ပင်လယ်သား အုန်းသီးအုန်းသားရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ပင်လယ်သား အုန်းသီးအုန်းသားရောင်းဝယ်ရေး

ပင်လယ်သား  အုန်းသီးအုန်းသားရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပင်လယ်သား အုန်းသီးအုန်းသားရောင်းဝယ်ရေး, Shopping & retail, Yangon.

15/05/2026
လှနေရော
25/01/2024

လှနေရော

30/01/2023
28/12/2022

ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ
စံပယ်ဖြူနု
(၁)

🌸🌸🌸🌸🌸

တွေ့လိမ့်မည် မျှော်လင့်မထားသော အချိန်၊ မျှော်လင့်မထားသော နေရာတွင်မှ ဦးဦးကို လင်း ပြန်တွေ့ရသည်။

ဪ...“ဦးဦးကို ပြန်တွေ့သည်” ဟု သုံးရန် မသင့်၊ ဦးဦး မဟုတ်၊ ဦးဦးနှင့် ပတ်သက်ဆက်နွယ်သော တစ်စုံတစ်ရာဟု သုံးနှုန်းမှ မှန်ပေမည်။ လင်းသည် ဦးဦးနှင့် ဆုံရခြင်း မဟုတ်။ ဦးဦး၏ အရိပ်ကိုသာ ဆုံရခြင်း။

ထိုနေ့က ပုံမှန်မဟုတ်ပါဘဲ တနင်္ဂနွေလိုနေ့မျိုးတွင် လင်းတစ်ယောက် ပြခန်းသို့ ရောက်နေရသည်။ စင်စစ် တနင်္ဂနွေသည် အနုပညာပြခန်းတာဝန်ခံလင်း၏ အားလပ်ရက်။ တနင်္လာတွင် စတင်မည့် ပြပွဲရှိစေကာမူ တနင်္ဂနွေ၌ လင်း လာရောက် ကြီးကြပ်လေ့မရှိ။ စနေတွင် အားလပ်ရက်ယူသည့် ခင်စန္ဒာက စီစဉ်ပေးလိမ့်မည်။

သို့သော် သည်တနင်္ဂနွေကတော့ ခြွင်းချက် ဖြစ်ရသည်။ မိခင်နေမကောင်း၍ ခင်စန္ဒာ တောင်ကြီး ပြန်တော့ ကျန်ရစ်သော တာဝန်ဟူသမျှမှာ လင်းထံသို့သာ ပုံကျလာသည်။ စနေနေ့တွင် အဆုံးသတ်သည့် ဓာတ်ပုံပြပွဲက ဓာတ်ပုံကားချပ်များအား တနင်္ဂနွေမနက် လာရောက်သိမ်းဆည်းချိန် လင်းရှိနေရမည်။ တနင်္လာတွင် စမည့် ပန်းချီပြပွဲသစ်အတွက် တနင်္ဂနွေနေ့ခင်းကတည်းက ပန်းချီကားများ ပို့ဆောင်နေရာချချိန်မှာ လင်း ရှိနေရမည်။

လင်းသည် အားလပ်ရက် ပျောက်၍ ငြူစူခြင်း အလျှင်း မရှိ။ ခုတစ်လောတော့ အားလပ်ချိန် မရှိလေရအောင် အလုပ်ရှုပ်နေရတာကိုပင် သဘောတကျ ဖြစ်နေသည်။ နို့မို့ဆို သူသည် စိတ်ဒဏ်ရာများအကြားက ဘယ်တော့မှ လွတ်မည် မဟုတ်။

လင်းသည် ကွန်ပျူတာ ဖန်သားပြင်ကို ငေးစိုက်နေရာက တစ်ချက်ပြုံးလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းသာ ဆတ်ခနဲ လှုပ်ခါရုံ။ မျက်လုံးကမူ မှိုင်းမှုန်ရိပ်နှင့် ကျန်ရစ်သည်။

