Thida Phyo

Thida Phyo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thida Phyo, Shopping & retail, Yangon.

11/09/2025

ပဌာန်း ၂၄ပစ္စည်း

11/09/2025

ပဌာန်း၂၄ပစ္စည်း

အင်းစိန်မြို့နယ် ပေါက်တောဝလုံးချင်းအိမ်အရောင်း 2RC လုံးချင်းအိမ်အရောင်း အင်းစိန်မြို့နယ်၊ ပေါက်တောဝ မီးပွိုင့်အနီး ဘုရင်...
10/09/2025

အင်းစိန်မြို့နယ် ပေါက်တောဝလုံးချင်းအိမ်အရောင်း
2RC လုံးချင်းအိမ်အရောင်း
အင်းစိန်မြို့နယ်၊ ပေါက်တော

ဝ မီးပွိုင့်အနီး
ဘုရင်နောင်လမ်းမကြီးမှ

ဝင်ရောက်ရန် ၁ မိနစ်သာ
တန်ရင်မြန်ပါတယ်

ဈေးနှုန်း ၅၅၀၀ သိန်း (ပိုင်ရှင်နှင့် တိုက်ရိုက်ညှိနှိုင်း)

မြေအကျယ် 23 60
အိမ်အကျယ် 20 55
2RC (၂ ထပ်ခွဲ)
Master Bedroom ၂ ခန်း
Single Bedroom ၂ ခန်း
AC ၂ လုံး
ဘိုဘွားပိုင်မြေ
လမ်းကျယ်၊ ရပ်ကွက်သန့်သန့်
International School & ဘဏ်များအနီး

တည်နေရာ ကာယသုခလမ်း၊ ဘုရင်နောင်လမ်းမကြီးအနီး
ဝယ်ကောက်လည်းအမြတ်ရမှာပါရှင့် -ငှါးစား ၁၅သိန်း အသာလေးရ

အိမ်ခြံမြေအကျိုးဆောင်

09.951396395
အိမ်ကြည့်မယ်ဆို ဖုန်းကြိုဆက်ပေးပါရှင့်

အိမ်ကြည်မယ်ဆို့ 3:00 ကြိုချိန်းပေးပါ

 #ကွန်ဒိုအငှား  မီးရမည်24hr Securityလှိုင်မြို့နယ် ပါရမီလမ်းမကြီးပေါ်Parami Vally Residance ရှိ လူမနေရသေးသော ကွန်ဒို အခန...
06/01/2024

#ကွန်ဒိုအငှား

မီးရမည်
24hr Security

လှိုင်မြို့နယ် ပါရမီလမ်းမကြီးပေါ်
Parami Vally Residance ရှိ လူမနေရသေးသော ကွန်ဒို အခန်းသစ် ပြင်ဆင်ပြီး ပရိဘောဂအစုံပါ ငှားမည်.

✅အကျယ်အဝန်း - 1259 sqft
✅ အလွှာ - 9th Floor ( Nice view )
✅အိပ်ခန်း - 1 Master Bedroom, 2 Single Rooms

✅ Living room, Dining room,Kitchen, Common toilet, Service yard.

✅ ( ထိုင်ခုံ, ကုတင် မွေ့ယာ, ရေခဲသေတ္တာ, အဝတ်လျှော်စက်, ထမင်းစား စားပွဲ အကုန်အသစ်ဝယ်ထည့်ပေးမည် )

✅ Condo၂၄ နာရီမီးရရှိမည်.
Bakup Generator ( Rooms & Lifts )
3 lifts ( Passenger Lift & Cargo Lift )
Car parking
Gym and Swimming pool
24 Hour Security and CCTV
Fire -fighting
Rubbish Chute
Landscape area
Coffee and Restaurant

✅ အငှားစျေးနှုန်း ၁လ - ၁၈ သိန်း ( ညှိနှိုင်း )
( ၆လ or ၁နှစ်ချုပ် လက်ခံသည် )

