Shwe zin onlineshopping

Shwe zin onlineshopping ကလေးဒိုင်ဘာနှင့်ချုပ်ထည်ပင်ရင်း

ကလေးမကြိုက်တဲ့ အစားအစာကျွန်မကို မေမေတွေလာပြောကြတာရှိပါတယ်။ ကလေးလေးက ဒီအသီးအနှံမကြိုက်ဘူး၊ ဒီဟင်းသီးဟင်းရွက်မစားဘူး၊ အသား...
02/07/2025

ကလေးမကြိုက်တဲ့ အစားအစာ

ကျွန်မကို မေမေတွေလာပြောကြတာရှိပါတယ်။ ကလေးလေးက ဒီအသီးအနှံမကြိုက်ဘူး၊ ဒီဟင်းသီးဟင်းရွက်မစားဘူး၊ အသားမစားဘူး၊ ကြက်ဥမစားဘူး၊ ငါးမစားဘူး စသဖြင့်ပါ။

Toddler age ကို စတင်ဝင်ရောက်တဲ့အခါ လသားအရွယ်တုန်းကလို ဘာကျွေးကျွေးစားတာမျိုး မဟုတ်တော့တာဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုပဲ ဖြစ်ပါတယ်။
သူတို့ကြိုက်တာ မကြိုက်တာ သိလာတာ၊ အရသာခံတတ်လာတာ၊ ဂျေးများတတ်လာတာ ဒါတွေအကုန်လုံးက သူတို့ရဲ့ ဖွံ့ဖြိုးမှုပါ။ ကလေးတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် အချို့က (၁)နှစ် (၂)နှစ်ဝန်းကျင်မှာဖြစ်ကြတယ်၊ အချို့က (၃)နှစ်လောက်မှာဖြစ်တယ်၊ အချို့ကတော့ လုံးဝဂျေးမများအကုန်စားတယ် စသဖြင့် ကွာခြားမှုတွေရှိပါလိမ့်မယ်။ နောက်ဆုံးအချက်ကတော့ ကလေးငယ် မူကြိုတက် ကျောင်းတက်လို့ သူငယ်ချင်းရလာတဲ့အခါ သူတို့သူငယ်ချင်းစားတာမှစားမယ်၊ သူငယ်ချင်းမစားတာသူလည်းမစားတော့ဘူး စသဖြင့် အမျိုးမျိုးအထွေထွေကာလတွေလည်း ကျွန်မတို့မေမေတွေဖြတ်သန်းရပါဦးမယ်။

ဒီဆောင်းပါးမှာတော့ (၁)နှစ်ကနေ (၃)နှစ်ကျော်
ဝန်းကျင်ကလေးငယ်တွေအတွက်အဓိကရေးလိုပါတယ်။

ဒီအရွယ်ကလေးလေးတွေ အစားရွေးတာ၊ အစားဂျေးများတာနဲ့ ကြုံရတဲ့အခါ မေမေတွေကို အကြံလေးပေးလိုတာကတော့-

-ကလေးငယ်လေးတွေဟာ ငယ်စဉ်မှာ အကြိုက်အလွန်ပြောင်းတတ်ပါတယ်။ သူတို့ကို ကိုယ်က မကြိုက်ဘူးလို့ခေါင်းစဉ်မတပ်ပါနဲ့။
မေမေတို့ ကြိုးစားရတာခက်ခဲမှန်းသိပါတယ် ကျွန်မကိုယ်တိုင်လည်း အလွန်စိတ်ညစ်ရလို့ပါ။ သမီးလေးက ၂နှစ်အောက်ထိ ထောပတ်သီးနဲ့ ကန်စွန်းဥကို အလွန်ကြိုက်သူပါ။ (၂)နှစ်ကျော်လာတော့ လုံးဝမစားတော့ပါဘူး။

-မကြိုက်လို့မကျွေးတာထက် ဟိုနည်းနည်း ဒီနည်းနည်းပါအောင်ကျွေးပါ။ အရသာကို လုံးဝ စိမ်းသက်မသွားအောင်ကျင့်ပေးပါ။
သူကြိုက်တဲ့ တစ်ခုခုနဲ့ရောကျွေးတာမျိုး၊ ပုံစံပြောင်းကျွေးတာမျိုး၊ မုန့်လုပ်ရင်ထည့်ကျွေးတာ၊ ဖျော်ရည်ထဲထည့်ဖျော်တာ စသဖြင့် တစ်ပတ်ကို (၃)ခါလောက် ကျွေးကြည့်တဲ့အကျင့်လုပ်ပါ။
ကျွန်မသမီး မကြိုက်တဲ့အစားအစာတွေကို ဒီလိုပဲ ကျွန်မလုပ်ကျွေးပါတယ်။ အခုဆို အချို့အစားအသောက်တွေပြန်စားနေပါပြီ။

