27/05/2026
Corporate လောကမှာ သုံးနေကျ
“Nobody is indispensable” ဆိုတဲ့
ဒီစကားကို လူအတော်များများပြောလေ့ရှိကြပါတယ်
ဒီအယူအဆ ကို လူတိုင်းက လက်မခံပေမဲ့
လူတစ်ချို့က လက်ခံပါတယ်
နေရာတိုင်းမှာ မည်သူကိုမဆိုအစားထိုးလို့ရတဲ့သူတွေရှိတယ်
ဒါပေမယ့် စေတနာ ပါပါနဲ့ လုပ်ပေးခဲ့တဲ့သူတယောက်ရဲ့
တန်ဖိုးကို တော့ လွယ်လွယ်နဲ့ အစားထိုးလို့ မရပါဘူး။
ဒီနေရာ ဒီရာထူးအတွက်
အလုပ်လုပ်နိုင်တဲ့သူတွေ များပြားစွာရှိပေမယ့်
ဒီအလုပ်ကိုပဲ နှလုံးသားနဲ့ လုပ်ပေးတတ်တဲ့သူက ရှားတယ်။
လူတယောက် positions တခုလုပ်နေခဲ့တယ်
သူ မရှိတော့ရင်
သူ့ရဲ့ အလုပ်နေရာ၊ သူ့ position၊ သူ့ရဲ့ responsibility တွေကို တခြားသူနဲ့ အစားထိုးနိုင်ပါတယ်။
ဒါပေမယ့်
စိတ်စေတနာနဲ့ လုပ်ပေးတတ်တဲ့သူ၊
အဖွဲ့အစည်းကို ကိုယ့်အလုပ်လို သဘောထားပြီး
တာဝန်ယူတတ်တဲ့သူရဲ့ value ကိုတော့
လွယ်လွယ်နဲ့ အစားထိုးမရပါဘူး
“လူကိုအစားထိုးလို့ရတယ် ဒါပေမယ့် စေတနာထားတဲ့ စိတ်ရှိသူမျိူးကိုတော့အစားထိုးဖို့ခက်ပါတယ်”🫡
လစ်လစ်နေရာမှာ မည်သူကိုမဆို ချက်ချင်း အစားထိုးလို့ရတဲ့သူတွေ အဆင်သင့်ရှိနေတယ်🙂↔️
ဟုတ်ပါတယ် ……..အခုမျက်မှောက်ခေတ်ပိုဆိုးပါတယါ
လုံးဝ ငြင်းမရပါဘူး။ 🙂↔️
မိုးပျံအောင်တော်နေ ထက်နေလဲ ပြုတ်ခံထိပါတယ်🙂↔️
သူ့အတွက် အလုပ်လုပ်နေသော်ညား
လုပ်ရမဲ့ အတူတူ စေတနာပါပါနဲ့ မိမိတာဝန် ကို အကောင်းဆုံး ကျေပျွန်စွာ လုပ်ပေးလိုက်ပါ။ 🍃
ကိုယ်ထားရှိခဲ့တဲ့စိတ်တဲ့
တန်တဲ့အရာ တစ်နေ့တော့ ရမှာပါ
အကျိုးမယုတ်လောက်ပါဘူး🍃
゚