အကျိုးဆောင်ခနှုန်းထား

အငှား အိမ်ရှင် နှစ်ချုပ် တစ်လစာ 6 လချုပ် လဝက်စာ
အိမ်ငှား တစ်လစာ

စရံချတာနဲ့အကျိုးဆောင်ခယူပါသည်

အရောင်း 2%
အကျိုးဆောင်

ဆက်သွယ်ရန်
- 09951396395
-09428659613

 #တောင်ဥက္ကလာပမြို့နယ်  #မဂ်လာလမ်းကျယ် ပေါ်ပြင်ဆင်ပြီး တိုက်ခန်းအခန်းအရောင်းစျေးနှူန်း--- 1980သိန်း(ညိနိူင်း)တည်နေရာ----...
06/01/2024

#တောင်ဥက္ကလာပမြို့နယ်

#မဂ်လာလမ်းကျယ် ပေါ်ပြင်ဆင်ပြီး တိုက်ခန်းအခန်းအရောင်း

စျေးနှူန်း--- 1980သိန်း(ညိနိူင်း)

တည်နေရာ----တောင်ဥက္ကလာပ ၊ 13ရပ်ကွက်
မဂ်လာလမ်းမပေါ်
( မေတ္တာလမ်းနှင့်ရတနာလမ်းမ ဒဲ့ပေါက်လမ်းကျယ်)

အကျယ်အဝန်း --19~55
(ဒုတိယထပ်)

လူနေထိုင်ခွင့်---Bccကျပြီးစာရွက်စာတန်းအစုံ အရူပိရှင်းကင်း

ကိုယ်ပိုင်မီတာ/ရေမော်တာတပ်ဆင်ပြီး

အပြင်အဆင်ဖွဲ့စည်းပုံ-အခန်းကျယ်2ခန်း
တစ်အိမ်လုံးကျွန်းပါ​ကေးခင်း/နံရံကြွေပြားအပြည့်ကပ်ထားပါတယိ
မီးဖိုခန်းကြွေပြားခင်း-
ရေချိုးခန်းဘိုထိုင်အိမ်သာ1စုံပါဝင်ပါတယ်
ရေpressure ပန့်တပ်ဆင်ထားသည်

တိုက်မျက်နှာစာအနောက်ဘက်လှည့်

နေရာကလမ်းကျယ်
အကျိုးဆောင်
ph:09-951396395 .09428659613

ကျွန်တော့်အမေက သာမန်ကျေးလက်ရွာသူ တစ်ဦးပါ။ အမေ ကျောင်းမနေဖူးဘူး။ ဒါပေမယ့် ကိုယ်တိုင်သင်တဲ့ အတတ်နဲ့ ဘုရားကျမ်းစာတွေကို အမေ...
06/01/2024

ကျွန်တော့်အမေက သာမန်ကျေးလက်ရွာသူ တစ်ဦးပါ။ အမေ ကျောင်းမနေဖူးဘူး။ ဒါပေမယ့် ကိုယ်တိုင်သင်တဲ့ အတတ်နဲ့ ဘုရားကျမ်းစာတွေကို အမေဖတ်နိုင်တယ်။ အမေ အပြင်ထွက်ပြီး အလုပ်မလုပ်ဖူးဘူး။ ဒါပေမယ့် လူတွေနဲ့ ဘယ်လို ပေါင်းသင်း ဆက်ဆံရမလဲဆိုတာ အမေသိတယ်။ လယ်သမားမိသားစုက ကြီးပြင်းလာခဲ့တဲ့အမေ၊ အဖေနဲ့ယူပြီးနောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတုန်းပဲ။ အိမ်အလုပ်၊ ခြံအလုပ်တွေ လုပ်တဲ့အပြင် ကလေးခြောက်ယောက်ကိုလည်း ထိန်းရသေးတယ်။

ကလေးတွေကို သွန်သင်ရာမှာ အမေက ရထားတွဲနည်းကို အသုံးပြုခဲ့တယ်။ သားအကြီးကို တွဲခေါင်းလုပ်ခိုင်းပြီး တစ်ယောက်နောက် တစ်ယောက် ဆက်စေပြီး ညီညွတ် စေခဲ့တယ်။

