Bhon Bhon Life Queen Cosmetics Sittwe

Bhon  Bhon  Life Queen Cosmetics Sittwe ရခိုင်ပြည် ဂွမြိုမျှင်ငပိနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေး

 #ခေတ်ကောင်းမှလုပ်မယ်ဆိုတဲ့သူထက်  ခေတ်မကောင်းခင်ထဲက ကြိုးစားထားတဲ့သူ ရလဒ်ချင်းမတူဘူး အဲ့မှာတင် ဒီအလုပ်ကိုပဲလုပ်ကြတာခြင်း...
13/09/2021

#ခေတ်ကောင်းမှလုပ်မယ်ဆိုတဲ့သူထက်
ခေတ်မကောင်းခင်ထဲက ကြိုးစားထားတဲ့သူ
ရလဒ်ချင်းမတူဘူး အဲ့မှာတင်
ဒီအလုပ်ကိုပဲလုပ်ကြတာခြင်းအတူတူ
အောင်မြင်ပုံက ကွာခြားသွားပြီ

ခေတ်မကောင်းထဲက ကြိုးစားထားတဲ့သူက
ခေတ်လဲကောင်းရော အခြေခိုင်သွားပြီး
မိတ်ရသွားပြီ ဖောက်သည်ရသွားပြီး
ကိုယ်စားလှယ်တွေရှိလာပြီး
ခေတ်ကောင်းမှ ထလုပ်တဲ့သူက ခုမှ ပို့စ်တင်တုန်း
ခုမှ လက်လီရောင်းဖို့ကြိုးစားရတုန်း

ဒါကြောင့် နာရီကိုဝယ်လို့ရတယ်😁
အချိန်ကိုဝယ်လို့မရဘူး

ဆုံးရူံးမူကို ကူညီပေးလို့ရတယ်😊
နောင်တကို ကူညီပေးလို့မရဘူး😇

Edit အေမီ ကလေးမွေးပီးနှစ်လနဲ့ဒီလောကထဲစဝင်လာတာ အမျိုးသားနဲ့အမေက သွေးနုသားနုပဲရှိသေးတာ နောက်ခွဲမွေးထားတဲ့မိခင် အနားယူဖို့လိုတယ် ဆိုပီး တားကြလဲ အေမီဇွတ်လုပ်ခဲ့တယ် ပင်ပန်းတာပေါ သာမန်လူထက်အဆပေါင်းများစွာပင်ပန်းတယ် ကလေးကြီးမှလုပ် ဆိုပီးပြောလည်းမရပ်ခဲဘူး ခုဆိုကလေးဆယ်လရှိပီး ဘာဖြစ်ဖြစ်ဒီလောကမှာအေမီ ခြေချတာ နည်းနည်းခိုင်နေပါပီး ဒါကြောင့် ​ေခတ်ကိုမကြည့်နဲ့ အချိန်ကိုမကြည့်နဲ့ လုပ်ချင်စိတ်ရှိချိန် ထလုပ်လိုက်ပါ နေရာတစ်ခုရဖို့ဆိုတာ ပေးဆပ်မူတစ်ခုကရှိစမြဲပါ

ကလေးဆိုတာ သိပ်ကို စူးစမ်းလေ့လာတတ်ပါတယ်။ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားတတ်ကတည်းက သူ့အနီးအနားမှာတွေ့တဲ့ အရာတွေကို ပါ...
06/08/2021

ကလေးဆိုတာ သိပ်ကို စူးစမ်းလေ့လာတတ်ပါတယ်။ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားတတ်ကတည်းက သူ့အနီးအနားမှာတွေ့တဲ့ အရာတွေကို ပါးစပ်ထဲကောက်ထည့်မယ်၊ ဝါးကြည့်မယ်၊ စားလို့ရတဲ့ အရာဆိုတော်သေးရဲ့၊ စားလို့မရတဲ့ မာတဲ့အရာတစ်ခုခု၀င်သွားခဲ့ရင် နင်သွားနိုင်ပါတယ်။ အခုဒီလိုအစာနင်သွားခဲ့ရင် ဘယ်လိုအရေးပေါ်ကုသကြမလဲဆိုတာ ပြောပြချင်ပါတယ်။




