဝေဖန်ပါလမ်းပြပါ

ကိုယ်ကာယနဲ့ ပိုက်ဆံရှာရင် ရိုးသားပါ။ဦးနှောက်နဲ့ ပိုက်ဆံရှာရင် ပါးနပ်ပါ။ပိုက်ဆံကို ပိုက်ဆံနဲ့ ရှာရင် ပြတ်သားပါ၊ တိကျပါ။လ...
26/08/2025

ကိုယ်ကာယနဲ့ ပိုက်ဆံရှာရင် ရိုးသားပါ။

ဦးနှောက်နဲ့ ပိုက်ဆံရှာရင် ပါးနပ်ပါ။

ပိုက်ဆံကို ပိုက်ဆံနဲ့ ရှာရင် ပြတ်သားပါ၊ တိကျပါ။

လက်အောက်ငယ်သားတွေနဲ့ ပိုက်ဆံရှာရင်
ပွင့်လင်းပါ ။

သင်ဘယ်လောက်ချမ်းသာနေပါစေ။
ဒီစာကို ဖတ်ဖြစ်အောင် ဖတ်ပါ။

အိမ်မက်ထဲအထိ စွဲမြဲနေအောင် မှတ်သားထားပါ။

ပိုက်ဆံစုဆောင်းခြင်းက ပိုက်ဆံရှာခြင်းထက် ပိုခက်ခဲပါတယ်။

တစ်သိန်းစုမိဖို့ဆိုတာ မိုးပေါ်တက်ဖို့ထက် ခက်ခဲပေမဲ့ တစ်သိန်းသုံးလိုက်ဖို့က ရေသောက်တာထက် ပိုလွယ်ပါတယ်။

ဒါကြောင့် သုံးလို့ရနေသေးတဲ့ဖုန်းကို မကြာမကြာ အသစ်မလဲချင်နဲ့။

အိမ်မှာစားလို့ရတဲ့ အစားအသောက်ကို အပြင်ထွက် မစားနဲ့။

ပိုက်ဆံရှာဖို့ ခက်ခဲလာတဲ့ ခေတ်ကြီးမှာ ချွေတာသင့်တာကို ချွေတာပါ၊ မသုံးသင့်တာကို မသုံးပါနဲ့။

စုထားတဲ့ ငွေရဲ့ ကိန်းဂဏန်းတွေ တိုးလာလေလေ သင့်ရဲ့မနက်တိုင်းဟာ ကြည်လင်စွာ နိုးထနိုင်လေလေပါ။

ဒါကြောင့် သင့်ရဲ့ ငွေသုံးချင်တဲ့လက်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခြင်းဟာ သင့်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုပါပဲ။

ကိုးကား - တရုတ်ရိုးရာ ငွေကြေးအဆုံးအမများ

လတ်တလော သတိထားရတော့မယ့် ‎အဆင့်မြင့် kpay ဟက်ခြင်း...(အရမ်းအဆင့်မြင့်တယ်နော် Codeချပေးတာတောင် မရတော့ဘူး သတိထားကြပါ)‎‎ဒီနေ...
05/08/2025

လတ်တလော သတိထားရတော့မယ့် ‎အဆင့်မြင့် kpay ဟက်ခြင်း...
(အရမ်းအဆင့်မြင့်တယ်နော် Codeချပေးတာတောင် မရတော့ဘူး သတိထားကြပါ)

