BB’s Mart

BB’s Mart All you needs for your precious babies…are here!!One stop baby and mommy mart.�

ဘေဘီလေးရှိတဲ့ အိမ်တိုင်း သိထားသင့်တယ်နော်..❣️Credit-drmyanmar
22/05/2025

ဘေဘီလေးရှိတဲ့ အိမ်တိုင်း သိထားသင့်တယ်နော်..❣️

Credit-drmyanmar

အမှား( ၁၃) ကလေး ချွဲထခြင်းနဲ့နှာပိတ်ခြင်း      မိခင်တွေအများစု အထင်မှားနေတဲ့ တခုက မွေးကင်းစ၊လသားကလေးငယ်တွေကို ချွဲထတယ်ချ...
18/10/2023

အမှား( ၁၃) ကလေး ချွဲထခြင်းနဲ့နှာပိတ်ခြင်း

မိခင်တွေအများစု အထင်မှားနေတဲ့ တခုက မွေးကင်းစ၊လသားကလေးငယ်တွေကို ချွဲထတယ်ချွဲကြပ်တယ်လို့ထင်ကြတဲ့အချက်ပါ။သေချာမေးကြည့်လျင် ညဘက် ကလေးအသက်ရှူသံ တဂူးဂူးဂဲဂဲနဲ့ နို့မစို့နိုင်ဘူး။အန်လျင် ဝမ်းသွားလျင် ချွဲပါတယ်ဆိုပြီးပြောကြတယ်။
အမှန်က နှာခေါင်းပိတ်တာပါ။မွေးကင်းစကလေး ချွဲပါတာတို့၊လေပါတာတို့ဆိုတာ အယူဆ အမှားကြီးပါ။မိခင်နို့က ကလေးအတွက် ဘေးမဖြစ်အောင် သဘာဝကဖန်တီးထားပြီးသားပါ။နို့တိုက်တဲ့အရွယ်နို့ကြောင့်ချွဲထတယ်လို့မရှိပါ။ ကတုံးမတုံးရရင် လူမဟုတ်ဘူးလို့ ခံယူထားတဲ့ ဆေးပညာဗဟုသုတမရှိသူ၊ရှေးအယူဆမှားတွေကို ကိုးကွယ်သူတို့ကြောင့် လသားကလေးတွေခမျာ ကတုံးတုံးခံရပါတယ်။နုနယ်လွန်းတဲ့အရေပြား၊မပိတ်သေးတဲ့ငယ်ထိပ်တို့က အပြင်ရာသီဥတုဒဏ်ကိုတိုက်ရိုက်ခံရတာမို့ ညဘက်မှာနှာပိတ်တာပါ။
နှာပိတ်တဲ့အခါ အခြားအချိန်မှာ သဘာဝအရ ပါးစပ်ဟပြီး အသက်ရှူလို့ရပေမယ့် နို့စို့နေချိန် ပါးစပ်နဲ့ရှူမရတာမို​့ အသက်ရှူမဝလို့ ကလေးက နှာပိတ်လျင် နို့မစို့နိုင်တော့ဘဲ စိတ်တွေတိုပြီး တက်မတတ်ငိုပါမယ်၊လူကြီးတွေကြာကြာငိုလျင်ဘာဖြစ်သလဲ။နှာခေါင်းအတွင်းက အမြှေးပါးတွေရောင်လာပြီးနှာခေါင်းကအသက်ရှူမရ ပိတ်တတ်တယ်မဟုတ်လား။ကလေးလဲ ငိုလေ ပိတ်လေ ပိတ်လေ ငိုလေဖြစ်လာပါတယ်။