ကလေးလေးတွေ အစာနင်သွားခဲ့ရင်

ကလေးက သတိရသေးရင်

ကလေးက သတိတော့ ရသေးတယ်၊ ဒါပေမဲ့ အသံမထွက်တော့ဘူး၊ ချောင်းဆိုးတာ၊ ငိုတာလည်း မလုပ်တော့ဘူး၊ မျက်နှာလည်း ပြာနှမ်းလာပြီဆိုရင် အထဲက အရာ၀တ္ထုကို ဖယ်ထုတ်ဖို့ အမြန်လုပ်ရပါမယ်။

အသက် ၁ နှစ်အောက်တွေဆိုရင်-

၁။ ကလေးကို ကိုယ့်ရဲ့လက်မောင်းပေါ်မှာ မှောက်ရပ်တင်လိုက်ပါ။ ကလေးရဲ့ခေါင်းနဲ့ လည်ပင်းကို လက်နဲ့ထိန်းထားပေးပါ။

၂။ ပြီးရင်ကလေးတင်ထားတဲ့ လက်မောင်းကိုကိုယ့်ရဲ့ ပေါင်ပေါ်တင်ထားပြီး နောက်လက်တစ်ဖက်က လက်ဖနောင့်နဲ့ ကလေးရဲ့ ပုခုံးရိုးကြားကို ၅ ချက်လောက် ခပ်မြန်မြန် ထုပေးပါ။

၃။ ဒီလိုလုပ်တာမှ နင်တဲ့အရာ ထွက်မလာဘူး ဒါမှမဟုတ် ကလေးက ငိုတာ၊ ချောင်းဆိုးတာမျိုး မဖြစ်ဘူးဆိုရင် သူ့ကို အပေါ်ပြန်လှန်လိုက်ပါ။ ကလေးရဲ့ ခေါင်းနဲ့လည်ပင်းကို ကိုယ့်လက်နဲ့ ထောက်ပံ့ပေးထားပါ။ ပြီးရင် အားတဲ့လက်က ကိုယ့်လက်သူကြွယ်နဲ့ လက်ခလည်ကို သုံးပြီးကလေးရဲ့ ရင်ညွှန့်ရိုးပေါ်ကို ခပ်သွက်သွက်လေး ၅ ချက်လောက် တွန်းပေးပါ။ တွန်းတဲ့အခါမှာ အောက်ဖက်ကို ဦးတည်ပြီး တွန်းပေးပါ။

၄။ အပေါ်က အဆင့်တွေဖြစ်တဲ့ ကျောဖက်ကို ပုတ်တာ၊ ရင်ဘတ်ကိုတွန်းတာလိုမျိုးကို နင်တဲ့ အရာ ထွက်မလာမချင်း ထပ်ခါထပ်ခါလုပ်ပေးပါ။ ထွက်လာခဲ့ရင်လည်း ကိုယ့်လက်နဲ့ သေချာဆုပ်ကိုင်ပြီး ထုတ်လိုက်ပါ။

အသက် ၁ နှစ်မှ ၃နှစ်ဆိုရင်

၁။ ကလေးကို ကြမ်းပေါ်မှာ ဖြစ်စေ ပက်လက်လေး ချလိုက်ပါ။ ကလေးရဲ့ ဒူးခေါင်းတွေကို ယှက်ထားပါ။ ပြီးရင် ကိုယ့်လက်ဖနောင့်၂ ခုကို ထပ်ပြီး ကလေးရဲ့ ၀မျးဗိုကျ (ချက်နဲ့ နံရိုးအိမ်ကြား) ပေါ်တင်ပြီး အပေါ်ဖက်ကို ၅ ခါလောက် အားသုံးပြီးခပ်သွက်သွက်ဖိပေးပါ။ ပြီးရင် အထဲကနင်နေတဲ့ အရာထွက်လာမလာ ပါးစပ်ထဲကို ကြည့်ပေးပါ။

၂။ ထွက်မလာခဲ့ရင် နောက်တစ်ခေါက် ထပ်လုပ်ပေးပါ။

အသက် ၃ နှစ်နဲ့ အထက်ဆိုရင်

၁။ ကလေးရဲ့ အနောက်ဖက်မှာ ထိုင်ရပ်ဖြစ်စေ၊ ဒူးထောက်ရပ်ဖြစ်စေ နေရာယူလိုက်ပါ။ ကလေးရဲ့ ချက်အပေါ်ဖက်နေရာလောက်ကို နောက်ကနေ ကိုယ့်လက် ၂ ဖက်နဲ့ သိုင်းဖက်လိုက်ပါ။