‎ဒီနေ့မနက် ဆိုင်ဖွင့်တော့ လာနေကြ ကာစတန်မာ
တစ်ယောက် မျက်စိပျက် မျက်နှာပျက်နဲ့ အကိုရေ လုပ်ပါအုန်း kpay ထဲမှာ ပိုက်ဆံတွေ မရှိတော့လို့တဲ့။
‎ကျွန်တော်က kpay ရုံးကဆိုပြီး ဖုန်းဆက်လား? Code တွေမေးလား? လို့ မေးတော့ ဘယ်သူ့မှ ဖုန်းမဆက်ဘူးတဲ့။
‎အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ kpay ယူကြည့်တော့ logout ဖြစ်‌တာနဲ့ တခါထဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံက ရှိနေသေးတယ်၊ တခါထဲ ထုတ်မယ်ဆိုပြီး ရိုက်နေတဲ့အချိန် kpay code ထပ်ကျလာပြီး သူ့ဘာသာ other phone မှာ login ဝင်သွားပြီလို့ ပြောတယ်။ ကျွန်တော်လဲ အမြန် code ပြန်ချပြီး ပြန်ဝင်တော့ ဒီတခါလဲ ဟိုဘက်က code ထပ်ချပြီး ပြန်ယူသွားပြန်ရော၊ အဲ့ဒါနဲ့ ကာစတန်မာကို အမြန်မေးရတယ်၊ အကို ဖုန်းထဲ ညက ဘာapk တွေ downထားသေးလဲလို့၊ သူ့အိမ်နားက ကောင်လေးတော့ game တခု ထည့်ထားတယ်လို့ပြောတယ်။ အဲ့ဒါ ကျွန်တော့်ကိုပြဆိုပြီးတော့ သူပြတဲ့ စလော့ဂိမ်းapk ကို ဖျက်ပြီး နောက်တခါထပ်ဝင်တော့ code ထပ်ပြီး မကျတော့ဘူး၊တခါထဲ pin No ပါ ချိန်းပေးလိုက်တယ်။အဲ့ချိန်မှ သူ‌လဲ အပူလျော့သွားရှာတယ်။ kpay ဟက်တာ ခုမှ ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးတော့တယ်။ ဖုန်းထဲကျတဲ့ code ကို လုံးဝ ဖုန်းဆက်မမေးဘူးနော်၊ ချက်ချင်းကျ ချက်ချင်း logout ဖြစ်သွားတာ၊ ကိုယ်မသိတဲ့ apk တွေ မdown ကြပါနဲ့၊ စလော့ဂိမ်းတွေ ဆော့ရင်လဲ permission တွေ ဇွတ်မပေးကြပါနဲ့။အရမ်း အဆင့်မြင့်တယ်နော် သတိထားနေကြပါ။

30/07/2025

ဆေးသောက်လျှင် သတိထားရမည့်အရာများ
********************************
ပါမောက္ခဒေါ်ခင်ဖြူ ( မြင်းခြံ )

ဆေးသောက်လျှင်
ရေနဲ့ သောက်ရမည်ကို
မသိသူမရှိ သို့သော်
လွယ်ကူ၍အရေးကြီးသော
ကွင်းဆက်ကို မေ့လျော့သည့်အတွက်
ဆေးအာနိသင် ရသင့်သလောက်
မရသည့်အပြင် အစာမျိုပြွန်ကို
ထိခိုက်နိုင်သည်။

ဆေးပြားသည် သာမာန်
အားဖြင့် အဓိက ဆေးမူန့်နဲ့
ပုံသွင်းမူန့် ( ကော်မူန့်/ သကြား)
စသည်တို့ကို ဖိ၍ ပုံသွင်းထားခြင်း
ဖြစ်သည်။

ဆေးအာနိသင် မြန် နှေး ပြင်း ပျော့သည်
အဓိက ဆေးမူန့်၏ အစာအိမ်
အူလမ်းကြောင်း တလျောက် စုပ်ယူခံရမူ
အမြန်နူန်းပေါ်တွင် မူတည်သည်။

ဆေးပြားသည် သွေးအတွင်းသို့
စုပ်ယူမခံရမီ အစာအိမ်နဲ့
အူလမ်းကြောင်းတွင် သေးငယ်သော
ထောင်သောင်း
မကသော အမူန်ငယ်များအဖြစ်
ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ
သွေးထဲ စုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီးရေများများသောက်မှ
သွေးထဲသို့ စုပ်ယူခံရမူ ပိုမိုမြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ
ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့်
အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။
ပြီးမှ ဆေးကို ရေများများနဲ့
သောက်ခြင်းဖြင့်
အာနိသင် မြန်ဆန်
ထက်မြက်စေနိုင်မည်။