အသက် (၈၅)နှစ် ရှိပြီဖြစ်တဲ့ အမေက ကျန်းကျန်းမာမာပဲ၊ အကြားအာရုံကလည်း ကောင်းနေသေးတယ်။ အမေက ကိုယ်တိုင် စျေးသွားရတာကို ကြိုက်တယ်။ ဘုရားကျောင်း တက်ရတာကို ကြိုက်တယ်။ နေ့တိုင်း လေ့ကျင့်ခန်း လုပ်တယ်။ ဘဝမှာ ပျော်ပျော်နေသလို ဘဝကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတဲ့ အသိဉာဏ်တွေလည်း ရှိတယ်။ အမေ့ဆီက အဖိုးတန်ပညာတွေကို ကျွန်တော် တော်တော်များများ သင်ယူနိုင်ခဲ့တယ်။

သားသမီးတွေကို ဆုံးမရာမှာ အမေက ဘဝနဲ့ လက်တွေ့ကျကျ ဆုံးမတယ်။ ကျွန်တော်က အကြီးဆုံးသား ဆိုတော့ အမေတို့က ပိုမျှော်လင့်သလိုခဲ့သလို ကျွန်တော်ကလည်း ပိုကြိုးစားခဲ့ရတယ်။ အမေက ကျွန်တော့်ရဲ့ နည်းပြတစ်ယောက်လိုပဲ အခြေခံ ဆုံးမမှုတွေထဲမှာ မေတ္တာ၊ အကြင်နာတွေနဲ့ ဂရုစိုက်မှုတွေပါအောင် လေ့ကျင့်စေခဲ့ပြီး မောင်နှမတွေကို တပါးထဲပါအောင် ဆွဲခေါ်စေခဲ့တယ်။ အမေသွန်သင်တဲ့ ဥပမာတချို့ကို ပြောရမယ်ဆိုရင်.....


(၁) ကြိုးစားရင်ရပြီ

ကျွန်တော်ကျောင်းတက်စက ဆရာမတွေ ပြောတဲ့စကားကို သိပ်နားမလည်ဘူး။ တစ်ခါက ကျွန်တော့်ကို ပစ္စည်းတစ်ခု ရုံးခန်း သွားပို့ခိုင်းတယ်။ ကျွန်တော်ပို့ပြီးတော့ ဆရာမက “ကောင်းပြီ...သွားလို့ရပြီ” ဆိုလို့ ကျွန်တော်က ဆရာမ ဆုချတယ်အထင်နဲ့ အပျော်ကြီးပျော်ပြီး အတန်းထဲရောက်တာနဲ့ စာအုပ်တွေသိမ်းပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ရောက်တော့ အမေရိုက်တာ ခံရတဲ့အပြင် နောက်တစ်ရက် ကျောင်းရောက်တော့ ဆရာမ အပြစ်ပေးတာကို ခံလိုက်ရတယ်။

အဲဒီလို နားလည်မှုလွဲတာတွေ မကြာခဏ ကြုံခဲ့ရတယ်။ အတန်းထဲမှာ ကျွန်တော့်ရဲ့အဆင့်က ပိတ်ဆုံးပဲ။ သိတဲ့အတိုင်း ကျေးရွာမှာနေတဲ့ အမေတွေက ချောင်းဘေးမြောင်းဘေး ရေချိုး ရေခပ်တာပဲဖြစ်ဖြစ်၊ လယ်ထဲ ခြံထဲ အလုပ်လုပ် ရင်းဖြစ်ဖြစ် စကားစပ်မိရင် သားသမီးတွေအကြောင်း ပြောတတ်ကြတယ်။

ဘယ်အိမ်က ဘယ်သူ့ သားသမီးက အတန်းထဲမှာ အဆင့်တစ် ရတဲ့အကြောင်း၊ ဘယ်သူ့သားသမီးကဖြင့် အမှတ်ကောင်းတဲ့အကြောင်း... ကျွန်တော်အကြောက်ဆုံးက ကျွန်တော့်အလှည့် ရောက်မယ့်နေ့ပဲ။ ဒါပေမယ့် အဲဒီနေ့ကို ဘယ်လိုမှ ရှောင်လို့မရခဲ့ဘူး။ အမေနဲ့အတူ ကျွန်တော်ရှိနေခဲ့တယ်။

