Little Sunshine

Little Sunshine Little Sunshine page လေးက ကြိုဆိုပါတယ်။ ကလေးများအတွက် UK Preloved Book နဲ့ စာအုပ်အသစ် အမျိုးအစားအစုံကိုတစ်နေရာတည်းရနိုင်တဲ့ နေရာလေးပါ။

17/04/2026
17/04/2026

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး နှစ်သစ်အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမားပြီး ဘေးအန္တာရာယ်အပေါင်း မှ ကင်းဝေးပါစေကြောင်း Little Sunshine Bookstore က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



Toddlers မေမေတွေရဲ့ကြားမှာ ရေပန်းစားတဲ့ Leslie Patricelli ✨✨တိုတိုနဲ့ ထိထိမိမိ၊ ရုပ်ပုံလှလှလေးတွေနဲ့ ကလေးလေးတွေရဲ့ ကစားခ...
13/04/2026

Toddlers မေမေတွေရဲ့ကြားမှာ ရေပန်းစားတဲ့ Leslie Patricelli ✨✨

တိုတိုနဲ့ ထိထိမိမိ၊ ရုပ်ပုံလှလှလေးတွေနဲ့ ကလေးလေးတွေရဲ့ ကစားချိန်၊ အိပ်ချိန်၊ potty train တဲ့အချိန်ကနေ စိတ်ခံစားမှုထိန်းချုပ်တတ်ဖို့ စတဲ့ အသစ်အသစ်သောအတွေအကြုံအစုံစုံကို Leslie ရဲ့ စာအုပ်တစ်အုပ်ချင်းစီ တွေ့မြင်နိုင်ပါတယ်။

ဒီဇာတ်ကောင်လေးက တကယ့်ကို ရယ်ရပြီး ကလေးလေးတွေနဲ့ မေမေတို့အတွက် relatable ဖြစ်လွန်းပါတယ်။

မွေးစကနေ ၅ နှစ်အထိ ကလေးငယ်လေးတွေအတွက် ရခဲတဲ့ Original Boardbook လေးတွေပုံမှာမြင်ရတဲ့အတိုင်း ဒီစာအုပ်လေးတွေက အရောင်စုံပြီ...
13/04/2026

မွေးစကနေ ၅ နှစ်အထိ ကလေးငယ်လေးတွေအတွက် ရခဲတဲ့ Original Boardbook လေးတွေ

ပုံမှာမြင်ရတဲ့အတိုင်း ဒီစာအုပ်လေးတွေက အရောင်စုံပြီး၊ ကလေးတွေရဲ့ အာရုံကို ချက်ချင်းဖမ်းစားနိုင်မယ့် ရုပ်ပုံလှလှလေးတွေနဲ့ ပြည့်နှက်နေပါတယ်။ ထူးခြားတာက ကလေးတွေ ကိုယ်တိုင် ပါဝင်လှုပ်ရှားနိုင်တဲ့ lift-the-flap (လှန်ကြည့်ရတဲ့ အဖုံး) တွေ၊ texture (ထိတွေ့စရာ ပစ္စည်း) တွေ၊ မှန် (mirror) တွေ ပါဝင်လို့ စာဖတ်ချိန်ဟာ ပျော်စရာဆော့ကစားချိန်ဖြစ်လာစေမှာပါ! 🎈🤩

ဒီစာအုပ်တွေက ကလေးတွေရဲ့ အမြင်အာရုံ၊ အကြားအာရုံနဲ့ အာရုံခံစားမှုတွေကို ဖွံ့ဖြိုးစေရုံတင်မကဘဲ စာဖတ်တာကို ချစ်မြတ်နိုးလာအောင်၊ စိတ်ကူးစိတ်သန်းတွေ ကျယ်ပြန့်လာအောင် ကူညီပေးနိုင်ပါတယ်။ ❤️

အုပ်ရေ အများကြီးမကျန်တော့တာမို့ မြန်မြန်လေးတော့ မှာလိုက်တော့နော်



#ကလေးစာအုပ်

💕“လသားအရွယ်မှာ ဘာစာအုပ်လေးတွေဖတ်ပြရမလဲ?” ဆိုတဲ့မေးခွန်းက New Born လေးတွေပိုင်ဆိုင်ထားတဲ့မေမေတွေရဲ့ အမေးအများဆုံးမေးခွန်း...
13/04/2026