တော်ပြီ..။ ဒီအကြောင်းတွေ ထပ်မတွေးနဲ့….. မတွေးပါရစေနဲ့။

လင်း၏ အကြည့်သည် ကွန်ပျူတာ မျက်နှာပြင်မှသည် ပြခန်းဘက်ဆီ ရွှေ့၏။

လင်း ရှိနေရာ အခန်းငယ်၏ မှန်တံခါးကို ထွင်းဖောက် လှမ်းကြည့်လျှင် ပြခန်းကို ကောင်းစွာ မြင်နိုင်ပါသည်။ “အစိမ်းရောင်သစ်ရွက်များ” ဟု
အမည်ပေးထားသည့် အနုပညာပြခန်းသည် ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် တည်ရှိသော၊ အသင့်အတင့်ကျယ်ဝန်းသော ပြခန်းတစ်ခု ဖြစ်သည်။ နံရံလေးဖက်လေးတန်သာမက ခန်းမအလယ်တွင်ပါ ပန်းချီများ၊ ဓာတ်ပုံများ ချိတ်ဆွဲပြသနိုင်ရန်၊ တင်ဆက်မှု အနုပညာဖန်တီးမှုများ ပြုလုပ်နိုင်ရန် နေရာပေးထားသည့် ကျယ်ဝန်းသော ခန်းမမျိုး ဖြစ်သည်။ လင်းလင်းထင်းထင်း မဟုတ်လှသော ကဗျာဆန်သော မမှိန့်တမှိန် အလင်းရောင်သည် ခန်းမကို လွှမ်းလျက်။

ပြပွဲနေ့များတွင်တော့ ပြခန်းတစ်ခုလုံး၌ ငြိမ့်ညောင်းသော အတီးသက်သက် ဂီတသံတစ်စက လွှမ်းခြုံထားမည်။ ပြင်ပရာသီဥတု ဘယ်လို ရှိပါစေ အခန်းထဲမှာတော့ နေထိုင်ကောင်းရုံ အေးမြသော ဝန်းကျင်တစ်ခု ဖြစ်နေမည်။

သည်အနုပညာပြခန်းမှာ လင်း အလုပ်စဝင်တော့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း။ လုပ်သက် နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါးကာလအတွင်း လင်းကို
အဆွဲဆောင်နိုင်ဆုံးသော အရာမှာ ပန်းချီများ၊ ဓာတ်ပုံများ ပြီးလျှင် ပြခန်းရှိရာ ခြံဝင်းထဲက သစ်ပင် ပန်းပင်တို့၏ အလှတရားသာ ဖြစ်သည်။

အစိမ်းရောင်လွှမ်းသော ခြံမြင်ကွင်းသည် ဘတ်စ်ကား တိုးစီးကာ အလုပ်ထဲ ရောက်လာရသည့် လင်းအား အစဉ် အမောပြေစေသည်။ နွေလည်း နွေအလျောက်၊ မိုးလည်း မိုးအလျောက်၊ ဆောင်းလည်း ဆောင်းအလျောက် ပန်းရောင်စုံ ပွင့်ဖူးကာ သစ်ရွက်လေးများကအစ စိမ်းစိမ်းမြမြ လှရက်သော ဝန်းကျင်ပေ။

ပြခန်းအဝင်တွင်လည်း တံခါး၏ ဘေးတစ်ဖက်တစ်ချက်၌ ရေညှိစိမ်းရောင် စဉ့်အိုးရှည်ရှည်နှင့် စိုက်ပျိုးထားသည့် ပန်းအလှပင်တစ်ပင်စီ ချထားသည်။ မှန်တံခါးကို တွန်းဖွင့်၍ဝင်ခဲ့လျှင်ကား အနုပညာလွှမ်းခြုံသော၊ သာယာနွေးထွေးသော အလုပ်ခွင်က လင်းအား ဆီးကြိုပေပြီ။

အနုပညာပြခန်း ဝန်ထမ်းဘဝကို မက်မက်မောမော ရွေးချယ်တော့ ဖေဖေသည် ထုံးစံမပျက်ပင် လင်းအား နားမလည်။ လင်းကို နားလည်သူမှာ မေမေတစ်ယောက်သာ။ သည်တစ်ကြိမ်တော့ ဖေဖေ့ကို အလျှော့ပေးရန် စိုးစဉ်းမျှ စိတ်မကူး။ တော်ပြီလေ..။ ဖေဖေ့အကြိုက် အင်္ဂလိပ်စာနဲ့ လင်း ဘွဲ့ရခဲ့ပြီပဲ..။ နောက်ဆုံးတော့ ဖေဖေသည် သူနှင့် ထပ်တူထပ်မျှ ခေါင်းမာချင်သော သမီးအားအလျှော့ပေးရသည်။ ဖေဖေ့ဘဝတွင်မိသားစုဝင်အပေါ် ပထမဆုံးအကြိမ် အလျှော့ပေးခြင်း မည်လေသလား။

