28/01/2021
🔺 မြေပဲဆီ စစ်စစ် နှင့် ဆားအုန်းဆီ ရောထားသောဆီကို
🔺 ရေခဲသေတ္တာထဲ ထည့်ခဲ၍ စမ်းသပ်ခြင်း
မိမိစားသုံးနေတဲ့ ဆီတွေဟာ
မြေပဲဆီ စစ် မစစ် သိချင်ရင်
( သို့မဟုတ် )
ဟင်းသီးဟင်းရွက်ဆီလား, ဆားအုန်းဆီလား သိချင်ရင်
ရေခဲသေတ္တာ ခဲခန်းထဲတွင် တစ်ညထား၍ ခဲလိုက်ပါ။
နောက်နေ့မနက်မှာ ဗူးလေးကို ညှစ်ကြည့်ပါ။
ဂျယ်လီကဲ့သို့ ပျော့ပျော့လေးဆိုရင် မြေပဲဆီ။
ရေခဲချောင်းလို ခဲတောက်နေရင် ဆားအုန်းဆီ။
မြေပဲဆီဗူးသည် ဂျယ်လီကဲ့သို့ ပျော့သောကြောင့်
ပန်းကန်ထဲသို့ လွယ်ကူစွာ ညှစ်ထုတ်၍ ရသည်။
ဆားအုန်းဆီသည် ခဲတောက်နေသဖြင့်
ပန်းကန်ထဲသို့ ညှစ်ထုတ်၍ မရပါ။
ဗူးကို ဓါးနဲ့ ခွဲထုတ်မှ ရေခဲချောင်းသဖွယ်
ဆီခဲကြီး ကျလာလေသည်။
ထိုဆီခဲကြီးကို အရည်ပျော်သည်အထိ စောင့်ကြည့်ပါ။
အမြှုပ်ဖြူဖြူများ ဖြစ်နေလိမ့်မည်။
ဂျယ်လီကဲ့သို့ ဖြစ်နေသော မြေပဲဆီ စစ်စစ်အား
လက်လေးနဲ့ ဆွဲချေလိုက်ပါ။
မြေပဲဆီသာ ပြန်ဖြစ်သွားသည်။
အမြုပ်များ မကျန်ခဲ့ပါချေ။
ကဲ အားလုံးပဲ
စျေးသက်သာသော ရောဆီများနှင့်
ဟင်းသီးဟင်းရွက်ဆီ အမည်ခံ ဆားအုန်းဆီများကို
ရှောင်ရှားနိုင်ကြပါစေ။
ပစ္စည်း အရည်အသွေးကိုသာ ကြည့်ပါ။
ကျန်းမာရေးရှု့ထောင့် တစ်ခုတည်းကိုသာ ကြည့်ပါ။
ပိုက်ဆံအရေအတွက်ကို မကြည့်ပါနှင့်။
❌ ဆားအုန်းဆီ ဆိုးကျိုးများမှ လွတ်ကင်းနိုင်ကြပါစေ။
စီးပွားရေးသမားများလည်း မိမိကြိုက်စျေးယူပါ။
မြေပဲဆီဟုပြောပြီး ဆားအုန်းဆီရော၍
အရောင်, အနံ့ ထည့်၌ စျေးသက်သာစွာဖြင့်
လိမ်ညာ၍ မရောင်းပါနှင့်။
💖မိမိ၏ မိဘကို အန္တရာယ်ဖြစ်စေမယ့်
💖အစာအဆိပ်တွေ မကျွေးသကဲ့သို့
💖စားသုံးသူများကိုလည်း မိမိ၏ မိဘကဲ့သို့
💖ချစ်ခင်ကြင်နာနိုင်ကြပါစေ။
ဝိသမလောဘမှ ရှောင်ကြဉ်နိုင်ကြပါစေ။
_________________________________________________
🔺 မှတ်ချက် 🔺
မြေပဲဆီ ၆၀% , ဆားအုန်းဆီ ၄၀ % ရောထားသော
အမည်ခံ ၆၀ % မြေပဲဆီသည်
ဆားအုန်းဆီ စစ်စစ်ကဲ့သို့
အရမ်းကြီးတော့ ခဲတောက်မသွားပါ။
သို့သော်လည်း
၆၀ % မြေပဲဆီ နှင့်
၁၀၀ % မြေပဲဆီ စစ်စစ်ကို ယှဉ်စားကြည့်ပါက
အရသာ ကွာခြားလှသည်။
❌အမည်ခံ ၆၀ % မြေပဲဆီသည်
❌အများကြီးစားရင် ချောင်းဆိုးသည်။
❌အရသာ စူးရှသည်။
❌စားပြီးနောက် လျှာပေါ်၌ ချွဲသည်။
❌ ပအားသည်။
🔺 ၁၀၀ % မြေပဲဆီကား
🔺အများကြီးစားရင်လည်း ချောင်းမဆိုးပါ။
🔺အရသာ မစူးရှပါ။
🔺စားပြီးနောက် လျှာပေါ်၌ မချွဲပါ။
🔺မြေပဲလှော် , မြေပဲကြော် စားသကဲ့သို့
🔺 လျှာပေါ်၌ ကြမ်း၍သာ ကျန်ခဲ့လေသည်။
photo and information credit to google & original upload