💕“လသားအရွယ်မှာ ဘာစာအုပ်လေးတွေဖတ်ပြရမလဲ?” ဆိုတဲ့မေးခွန်းက New Born လေးတွေပိုင်ဆိုင်ထားတဲ့မေမေတွေရဲ့ အမေးအများဆုံးမေးခွန်းလေးပါ။💕

ကလေးလေးတွေက (လသား မှ ၆ လ) အတွင်းမှာ အမြင်အာရုံက အဖြူအမည်းကိုပဲ စတင်မြင်ရတာကနေ တဖြည်းဖြည်း အရောင်တွေကို ခွဲခြားလာနိုင်တာပါ။ ဒီအရွယ်မှာ စာအုပ်ဖတ်ပြတယ်ဆိုတာ သူတို့လေးတွေရဲ့ အာရုံခံစားမှု (Senses) တွေ ဖွံ့ဖြိုးဖို့က ပိုအရေးကြီးပါတယ်။
မိခင်တစ်ယောက်အနေနဲ့ရော၊ စာအုပ်တွေကို ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ပါ စာအုပ်ရွေးချယ်တဲ့နေရာမှာ ရွေးချယ်သင့်တဲ့ စာအုပ်အမျိုးအစားတွေကို အကြံပေးချင်ပါတယ်ရှင်။ 👇

1. High-Contrast Black and White Books (အဖြူအမည်း ရုပ်ပုံစာအုပ်များ)
မွေးကင်းစကနေ ၃ လအရွယ်အထိ ကလေးတွေရဲ့ အမြင်အာရုံက ဝေဝါးနေတတ်ပါတယ်။ ဒါကြောင့် အဖြူအမည်းပုံစံ စာအုပ်လေးတွေက သူတို့ရဲ့ အမြင်အာရုံ ကြည်လင်ပြတ်သားလာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

2. Cloth Books or Soft Books (အဝတ်စာအုပ်လေးများ) 🧸
ဒီအရွယ်လေးတွေက လက်ထဲမိတာ အကုန်ပါးစပ်ထဲ ထည့်တတ်တဲ့အရွယ်နော်။ စက္ကူစာအုပ်ဆိုရင် ဆုတ်ဖြဲမှာ ဒါမှမဟုတ် ပါးစပ်ထဲထည့်ရင် စက္ကူတွေ စိုကုန်မှာ စိုးရိမ်ရပါတယ်။ အဝတ်စာအုပ်လေးတွေကတော့ လျှော်လို့ရတယ်၊ ပျော့ပျောင်းတယ်၊ ကလေးကိုလည်း အန္တရာယ်မဖြစ်စေပါဘူး။ ထိကြည့်လိုက်ရင် အသံလေးတွေ ထွက်လာတာကလည်း ကလေးလေးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိပါတယ်။

3. Touch and Feel Books (အာရုံခံ စာအုပ်များ) ✨
စာအုပ်ထဲမှာ အမွှေးပွပွလေးတွေ၊ ကြမ်းတမ်းတဲ့ အထိအတွေ့လေးတွေ၊ ပြောင်ချောနေတဲ့ မျက်နှာပြင်လေးတွေ ပါတဲ့စာအုပ်မျိုးပါ။ "ဒါလေးက ကြမ်းတယ်၊ ဒါလေးက နူးညံ့တယ်" ဆိုပြီး ကလေးရဲ့ လက်လေးကို ကိုင်ပြီး ထိတွေ့ခိုင်းခြင်းဖြင့် ကလေးလေးတွေရဲ့ sensory skill ဖွံဖြိုးမှုမှာ အထောက်အကူဖြစ်စေပါတယ်။

4.Story Books💕
ပုံပြင်စာအုပ်လေးတွေ ရွေးချယ်တဲ့အခါမှာလည်း ရုပ်ပုံကြီးကြီးကိုမှ အရောင်စိုစို စာနည်းတာမျိုး ရွေးချယ်ပေးသင့်ပါတယ်။ ဒီအရွယ်လေးတွေက လှမ်းဆွဲရတာကြိုက်တာမို့ အပြဲခံနိုင်တဲ့ အထူသားစာအုပ် Boardbook လေးတွေ ပြပေးသင့်ပါတယ်။