မည်သို့ဆိုစေ ဖေဖေ့သမီး လင်းမြရည်လွင် တစ်ယောက် ဖေဖေမလိုလားသော အနုပညာနှင့် နီးစပ်ရာ နယ်မြေသို့ ခြေချခွင့်ရလာသည်။

ငယ်အိပ်မက်၌ ပန်းချီဆရာ ဖြစ်ချင်ခဲ့ဖူးသော လင်းသည် ပန်းချီကားချပ်များ၊ ဓာတ်ပုံများ၊ အနုပညာ တင်ဆက်မှုများနှင့် ထိတွေ့ခွင့်ရလာသည်။ ပန်းချီဆွဲလိုစိတ်ကတော့ ဘာကြောင့်မှန်းမသိ ငယ်တုန်းကလောက် မထက်သန်တော့ပြီ။ သည်လိုဆို ဦးဦး အံ့သြလေမလား..။

လင်းသည် ပြီးခဲ့သည့် ညနေမှ အစပြုကာ ဦးဦးအကြောင်း အမှတ်မထင် ခေါင်းထဲ ရောက်ရောက်လာပုံကို သတိပြုမိနေသည်။ စင်စစ် ဦးဦးနှင့်ပတ်သက်သမျှ အမှတ်တရများအား အစဉ် တွေးတော အောက်မေ့နေတတ်သည် မဟုတ်။ အကြောင်းတိုက်ဆိုင်မှ .…။

ခုတော့ အကြောင်းတိုက်ဆိုင်လို့ပဲ ဆိုရမည်။

🌸🌸🌸

ပြီးခဲ့သည့် ညနေက မြင်တွေ့ခဲ့သော ပုံရိပ်တို့ကို လင်း ခုထိ မမေ့။

တိုက်ခန်းလှေကားထစ်များကို တဖျပ်ဖျပ် နင်းကာ ဆင်းလာချိန်၊ သော့ပိတ်သည့် သံပန်းတံခါးကို ဖွင့်ရန် ပြင်လိုက်ချိန်မှာပင် သူတို့နှင့် လင်း
ဆုံရသည်။ အမျိုးသားတစ်ဦး၊ ကလေးမလေးတစ်ဦး။ ကလေးမလေးသည် အမျိုးသား၏လက်ကို ဆုပ်ကိုင်ကာ လင်းအား စူးစမ်းကြည့်နှင့် မော့ကြည့်နေသည်။

အသက် ဘယ်လောက်ပဲ ရှိဦးမှာပါလိမ့်။ အလွန်ဆုံးရှိလှမှ ငါးနှစ်ကျော်ကျော် ခြောက်နှစ်ပေါ့။ မျက်လုံးလေးများက ဝိုင်းဝိုင်းလဲ့လဲ။ ပခုံး မထိတထိ ဆံပင်ပျော့ပျော့လေးများကို နှစ်ဖက် ခွဲစည်းထားသည်။ အသားဖြူဖြူ ပါးဖောင်းဖောင်း မို့မို့။

လင်းသည် ကိုယ်က လက်ဦးနေသူမို့ သံပန်းတံခါးသော့ကို ဖွင့်၏။ ပွားယူထားသည့် သော့တူမို့ ရုတ်ခြည်း မပွင့်။ သုံးကြိမ်လောက် ကြိုးစားယူရသည်။ မရေမရာ တစ်ချက် ပြုံးပြမိသည်။ တံခါးပွင့်တော့ လင်း အရင်ထွက်သည်။ သူတို့ ဝင်ပြီးမှ သော့ပိတ်ရန်ပင်။