“နင့်သားက အတန်းထဲမှာ အဆင့်ဘယ်လောက်လဲ”

“အဆင့်ဘယ်လောက်ရလဲ အမှတ်ဘယ်လောက်ရလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ကလေးတွေ ကြိုးစားဖို့ပဲ”

ကျွန်တော့်အားနည်းချက်ကို အမေက ထိန်းပေးခဲ့တယ်။ အတန်းတွေကြီးလာမှ ယုံကြည်မှုတွေ၊ ခွန်အားတွေနဲ့ အဲဒီအားနည်းချက်တွေကို ကျွန်တော် ပြန်ဖြည့်နိုင်ခဲ့တယ်။

“ကြိုးစားဖို့ပဲလိုတယ်။ ယှဉ်ပြိုင်ဖို့ မလိုဘူး။ လူလူချင်းယှဉ်ရင် အဲဒီယှဉ်ပြိုင် မှုတွေက ကိုယ့်ကို သတ်သွားနိုင်တယ်”

ကျွန်တော့်ကို အမေက အဲဒီလို အမြဲဆိုဆုံးမခဲ့တယ်။ ဒီလိုဆုံးမမှုတွေက ကျွန်တော့်ကို တည်ငြိမ်တဲ့ ဘဝတွေ ပေးခဲ့တယ်။ ကြိုးစား သင်ယူခြင်းဆိုတဲ့ အကျင့်ကို ကျွန်တော်ရလိုက်တယ်။


(၂) လူလျှောက်မှ လမ်းဆိုတာဖြစ်လာတယ်

ကျွန်တော်ငယ်ငယ် အရမ်းဆင်းရဲတယ်။ ဆန်အိုးထဲမှာ အမြဲ ဆန်ပြတ်တယ်။ သုံးမိုင်ကျော်လောက် ဝေးတဲ့ ဦးလေးဆီမှာ ကျွန်တော် ဆန် အမြဲသွားချေးရတယ်။ လမ်းမှာတွေ့တဲ့ ချောက်ကမ်းပါးတွေရဲ့ အန္တရာယ်ကို ကျွန်တော် တဖြည်းဖြည်း သိလာခဲ့တယ်။ အလယ်တန်းပြီးတာနဲ့ ကျောင်းထွက်ပြီး အသက်မွေးဝမ်းဖို့ ပညာ တစ်ခုခု သင်ယူဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

ကျွန်တော့် အတန်းပိုင်ဆရာက “တစ်ယောက်အောင်ရင် ဆရာတို့က တစ်ယောက်အတွက် ဝမ်းသာဂုဏ်ယူတယ်။ မင်းကြိုးစားမှုနဲ့ အောင်နိုင်တယ်။ ဆရာ စာရင်းသွင်းပေးမယ်။ အဆင့်တစ်ခုယူပြီး ဆရာကို ဝမ်းသာအောင် လုပ်စမ်းပါ”

ဆရာသာ ကျွန်တော့်ကို ဂရုမစိုက်ခဲ့ရင်၊ ကျွန်တော့်အတွက် ကျောင်းလခ မစိုက်ပေးရင် ကျွန်တော် အလယ်တန်းတောင် ပြီးခဲ့မှာ မဟုတ်ဘူး။ ဆရာဝမ်းသာစေဖို့ ကျွန်တော်ပိုကြိုးစားခဲ့တယ်။ အမှတ်ကောင်းကောင်းနဲ့ ကျွန်တော် အောင်ခဲ့တယ်။ ဆရာက ကျောင်းအပ်ဖို့ ပိုက်ဆံချေးပေးမယ်ပြောတော့ အမေ့ကို ကျွန်တော် ပြောပြလိုက်တယ်။

အမေက “ ပိုက်ဆံကို တစ်ခါပဲ ချေးလို့ရမယ်။ ကျောင်းလခအတွက် သား သစ်သီးတွေလိုက်ရောင်း... အဲဒါမှ တာရှည်ခံမှာ”