-ထမင်းစားမှ အာဟာရပြည့်တာမဟုတ်တာကြောင့် ထမင်းမစားလည်း အခြားအာဟာရပြည့်ဝတဲ့အစားအစာတွေကျွေးလို့ရပါတယ်။ ကလေးငယ်တွေအတွက် အစာအုပ်စုအကြောင်းတွေကျွန်မဆောင်းပါးထပ်ရေးပေးပါမယ်။

-(၁)နှစ်ကနေ (၃)နှစ်အရွယ်ကလေးငယ်တွေဟာ စကားမပြောတတ်သေးပေမယ့် အလွန်တရာစူးစမ်းပြီး အတုခိုးလွယ်ပါတယ်။ နောက်ပြီး လူကြီးတွေကိုလည်း စမ်းသပ်တတ်ပါတယ်။ လူကြီးတွေက အရှေ့ကနေစားပြတာမျိုးလုပ်ပေးပါ။ လူကြီးတွေကသူတို့အရှေ့မှာ ဒီ အစားအစာကို ကလေးကမကြိုက်ဘူး မကျွေးတော့ဘူး ဆိုတာမျိုး ပြောလေ သူတို့က မစားလေပါ။
သူတို့မကြိုက်ကြောင်းပြရင် လူကြီးက မကျွေးတော့ဘူးဆိုတာမျိုးကို သူတို့က မှတ်ထားပါတယ်။

-နောက် စိတ်ချမ်းသာစရာ အချက်လေးထည့်ပေးပါ့မယ်။ ကိုယ်က မကြိုက်ဘူးမှတ်ထားပြီး မကျွေးပေမယ့် ကြုံကြိုက်လို့ပြန်ကျွေးဖြစ်တဲ့အခါ စားနေ၊ ကြိုက်နေတာမျိုးပါ။

ဒါကြောင့် ကလေးငယ်လေးတွေရဲ့အကြိုက်ကို တစ်သမှတ်တည်း ယူဆပြီး မိဘအုပ်ထိန်းသူကိုယ်တိုင်က အကျင့်လုပ်ပစ်လိုက်တာမျိုး မဖြစ်ပါစေနဲ့။
ကြီးလာရင်လည်း စားချင်တာစားမယ့်အတူတူ ကလေးတစ်ယောက်အစားအသောက်အတွက် ဒီလောက် စိတ်ရှုပ်ခံစရာလားလို့ စဉ်းစားမိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့မိဘတွေ အနေနဲ့ သူတို့ကျန်းမာကြံ့ခိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအသောက်တွေကို တစ်နှစ်လောက်ပိုကျွေးလိုက်နိုင်ရင်ကို ဒါဟာအလွန်ကြီးမားအကျိုးရှိတဲ့ အောင်မြင်မှုပါပဲ။

အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်

#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ

မိခင်တစ်ယောက်ဖြစ်ရတာ ဝမ်းနည်းစရာအကောင်းဆုံးနဲ့ အခက်ခဲဆုံးအပိုင်းက ကလေးတွေ ဖျားနာနေတာကို မြင်ရတာဘဲ 😪Crd
01/07/2025

မိခင်တစ်ယောက်ဖြစ်ရတာ ဝမ်းနည်းစရာအကောင်းဆုံးနဲ့ အခက်ခဲဆုံးအပိုင်းက ကလေးတွေ ဖျားနာနေတာကို မြင်ရတာဘဲ 😪
Crd

ဘဝမှာ အ​ပျော်ရွှင်ခဲ့ရဆုံးနဲ့ ဝမ်းသာရဆုံး နေ့​လေးတ​နေ့ဆို ဒီ​နေ့​လေးလဲ အပါအ၀င်ဖြစ်ခဲ့ကြတယ်မလား 😬🙈
01/07/2025

ဘဝမှာ အ​ပျော်ရွှင်ခဲ့ရဆုံးနဲ့ ဝမ်းသာရဆုံး နေ့​လေးတ​နေ့ဆို ဒီ​နေ့​လေးလဲ အပါအ၀င်ဖြစ်ခဲ့ကြတယ်မလား 😬🙈

ဘယ်လောက်ပင်ပမ်းနေပါစေဒီလူသားသေးသေးလေးကို ပွေ့ဖက်အိပ်လိုက်ရရင်တနေကုန် ပင်ပမ်းတာတွေ ပျောက်ရော သူ့ကိုယ်သင်းနံ့လေးရှူပြီး အိ...
30/06/2025