၂။ ကလေးကို ကိုယ်ဘာလုပ်တော့မယ်ဆိုတာ သေချာပြောပြပါ။ လုပ်ရမယ့် နည်းကတော့ လက်၂ ဖက် ဗိုက်ကို ဖိပြီး အပေါ်ဖက်ကို ၅ ချက်လောက် မှန်မှန် ဆွဲပေးပါ။ ဒီလိုလုပ်ရာမှာ နံရိုးတွေကို မထိခိုက်အောင် ရှောင်ပါ။

၃။ လိုအပ်ရင် နောက်တစ်ခေါက် ထပ်လုပ်ပေးပါ။

ကလေးက သတိမရခဲ့ရင်၊ အသက်မရှူတော့ဘူး ဒါပေမဲ့ သွေးခုန်နှုန်းတော့ စမ်းမိသေးတယ်ဆိုရင် အောက်ပါနည်းလမ်းတွေပြုလုပ်ပေးပါ။

၁။ ကလေးကို ကြမ်းပေါ်မှာ ပတ်လက်ထားလိုက်ပါ။ သူ့အာခေါင်ထဲမှာ လျှာနဲ့ပြန်မပိတ်မိနေတာ သေချာအောင်လုပ်ပါ။ မေးရိုးကို ပင့်တင်ထားပါ။ ပါးစပ်ထဲမှာ တစ်ခုခုပိတ်နေ၊ ဆို့နေတာ တွေ့ရင် လက်နဲ့အသာနှိုတ်ထုတ်ပြီး ဖယ်ရှားပေးပါ။

၂။ ကလေးအသက်ရှူသလား နားထောင်ပေးပါ။ သေချာကြည့်ရှူပါ။ တကယ်လို့ ဘာမှ မကြားရဘူးဆိုရင် ကလေးကလည်း အသက် ၂ နှစ်အောက်ပဲ ရှိသေးတယ်ဆိုရင် ကိုယ့်ပါးစပ်ကို ကလေးရဲ့ ပါးစပ်နဲ့ နှာခေါင်း ၂ ခု စလုံးကိုအုပ်မိအောင် ငုံလိုက်ပါ။ ကလေးက အသက်၁ နှစ်နဲ့ အထက်ဆိုရင် ပါးစပ်ကိုပဲ လုံအောင် ငုံလိုက်ပါ။ နှာခေါင်းကိုတော့ လက်နဲ့ ပိတ်လိုက်ပါ။

၃။ ပြီးရင် ဖြည်းဖြည်းချင်း မှုတ်ထည့်ပေးပါ။ လုပ်ပြီးရင် သွေးခုန်နှုန်းကို ပြန်စမ်းကြည့်ပါ။ ဒီလို လေမှုတ်ထည့်ပေးတာတောင် ရင်ဘတ်က ကြွတက်မလာဘူး။ သွေးခုန်နှုန်းတော့ စမ်းမိတယ်ဆိုရင် အထဲမှာ နင်နေတုန်းမို့ နောက်တစ်ခါ ထပ်လုပ်ပေးပါ။

၄. ရင်ဘတ်ကြီးကြွတက်မလာဘူးဆိုရင်ဒီနည်းမသုံးပဲ အပေါ်မှာပြောခဲ့တဲ့ ကျောကို ဖိတာ၊

ရင်ဘတ်ကို တွန်းတာလိုနည်းတွေနဲ့ပြန်လုပ်ကြည့်ပါ။ အသက် ၁နှစ်ကျော်ကလေးတွေဆို အပေါ်မှာ ပြောခဲ့တဲ့ အသက် ၁နှစ်နဲ့ ၃ နှစ်ကြားနည်းတွေနဲ့လုပ်လို့ရပါတယ်။ ကိုယ်လေမှုတ်သွင်းလိုက်လို့ ရင်ဘတ်ကြီးကြွတက်လာတယ်ဆိုရင် အထဲကို လေ၀င်သွားတယ်ဆိုတဲ့သဘောပါ။ ၃ စက္ကန့်ကို တစ်ခါလောက်မှုတ်သွင်းပေးပါ၊ ဆေးရုံကားလည်း ခေါ်ထားပါ၊ အကူအညီမရောက်ခင်၊ ကလေးသတိပြန်မရခင်အထိ လေမှုတ်သွင်းလိုက်၊ သွေးခုန်နှုန်းစမ်းလိုက် လုပ်နေပေးပါ။