ရက်သား လသားကလေးမှာ အမှန်တကယ်ချွဲကြပ်တယ်ဆိုတာ ဆရာဝန်သေချာ နားကြပ်နဲ့ စမ်းသပ်မှသာ အတည်ပြုနိုင်ပါတယ်။တကယ်လေပြွန်ယောင်၊အဆုတ်ရောင်လို့ ချွဲကြပ် အသက်ရှူခက်လာတဲ့ ကလေးဆိုလျင် နားကြပ်နဲ့နားထောင်လျင် အဆုတ်ထဲမှာ အသံကြားရပါမယ်။အဲလိုရောဂါတွေဖြစ်မှ သောက်ဆေးပေးဖို့လိုပါမယ်။အဲလူနာတွေမှာ ဖျားပါမယ်၊အန်ပါမယ်၊မှိန်းပါမယ်၊ပြာနိုင်ပါတယ်၊နို့မစို့နိုင်တော့လို့ ဆီးသွားနည်းလာပါမယ်။အသက်ရှူမြန်လာပါမယ်။ရင်ပတ် မြင့်လိုက်နိမ့်လိုက်နဲ့ နံရိုးကြားတွေ​ချိုင့်ဝင်အောင် အသက်ကိုရှူနေရပါမယ်။အဲလို လက္ခဏာတွေဖြစ်လျင်တောင် ချောင်းဆိုးပျောက်ဆေး၊ချွဲပျော်ဆေး အမြဲပေးစရာမလိုပါဘူး။ကြားရတဲ့အသံပေါ်မူတည်ပြီးမှ ရောဂါအလိုက်ဆေးပေးရတာမတူပါဘူး။

ကလေး ၄၊၅နှစ်သားအရွယ်မှသာ ချောင်းဟန့်လို့ ချွဲထွက်လာလျင် ချွဲသလိပ်ကို ဟပ်ထုတ် ထွေးထုတ်တတ်ပါတယ်။လသားကလေးတွေ ချွဲသလိပ်ပျော်လာလျင် ဟပ်မထုတ်တတ်ပါဘူး။ထွက်လာတဲ့ချွဲသလိပ်ကိုအန်ထုတ်လျင်ထုတ်၊ မထုတ်နိုင်လျင်မိဘက လက်နဲ့နှိုက်ထုတ်ပေးမှရပါမယ်။ဒါကြောင့် လသားကလေးငယ်တွေကို လုံးဝ လုံးဝ ချွဲပျော်ဆေးတွေမပေးရပါဘူး။ပိုဆိုးစေပါတယ်။ချွဲပျော်ဆေး၊ရင်လူးဆေးတွေကြောင့် ​ပျော်ကျလာတဲ့ ချွဲကိုထွေးမထုတ် ဟပ်မထုတ်တတ်တာကြောင့် ချွဲတွေ အသက်ရှူလမ်းကြောင်းထဲ တက်လိုက်ဆင်းလိုက်နဲ့ ပိုချွဲကပ်ပါတယ်။ချွဲဆို့ပြီးအသက်ရှူရပ်တာ၊ပြာတာ၊တက်သွားတာအထိဖြစ်ပါတယ်။

လသားကလေးမှာချောင်းဆိုးတာအတွက်လည်း ဘာချောင်းဆိုးပျောက်ဆေးမှ သိသိသာသာပျောက်တယ်မရှိပါ။လေပြွန်ရောင်လို့ဆိုးတာအများစုဖြစ်တာမို့ မိခင်နို့တိုက်လျင် ပို၍များများတိုက်ပါ။နွေးထွေးအောင်ထားပါ။ချောင်းဆိုးပျောက်ဆေးတွေက ကလေးကြိီးတွေအတွက်ရည်ရွယ်တာများတာမို့ ရက်သားလသားကလေးအတွက် အသုံးမတည့်ပါ။တချို့ဆေးတွေက မှိန်းစေအိပ်စေတဲ့အတွက် စိုးရိမ်ရတဲ့လက္ခဏာတွေကို ဖုံးကွယ်နိုင်တာမို့ မပေးရပါ။ချောင်းဆိုးခြင်းက virus နဲ့ ရာသီဥတုကြောင့်ဖြစ်တာမို့မိခင်နို့သေချာစို့ နိူင်လျင် ဘာပိုးသတ်ဆေး၊ချောင်းဆိုးပျောက်ဆေးမှမလိုအပ်ပါ။၅ရက် ၊တစ်ပတ်၊တခါတလေ ဆယ်ရက်လောက်ထိချောင်းဆိုးကျန်နိုင်ပါတယ်။

