14/04/2023
တခါက ရေးခဲ့ဘူးတဲ့ တင်းတိတ်အကြောင်းလေး
မဝင်းမင်းသန်းရဲ့ တင်းတိတ်အကြောင်း interview လေးတွေ့လို့ ပြန် share ပေးလိုက်ပါတယ်နော် ☺️
အရေးကြီးသတင်းထဲရောက်သွားလျှင်ကျော်သွားပေးပါရှင် 😊
စျေးရောင်း post မဟုတ်ပဲ knowledge post လေးတင်ပေးချင်လို့ပါရှင့် 😬
တလောက admin ကိုအစ်မတစ်ယောက်က "တင်းတိတ်" နဲ့ပက်သက်ပြီး ဘယ်ဟာကောင်းလဲ ဘယ်ဟာပျောက်လဲ လာမေးလို့ 🥺
admin ဘယ် skincare ကိုမှ မညွှန်လိုက်ပါဘူး 😂 (စျေးကအဲ့လိုရောင်းတာ )
ဘာလို့လဲသိချင် ဆက်ဖတ်ပေးနော် 😬
ဒီနေ့ admin သိသလောက် "တင်းတိတ်" အကြောင်းလေး short to the point အတိုလေးပြောပြချင်စိတ်ပေါ်လာလို့ပါ 🤪
"တင်းတိတ်" အကြောင်းပြောရရင် Prevention Is Better Than Cure ပါပဲ ☹️
မဖြစ်ခင်ထဲက ကာကွယ်တာ အကောင်းဆုံးပါ ..
တင်းတိတ်ဖြစ်ခြင်းရဲ့ အများဆုံး အကြောင်းအရင်းက နေရောင်ခြည်ပါပဲရှင့် 🌞
အဲ့တော့ Sunscreen ကအရမ်းကိုအရေးကြီးပါတယ် ..
တချို့ကလည်းပြောတယ် sunscreen လိမ်းတယ် ဖြစ်တယ်ပေါ့နော် တချို့ကလည်း sunscreen မလိမ်းပေမဲ့ မဖြစ်ဘူး ❓
ဒါကတော့ လူတိုင်းရဲ့ အရေပြား sensitivity ခံနိုင်တဲ့နှုန်းမတူကြတာလည်းပါသလို sunscreen ကကော တကယ် effective ဖြစ်လား ဆိုတာလည်း ပြန်စဉ်းစားရပါမယ် ‼️
ကိုယ်သုံးတဲ့ sunscreen expired ဖြစ်နေလား SPF လုံလောက်ရဲ့လား လည်း ပြန်စစ်သင့်သလ်ု လိမ်းတဲ့ amount ရော လုံလောက်လား ပြန် check ရမယ်နော် ‼️
admin ဖတ်ဖူးသလောက်ဆို sunscreen က skincare steps တွေထဲမှာ amount အများဆုံးသုံးပေးရတယ် 🥲လက်နှစ်လုံးစာလောက်ကို များများသုံးရတယ် ..ပြီးတော့ top up ပြန်ပြန်လိုက်ရတယ်ပေါ့နော် 😒 အဲ့လောက်တော့ လုပ်းအဆင်မပြေပေမဲ့ မနှေမြောပဲ များများတော့လိမ်းရမယ်နော်...ဒါက ကာကွယ်တာ 😍
အဲ့ဒါဆို ဘာမှ လုပ်လို့မရတော့ဘူးလား ဆိုတော့လည်း အဲ့လိုတော့မဟုတ်ပေမဲ့ အရှင်းပျောက်ဖို့တော့ ခက်တယ်လို့ ပြောချင်တယ် 😊
တင်းတိတ်ကို aesthetics clinic တွေမှာ laser treatment ယူလို့ရတယ် ဒါပေမဲ့ မထိန်းသိမ်းရင် ပြန်ဖြစ်တတ်တယ် skin ပေါ်မူတည်ပြီးလည်း ပြန်ဖြစ်တတ်သေးတယ် 🥲
Skincare အနေနဲ့ဆို Retinol ပါတာတွေက တင်းတိတ်သက်သာတယ်လို့ ဖတ်ဖူးတယ် ဒါပေမဲ့ retinol က risk များတယ် ကိုယ်ဝန်ဆောင် မသုံးသင့် (တချို့ married အစ်မတွေ pregnant ဖြစ်မှန်းမသိ ဖြစ်နေချ်န် သုံးမိရင် သန္ဓေသားအတွက် အန္တရာယ်ရှိတယ် အဲ့လိုပါ) Do & Don't တွေများတော့ သုံးမယ်ဆို တတ်သိနားလည်တဲ့ လူနဲ့ တိုင်ပင်ပါလို့ပြောချင်တယ် 😇
နောက်ထပ်လုပ်လို့ရသလောက်ဆို AHA weak acid လိုပါတာမျိုးနဲ့ peeling လုပ်ပေးရင် ကြာလာရင် ပါးသွားတယ် (ဒါလေးကတော့မဆိုးဘူး လုပ်လို့ရတယ် လွယ်တယ် )
peeling / scrub တိုက်ပေးပါ
Skincare ကိုမှ brightening effect ပေးတဲ့ဟာမျိုးလေးတွေ ရွေးသုံးပေးပါ ( vit c , niacinmide etc )
အရေးကြီးဆုံး sunscreen သေချာလေးလိမ်းပေးပါ ..
ဒါဆို ကြာလာရင် သက်သာလာမယ်ထင်တယ် စိတ်ရှည်ပြီး အချ်န်တော့ယူရမယ်နော် ☺️
ခုလိုပြောတာက admin စိတ်ဓာတ်ကျအောင်ပြောတာမဟုတ်ပဲ ဂျင်းမမိစေရအောင် ပြောတယ်ဆိုပိုမှန်ပါတယ်
စျေးကွက်မှာ အထူးသဖြင့် agent ပစ္စည်းတွေက တင်းတိတ်ပျောက်ပါတယ်ပြောပြီး steroid တွေ ပါလို့ steroid ထိသွားတဲ့ သူတွေအများကြီး တွေ့လို့ပါ 🥺
နောက်တစ်ခုက brightening effect ပါတာနဲ့ပဲ တင်းတိတ်ပျောက်တယ် တင်းတိတ်အတွက်ပဲ သီးသန့် ထုတ်ထားသလိုလို ပြောနေကြ/ ရောင်းနေကြ တာကိုလည်း သဘောမကျတာရယ်ကြောင့် ဂျင်းမမိစေချင်လို့ ရေးပေးတာပါ 🙂 ..
နောက်ဆုံး အနေနဲ့ တော့ တင်းတိတ်ရှိလည်း ဘာမှမဖြစ်ဘူးနော် 🥰 အခုဆို IG တို့ဘာဆို့မှာ freckles effect တွေတောင်ပေါ်နေတာ make up look တွေဆိုလည်း ရှိတယ် အဲ့ဒါလှလို့ တမင်တောင် လုပ်ယူနေရတာလေ 😇...
အချိန်လေးပေးပြီး နည်းလမ်းမှန်နဲ့ သွားရမှာကို stress ပိတဲ့စိတ်နဲ့ ထပ်ဂျင်းမထည့်ခံစေချင်တာရော moti ပေးချင်တာရောကြောင့် ထရေးမိသွားတယ် 😒
My skin , My rule , My freckle , My Style လို့သာ ချေလိုက်ပါ sister တို့
Don't Copy! You can share dear 😍