ဘယ်လောက်ပင်ပမ်းနေပါစေ

ဒီလူသားသေးသေးလေးကို

ပွေ့ဖက်အိပ်လိုက်ရရင်

တနေကုန် ပင်ပမ်းတာတွေ ပျောက်ရော

သူ့ကိုယ်သင်းနံ့လေးရှူပြီး အိပ်ရတာလေးက ကြည်နူးစရာလေးနော်

၄ နှစ်သား ကလေး ကွန်ဒို ပေါ်က ပြုတ်ကျ....မနေ့က ညနေ ၃:၄၅ မိနစ်ခန့် မှာ တိုကျို  kitaku မှာဖြစ်ပွါးသွားတဲ့အမှုပါ။အမေက လေးနှ...
30/06/2025

၄ နှစ်သား ကလေး ကွန်ဒို ပေါ်က ပြုတ်ကျ....

မနေ့က ညနေ ၃:၄၅ မိနစ်ခန့် မှာ တိုကျို kitaku မှာဖြစ်ပွါးသွားတဲ့အမှုပါ။
အမေက လေးနှစ်သားကလေးနဲ့ အိမ်ပြန်လာချိန် ..
အမေဖြစ်သူကတိုက်အောက်မှာ စက်ဘီးရပ်နေတုန်း
ကလေးက တစ်ယောက်တည်း Elevator စီးပြီး တိုက်ပေါ်
တက်သွားပါတယ်။ cctvပြန်ကြည့်ချိန် ကလေးကစက်လှေကားစီးတက်သွားပြီးလမ်းပျောက် နေရင်းက ကွန်ဒို အပြင်လှေကားအထိ ရောက်သွားပြီး ၇ လွှာပေါ်က ပြုတ်ကျ (သ)ဆုံးသွားပါတယ်။

ကမ္ဘာ​ပေါ်မှာအမြန်ဆုံးလက်ပိုင်ရှင်​လေးကိုပြပါဆို သူတိူ့​လေး​တွေ​ပေါ့....🙈
29/06/2025

ကမ္ဘာ​ပေါ်မှာအမြန်ဆုံးလက်ပိုင်ရှင်​လေးကိုပြပါဆို သူတိူ့​လေး​တွေ​ပေါ့....🙈

ဘာသံကြားကြားမနိုးတဲ့သူက အမေမျက်လုံးပိတ်လိုက်တာနဲ့နိုးပြီ 😪 ါရှင့်
29/06/2025

ဘာသံကြားကြားမနိုးတဲ့သူက အမေမျက်လုံးပိတ်လိုက်တာနဲ့နိုးပြီ 😪

ါရှင့်

ဘယ်အချိန် နမ်းနမ်း အမြဲမွှေးနေတဲ့ မေမေရဲ့ချစ်မဝလေး
28/06/2025

ဘယ်အချိန် နမ်းနမ်း အမြဲမွှေးနေတဲ့ မေမေရဲ့ချစ်မဝလေး

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ၁- English (ကမ္ဘာသုံးစကား)၂- Ho...
28/06/2025

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ

၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့
ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
၁၅- *ကိုယ်ကျင့်တရားကောင်းဖို့*
၁၆- ဘာသာရေး အသိ( do and dont) လေးတွေ သိဖို့( တချို့ ကလေးတည်းက အရမျးလိမျတတျတာလေးတှကျေု မရှိအောင်)

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။
Group တခုမှ ကူယူပီး တချို့ လိုတာလေးတွေ


မူရင်းရေးသားသူကိုလေးစားစွာခရက်တစ်ပေးပါသည်

ကလေးအိပ်ရင် မေမေကဖုန်းလေးကြည့်တုန်း အသံလေးကြားရင် နိုးသွားမှာကြောက်လို့ ရုပ်မြင်အသံမကြားနဲ့ဘဲကြည့်ရတယ်မေမေတွေရဲ့အချိန်လေ...
28/06/2025

ကလေးအိပ်ရင် မေမေကဖုန်းလေးကြည့်တုန်း

အသံလေးကြားရင် နိုးသွားမှာကြောက်လို့ ရုပ်မြင်အသံမကြားနဲ့ဘဲကြည့်ရတယ်

မေမေတွေရဲ့အချိန်လေးကတော့ ဒီလိုပါဘဲ 😌

ါရှင့်

ကျွန်မအဖေကလေ ကျွန်မကို သိပ်ချစ်တာ ...သူ့ သမီး မျက်နှာလေးများ ညိုးသွားရင်ပျာယာခတ်နေရလောက်တဲ့အထိကိုကျွန်မကို သိပ်ဂရုစိုက်တ...
27/06/2025

ကျွန်မအဖေကလေ ကျွန်မကို သိပ်ချစ်တာ ...