ရေသောက်နည်းလျှင်
ဆေးပြားဆေးတောင့်တို့သည်
အစာမျိုပြွန် အစာအိမ်နံရံတွင်ကပ်နေနိုင်ပြီး
ထိခိုက်ဒါဏ်ရာ ရစေနိုင်သည်။
ဥပမာ - အက်စ်ပရင်./ ပရိုဖင် /
အကိုက်အခဲပျောက်ဆေးမျိုးစုံ
ပရီနိုစလုံးဆေး. ကင်ဆာရောဂါကု
ရူဘီဒိုမိုက်စင် စသည်တို့ဖြစ်သည်။

၁။ လှဲလျှက်ဆေးမသောက်ရ
ဆေးသောက်သည့်အခါ မတ်တပ်ရပ်လျှက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရမည်။
လှဲလျှက်ဆေးမသောက်ရ - ဆေးသောက်ပြီး
ချက်ခြင်းမလှဲရ အနည်းဆုံး ၃ မိနစ် ၅ မိနစ် ဆက်လက် ထိုင်နေသင့်သည်။

နာတာရှည်ရောဂါသည်နှင့်
အစာမျို ခက်ခဲသူများသည်
ဆေးအရည်ကို သောက်သင့်သည်။

၂။ အိပ်ခါနီးဆေးသောက်ချိန်

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင်
ဆေးသောက်ပြီး နှစ်မိနစ် သုံးမိနစ်ခန့်
သွားလာ လူပ်ရှားပြီးမှ အိပ်သင့်သည်။

၃။ ဆေးနဲ့ တွဲ၍ မသောက်သင့်သည့်
အရာများ

၁) ဆေးကို နွားနို့နဲ့ မသောက်သင့်ပါ.
နွားနို့တွင် ပရိုတင်းဓာတ်နဲ့
ဖက်တီးအက်ဆစ်ပါသည့်အတွက်
ဆေးမူန့်လေးများ၏ ပတ်ပတ်လည်တွင်
အမြေးပါး တထပ်နဲ့ အပေါ်ကို
အုပ်ဆောင်းထားတတ်သည်။

ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာ ပါဝင်သော
ကယ်လ်စီယမ်ဓာတ် မီးစုန်းဓာတ်.
သံဓာတ်တို့သည်လည်း အချို့ဆေးဝါး
ပစ္စည်းများနဲ့ ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန်
ခက်ခဲသောဆားများ
အဖြစ်သို့ ဓာတ်ပြောင်းလဲ သွားနိုင်ပါသည်။

၂ ) ဟင်းရည် လက်ဖက်ရည်. ကော်ဖီ. ရေနွေးကြမ်း အချိုရည် ဘိလပ်ရည်တို့နှင့်
ဆေးကို မသောက်ရ ရေနွေးနွေးနင့်သာ
သောက်သင့်ပါသည်။

ဆာလ်ဖာ ဆေးဝါးသောက်လျှင်
ကြောကျတညျုခွငျးမှ ကာကွယ်ရန်
အထူးသဖြင့် ရေများများ ပိုသောက်ရမည်။အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် - (၁၅၀၀မီလီမီတာ )- ထိုနေ့တွင်
သောက်ရမည်။ သို့မှသာ သွေးကျဲ
ဆီးရွှင် ကျောက်ကပ်ကို ကာကွယ်ရာ
ရောက်မည်။

၃ ) အကိုက်အခဲပျောက်ဆေး.
အဖျားကျဆေးများ သောက်လျင်လည်း
ရေများများ သောက်ရန် လိုအပ်သည်။
ကိုယ်ပူကျပြီး ချွေးများများ
ထွက်သောအခါ ရှော့ခ် ဖြစ်ခြင်း
မှ ကာကွယ်နိုင်မည်။