ဒါဆို ဘယ်အရာတွေက လည်ချောင်းနင်တာကို ဖြစ်စေသလဲ

အခုပြောမယ့် အရာတွေက အသက် ၆နှစ်အောက်ကလေးတွေမှာ ဖြစ်တတ်တဲ့ အရာတွေပါ။ ကလေးငယ်ရင်ငယ်သလို၊ ကြီးရင်ကြီးသလို ဆော့ကစားရာမှာရော၊ စားသောက်စရာထဲမှာပါ သတိပြုရမယ့် အရာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအစာကို သေချာ မဝါးနိုင်သေးတဲ့အရွယ်မှာ ကလေးကို အစာကျွေးရင် ပိုသတိပြုဖို့ လိုအပ်ပါတယ်။

ကြက်အူချောင်း၊ ၀ကျအူခြောငျး ကြက်အူချောင်း၊ ၀ကျအူခြောငျးတှကေ အထဲမှာ အသားတွေကို ကျစ်ကျစ်လစ်လစ်နဲ့ထုတ်ပိုးနိုင်ဖို့ အတင်းပြွတ်သိပ်ထည့်ထားရတဲ့ သဘော ရှိပါတယ်။ ဒါ့ကြောင့် စားလိုက်ရင်သေချာကြေညက်အောင် ဝါးစားဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေက သေချာကြေညက်အောင် မဝါးဘဲ မြိုချလိုက်မိရင် နင်သွားနိုင်ခြေများပါတယ်။

မုန်လာဥနီ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့ ကလေးတစ်ယောက်စားဖို့တော့ အရမ်းမာလွန်းနေပါတယ်။ ဒါ့ကြောင့် စားရင်းနင်သွားတာမျိုး မဖြစ်အောင် အပိုင်းသေးသေးလေးတွေ ဖြစ်အောင် အရင်လှီးဖြတ်ပြီးမှ ကျွေးကြည့်ပါ။

စပျစ်သီး လူကြီးတွေအတွက်ကိစ္စမရှိပေမဲ့ ကလေးတွေကျတော့ တစ်လုံးလုံးမျိုချလိုက်မိပြီး လည်ချောင်းထဲ သွားနင်နေတတ်ပါတယ်။ ဒါ့ကြောင့် အသက် ၄ နှစ်အောက်ကလေးကို ကျွေးမယ်ဆိုရင် စပျစ်သီးကို အခွံခွာ၊ အပိုင်းသေးသေးလေးတွေဖြစ်အောင် လုပ်ပြီးမှ ကျွေးပါ၊ အစေ့မပါတဲ့စပျစ်သီးဆို ပိုကောင်းပါတယ်။

စပျစ်သီးခြောက် အသက်ငယ်လွန်းတဲ့ကလေးတွေက ကြေညက်အောင်မဝါးဘဲ မြိုချလိုက်ရင် အစာနင်သွားနိုင်တာကြောင့် မကျွေးသင့်ပါဘူး။ အသက် ၃ နှစ်အောက်ကလေးတွေကို မကျွေးသင့်ပါဘူး။

အစေ့အဆံများ ဒါတွေကိုလည်း ကလေးရဲ့ ပါးစပ်သေးသေးလေးတွေအနေနဲ့ ကြေညက်အောင် ဝါးဖို့မလွယ်ကူပါဘူး။ ဒါ့အပြင် အပိုင်းသေးသေးလေးတွေက မတော်တဆနဲ့ အသက်ရှူလမ်းကြောင်းထဲ၀င်သွားနိုင်ခြေလည်း များပါတယ်။ ဒ့ါကြောင့် အသက် ၄-၅ နှစ်အရွယ်တွေကို မကျွေးသင့်ပါဘူး။