သူ့ သမီး မျက်နှာလေးများ ညိုးသွားရင်
ပျာယာခတ်နေရလောက်တဲ့အထိကို
ကျွန်မကို သိပ်ဂရုစိုက်တာ ။

ငါ့သမီးလေး ပျော်သလိုနေပါစေဆိုတဲ့စကားတွေရယ် ...
ငါ့သမီးပျော်နေရင် လုပ်ပါစေဆိုပြီး
ကာဆီးနေတာတွေရယ် ...

နေရာတကာမှာ
ကျွန်မအတွက်
အမြဲတမ်းတွေးပေးနေတတ်တဲ့ ...
အဖေ့ကို ချစ်တယ် ။

ဆေးတွေ မသောက်တတ်တဲ့
ကျွန်မ အကျင့်ကို အဖေသိတယ်

တစ်ခုခုနေမကောင်းများဖြစ်ရင်
တစ်နေနေရာရာမှာ ဆေးလုံးလေးတင်ထားပြီး
သောက်စေချင်တဲ့အကြောင်းတွေ
ခဏခဏ ပြောတတ်တဲ့ အဖေပေါ့ ။

ကျွန်မ တဇွတ်ထိုးဆန်တတ်တာကို
အဖေသိတယ် ။

တစ်ခုခု ဖြစ်ချင်တာများရှိရင်
အဆင်ပြေသည်ဖြစ်စေ မပြေဘူးဖြစ်စေ
ငါ့ သမီးလေးအဆင်မပြေရင်ဆိုတဲ့ စိတ်နဲ့
ဖြည့်ဆည်းပေးတတ်တာ အဖေပေါ့ ။

ကျွန်မ ခေါင်းမာတတ်တာကို
အဖေသိတယ် ။

ဘယ်တော့အခါမှ
အတင်းအကျပ်ကြီးမပြောပဲ
စိတ်တော့ ပူနေပါတယ်ဆိုတဲ့
အရိပ်အယောင်လေးပြတတ်တာ အဖေပေါ့ ။

အဖေက ကျွန်မကို သိပ်ချစ်တာ
ပြီးတော့ အရမ်းကို သ၀န်တိုတတ်တာ
ငါ့သမီးလေးက လူကြီးဖြစ်နေပါပြီဆိုတဲ့ အသိနဲ့သာ
စိတ်တွေ လျှော့ထားတယ်ထင်ပါတယ်

အဖေကလေ သိပ်ဂရုစိုက်တတ်တာ
နေ့နေ့ညည ...
ကျွန်မ မျက်နှာကို ကြည့်ပြီး
ဘာဖြစ်နေလို့လဲဆိုတဲ့ မေးခွန်းတွေ
မကြာခဏ မေးတတ်တာလေ ။

အဖေ့အနားမှာ နေရတာကလေ ...
တစ်လောကလုံးကို
အပိုင်စားရထားတဲ့ မင်းသမီးလေးတစ်ပါးလိုပဲ
မျက်နှာ ညိုစရာ အကြောင်း
တစ်စက်မှ ရှိမနေသလို
တွေးပူနေစရာတွေကလေ
တစ်စက်မှ ရှိမနေခဲ့ဘူး ။

အဖေကလေ ကျွန်မကို သိပ်ချစ်တာ ဆိုတဲ့စကားကို
ဂုဏ်ယူပြီးပြောနေတဲ့ ကျွန်မကလဲလေ
အဖေ့ကို သိပ်ချစ်တာ သိရဲ့လား ။

အဖေ ... အဖေ့ကို ချစ်တယ်ဆိုတဲ့ စကားကို
ခဏခဏ မသုံးဖြစ်ခဲ့ပေမယ့်
အဝေးကြီးရောက်နေရင်
နေလို့မှ ကောင်းရဲ့လားဆိုတဲ့ အတွေးတွေနဲ့
စိတ်ပူတယ်

အဆင်ပြေရဲ့လားဆိုတဲ့ အတွေးနဲ့
အဆင်ပြေပြေလေး ထားချင်တဲ့ အိပ်မက်တွေ
အမြန်ပြည့်ချင်တယ်

တစ်လောကလုံးမှာ ...
အများကြီးတောင့်တ မနေတော့ပါဘူး
အဖေသာ ကျွန်မ အနားရှိနေမယ်ဆိုရင်
ကျွန်မ ပျော်ရွှင်ဖို့ လုံလောက်ပါတယ် ။

အမြဲတမ်း တောင်းမိတဲ့ဆုက
အဖေ ... နေကောင်းကျန်းမာပါစေပေါ့ ။

#ကျေးကို

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe zin onlineshopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share