၄ ) မည်သည့်ဆေးကို သောက်သည်ဖြစ်စေ
ရေများများ သောက်ရမည်ဟူ၍ မဟုတ်ပါ။
အချို့ ချောင်းဆိုး ပျောက်ဆေးသည်
သောက်ပြီး ၅ မိနစ်ကြာမှ
ရေသောက်ရသည်။

ထို့ကြောင့် ဆေးအာနိသင်
ကောင်းစေရန် ဆေးပေးသူကို
ဆေးသောက်ရမည့်
အချိန် နည်းလမ်းတို့ကို သေချာ မေးမြန်းပြီး မှတ်သား လိုက်နာရမည် ဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊
#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည်
#ကျန်းမာရေးဗဟုသုတများ

#ကျန်းမာရေး
ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)

Facebook အစား ဒီ Website ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါလူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာ...
16/07/2025

Facebook အစား ဒီ Website ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ

လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။

ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

ဘာသာစကားအသစ်တွေ လေ့လာမိသလား? တခြားအရည်အသွေးတွေ မြင့်တက်လာသလား?

အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV
www.unplugthetv.com

ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare
www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People
www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow
www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia
www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump
www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder
www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera
www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor
www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX
www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။

Credit: အခရာ

 #ရေကို ကြိုချက်  #အအေးခံပြီး ရေနွေးဖြူ အဖြစ်ပြန်သောက် တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင်အောင်သောက် သင်တို့ခန္ဓာကို...
15/07/2025

#ရေကို ကြိုချက် #အအေးခံပြီး ရေနွေးဖြူ အဖြစ်ပြန်သောက်
တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်
ဝင်အောင်သောက်
သင်တို့ခန္ဓာကိုယ်က
ရောဂါအားလုံးနီးနီး
သွေးတိုး ဆီးချို
#ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း
လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး
ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့
သောက်ရပါ့မည်။

#ရေနွေးအဖြူ၏ ကောင်းကျိုး

မနက်စောစော အိပ်ယာထချိန် ဗိုက်ဗလာဖြစ်ချိန်
ကြိုထားသည့်ရေနွေး 600ml ငါးကြင်းဖန်ခွက် ၂ခွက် နီးပါး သောက်သုံးသင့်ပါသည်။အကျင့််မရ
သေးခင် မသောက်နိုင်ပေမယ့် ကျင့်သားရသွား
လျှင်သောက်နိုင် သွားပါလိမ့်မည်။

#အထူးသတိပြုရန်

ရေနွေးသောက်ပြီးချိန်{ 30~ 45 }မိနစ်အတွင်း
မည်သည့်အစားအစာမှ မစားပါနှင့်။

ပျောက်ကင်းသည့်ဝေဒနာများ

၁။ ဝက်ရူးပြန်ရောဂါ
၂။ စိတ်ဖိစီးမှုများခြင်း
၃။ သွေးကြောပိတ်ခြင်း
၄။ အစာအိမ်ပြဿနာများ
၅။ အမျိုးသမီးဓမ္မတာများ
၆။ ခေါင်းတခြမ်းကိုက်ခြင်း
၇။ သွေးပေါင် တိုး/တက် ခြင်း
၈။ အဆစ်အမြစ်ကိုက်ခဲခြင်း
၉။ နှလုံးခုန်ရုတ်တရက်မြန်ခြင်း
၁၀။ ကိုလက်စထရောများခြင်း
၁၁။ ချောင်းဆိုးပန်းနာကြပ်ခြင်း
၁၂။ နား/လည်ချောင်းရောဂါများ
၁၃။ မျက်လုံးမကြည်အားနည်းခြင်း
၁၄။ အစာစားချင်စိတ်ပျောက်ဆုံးခြင်း
၁၅။သာအိမ်ခေါင်းနှင့်သားအိမ်ရောဂါများ