ပြောင်းဖူးပေါက်ပေါက် ပြောင်းဖူးပေါက်ပေါက်ထဲမှာ မပေါက်တဲ့ပြောင်းဖူးအစေ့လိုက်တွေလည်း ပါ၀င်နေနိုင်ပြီး စားရင်းမတော်တဆ ၀ငျသှားရာက အစာနင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ပြောင်းဖူးပေါက်ပေါက် ကျွေးမယ်ဆို သေချာဂရုစိုက်ပြီး ပေးပါ။

ပန်းသီး၊ သစ်တော်သီး အခွံမခွာထားဘူးဆိုရင် ဒီအသီးတွေက ကျေညက်အောင်ဝါးဖို့ခက်ပါတယ်။ ဒါ့ကြောင့် သေချာ မချက်ပြုတ်ထားဘူး၊ အခွံမခွာထားဘူးဆိုရင် တစ်နည်းပြောရရင် ကလေးငယ် ဝါးနိုင်မယ့် အတိုင်းအတာအထိ မနူးညံ့ဘူးဆိုရင် မကျွေးတာကောင်းပါတယ်။

ချိုချဉ် ချိုချဉ်တွေက စားလိုက်တဲ့အခါ ချော်ချွတ်ပြီး အာခေါင်ထဲ၀င်သွားနိုင်ခြေအရမ်းများပါတယ်။ ဒါ့ကြောင့် အသက် ၄ နှစ်အောက်တွေကို ဘယ်တော့မှ ချိုချဉ်မကျွေးတာကောင်းပါတယ်။

တရုတ်နံနံ၊ တရုတ်မုန်ညှင်း စားလိုက်ရင် လေပြွန်ထဲမှာ ကပ်သွားနိုင်တဲ့ စားစရာထဲမှာ ပါ၀င်တဲ့တရုတ်နံနံ၊ မုန်ညှင်းတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ အသက် ၄ နှစ် အောက်ကလေးတွေကို လုံး၀မပေးတာကောင်းပါတယ်။ အသက် ၅-၆ နှစ် တွေကိုတော့ တရုတ်နံနံ၊ မုန်ညှင်းကို အပိုင်းသေးသေးလေးတွေ ဖြစ်အောင် ပိုင်းပြီး ကျွေးလို့ရပါတယ်။

မြေပဲ ထောပတ် စားလိုက်ရင် အခဲလိုက်၊ ပျစ်ချွဲချွဲကြီး၀င်သွားမယ့် မြေပဲထောပတ်ကလည်း သတိပြုစရာပါ။ အသက် ၄ နှစ်အောက်ကလေးတွေကို မကျွေးပါနဲ့။ အသက် ၄ နှစ်အထက်တွေကို ကျွေးချင်တယ်ဆိုရင် ပေါင်မုန့်ပေါ်မှာ ခပ်ပါးပါးလေးသုတ်ပြီး ကျွေးနိုင်ပါတယ်။

ဒါတွေကတော့ ကလေးငယ်တွေ မတော်တဆ မြိုချမိသွားနိုင်တဲ့အရာတွေနဲ့ ဘယ်လိုကုသသင့်သလဲဆိုတာတွေပဲဖြစ်ပါတယ်။ မတော်တဆမြိုချမိတယ်ဆိုရာမှာ စားစရာတင်မကပဲ ကစားစရာတွေလည်း ပါ၀င်နေပါသေးတယ်။ ဒါ့ကြောင့် ကလေးငယ်သေးရင် ကစားစရာသေးသေးလေးတွေ ပေးမဆော့တာကောင်းပါတယ်။ ကလေးက စူးစမ်းရင်းနဲ့မတော်တဆ မျိုချမိသွားနိုင်လို့ပါ။ နောက်ပြီး အပေါ်ကနည်းတွေနဲ့ ကုသနေတဲ့အချိန်မှာလည်း ဆေးရုံသွားဖို့ လိုအပ်တယ်ထင်ရင် တစ်ခါတည်း ဆေးရုံကားခေါ်ထားပါ။ သတိလို ပိုတယ်မရှိပါဘူး။

Dr. Barry

Ref: www.parenting.com

Address

တိုက်၁၄ ကျန်စစ်မင်းအိမ်ရာ လှိုင်သာယာ
Yangon

Telephone

09459356995

Website

Alerts

Be the first to know and let us send you an email when Bhon Bhon Life Queen Cosmetics Sittwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share