ဒီအရွယ်မှာ ကလေးလေးတွေက စာအုပ်ထဲက အဓိပ္ပာယ်ကို နားမလည်သေးပေမယ့် မေမေ့ရဲ့ စာဖတ်ပြတဲ့ အသံနေအသံထားနဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုကို သူတို့ အရမ်းနှစ်သက်ပါတယ်။ တစ်နေ့ကို (၅) မိနစ်လောက်ပဲဖြစ်ဖြစ် အတူတူ စာအုပ်ကြည့်ရင်း အချိန်ပေးကြည့်ပါနော်။
ဒီလိုစာအုပ်လေးတွေက ကလေးအတွက် အကောင်းဆုံး လက်ဆောင်ဖြစ်သလို၊ သူတို့ရဲ့ ပထမဆုံးသော သင်ယူမှု လှေကားထစ်လေးတွေလည်း ဖြစ်ပါတယ်။

ချစ်တဲ့
Kay/ Raising Readers
Founder of Little Sunshine

Hello❗️💦🍀မနေ့ က (11 April) Giveaway အတွက် Winner တစ်ဦးကို comment picker နဲ့ ရွေးချယ်ပေးထားပါတယ်။🙏ပါဝင်ပေးကြတဲ့ တစ်ဦးတစ်...
12/04/2026

Hello❗️💦
🍀မနေ့ က (11 April) Giveaway အတွက် Winner တစ်ဦးကို comment picker နဲ့ ရွေးချယ်ပေးထားပါတယ်။
🙏ပါဝင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
🍀April လကုန်အထိလည်း ပျော်စရာ Giveaway လေးတွေ လုပ်ပေးသွားမှာမို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
🎉အားလုံးပဲ ကျန်းမာလန်းဆန်းတဲ့ သင်္ကြန်အခါသမယ ဖြစ်စေဖို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်။

💦📖 📚သင်္ကြန်အားလပ်ရက်မှာ... အိမ်မှာနေရင်း စာအုပ်ကောင်းလေးတွေကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုလိုက်ပါ…𝐂𝐨𝐦𝐢𝐜 လား? 𝐒𝐭𝐨𝐫𝐲 လား? ...
12/04/2026

💦📖 📚သင်္ကြန်အားလပ်ရက်မှာ... အိမ်မှာနေရင်း စာအုပ်ကောင်းလေးတွေကို စိတ်ကြိုက်
ရွေးချယ်ကြည့်ရှုလိုက်ပါ…
𝐂𝐨𝐦𝐢𝐜 လား? 𝐒𝐭𝐨𝐫𝐲 လား? 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐁𝐨𝐨𝐤 လား?
📚သားသားမီးမီးတို့ နှစ်သက်တဲ့ စာအုပ်အမျိုးအစားလေးတွေကို အိမ်ကနေပဲအေးအေးဆေးဆေး ရွေးချယ်နိုင်ဖို့ အခု 𝐏𝐨𝐬𝐭 မှာစာအုပ်မျိုးစုံ၊ အမျိုးအစားစုံကို စုစည်းပြီး တင်ပေးထားပါတယ်နော်။

