14/08/2026
FORD EVEREST
ားတွေမှာအောက်ပိုင်းအသံထွက်လာတာကအစိတ်ပိုင်းတစ်ခုတည်းမဟုတ်ပါဘူး...❗
အစပိုင်းမှာ အသံသေးသေးလေး၊ ကားခုန်တာလေးကနေ စတတ်ပေမယ့် အချိန်ကြာလာရင် Suspension နဲ့ Steering ပိုင်းက အရေးကြီးတဲ့ Parts တွေထိခိုက်လာနိုင်ပါတယ်...👍
ကျနော်တို့ Workshop ကို Ford Everest ကားတစ်စီး အောက်ပိုင်း (Suspension) ပိုင်းမှာ အရင်နဲ့မတူပဲ အသံတွေထွက်လာပြီး ကားကလည်း သိသိသာသာ ခုန်လာတဲ့အတွက် လိုအပ်တာတွေ စစ်ဆေးပြုပြင်ပေးပါဆိုပြီး ရောက်လာပါတယ်....👍
ကားကို အရင်ဆုံး Test Drive လုပ်ကြည့်လိုက်တဲ့အခါ Customer ပြောထားသလိုပဲ ကားရဲ့ Suspension ပိုင်းမှာ အသံတွေရှိနေပြီး မောင်းနှင်တဲ့အချိန်မှာလည်း Comfort ပိုင်း လျော့နည်းနေတာကို တွေ့ရပါတယ်...❗
အောက်ပိုင်းအသံထွက်ရတဲ့အကြောင်းရင်းတွေက Shock Absorbers၊ Bushes၊ Ball Joints၊ Stabilizer Links၊ Tie Rods စတဲ့ အစိတ်အပိုင်းများစွာနဲ့ သက်ဆိုင်နိုင်တာကြောင့် တစ်နေရာတည်းကို ခန့်မှန်းပြီး Parts လဲပေးတာမျိုးမလုပ်ဘဲ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်...👍
ဒါကြောင့် ကားရဲ့ Suspension System ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်အစိတ်အပိုင်းတွေက ဘာကြောင့် အသံထွက်နိုင်တယ်ဆိုတာ Customer ကို အရင်ရှင်းပြပေးပြီး စစ်ဆေးပေးမယ့် Process နဲ့ Service Charges တွေကိုလည်း အသေးစိတ် အသိပေးခဲ့ပါတယ်...✅
Customer က သဘောတူညီတဲ့အတွက် ကားရဲ့ အောက်ပိုင်းအစိတ်အပိုင်းတွေကို ဖြုတ်စစ်ဆေးခဲ့ပါတယ်...🔧
စစ်ဆေးပြီးတဲ့အခါမှာ —
🔧 Front / Rear Shock Absorbers
🔧 Upper Arm Bushes
🔧 Upper & Lower Ball Joints
🔧 Front / Rear Stabilizer Links
🔧 Tie Rods
🔧 Front Brake Pads
စတဲ့ အပိုင်းတွေမှာ လျော့နေခြင်း၊ ချောင်နေခြင်းနဲ့ အသုံးပြုမှုအခြေအနေ၊ ကီလိုမီတာအသုံးပြုမှုကြောင့် အလုပ်လုပ်နိုင်စွမ်း လျော့နည်းလာခြင်းတွေကို တွေ့ရှိခဲ့ပါတယ်...👍
တွေ့ရှိထားတဲ့အခြေအနေတွေ၊ ပြုပြင်ရန်လိုအပ်တဲ့အပိုင်းတွေ၊ လဲလှယ်ရန်လိုအပ်တဲ့ Parts တွေကို တစ်ခုချင်းစီ အသေးစိတ်ရှင်းပြပြီး ကုန်ကျစရိတ်ကိုလည်း ကြိုတင်တွက်ချက်ပေးခဲ့ပါတယ်...✅
Customer က အတည်ပြုချက်ပေးတဲ့အတွက် လိုအပ်တဲ့ Suspension Parts များကို ပြုပြင်ခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်...🔧🔧
အားလုံးပြီးစီးပြီးနောက် Test Drive ပြန်လုပ်ကြည့်တဲ့အခါ —
✅ ကားခုန်နေတဲ့အခြေအနေ သိသိသာသာ ကောင်းမွန်လာပါတယ်
✅ Suspension အသံများ လျော့ကျသွားပါတယ်
✅ မောင်းနှင်ရတဲ့ Stability ပိုကောင်းလာပါတယ်
✅ ကားရဲ့ Comfort ပိုင်း ပြန်လည်ကောင်းမွန်လာပါတယ်
💡 Ford Everest ကားပိုင်ရှင်များအတွက် သတိထားသင့်တာများ
👉 SUV ကားတွေမှာ Suspension Load ပိုများတာကြောင့် အောက်ပိုင်း Parts တွေကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်
👉 လမ်းမကောင်းတဲ့နေရာတွေ မောင်းများရင် Shock Absorbers နဲ့ Bushes တွေ ပိုမိုအားနည်းလာနိုင်ပါတယ်
👉 Steering တုန်ခြင်း၊ ကားခုန်ခြင်း၊ အောက်ပိုင်းအသံများက အစပိုင်းမှာ သေးသေးလေး စတတ်ပါတယ်
👉 အချိန်မီစစ်ဆေးပေးခြင်းက ကြီးမားတဲ့ ပျက်စီးမှုနဲ့ အပိုကုန်ကျစရိတ်တွေကို ကာကွယ်နိုင်ပါတယ်
ပြုပြင်လဲလှယ်ပေးတဲ့ Parts အမျိုးအစားနဲ့ အခြေအနေပေါ်မူတည်ပြီး Warranty သတ်မှတ်ပေးထားပါတယ်။
ဒီကားမှာ ပြုပြင်လဲလှယ်ပေးခဲ့တဲ့ အပိုင်းများအတွက် ၈ လ မှ ၁ နှစ်အထိ Warranty ပေးထားပါတယ်...👍
ကားပြုပြင်ရာမှာ အရေးကြီးတာက Parts လဲပေးရုံတင်မဟုတ်ပါဘူး။
ဖြစ်နေတဲ့ပြဿနာရဲ့ အကြောင်းရင်းကို မှန်မှန်ကန်ကန်ရှာဖွေပြီး Customer ကို နားလည်အောင်ရှင်းပြပေးခြင်းက ပိုအရေးကြီးပါတယ်...❤️
ကားတွေပျက်ရင် သတိရကြပါဦး ❤️❤️
✅ Opening Hours - 9AM to 5PM
✅ Address - Parami Road, Yangon, Myanmar
✅ Phone - 09969754493
✅ Line No. - 09969754493