July Moe Online Shopping

July Moe Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from July Moe Online Shopping, Shopping & retail, Latha Street, Yangon.

17/09/2023
16/09/2023

အတိတ်လှခဲ့ရဲ့လားလို့
ဘယ်တော့မှ မေးမှာမဟုတ်ဘူး
ကိုယ်ပေးတဲ့ အရိပ်က
သူ့ကို ပျော်စေချင်ရုံ
အေးချမ်းစေရုံပဲ

ဘယ်သူနဲ့ဘယ်တုံးကဆိုပြီး
ခပ်ညံ့ညံ့အမေးတွေနဲ့
သံသယတွေ တွေးမနေဘူး
ကိုယ်ရွေးတဲ့လူက
ကိုယ်ဘက်မှာရှိနေတဲ့ လူဆိုရပြီ

ခန္ဒာကြီးကို ချစ်နေတာမဟုတ်ဘူး
သူ့ရဲ့ ကိုယ့်ပေါ်ထားတဲ့
စိတ်လေးကို ချစ်တာလေ

ဧည့်သည်တွေပဲလေ
ကိုယ်မပိုင်တဲ့အရာတွေအပေါ်မှာ
ကိုယ်စိတ်တိုင်းကျဖို့ထက်
ကိုယ်နဲ့အဆင်ပြေဖို့ပဲလိုတယ်

ဘယ်လောက်သက်တမ်းရှိတဲ့ ပန်းတွေမို့
ပင်မြင့်ပန်းတွေ
မြေခပန်းတွေ ခွဲခြားနေတာလဲ
တကယ် တန်ဖိုးထားရင်
ဘယ်ချိန်နမ်းနမ်း
အဲ့ပန်းလေးလှပါတယ်

သင်္ခါရတွေပဲလေ

ကဗျာ နှင့် စာတစ်မျက်နှာ / ညို့သခင်

13/09/2023

ကမ္ဘာပေါ်မှာ.......
အပျော်ဆုံးကဘာလဲဆိုရင်
မင်းစောင့်နေတဲ့လူကလည်း
မင်းကိုစောင့်နေတာဖစ်ပီး......

မင်းသတိရနေတဲ့လူကလည်း
မင်းကိုသတိရနေမယ်......

မင်းချစ်နေတဲ့လူကလဲ
မင်းကိုအရမ်းချစ်တဲ့လူဖစ်ပါလိမ့်မယ်.......🥰

07/09/2023

ဘဝကို “ရတယ် ဘာမှမဖြစ်ဘူး”ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်
တစ်ယောက်ယောက်က ငါ့ကို လာချစ်ပီး
တခြားတစ်ယောက် ​ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူး ပဲ
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ဒိုးသွားလည်း
“ရတယ် ဘာမှမဖြစ်ဘူး”ပဲ
မိဘက အလိုမလိုက်လည်း
“ရတယ် ဘာမှမဖြစ်ဘူး”
ရည်းစားက မချစ်တော့လည်း
“ရတယ် ဘာမှမဖြစ်ဘူး”
သူငယ်ချင်းက စိမ်းသွားရင်လည်း
“ရတယ် ဘာမှမဖြစ်ဘူး”
ငါ ဘာမှကို မဖြစ်သွားဘူး
တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း

ဆက်သွယ်လို့မရတဲ့အချိန်တွေမှာလည်း ကျွန်တော်သူ့ကိုလွမ်းပါတယ်။အဆက်အသွယ်ပြတ်ခြင်းဆိုတာ အပြင်က ဆက်သွယ်နိုင်တဲ့ အရာဝတ္တုပစ္စည်...
06/09/2023

ဆက်သွယ်လို့မရတဲ့အချိန်တွေမှာလည်း ကျွန်တော်သူ့ကိုလွမ်းပါတယ်။

အဆက်အသွယ်ပြတ်ခြင်းဆိုတာ အပြင်က ဆက်သွယ်နိုင်တဲ့ အရာဝတ္တုပစ္စည်းတွေ၊ App တွေနဲ့ ဆက်သွယ်လို့မရတာထက် စိတ်ခြင်းအဆက်အသွယ်ပြတ်သွားတာက ပိုဆိုးတယ်မှတ်လား။