✅ ပိတ်ရက်တွေမှာလည်း အသက်အရွယ်အလိုက်၊ စိတ်ဝင်စားမယ့် အကြောင်းအရာ အလိုက်ဖတ်လို့အဆင်ပြေမယ့် စာအုပ်လေးတွေကိုလည်း 𝐏𝐨𝐬𝐭 တွေတင်ပေးသွားဦးမှာမို့လို့ စာအုပ်သစ်လေးတွေကို လက်မလွတ်တမ်းရွေးချယ်နိုင်ဖို့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 နဲ့ 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ ဖိတ်ခေါ်ပါရစေရှင်💖
🎁 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးလည်း ရှိနေဦးမှာနော်...
🎉၁၀,၀၀၀ ကျပ်အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရနိုင်မယ့် အစီအစဉ်လေးလည်း ရှိနေတာမို့ ဒီအခွင့်အရေးလေးကို အမိအရယူပြီး အခုပဲ ရွေးချယ်မှာယူလိုက်တော့နော်။
📩 စာအုပ်လေးတွေအကြောင်း အသေးစိတ်သိလိုရင်ဖြစ်စေ၊ မှာယူချင်ရင်ဖြစ်စေ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ အားမနာတမ်း မေးမြန်းနိုင်ပါတယ်။
🚚📦သင်္ကြန်တွင်းမှာ မှာယူထားတဲ့ အော်ဒါလေးတွေကိုတော့ 𝐀𝐩𝐫𝐢𝐥 𝟏𝟗 (နှစ်ဆန်း ၂ ရက်နေ့) ကစပြီး ပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
📍 ဆိုင်မှာ ကိုယ်တိုင်လာကြည့်ချင်သူများအတွက် ဆိုင်လိပ်စာကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ကြည့်နိုင်ပါတယ်။
❗️သင်္ကြန်ပိတ်ရက်အတွင်း ဆိုင်ဖွင့်ချိန်လေးတွေ အနည်းငယ်အပြောင်းအလဲရှိနိုင်လို့ လူကြီးမင်းတို့ အဆင်ပြေစေဖို့ မလာခင် မိနစ် ၃၀ လောက် ဖုန်းလေးကြိုဆက်ပေးပါဦးနော်။

🍁Hello…💦💦🍀ဒီနေ့လည်း Giveaway လေးပေးချင်ပါတယ်။📚 ပုံထဲက စာအုပ်လေး ၂ အုပ်ကို ကံစမ်းဖို့ 📲Page ကို Like/Follow လုပ်ပေးပါ📲Com...
11/04/2026

🍁Hello…💦💦
🍀ဒီနေ့လည်း Giveaway လေးပေးချင်ပါတယ်။
📚 ပုံထဲက စာအုပ်လေး ၂ အုပ်ကို ကံစမ်းဖို့
📲Page ကို Like/Follow လုပ်ပေးပါ
📲Comment မှာ “Happy Thingyan 2026” လို့ ရေးပြီး ပါဝင်နိုင်ပါတယ်။
🍀ကံထူးသူ တစ်ဦး ကို နက်ဖန် 12 April မှာ comment picker နဲ့ရွေးချယ်ပေးပါမယ်။

Hello!🍀မနေ့ က (10 April) Giveaway အတွက် Winner တစ်ဦးကို comment picker နဲ့ ရွေးချယ်ပေးထားပါတယ်။🙏ပါဝင်ပေးကြတဲ့ တစ်ဦးတစ်ယေ...
11/04/2026

Hello!
🍀မနေ့ က (10 April) Giveaway အတွက် Winner တစ်ဦးကို comment picker နဲ့ ရွေးချယ်ပေးထားပါတယ်။
🙏ပါဝင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
🍀April လကုန်အထိလည်း ပျော်စရာ Giveaway လေးတွေ လုပ်ပေးသွားမှာမို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
🎉အားလုံးပဲ ကျန်းမာလန်းဆန်းတဲ့ သင်္ကြန်အခါသမယ ဖြစ်စေဖို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်။

A to Z Mysteries (26 Book Set)=======================🕵️‍♀️စုံထောက်ဝတ္ထုလေးတွေ ဖတ်ရင်း အင်္ဂလိပ်စာပါ လေ့လာချင်တဲ့ ကလေးတို...
11/04/2026