#အာမခံထားသည်ရက်စွဲများ

၁။ ဆီးချို/သွေးတိုး ၃၀-ရက် အတွင်း
၂။ အစာအိမ်ပြဿနာ ၁၀-ရက် ။
၃။ ကင်ဆာမှန်သမျှ ၉-လ ။
၄။ သွေးကြောပိတ်ခြင်း ၆-လ ။
၅။ အစာစားချင်စိတ်မရှိ ၁၀-ရက် ။
၆။ သားအိမ်ရောဂါများ ၁၀-ရက် ။
၇။ အမျိုးသမီးဓမ္မတာ ၁၅-ရက် ။
၈။ နား/လည်ချောင်း ၁၀-ရက် ။
၉။ နှလုံးရောဂါ ၃၀-ရက် ။
၁၀။ခေါင်းတခြမ်းကိုက် ၃-ရက် ။
၁၁။ကိုလက္စထေရာက် ၄-လ ။
၁၂။ဝက်ရူး/သွပ်ချာပါဒ ၉-လ ။
၁၃။ပန်းနာရင်ကြပ် ၄-လ ။

#ရေအေးရဲ့ဆိုးကျိုးများ

ရေအေးသည် နုငယ်ရွယ်စဉ်မှာ သင့်ကိုမထိခိုက်စေပေမယ့် အသက်ကြီးလာတဲ့အခါ သင့်ကိုဘေး
ဒုက္ခကောင်းကောင်းပေးပါလိမ့်မည်။ ရေအေး
သည် နှလုံးသွေးပြန်ကြော (၄)ခုကို ပိတ်စေပြီး
နှလုံးအမောဖောက်ခြင်းကို ဖြစ်စေသည်။ ရေအေးသောက်ခြင်း နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ရေအေးသည် အသည်းပြဿနာများကို ဖြစ်စေသည့်အပြင် အသည်းထဲမှာ
အဆီတွေစုစေသည်။အသည်းအစားထိုးကုသမှုခံယူရန် စောင့်ဆိုင်းနေသူအများစုသည် "ရေအေးသောက်ခြင်းကြောင့် အစာအိမ်အတွင်းပိုင်းနံရံများ
ကို ထိခိုက်စေသည်။ ရေအေးသည် အူမကြီးကိုထိခိုက်စေသည့်အပြင် ကင်ဆာကိုဖြစ်စေသည်။ OIIIIIIA အဖွဲ့မှ ဂျပန်ဆရာဝန်များက ရေနွေးအဖြူသည် 100% ထိရောက်မှုရှိကြောင်း အတည်ပြုခဲ့သည်။

#ကျန်းမာရေးဗဟုသုတရကြပါစေ
ူရင်း

ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ အကြမ်းဖျင်းသိထားရန်========================ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3 နှလုံးအတွက်...
15/07/2025

ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ အကြမ်းဖျင်းသိထားရန်
========================

ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3

နှလုံးအတွက် = CoQ10 , Magnesium, Garlic

အာရုံကြော = Ginkgo , B12

အသည်း = Milk thistle , Tumeric , Liver Detox

အဆုတ် = Acetylcystine

ဆံပင် ခြေသည်း လက်သည်း= Biotin

အသားရည်လှပဖို့ = placenta extract, collegen , hair skin nail

အစာခြေစနစ် အစာအိမ် /ကိုယ်ခံအားတတ်စေဖို့= Probiotic , နွယ်ချို , oxbile , HCL pepsin, Digestive enzyme

အမျိုးသား 50ကျော်= Arginine

အမျိုးသမီး 50ကျော်= ဒေါင်းကွေးမြစ်

အိပ်ပျော်ဖို့ = Melatonin

အရိုး အဆစ်အမြစ်အတွက် = Glucosamine , Boswellia ,D3&K2, UCII ( အ ရွတ် )