နောက်ရက်မှာ အမေက ကျွန်တော့်အတွက် မာကလာသီးနဲ့ ထမ်းပိုးတစ်ခု၊ ခြင်းတစ်လုံး ငှားလာခဲ့တယ်။ ကျွန်တော်ကို ထမ်းရောင်းခိုင်းစေခဲ့တယ်။ ကျွန်တော့်မှာ အတွေ့အကြုံ မရှိတော့ ရောင်းရတာ တော်တော်ခက်ခဲခဲ့တယ်။

တစ်ညမှာ အမေက မီးအိမ်လေးထွန်းပြီး ကျွန်တော့်ကို “ဒီတစ်လှမ်းကို သားလှမ်းနိုင်ပြီဆိုရင် နောင်နောက် ဆင်းရဲခြင်းတွေက သားကို တွန်းလှန်နိုင်တော့မှာ မဟုတ်ဘူး။ လမ်းဆိုတာ လူလျှောက်မှ ဖြစ်လာတာ”

ကျွန်တော် ဘာမှ ပြန်မပြောတော့ အမေကဆက်ပြီး “သား... သားရဲ့ခြေထောက်က ကြွက်သားတွေ သန်မာဖွံ့ဖြိုးမှ ရှည်လျားတဲ့ ဘဝခရီးလမ်းကို သားလျှောက်နိုင်မှာ အခု သားအရွယ်က ကြွက်သားတွေ သန်မာတဲ့အရွယ်… မနက်ဖြန် သား သစ်သီးတွေ လိုက်ရောင်းရမယ်”

နောက်တစ်နေ့မှာ ထမ်းပိုးကို မနိုင့်တနိုင်ထမ်းပြီး နေရာအနှံ့ သစ်သီးကုန်အောင် ကျွန်တော်လိုက်ရောင်းခဲ့တယ်။ ရောင်းရငွေ ၅ကျပ်ရခဲ့တယ်။ အဲဒီနေ့က စပြီး ကျွန်တော်ခြေထောက်က ကြွက်သားတွေ ပိုသန်မာလာရုံမက ကျွန်တော်ရင်ပါ ကော့လာနိုင်ခဲ့တယ်။

အဲဒီနောက် သစ်သီးတွေကို လက်လီရောင်းရာက လက်ကားအထိ ရောင်းနိုင်ခဲ့တယ်။ လုပ်ငန်းတွေကို ပိုတိုးချဲ့နိုင်ခဲ့တယ်။ အဲဒီအချိန်က စပြီး ဆင်းရဲခြင်းက ကျွန်တော်ကို လာမနှောင့်ယှက်တော့ဘူး။ အလုပ်လုပ်ရင်း ကျွန်တော် ကျောင်းတက်နိုင်ခဲ့တယ်။ အမေရဲ့ အားပေးမှုနဲ့ တိုက်တွန်းမှုတွေကို ကျွန်တော် ကျေးဇူးတင်လို့ မဆုံးခဲ့ပါဘူး။


(၃) ပျော်ပျော်နေ ပြောင်းပြန်မလုပ်နဲ့

စိတ်ညစ်စရာ ကြုံတိုင်း အမေက ကျွန်တော်တို့ကို “ပျော်ပျော်နေစမ်းပါ.. မျက်နှာကြီး ဆူပုပ်မထားနဲ့” လို့ အမြဲ ပြောတတ်တယ်။

တစ်နှစ်မှာ လေပြင်း မုန်တိုင်းတိုက်လို့ ကျွန်တော်တို့ အိမ်နဲ့ခြံတွေ အတော် ပျက်စီးသွားခဲ့တယ်။ စားစရာတွေ ပြတ်လပ်ခဲ့တယ်။ အမေက ကျွန်တော်တို့ကို ဦးဆောင်ပြီး ခြံဝန်းရှင်းတယ်။ ညအချိန် မိုးကာနဲ့လုပ်ထားတဲ့ ယာယီတဲလေးမှာ ကျွန်တော်တို့ တည်းခဲ့ရတာတောင် ကလေးတွေကို စနောက်တဲ့ အမေရယ်သံက မဆဲခဲ့ဘူး။