လူတစ်ကိုယ်စာ ပွင့်နေသည့် နေရာလပ်မှ ကလေးမလေးက ဦးအောင်ဝင်သည်။ လှေကားရင်း ရောက်သည်နှင့် နောက်က လိုက်ဝင်လာသော အမျိုးသားအား “ဦးဦး၊ သမီးကို ချီ” ဟု ဆိုလိုက်သည်။ လေသံမှာ ချွဲချွဲနွဲ့နွဲ့။ ခု မချီလျှင် ခုပင် ခြေဆောင့်တော့မလို နှုတ်ခမ်းလေးက စူနှင့်နေသည်။

လင်းသည် သံပန်းတံခါးကို ကိုင်ကာ အတန်ကြာ နေမိသည်။ ဦးဦး...တဲ့။ သည်အခေါ်အဝေါ်နှင့် ဝေးခဲ့တာ ဘယ်လောက် ကြာပြီနည်း။ ဆယ်နှစ်လောက် ရှိရော့မည်။

ထိုသူသည် ဦးဦးလိုပင် ပိန်ပိန်ပါးပါး ဖြစ်သည်။ အရပ်ရှည်ရှည်။ တိုတိုကပ်ကပ် ညှပ်ထားသော ဆံပင်ပုံစံလည်း တူသည်။ တူမလေးဟု ယူဆ
ရသူအား ညင်ညင်သာသာ ပြုံးပြလိုက်ပုံလည်း တူသည်။ ဦးဦးထံမှာ ရှိဖူးသော အဖြူနှင့် မီးခိုးရောရာ အကွက်ဆင်မျိုးကိုပင် ရှပ်လက်ရှည် ဝတ်ထားသည်။

လင်း ငေးနေစဉ်မှာပင် ကလေးကို သူ ပွေ့ချီလိုက်သည်။ လင်း၏ငေးကြောင်ကြောင် မျက်ဝန်းများထံ တစ်ချက် လှမ်းကြည့်သည်။ ကလေးမလေးနှင့် ဆင်လှသော မျက်ဝန်းများ။ ထိုမျက်ဝန်း၌ နားမလည်ဟန် အရိပ်အချို့ ပေါ်ပေါက်လျှင် လင်း အကြည့်လွှဲလိုက်ပါသည်။

နောက် လှေကားတစ်လျှောက် တဖျပ်ဖျပ် ခြေသံများ။ အပြင်သို့တိုင် လွင့်ကျလာသော ရယ်သံများ။ သံပန်းတံခါးကို အကျင့်ပါသော လက်များနှင့် အမှတ်မဲ့ ပိတ်သည်။ လျှောက်နေကျ လမ်းပေါ်သို့ ရောက်ရသည်။

လင်းသည် ခုနစ်ထပ်တိုက်ဆီ လည်ပြန်လှည့်ကြည့်မိသည်။ လင်း နေထိုင်သောအခန်းက လေးလွှာမှာ။ သူတို့ ဘယ်အလွှာမှာ နေကြပါလိမ့်။

ကလေးမလေးနဲ့ သူ့ဦးဦးဟာ တူဝရီးလား၊ ဒါမှမဟုတ် ခင်မင်ရာခင်မင်ကြောင်း ပတ်သက်ရသူတွေလား..။ အို...ငါနဲ့ ဘာဆိုင်လို့လဲ..။

လင်းသည် ခေါင်းတစ်ချက် ခါယမ်းကာ ခြေလှမ်းဆက်ခဲ့ရသည်။ ညနေသည် တိမ်တိုက်များ တရွေ့ရွေ့ လွင့်ပါး အရောင်ပြောင်းခြင်း၊ နေရောင်ဖျော့တော့ခြင်း နှင့်အတူ ကုန်ဆုံးခဲ့သည်။ ညသည်လည်း ပုံမှန်လိုပင် ဆိုက်ရောက်လာခဲ့သည်။

စင်စစ်တော့ သည်ညနေ၊ ညချမ်း၊ ညတို့မှာ လင်းအတွက် ခြောက်အိပ်မက်မှ လွတ်မြောက်ရန် အားယူဆဲ အချိန်ကာလ၏ အစိတ်အပိုင်းများသာဖြစ်သည်။