အေးလို့နှာပိတ်တာဖြစ်တဲ့အတွက် အသက်ရှူသံမှာ ဂူးဂူးဂဲဂဲကြားရလျင် နှာပိတ်သက်သာအောင် နှာခေါင်းအစက်ချဆေးသာလိုပါတယ်။ဆရာမ သိသလောက် physiodose or physiocare နှာခေါင်းအစက်ချဆေးတွေ အခုမြန်မာနိုင်ငံမှာဝယ်လို့ရလာပါပြီ။တချို့မိခင်တွေထိုင်းကနေ ဆရာမကိုမေးဖူးတာမှာ ပုံပြတာလေးတွေတွေ့ဖူးပါတယ်။အဲတံဆိပ်မဟုတ်လဲ normal saline 0.9%လို့ရေးထားတဲ့ ဘယ်အစက်ချဆေးမဆို ရက်သား လသားကလေးနှာပိတ်တာမှာ သုံးနိုင်ပါတယ်။ဆေးဆိုင်ကရတယ်ဆိုပြီး လူကြီးနှာခေါင်းပွင့်ဆေးတွေပေးလျင် မသုံးရပါ။သုံးလျင်ချက်ချင်းသက်သာပေမယ့်ဆေးပြင်းလို့ နှာခေါင်းအတွင်းသားမျက်နှာပြင်က သွေးကြောတွေပုံမမှန်ပွားများထူထပ်လာစေပြီး မကြာခဏသုံးလျင်ပိတ်တာပိုဆိုးလာစေတတ်ပါတယ်။လူ့ခန္ဓာကိုယ်ရဲ့သဘာဝနဲ့အကိုက်ညီဆုံးဓာတ်ဆားပျော့ဖြစ်တဲ့ အထက်က နှာခေါင်းအစက်ချဆေးကသာ ရက်သား၊လသားကလေးအတွက် ဘေးအကင်းဆုံးပါ။

တဘက်ကို တစ်စက်ကနေ နှစ်စက်၊တဘက်ပြီး ခဏစောင့် ပြီးမှနောက်တဘက်ထည့်ပါ။တတောင့်ကို ၂၄နာရီသုံးပြီး ထပ်မသုံးသင့်ပါ။အပေါ်ကအတံလေးကိုချိုးပြီး မပစ်ဘဲ အပေါက်လေးကိုစောက်ထိုးပြန်ပိတ်ထားမှ ၂၄နာရီသုံးလို့ရပါမယ်။ခြေဖဝါးနွေးအောင် ပရုပ်မပါတဲ့ မုန်ညင်းဆိီလေးလိမ်းပါ။ငယ်ထိပ်မအေးအောင် အဆီလွှာတခုခံနေအောင် အုန်းဆီ၊မုန်ညင်းဆီလိမ်းလို့ရပါတယ်။ကလေးဦးထုပ်၊အနှီးအုပ်ထားပေးပါ
ရင်လူးဆေး၊ချွဲပျော်ဆေးတွေမလိမ်းရပါ။မစစ်ထားတာမို့ မိမိကလေးမှာ G6PD ပါလျင် ဒုက္ခပိုဖြစ်မှာပါ။

မိခင်နို့ကိုပိုတိုက်ပါ။မစို့နိုင်လျင် လက်က်ိုဆပ်ပြာဖြင့်ဆေး၊ညှစ်ပြီးဇွန်းနဲ့တိုက်နိုင်ပါတယ်။မိခင်အစားအ သောက်နဲ့ ကလေးနှာပိတ်တာ၊ချွဲထတာလုံးဝမပတ်သတ်ပါ။ပိုးသတ်ဆေးလုံးဝမလိုပါ။Cetrizine ကိုတနှစ်အောက်ကလေး လုံးဝမပေးပါ။အပေါ်မှာရေးထားတဲ့ စိုးရိမ်ရတဲ့လက္ခဏာတွေရှိလျင် ဆရာဝန်ပြရပါမယ်။

ပြုံးပျော်ရွှင်

ကလေးများအတွက် မသိမဖြစ် အကြောင်းအရာများ (Credit)--------------------------------------------------------------၁- မွေးစ ကလ...
15/10/2023

ကလေးများအတွက် မသိမဖြစ် အကြောင်းအရာများ (Credit)
--------------------------------------------------------------