အားဆေးသောက်မယ်ဆို = Zinc ပါတာ
ရွေးသောက်ပါ

သည်းခြေကျောက်တည် = Apple Cider Vinegar

ဆီးချို အတွက် = Cinnamon

အသည်းအဆီဖုန်း = Vitamin E , Vitamin D3 , Lecitin

အနာကျက် သွားဖုံးသွေးယို =Zinc , Vitamin C

မျက်စိအတွက် = Lutein, zeaxanthin

ဆီးကျိတ်အတွက် = saw palmetto+Bee Pollen

သွေးအားကောင်းဖို့ = Chlorella, Folate , iron

ဆီးလမ်းကြောင်းအတွက် = Cranberry

ရာသီလာစဉ် နာကျင်တာသက်သာဖို့ =Evening Primrose oil

အားကစားသမားများအတွက်=BCAA

Credit မူရင်း

 #ရှားပါးပစ္စည်းလေး ဝက်ခြံတွေကို ၇ ရက်အတွင်း ရှင်းပစ်မယ့် Acnes Creamy Wash 😎😎Creamy Wash လေးမှာဆိုရင် Salicylic Acid, N...
12/07/2025

#ရှားပါးပစ္စည်းလေး


ဝက်ခြံတွေကို ၇ ရက်အတွင်း ရှင်းပစ်မယ့် Acnes Creamy Wash 😎😎
Creamy Wash လေးမှာဆိုရင် Salicylic Acid, Niacinamide နှင့် Zinc Gluconate တို့ပါဝင်တာကြောင့် ချွေးပေါက်အတွင်းမှာရှိတဲ့ အဆီပိုတွေ၊
ဆဲလ်သေတွေကြောင့် ဖြစ်လာတဲ့ ဝက်ခြံတွေကို ဖယ်ရှားပေးပြီး
အရေပြားဆဲလ်အသစ်များကို ဖြစ်ပေါ်စေတဲ့အပြင် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပါတယ်😊

ဒါ့အပြင် ဘက်တီးရီးယားပိုးတွေကိုလဲ သေစေပြီး ဝက်ခြံတွေ ထပ်မဖြစ်အောင် ကာကွယ်ပေးသေးတယ်ဆိုတော့ ပြစ်မျိုးမှဲ့မထင် လှပစေဖို့ Acnes Creamy Wash ကို အမြဲဆောင်ထားတော့နော်😍😊

🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢🟢

💁‍♀️ အမြဲလှနေဖို့အတွက် အလှကုန်ပစ္စည်းလေးတွေ မှာယူလိုပါက Viber/telegram ကတဆင့် Order မှာယူလိုပါက 👇
⭐အလှကုန်ပစ္စည်းဈေးတွေ အချိန်နဲ့တပြေးညီသိနိုင်ဖို့ 👇
📌Telegram channel Link : https://t.me/stzwholesales001
📌 Viber channel Link : https://invite.viber.com/?g2=AQBIiZtKiNPYVVIVLUDNB4jMBIILAIPPsmoTEg6RtWqkTMurvweN5wsA5tN4CjQ%2F

🍀 ဆိုင်မှာကိုယ်တိုင်လည်းလာရောက်အားပေးလို့ရပါတယ်နော်
☎️ 09421743049
🛒 ဂျိုးသိန်း
📍 ပတ္တမြားဈေး (ဃ)ရုံ ရွှေပြည်သာမြို့