ကျွန်တော်က လွမ်းတယ်ဆိုပေမယ့် ဘယ်တော့မှ ဘာနဲ့မှဆက်သွယ်ဖို့မကြိုးစားတော့သလို သူလည်း ကျွန်တော့်ကို ဆက်သွယ်ဖို့ စိတ်ကူးမရှိတော့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

မေ့နိုင်ခြင်း မမေ့နိုင်ခြင်းဆိုတာထက် ကျွန်တော်တို့တွေရင့်ကျက်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ငယ်ငယ်တုန်းကမသိခဲ့တဲ့ ရင့်ကျက်ခြင်းတွေမှာ ဒီလောက်ရက်စက်ခြင်းတွေပါလိမ့်မယ်လို့ အရင်တုန်းက မသိခဲ့ရိုးအမှန်ပါ…..

ဒီလိုမှန်းသိခဲ့ရင် ကျွန်တော်ဟာ ဘယ်တုန်းကမှ ရင့်ကျက်အောင် ကြိုးစားခဲ့မိမှာမဟုတ်ဘူးမှတ်လား…..

06/09/2023

မမေ့နဲ့
ပေးနိုင်တာ ပေးလို့
ကျွေးနိုင်တာကို ကျွေးပြီး
ကူညီနိုင်တာ ကူညီလိုက်မယ်။

ဒါပေမယ့်
လူတွေရဲ့ အကြောင်းကို
ကောင်းကောင်း သိလာတော့...

လူတိုင်းကို
ရင်ဘတ်ကြီးနဲ့ မပေါင်းဖြစ်တော့ဘူး။

လူတစ်ချို့ဟာ
လိုတာ ရပြီးလို့.
အကြိုက်ကို မလိုက်နိုင်တော့တဲ့ အခါ

ရင်ဘတ်ကြီးနဲ့ ရင်းပြီး
ပေါင်းသင်းမိတဲ့ ကိုယ့်ရင်ကိုပဲ
နာကျင်စေတာ များလာလို့ပါ။

တစ်ဖြည်းဖြည်း
သိသိလာမိတာက

အကြိုက်တွေ
ပေးနေပေမယ့် စရိုက်တွေ
မတူရင် ပေါင်းလို့မရနိုင်ဘူး ဆိုတာရယ်

လောကမှာ
လူတွေ အများကြီး ရှိပေမယ့်
ရင်ဘတ်ချင်း တူသူက
အနည်းစုပဲ ရှိနိုင်တယ် ဆိုတာ

05/09/2023

အတိတ် တဲ့
မဟုတ်ပါဘူး...
ကျနော် ညင်သာစွာ ရေရွတ်မိတယ်

" အဆိပ်..."
သေစေတဲ့ဆေးရည်သောက်ရသလိုပါပဲ
တခါတွေးရင် တခါသေတယ်

အဲ့သည်လိုမျိုး ခင်ဗျားနဲ့ ပတ်သက်ရင်
ကျနော်က ဝဋ်ရယ်ကံရယ်ကြီးပါတယ်
မတွေးချင်ပေမယ့် မေ့မရတဲ့ ဒီစိတ်တွေကြောင့်
အကြိမ်ကြိမ်တွေးမိနေခြင်းပါပဲ...

(Daffodils)

02/12/2022

😍😍

ချည်သား ဇစ်ဆွဲ အသားကောင်း 8 ရောင် 8 ထည် ၁ စီး ws.၇၁၀၀❤️❤️❤️
23/01/2021

ချည်သား ဇစ်ဆွဲ အသားကောင်း 8 ရောင် 8 ထည် ၁ စီး ws.၇၁၀၀❤️❤️❤️

🏆ဖလံကွက်လက်ရှည် အသားကောင်း🏆အကွက်ဆန်း လူငယ်ကြိုက်🏆ဒီဇိုင်းလန်Size Colour as per photos 🏆WS 5500 for 6💟💟
23/01/2021

🏆ဖလံကွက်လက်ရှည် အသားကောင်း
🏆အကွက်ဆန်း လူငယ်ကြိုက်
🏆ဒီဇိုင်းလန်Size Colour as per photos
🏆WS 5500 for 6💟💟

Address

Latha Street
Yangon

Telephone

+959981941006

Website

Alerts

Be the first to know and let us send you an email when July Moe Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share