၁- မွေးစ ကလေး အသားနုနုကလေးကို ပေါင်ဒါ သုံးပေးခြင်း ရှောင်ကြဉ်ပါ။ပေါင်ဒါမှုန့်များ ကလေးရဲ့ အသက်ရှုလမ်းကြောင်း အတွင်း ဝင်နိုင်သောကြောင့် အန္တရာယ်ရှိပါတယ်။မိမိကလေးကို မွှေးမွှေးလေး နဲ့ ချစ်စဖွယ် ဖြစ်စေချင်ရင်တော့baby powder lotion တွေ baby lotion တွေ နေရာတော်တော်များများ ဝယ်နိုင်ပါပြီ။ အနည်းဆုံး ကလေး၆လ အထက်မှသာ ပေါင်ဒါကို အသုံးပြုပေးပါ။တိုက်ရိုက်ကလေးကို လိမ်းပေးခြင်းထက် အကျီ င်္လေး ဝတ်ပေးပြီးမှ လည်ပင်းပေါက်ကနေ အသာအယာ ပေါင်ဒါလေး ဖြူးပေးရင် ပိုကောင်းပါတယ်။ပေါင်ဒါမှုန့်ကလေး နှာခေါင်းထဲ မဝင်စေချင်လို့ပါ။ကလေး တင်ပါးတစ်ဝိုက် ဒိုင်ဘာလောင်လျှင်(သို့) အပူလောင် သလို နီရဲ နေလျှင် ပေါင်ဒါ မသုံးပေးပါနဲ့။ပိုဆိုးပါတယ်။ကျွန်မသားလေး ကိုယ်တွေ့ပါ။ အသားလောင်ပျောက်ဆေး Diaper cream (or) zinc oxide သုံးပေးပါ။

၂- အသက် ၆လ အောက် ကလေးငယ် လေးများကို ဘယ်လိုအခြေအနေ ဖြစ်နေပါစေ ရေတိုက်ရန်မလိုပါ။မိခင်နို့မှာ ရေဓါတ် ၁၀၀% ပါဝင်ပြီးသားပါ။၆လ အောက် ကလေး ရေမဆာတတ်ပါ။ရေ တိုက်လိုက်မှ သာ အန္တရာယ်ရှိနိုင်ပါတယ်။အသက် ၆လ မတိုင်ခင် ကလေးရဲ့ ကျောက်ကပ်ကလေးက ကောင်းစွာ အလုပ်မလုပ်နိုင်ပါ။ ရေတိုက်မိပါက ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။ရေမသန့်တာဖြစ်ဖြစ် ဒါမှမဟုတ် ထည့်တဲ့ခွက် မသန့်တာများ ဖြစ်ပါကလည်း ကလေးငယ် ဝမ်းပျက်ဝမ်းလျော ဖြစ်စေနိုင်ပါတယ်။နို့ဘူးတိုက်တဲ့ ကလေးများ လည်း နို့ဖျော်ရာတွင် သတ်မှတ်ထားတဲ့ ရေပမာဏထက် မကျော်လွန်သင့်ပါ။

၃- ကလေးကို မွေးမွေးချင်း မှ စ၍ လိုအပ်တဲ့ ကာကွယ်ဆေးများ အသက်အရွယ် အလိုက် တိုက်ကျွေး ခြင်း ဆေးထိုးပေးခြင်း မဖြစ်မနေ လုပ်ရပါမယ်။ဆရာဝန်များ ကျန်းမာရေး ဝန်ထမ်းများ ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာပါ။ကလေး တစ်ဘဝ လုံးအတွက် အလွန် အရေးကြီးပါတယ်။ကာကွယ်ဆေး မထိုးခင် ဆေးကြိုတိုက်ထားခြင်းက အကျိုးမရှိနိုင်လို့လည်း ဆရာဝန်တွေ ပြောတာ ကြားဖူးပါတယ်၊ကလေး ကိုယ်ပူလာလို့ လိုအပ်မှသာ ဆေးတိုက်ပါ။

