BOOK TREE Book Shop

BOOK TREE Book Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BOOK TREE Book Shop, Book shop, No 267, Pansodan Road(Upper Block), Between Anawrahta & Bogyoke Road, Kyauktada Township, Yangon.

 #သုံးပြည်ထောင် (ပထမတွဲ) ၃၅၀၀၀ကျပ်  #သုံးပြည်ထောင် (ဒုတိယတွဲ )၄၅၀၀၀ ကျပ် ထွက်ပါပြီ သင်္ကြန် ပိတ်ရက်အတွက် ဖတ်ဖို့စာအုပ် ဆ...
04/04/2026

#သုံးပြည်ထောင် (ပထမတွဲ) ၃၅၀၀၀ကျပ်

#သုံးပြည်ထောင် (ဒုတိယတွဲ )၄၅၀၀၀ ကျပ်
ထွက်ပါပြီ

သင်္ကြန် ပိတ်ရက်အတွက် ဖတ်ဖို့စာအုပ်

ဆိုင်မှာ လာဝယ်တဲ့သူတိုင်းကို ၁၀%လျော့ပေးနေပါပြီ။

🍑 Book tree စာအုပ်ဆိုင်တွင် ကိုယ်တိုင်လာ၍ စာအုပ်များကို ဝယ်ယူအားပေးနိုင်သလို----🍑 အိမ်အရောက်ပို့စနစ်ဖြင့်လည်း ပို့ပေးပါတ...
01/04/2026

🍑 Book tree စာအုပ်ဆိုင်တွင် ကိုယ်တိုင်လာ၍ စာအုပ်များကို ဝယ်ယူအားပေးနိုင်သလို----

🍑 အိမ်အရောက်ပို့စနစ်ဖြင့်လည်း ပို့ပေးပါတယ်ခင်ဗျာ။

🍑 စျေကွက်အတွင်းရရှိနိုင်သည့် မည်သည့်စာအုပ်မျိုးကိုမဆ်ို မှာယူနိုင်ပါသည်။

🌳🌳🌳🌳🌳🌳🌳🌳🌳
BOOK TREE စာအုပ်ဆိုင်
အမှတ် ၂၆၇၊
ပန်းဆိုးတန်းအပေါ်ဘလောက်၊
ကျောက်တံတား၊
ရန်ကုန်။
09426491024
🌳🌳🌳🌳🌳🌳🌳🌳🌳

 #ထင်ယောင်မှတ်မှားနတ်ဘုရားလောတန်ဖိုး ၁၂၀၀၀ယခုစာအုပ်က စကြဝဠာကို ဖန်ဆင်းတဲ့ အသိဉာဏ်ရှိ နတ်ဘုရားဆိုတာ မရှိနိုင် ကြောင်းနဲ့ ...
26/03/2026

#ထင်ယောင်မှတ်မှားနတ်ဘုရားလော

တန်ဖိုး ၁၂၀၀၀

ယခုစာအုပ်က စကြဝဠာကို ဖန်ဆင်းတဲ့ အသိဉာဏ်ရှိ နတ်ဘုရားဆိုတာ မရှိနိုင် ကြောင်းနဲ့ ဒါဟာ သက်သေမခိုင်လုံတဲ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ကြောင်း အဓိကတင်ပြထားပါတယ်။

သက်ရှိတွေရဲ့ ရှုပ်ထွေးနက်နဲမှုဟာ ဖန်ဆင်းရှင်ကြောင့် မဟုတ်ဘဲ သဘာဝရွေးချယ်မှုဖြစ်စဉ် (Natural Selection) ကြောင့်သာ ဖြစ်တယ်ဆို တာကို သိပ္ပံနည်းကျ ရှင်းလင်းပြထားတာပါ။

လူတစ်ယောက်အနေနဲ့ ကိုယ်ကျင့် တရား ကောင်းမွန်ဖို့အတွက် ဘာသာရေးအဆုံးအမတွေအပေါ် မှီခိုနေစရာမလိုဘဲ ဆင်ခြင်တုံတရားနဲ့တင် လုံလောက်တယ်လို့ဆိုပါတယ်။

ကလေးငယ်တွေကို ငယ် စဉ်ကတည်းက ဘာသာရေးအယူဝါဒတွေ ရိုက်သွင်းတာဟာ သူတို့ရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ပိတ်ပင်တားဆီးရာရောက်တယ်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန် ထားပါတယ်။

အနှစ်ချုပ်ရရင် ဒီစာအုပ်ဟာ လူသားတွေကို အယူသည်းမှုတွေဆီ ကနေ ရုန်းထွက်ပြီး သိပ္ပံပညာနဲ့ ဆင်ခြင်တုံတရားရဲ့ အလင်းရောင်ကို ရှာဖွေဖို့ တိုက်တွန်းထားတာပဲ ဖြစ်ပါတယ်။