“သဘာဝ ဘေးအန္တရာယ်နဲ့ ဆင်းရဲခြင်းတွေကြောင့် အမေတို့ တော်တော် နစ်နာဆုံးရှုံး နေရပြီ။ ပျော်ပျော်မနေရင် အမေတို့ ပိုနစ်နာလိုက်မယ်” အမေပြောတဲ့ အဲဒီစကားကို ကျွန်တော် ဒီတစ်သက် မမေ့ခဲ့ဘူး။ ပျော်ပျော်နေတတ်တဲ့ အကျင့်စရိုက်တွေကို အမေ့ဆီကနေ ကျွန်တော်သင်ယူခဲ့တယ်။

အမေက စည်းစနစ်တွေကို လိုက်နာဖို့ ဆန်ကျင့်ဘက် ပြောင်းပြန်တွေ မလုပ်ဖို့ အမြဲပြောတယ်။ တစ်ခါက ဟင်းရွက်စိုက်ဖို့ စည်းရိုးခတ်တော့ ကျွန်တော် စမ်းကြည့်ချင်တာနဲ့ မြေကြီးထဲ လွယ်လွယ်ကူကူ ထိုးစိုက်လို့ရတဲ့ အဖျားနဲ့ အရင်းကို ပြောင်းပြန်လုပ်ပြီး စိုက်လိုက်တယ်။

စည်းရိုးတွေကာ ခြံဝင်းခတ်ပြီးတော့ အမေက စည်းရိုးပင်တွေ ပြောင်းပြန် စိုက်ထားတာတွေ့လို့ အကုန်နှုတ်ပြီး ကျွန်တော်ကို ထပ်စိုက်ခိုင်းခဲ့တယ်။ နောက်တော့အမေက စည်းရိုးပင်တွေကို အရင်းကနေ စိုက်ရင် ထပ်ရှင်နိုင်သေးတယ်။ ဒါမှ စည်းရိုးတွေ တာရှည်ခံမယ်။ အဖျားကနေ စိုက်ရင် ညိုးပြီး သေကုန်လိမ့်မယ်လို့ ပြောတယ်။

“လူ့ဘဝမှာရော အလုပ်လုပ်တဲ့ နေရာမှာရော ပြောင်းပြန်မလုပ်ရဘူး.. ဒါကို စည်းစနစ်လို့ခေါ်တယ်” စည်းစနစ်နဲ့ လုပ်တတ်တဲ့ ကျွန်တော့်အကျင့်တွေက နားထဲဝင်အောင်ပြောခဲ့တဲ့ အမေ့စကားတွေပဲဖြစ်တယ်။

အမေ့ရဲ့မေတ္တာတွေက တစ်ခါခါမှာ မိုးသက်လေပြင်းလို၊ တစ်ခါခါမှာ နေရောင်ခြည်လို စည်းစနစ်တွေနဲ့ ပျော်ရွှင်မှု၊ နွေးထွေးမှုတွေကို ပေးခဲ့တယ်။ အမေ သွန်သင်ဆုံးမခဲ့တဲ့ အရာတွေဟာ ကျွန်တော့်ဘဝနဲ့ ထပ်တူ လက်တွေ့ကျနေတယ်။

အခုအချိန်အထိ အမေက ကျွန်တော့်တို့ကို ကြုံရင်ကြုံသလို သွန်သင်နေတုန်းပဲ။ အမေရဲ့ ဘဝကို ပျော်ပျော်ရင်ဆိုင်တတ်တဲ့ ဉာဏ်အမြော်အမြင်ကို ကျွန်တော်တို့ ကြိုးစားသင်ယူနေဆဲဖြစ်ပါတယ်။