၄- ကလေး အသက် ၆လ မပြည့်မချင်း ဖြည့်စွက်စာကျွေးဖို့ မကြိုးစားပါနဲ့။၄၅ ရက် ပြည့်ရင် ထမင်းဇကာတိုက်ကျွေးရတယ် ဆိုတဲ့ မဟာ့ မဟာ ပညာရှင်များ စကား နားမယောင်လိုက်ပါနဲ့။လုံးဝ မဟုတ်ပါ။ချွင်းချက် အခြေအနေတွေရှိပါတယ်။တချို့ကလေးငယ်များက ၄လ နှင့် အစာအိမ်က အစာကို တောင်းပါတယ်။ဒါမှမဟုတ် ကလေး တစ်ဦးနှင့် တစ်ဦး အခြေအနေမတူနိုင်သလို အာဟာရ လိုအပ်ချက်ခြင်း မတူတာကြောင့် လိုအပ်လျှင်ဆရာဝန်က ဖြည့်စွက်စာ စကျွေးဖို့ ပြောပါလိမ့်မယ်။မသေချာ မရေရာလျှင် ကလေးဆရာဝန်များဆီ အရောက်သွားပြီ မေးပါ။ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် ဘေးက မဟာ့ မဟာပညာရှိ စကားများ အတိုင်း ဒေါက်တာရမ်းတုတ် မလုပ်ပါနဲ့။ကလေးက ကိုယ်ပြုသလို နုရတာပါ။ကလေး ခေါင်းထောင်နိုင်လျှင်၊အမှီကလေး နှင့် ထိုင်နိုင်စပြုနေလျှင်၊ လူကြီး အစာစားတာကို စိတ်ဝင်းစားပုံ ပြလျှင်၊ စားစရာမြင်တဲ့အခါ ပါးစပ်ပြင်ရင်၊နို့ ကို စို့ရတာ မဝသလို ထင်ရလျှင်၊ ကလေး အသက် ၆လ ဝန်းကျင်ရှိလျှင် စတဲ့ အချက်တွေ ယေဘုယျ ကြည့်ရပါမယ်။

၅- မွေးစကလေး ခေါင်းတုံး တုံးရန် လုံးဝ(လုံးဝ) မလိုပါ။ဖြစ်နိုင်ရင် ကလေးကို ၆လ အထိ မွေးဆံပင်အတိုင်းထားပေးပါ။မနေနိုင်လို့ တိုပေးချင်တယ်ဆိုရင် ကလေးသုံး စက်ကတ်ကြေးလေးတွေ သုံးပြီး ဆံပင်လေးတွေညှပ်ပေးပါ။ကလေး မဟာဂုရုများက ဝိုင်းဝန်းအကြံပြုကြပါလိမ့်မယ်(ကိုယ်တွေ့) ခေါင်းတုံးတုံးမှ ဆံပင်သန်ပါမယ်။မဟုတ်ရင် ဆံပင်ပါးမယ် နဖူး ပြောင်မယ်လို့ ပြောပါလိမ့်မယ်။တကယ်တော့ ဆေးပညာရှင်တွေ ပြောတာဖတ်ရသလောက် ခေါင်းတုံးတုံးခြင်းက ဆံပင်သန်ခြင်း မသန်ခြင်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါ။တုံးတုံး မတုံးတုံး ထွက်လာရမယ့် ဆံပင် အရေအတွက် လျော့သွားခြင်း တိုးလာခြင်း လုံးဝမရှိပါဘူး။ဖြစ်နိုင်တာကတော့ မွေးဆံပင် အဖျားအနုလေးတွေကို ဖြတ်လိုက်တော့ အလယ်က နည်းနည်းကြမ်းတဲ့ ဆံပင်လေးတွေက ထူသယောင်မှတ်ယူကြတယ် လို့ ထင်ပါတယ်။ဒီလို ခေါင်းတုံးတုံးတဲ့နေရာမှာ ကြောက်စရာ အကောင်းဆုံးက ခေါင်းတုံး တုံးရာက ကလေးခေါင်းအသားအရေ နုနုနယ်နယ်ကို ဓါးထိမိပြီး မေးခိုင်ပိုး ဝင်နိုင်သလို အခန့်မသင့်ရင် အအေးပတ်နှာစေး ဖြစ်စေပါတယ်။အကယ်၍ ခေါင်းတုံးမိလို့ ကလေးခေါင်းမှာ အပူဖုလေးတွေလို အဖုဖုတွေ ဖြစ်လာရင် ပြောတတ်ပါတယ် မဟာပညာရှင်တွေက တွေ့ပလား ကလေးအခုမှ အပူတွေ ထွက်တာလို့ လုံးဝ မဟုတ်ပါဘူး ဒါစိတ်ပူစရာပါ ဆရာဝန်ဆီသာ ပြေးပါတော့။