💐💐💐💐💐💐💐💐💐🌹🌹🌹🌹🌹🌹🌹 #ပျောက်ဆုံးမှတ်ဉာဏ်များ၏မီးအိမ်တန်ဖိုး ၁၃၅၀၀ဂျပန်စာရေးဆရာမ Sanaka Hiiragi ရဲ့ဒီဝတ္ထုမှာ သေဆုံးပြီးသူတွေ...
24/03/2026

💐💐💐💐💐💐💐💐💐🌹🌹🌹🌹🌹🌹🌹

#ပျောက်ဆုံးမှတ်ဉာဏ်များ၏မီးအိမ်

တန်ဖိုး ၁၃၅၀၀

ဂျပန်စာရေးဆရာမ Sanaka Hiiragi ရဲ့ဒီဝတ္ထုမှာ သေဆုံးပြီးသူတွေဟာ သူတို့ရဲ့ဘဝထဲက အမှတ်ရစရာအချိန်ကာလတွေကို ပြန်လည်ကြည့်ရှုနိုင်တဲ့ မှော်ဆန်ဆန် ဓာတ်ပုံဆိုင်ထဲ ရောက်သွားကြတယ်။

တကယ်တော့ ဒီဆိုင်ဟာ သေခြင်းတရားဆီသွားတဲ့ တံခါးဝ၊ ဘဝနဲ့ သေခြင်းတရားကြားက နေရာဖြစ်တယ်။

အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကွယ်လွန်သူတွေဟာ ဆိုင်ပိုင်ရှင် မစ္စတာဟီရာဆာကရဲ့ “ပျောက်ဆုံးမှတ်ဉာဏ်များ၏မီးအိမ်" ကနေတစ်ဆင့် သူတို့ရဲ့တစ်သက်တာမှတ်တမ်းတွေကို နောက်ဆုံးတစ်ကြိမ် ကြည့်ရှုခွင့်ရကြတယ်။

သူတို့ရဲ့ဘဝဓာတ်ပုံများစွာကို စုစည်းကြည့်ရှုရင်း မစ္စတာဟီရာဆာက က ဧည့်သည်တွေကို ဒုတိယလက်ဆောင်တစ်ခုအဖြစ် အခွင့်အရေးတစ်ခုလဲ ပေးအပ်သေးတယ်။ အဲဒါကတော့ သူတို့ရဲ့ဘဝထဲက အထူးတန်ဖိုးထားလိုတဲ့ အချိန်ကာလ တစ်ခုကို ဓာတ်ပုံရိုက်ဖို့ သူတို့ရဲ့အတိတ်ကို ပြန်သွားခွင့်ရခြင်းပဲဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိပြီး စိတ်ကူးယဉ်ဆန်တဲ့ ဝတ္ထုဖြစ်တာမို့ “ပျောက်ဆုံးမှတ်ဉာဏ်များ၏ မီးအိမ်" ဟာ အတိတ်ကိုလွမ်းဆွတ်မှု၊ ရယ်မောမှု၊ မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုဆီကို စာဖတ်သူတွေကို အလည်ခေါ်ဆောင်သွားမှာပါ။

အသစ်ထွက် နှင့် ပြန်ရစာအုပ်များ 🍑 Book tree စာအုပ်ဆိုင်တွင် ကိုယ်တိုင်လာ၍ စာအုပ်များကို ဝယ်ယူအားပေးနိုင်သလို----🍑 အိမ်အရေ...
23/03/2026

အသစ်ထွက် နှင့် ပြန်ရစာအုပ်များ

🍑 Book tree စာအုပ်ဆိုင်တွင် ကိုယ်တိုင်လာ၍ စာအုပ်များကို ဝယ်ယူအားပေးနိုင်သလို----

🍑 အိမ်အရောက်ပို့စနစ်ဖြင့်လည်း ပို့ပေးပါတယ်ခင်ဗျာ။

🍑 စျေကွက်အတွင်းရရှိနိုင်သည့် မည်သည့်စာအုပ်မျိုးကိုမဆ်ို မှာယူနိုင်ပါသည်။

🌳🌳🌳🌳🌳🌳🌳🌳🌳
BOOK TREE စာအုပ်ဆိုင်
အမှတ် ၂၆၇၊
ပန်းဆိုးတန်းအပေါ်ဘလောက်၊
ကျောက်တံတား၊
ရန်ကုန်။
09426491024
🌳🌳🌳🌳🌳🌳🌳🌳🌳