A to Z Mysteries (26 Book Set)
=======================
🕵️‍♀️စုံထောက်ဝတ္ထုလေးတွေ ဖတ်ရင်း အင်္ဂလိပ်စာပါ လေ့လာချင်တဲ့ ကလေးတို့အတွက် A to Z Mysteries စာအုပ်အတွဲလေး in stock ရှိနေပါပြီနော်။
ဒီအတွဲလေးထဲမှာ...
🔡📚A ကနေ Z အထိ စုစုပေါင်း စာအုပ် ၂၆ အုပ် ပါဝင်ပါတယ်။
🕵️‍♀️Dink, Josh နဲ့ Ruth Rose ဆိုတဲ့ သူငယ်ချင်းသုံးယောက်က မြို့ထဲမှာဖြစ်ပျက်နေတဲ့ ထူးဆန်းတဲ့ အမှုတွဲတွေကို ဘယ်လိုဉာဏ်ကောင်းကောင်းနဲ့ ဖြေရှင်းကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာပါ။
📚ဒီစာအုပ်တွဲလေးဟာ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေကို စုံထောက်ဝတ္ထုတွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ထိတွေ့ပေးပြီး စာဖတ်ခြင်းကို ပျော်မွေ့အောင် ဆွဲဆောင်နိုင်တဲ့ စာအုပ်လေးတွေပါ။
🔆ကလေးတို့ရဲ့ တွေးခေါ်မြော်မြင်မှုအားကို တိုးတက်စေမယ့်အပြင် ဖတ်ရတာ ရိုးရှင်းပြီး စိတ်ဝင်စားဖို့ကောင်းလို့ Chapter Book စတင်ဖတ်နေတဲ့ ကလေးတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ ✔️အသက် ၆ နှစ်မှ ၁၀ နှစ်ကြား စာဖတ်သူ ကလေးများအတွက် သင့်လျော်ပါတယ်။�🎉သင်္ကြန် Promotion အနေနဲ့ Discount 10,000 ကျပ် ပြန်ရမယ့် အစီအစဉ်လေးလည်း April 17 အထိ ရှိနေလို့ အခုပဲ မှာယူလိုက်တော့နော်။�📍ဆိုင်မှာကိုယ်တိုင်လာရွေးဝယ်ချင်သူတွေအတွက် လည်း comment မှာ လိပ်စာလေး ဖော်ပြပေးထားပါတယ်။


Usborne Early Reader📚စာအုပ် စာဖတ်မယ့် အသက် ၄/၅ နှစ်အရွယ် ကလေးတွေအတွက် အရွေးချယ် သင့်ဆုံး Usborne ရဲ့ early reader လေးတွေ...
10/04/2026

Usborne Early Reader
📚စာအုပ် စာဖတ်မယ့် အသက် ၄/၅ နှစ်အရွယ် ကလေးတွေအတွက် အရွေးချယ် သင့်ဆုံး Usborne ရဲ့ early reader လေးတွေ 3 အုပ်တစ်တွဲစီ ဝယ်လို့ရပါပြီနော်။
📚ပုံမှန်ဆို အုပ်ရေ 50 set လိုက်ဝယ်မှ ရနိုင်ပေမယ့် အုပ်ရေနည်းနည်းနဲ့ stock ရတုန်း ဝယ်လို့ရနိုင်တာမို့ စမ်းပြီးဖတ်ချင်တဲ့ သားသားမီးမီးတို့အတွက် ဝယ်ပေးဖို့ အကောင်းဆုံးပါပဲနော်။
📲ဈေးနုန်းလေးMessenger မှာ မေးပေးပါနော်။

မင်္ဂလာပါ 🍁သင်္ကြန်လက်ဆောင် Giveaway လေး ပေးချင်ပါတယ်။ 📲 ဒီ Post လေးကို 𝐋𝐢𝐤𝐞 လုပ်ပြီး 📲Comment မှာ “𝗛𝗮𝗽𝗽𝘆 𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻 𝟮𝟬𝟮𝟲”...
10/04/2026

မင်္ဂလာပါ
🍁သင်္ကြန်လက်ဆောင် Giveaway လေး ပေးချင်ပါတယ်။
📲 ဒီ Post လေးကို 𝐋𝐢𝐤𝐞 လုပ်ပြီး
📲Comment မှာ “𝗛𝗮𝗽𝗽𝘆 𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻 𝟮𝟬𝟮𝟲” လို့ရေးပြီးပါဝင်နိုင်ပါတယ်။
🍀 နက်ဖန် 11 April မှာ စာအုပ်လေး ၂ အုပ် အတွက် ကံထူးသူ ၁ ဦးကို comment pick နဲ့ရွေးချယ်ပေးသွားပါမယ်။
💥April လကုန်အထိ လည်း Giveaway လေး လုပ်ပေးသွားမှာဆိုတော့ Page လေးကို Like/Follow လုပ်ထားပေးပါအုံးနော်။

Address

No. 390, Ground Floor, Thura Street. (9) Ward. South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Little Sunshine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Little Sunshine:

Share