ထိုင်ဝမ်စာရေးဆရာ Zheng Shi Yan ၏ “အမေရဲ့ အမြော်အမြင်” အား ဘာသာပြန် ခံစားသည်။

💌

crd #နိုင်းနိုင်းစနေ

တချို့နာကျင်မှုတွေက ကိုယ့်ရွေးချယ်မှုနဲ့ ဆိုင်ပါတယ် ။တစ်ခါတစ်လေ ကံစီမံရာဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်တတ်ဘူး ။ လောကကြီး...
15/12/2022

တချို့နာကျင်မှုတွေက ကိုယ့်ရွေးချယ်မှုနဲ့ ဆိုင်ပါတယ် ။

တစ်ခါတစ်လေ ကံစီမံရာဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်တတ်ဘူး ။ လောကကြီး ပြင်ဆင်ဖို့အခွင့်အရေးပေးတာတောင် ကိုယ်ကိုယ်တိုင်ကြောင့် နာကျင်ရတဲ့အရာတွေ ရှိတယ် ။ ဥပမာပေါ့ ... နာကျင်နေပြီလား လွှတ်ချလိုက်တော့လေဆိုတဲ့ အမှန်တရားကို ကိုယ်ကော တစ်လောကလုံးကော သိနေတဲ့ကြားထဲက ကိုယ်က အဲ့ဒီအရာကို မလွှတ်ရက်တဲ့အခါ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ကိုယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ ထိုက်တန်တယ် မဟုတ်လား ။

တချို့ဆို ပိုဆိုးသေးတယ် .. မှားနေမှန်းသိသိရဲ့မှ ငါရွေးချယ်ခဲ့တာမမှားဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သက်သေတွေ ပြချင်နေခဲ့တာလေ ။ သူကလေ ငါ့ကို အရမ်းချစ်တာ ဆိုပြီး စကားတွေ ကျွံထားပြီးမှ သူ ငါ့ကို မချစ်ဘူးဆိုပြီး ပြန်ပြောင်းမပြောချင်တော့တာ ။ ဒီလိုနဲ့ပဲ ရူးရူးမိုက်မိုက်ဆက်ရွေးချယ်နေမိတာတွေ ရှိတယ် ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ် သူ မရှိပဲ နေနိုင်လားဆိုတဲ့ မေးခွန်းမျိုးကို ... နေမယ်ဆိုရင် နေလိုက်လို့ရပေမယ့် ကိုယ်ကိုယ်တိုင်က အဲ့လိုမျိုး သူမရှိပဲ နေလိုက်ရတာမျိုးကို မလိုချင်နေတာပေါ့ ။

ပစ်ထားတယ်ဆိုတာမှန်းသိသိနဲ့ အတင်းကြီး လိုအပ်ချင်နေတာလေ ။ ကိုယ်မရှိမဖြစ် ဖြစ်နေသလိုမျိုး သူ့အတွက်လည်း ကိုယ်က မရှိမဖြစ်ဖြစ်နေချင်တာ ကိုယ် ဂရုစိုက်သလို ကိုယ် သိပ်ချစ်သလိုမျိုး သူ့ဆီကနေပဲ ပြန်လိုချင်တာ ။ တခြားတစ်ယောက်ဆီက ရလာတာတွေရှိရင်တောင် ငြင်းပြီး သူ့ဆီကပဲ လိုချင်နေမိတာ ။ အဲ့ဒီနှစ်ခုက မတူဘူးလေ ။ အင်း ... ပြီးတော့ ကိုယ်ပဲ ပျော်ရမယ့်အရပ်ကို ကျောခိုင်းပြီး မပျော်ရတဲ့အရပ်မှာပဲ အတင်းတွယ်ကပ်ချင်နေမိတာ ။

အဲ့တာကြောင့်ပြောတာပေါ့ ... တချို့နာကျင်မှုတွေက ကိုယ့်ရွေးချယ်မှုနဲ့ အများကြီးဆိုင်ပါတယ်လို့ ... ကိုယ်က နတ်ပြည်မှတ်လို့ သာယာပြီး ငရဲဖြစ်နေမှန်းသိတာတောင် ကိုယ်ကိုယ်တိုင် ပျော်ပျော်ကြီး ကူးခတ်နေမိတာ ။

#ကျေးကို

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thida Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share