 #ဒေါက်တာခင်မောင်လွင် ရဲ့ ဆေးဖက်ဆိုင်ရာစာအုပ်များ
18/03/2026

#ဒေါက်တာခင်မောင်လွင် ရဲ့ ဆေးဖက်ဆိုင်ရာစာအုပ်များ

ဘဝတက္ကသိုလ်စာပေ တိုက်ထုတ်  #မြသန်းတင့် စာအုပ်များ ကို ၁၅%နှုန်းလျော့နဲ့ မှာယူနိုင်ကြပါပြီ။ ( ၉/၃/၂၆ ) ရက် မှ (၂၂/၃/၂၆ )ရ...
13/03/2026

ဘဝတက္ကသိုလ်စာပေ တိုက်ထုတ် #မြသန်းတင့် စာအုပ်များ ကို ၁၅%နှုန်းလျော့နဲ့ မှာယူနိုင်ကြပါပြီ။

( ၉/၃/၂၆ ) ရက် မှ (၂၂/၃/၂၆ )ရက် အတွင်း

BOOK TREE Book Shop page ကနေ မှာယူနိုင်ကြသလို

Viber 09426491024 ကနေလည်း မှာယူနိုင်ကြပါပြီ။

 #အာဏာနှင့်သံသရာတန်ဖိုး ၂၀၀၀၀ထွက်ပါပြီ BOOK TREE Book Shop page မှာလို့ရသလို့ Viber 09426491024 မှာလည်းမေးမြန်မှာယူလို့ရ...
04/03/2026

#အာဏာနှင့်သံသရာ

တန်ဖိုး ၂၀၀၀၀

ထွက်ပါပြီ

BOOK TREE Book Shop page မှာလို့ရသလို့

Viber 09426491024 မှာလည်းမေးမြန်မှာယူလို့ရပါပြီ။

 #လင်းခါနီးကမ္ဘာကြီးသို့
02/03/2026

#လင်းခါနီးကမ္ဘာကြီးသို့

 #ဝိညာဉ်ရှင်းတမ်း(စိတ်ဝိညာဉ်နဲ့ တမလွန်ဘဝဆိုင်ရာ အယူမှားကို သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ခြင်း )တန်ဖိုး ၈၀၀၀ဝိညာဉ်ဆိုတဲ့ အ...
20/02/2026

#ဝိညာဉ်ရှင်းတမ်း
(စိတ်ဝိညာဉ်နဲ့ တမလွန်ဘဝဆိုင်ရာ အယူမှားကို သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ခြင်း )

တန်ဖိုး ၈၀၀၀

ဝိညာဉ်ဆိုတဲ့ အယူအဆကို သိပ္ပံနဲ့မဆိုင်တဲ့ ဘာသာရေးကိစ္စ တစ်ခုအဖြစ်ပဲ မမြင်ဘဲ “သိပ္ပံနည်းကျ အဆိုပြုချက်" (Scientific Hypothesis) တစ်ခုအဖြစ်
ပြောင်းလဲကြည့်သင့်ပါတယ်။

ဝိညာဉ်ဟာ ရုပ်ပိုင်းဆိုင်ရာလောကထဲမှာ သက်ရောက်မှု ရှိနေတယ်ဆိုရင် ဒါဟာ သိပ္ပံ နည်းကျ စစ်ဆေးလို့ရတဲ့ အချက်အလက် ဖြစ်လာရပါမယ်။

ဥပမာ -သေလုမြောပါး အတွေ့အကြုံများ (NDEs) မှာ ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်ပြီး မြင်တွေ့ခဲ့တာတွေ မှန်၊ မမှန် စမ်းသပ်နိုင်ပါတယ်။

ဝိညာဉ် (ရုပ်မဲ့) က ဦးနှောက် (ရုပ်ဝတ္ထု) ကို ဘယ်လို အပြန်အလှန် သက်ရောက်မှု Interaction) ပေးသလဲဆိုတာကို ရူပဗေဒနည်းအရ တိုင်းတာလို့ ရရပါ မယ်။

အဆင့်မြင့်နည်းပညာတွေနဲ့ စမ်းသပ်တဲ့တိုင်အောင် ဝိညာဉ်ရှိကြောင်း ခိုင်မာတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရခြင်းဟာ ဝိညာဉ်မရှိဘူးဆိုတဲ့ အချက်ကို အားကောင်းစေတဲ့ အထောက်အထား (Evidence of Absence) ပင် ဖြစ်ပါသည်။

Address

No 267, Pansodan Road(Upper Block), Between Anawrahta & Bogyoke Road, Kyauktada Township
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

09426491024

Website

Alerts

Be the first to know and let us send you an email when BOOK TREE Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category