 #ရှားပါးပစ္စည်းပြန်ရောက်
14/06/2025

#ရှားပါးပစ္စည်းပြန်ရောက်

14/06/2025

✅ပြည်ပကိုပါဆယ်ပို့မယ်သူတွေအတွက်ပစ္စည်းကောင်းလေးရောက်ပါတယ်နော်👍

✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️

💁‍♀️ အမြဲလှနေဖို့အတွက် အလှကုန်ပစ္စည်းလေးတွေ မှာယူလိုပါက Viber/telegram ကတဆင့် Order မှာယူလိုပါက 👇
⭐အလှကုန်ပစ္စည်းဈေးတွေ အချိန်နဲ့တပြေးညီသိနိုင်ဖို့ 👇
📌Telegram channel Link : https://t.me/stzwholesales001
📌 Viber channel Link : https://invite.viber.com/?g2=AQBIiZtKiNPYVVIVLUDNB4jMBIILAIPPsmoTEg6RtWqkTMurvweN5wsA5tN4CjQ%2F
🍀 ဆိုင်မှာကိုယ်တိုင်လည်းလာရောက်အားပေးလို့ရပါတယ်နော်
☎️ 09421743049
🛒 ဂျိုးသိန်း
📍 ပတ္တမြားဈေး (ဃ)ရုံ ရွှေပြည်သာမြို့

#ဇစ်ပါပါကင်အိတ်



 # HM Product လေးတွေပြန်ရပါပြီးနော်တျဲတို့😘😘😘     ♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️💁‍♀️ အမြဲလှနေဖို့အတွက် အလှကုန်ပစ္စည်းလ...
11/06/2025

# HM Product လေးတွေပြန်ရပါပြီးနော်တျဲတို့😘😘😘







♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️

💁‍♀️ အမြဲလှနေဖို့အတွက် အလှကုန်ပစ္စည်းလေးတွေ မှာယူလိုပါက Viber/telegram ကတဆင့် Order မှာယူလိုပါက 👇
⭐အလှကုန်ပစ္စည်းဈေးတွေ အချိန်နဲ့တပြေးညီသိနိုင်ဖို့ 👇
📌Telegram channel Link : https://t.me/stzwholesales001
📌 Viber channel Link : https://invite.viber.com/?g2=AQBIiZtKiNPYVVIVLUDNB4jMBIILAIPPsmoTEg6RtWqkTMurvweN5wsA5tN4CjQ%2F
🍀 ဆိုင်မှာကိုယ်တိုင်လည်းလာရောက်အားပေးလို့ရပါတယ်နော်
☎️ 09421743049
🛒 ဂျိုးသိန်း
📍 ပတ္တမြားဈေး (ဃ)ရုံ ရွှေပြည်သာမြို့
✅ Google map ကလည်းရှာလို့ရပါတယ်နော်
📍 16.954253,96.074677







❤️❤️❤️ကဲချစ်တိုရေအရမ်းရောင်းနေရတဲ့ ဆပ်ပြာလေးပြန်ရောက်နေပြီနော်သဲတို့😘😘😘🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿💁‍♀️ အမြဲလှနေ...
03/05/2025

❤️❤️❤️ကဲချစ်တိုရေအရမ်းရောင်းနေရတဲ့ ဆပ်ပြာလေးပြန်ရောက်နေပြီနော်သဲတို့😘😘😘

🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿🇨🇿

💁‍♀️ အမြဲလှနေဖို့အတွက် အလှကုန်ပစ္စည်းလေးတွေ မှာယူလိုပါက Viber/telegram ကတဆင့် Order မှာယူလိုပါက 👇
⭐အလှကုန်ပစ္စည်းဈေးတွေ အချိန်နဲ့တပြေးညီသိနိုင်ဖို့ 👇
📌Telegram channel Link : https://t.me/stzwholesales001
📌 Viber channel Link : https://invite.viber.com/?g2=AQBIiZtKiNPYVVIVLUDNB4jMBIILAIPPsmoTEg6RtWqkTMurvweN5wsA5tN4CjQ%2F
🍀 ဆိုင်မှာကိုယ်တိုင်လည်းလာရောက်အားပေးလို့ရပါတယ်နော်
☎️ 09421743049
🛒 ဂျိုးသိန်း
📍 ပတ္တမြားဈေး (ဃ)ရုံ ရွှေပြည်သာမြို့
✅ Google map ကလည်းရှာလို့ရပါတယ်နော်
📍 16.954253,96.074677




Address

Yangon

Website

Alerts

Be the first to know and let us send you an email when STZ online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share