၆- ဗမာတိုင်းရင်းဆေးများ ဖြစ်နိုင်တော့ ကလေးအတွက် မတိုက်စေချင်ပါ။များသောအားဖြင့် ဗမာဆေးက အမှုန့်တွေ ဖြစ်တာကြောင့် မှို အန္တရာယ် ရှိပါတယ်။တချို့ပါဝင်ပစ္စည်းများမှာ ကလေးအတွက် မကောင်းပါ။ကလေး သူငယ်နာဗမာဆေး မတိုက်လျှင် သူငယ်နာပါတတ်တယ်လို့ ဆိုပါတယ်။မှားပါတယ်။ဘယ်ရီ ဘယ်ရီရောဂါ အရပ်ခေါ်သူငယ်နာ ရောဂါက နို့တိုက်မိခင်က ကလေး လေနာမှာစိုးတယ် ဆိုတာနဲ့ အစားရှောင်ပြီး အသီးအရွက် မစား ပဲမစား အသားငါးအငန်များသာ စားတတ်သူများကြောင့် ကလေးက ဖြစ်တာပါ။ဗမာဆေး မတိုက်လို့ ဖြစ်တာ လုံးဝ မဟုတ်ပါ။ကျွန်မသား အသက် ၁၀လ ကျော်ပါပြီ ဆရာဝန် မညွှန်တဲ့ ဘာဆေးမှ ကျွန်မ မတိုက်ရဲခဲ့ပါ။ဗမာဆေးလည်းမတိုက်ဖူးပါ။သား ကျန်းကျန်းမာမာ ရှိပါတယ်။

၇- ကလေး ဝမ်းချုပ်လျှင် ရင်လူးဆေးလိမ်းပေးခြင်းက ထိထိရောက်ရောက် မသက်ဆိုင်ပါလို့ ဆေးဝါးသုတေသီ များကပြောပါတယ်။ကလေး ဝမ်းချုပ်ပါက ကလေးကို ပက်လက် အနေအထားနေစေပါ။ဗိုက်ကို အသာအယာ နှိပ်နယ်ပေးပါ။ခြေထောက်လေး ၂ချောင်းကို ကိုင်ပြီး စက်ဘီးနင်းသလို ပြုလုပ်ပေးပါ။ဒီလိုလေး တလှည့်စီ လုပ်ပေးပါ။ကလေး ငြိမ်နေအောင် မေမေက(ပြုလုပ်ပေးနေသူ) ကဗျာလေး ဖြစ်ဖြစ် ကလေး နှစ်သက်တဲ့ သီချင်းလေး ဆိုပြပေးပါ။ကလေး နဲ့လည်း နွေးထွေးစေလို့ နည်းလမ်းကောင်းလေးပါနော်။ဒါမှ အဆင်မပြေသေးဘူး ကလေး အီးအီးညှစ်ရခက်နေတယ်ဆိုရင်တော့ vaseline လေးကို နားကြပ်ဂွမ်းတံလေးမှာ အနည်းငယ်ယူပြီး ကလေး စအိုဝ လေးထဲကို အသာအယာ သုတ်လိမ်းပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။

p.s ကျွန်မ ဆရာဝန်မဟုတ်ပါ။သား ၁၀လကျော်လေး မှာကြုံတွေ့ရင်ဆိုင်ရသမျှ အခက်အခဲ များ စုဆောင်းရရှိသမျှ ဗဟုသုတ အတွေ့အကြုံ များသာ ဖြစ်ပါတယ်။ထပ်ပြီး လေ့လာဝေမျှ ပါရစေ။ကျွန်မ မသိသေးတာများကိုလည်း မေမေတို့ ပြန်လည်ဝေမျှပေးပါလို့ တောင်းဆိုပါတယ်။

Just A Mom Maydar
11.12.2016


#ကလေး

ဘေဘီလေးတို့အတွက်..👍
13/02/2023

ဘေဘီလေးတို့အတွက်..👍

20/11/2021
မေမေတို့ သိထားဖို့…🥰
19/11/2021

မေမေတို့ သိထားဖို့…🥰


🎉🎊Happy  New Year 2021🎊🎉နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ...ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ...လိုအင်ဆန္ဒတွေလည်း ပြ...
31/12/2020

🎉🎊Happy New Year 2021🎊🎉
နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြပါစေ...
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ...
လိုအင်ဆန္ဒတွေလည်း ပြည့်ဝကြပါစေ....
စိတ်သစ်လူသစ်နဲ့ဘဝကို ဖြတ်သန်းနိုင်ပါစေ...
ရောဂါဘယများမှလည်း ကင်းဝေးကြပါစေ....
လို့ BB’s Mart မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်...🙏🙏

Address


Telephone

+9595052021

Website

Alerts

Be the first to know and let us send you an email when BB’s Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share