လင်း၏ ညများစွာသည် အိပ်ခန်းမီးကို လင်းထိန်အောင် ဖွင့်ထားသည့်တိုင် အမှောင်လွှမ်းသည့်ပမာ ရှိတတ်သည်။ အိပ်ရမည်ကို လင်း ကြောက်သည်။ ခြောက်အိပ်မက်ကို မုန်းတီးသည်။ အလှတရားဟု သူ ယုံမှတ်သော ချစ်ခြင်းမေတ္တာသည် ဘာကြောင့် သူ့အား တွေဝေခြင်း ဆေးခါးရောသည့် ခြောက်အိပ်မက်ကိုသာ ပေးခဲ့လေသနည်း။

လင်းသည် ခြောက်အိပ်မက်၌ အခါခါ လန့်နိုးလာတတ်သည်။ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြတ်သန်းခဲ့ရသော ညများစွာ။

သည်ရက်ပိုင်းမှာတော့ စိတ်ကို အအားမပေးသော နည်းလမ်းသည် အမှောင်တွင်းမှ လင်းအား ကယ်တင်ခဲ့သည်။ လုံးလုံး လွတ်မြောက်ပြီတော့ မဆိုနိုင်။ ယခင့်ယခင်နှင့် စာလျှင်တော့ အတောင်နှစ်ဖက်ကို အနည်းငယ်လှုပ်နိုင်ပြီ။ လှုပ်ခတ်စ ပြုသော အတောင်ပံတစ်စုံနှင့် ငှက်ငယ်သည် လှောင်အိမ်ကို ငဲ့ကြည့်လျက်။ လှောင်အိမ်တံခါး ပွင့်နေခဲ့ပြီ။ သို့သော် မဖွင့်သေး။

တွေဝေခြင်းကမ္ဘာက တစ်ညနေခင်းမှာပင် ဦးဦးကို သတိရစရာ အကြောင်းက ဖန်၏။ ကလေးမလေးနှင့် သူ့ဦးဦးကို မြင်ယောင်ပြန်တော့ လင်း၏ ဦးဦးသည် မတွေးပါဘဲ ခေါင်းထဲ ရောက်ရောက်လာသည်။ ရွှင်ပြုံးသော၊ ကရုဏာပြည့်သော မျက်နှာသည် စိတ်အမှောင်ကမ္ဘာမှ လွတ်လပ်စ လင်းအား ပြုံးလာစေသည်။ ထိုအပြုံးသည် အိပ်မက်သို့တိုင် မြဲလေသည်။

နံနက်ဦးတွင် လင်း ရွှင်လန်းစွာ နိုးထလာသည်။ နောက် ပြခန်းသို့ ရောက်လာသည်။ ညစ်ညူးသော အာရုံဟောင်း ရံခါ စိုးမိုးသည်မှအပ စိတ်မှာ
ပေါ့ပါးလျက်။ ဝေဝေဝါးဝါး တွေးချိန် နည်းရလေအောင် ကိုယ့်ကိုယ်ကိုယ် ခိုင်းထားသော အလုပ်များစွာကလည်း လင်းအား စောင့်စားလျက်။

ဓာတ်ပုံကားချပ်များ ဖြုတ်သိမ်းပြီးနောက် ပန်းချီကားချပ်များ နေရာချလျှင် ကြီးကြပ်မည်။ လိုအပ်လျှင် ကူမည်။ ပြပွဲအတွက် မီဒီယာအပါအဝင် ဖိတ်ကြားနေကျ ဧည့်သည်များထံ အီးမေးလ် ပို့ရမည်။ ပြခန်းရှိရာ ခြံဝတွင် ဗီနိုင်းအသစ် ချိတ်ရမည်။ အစားအစာ ကျွေးမွေးခြင်းအတွက် အပ်နှံမထားသော်လည်း လိုအပ်လျှင် အဆင်သင့် ရှိနေရန် ပြင်ဆင်ထားရမည်။ တေးဂီတ
ပိုင်းလို အခြား အသေးစိတ် စီမံစရာလည်း မရှား။

"အစိမ်းရောင် သစ်ရွက်များ” အနုပညာပြခန်းသည် စိတ်နှင့်ကိုယ် ကပ်စပြုသည့် လင်းအား ကျေနပ်အားရ ရှိနေပေမည်။

🌸🌸🌸

လင်းသည် ရုံးခန်းငယ်၏ မှန်တံခါးကို တွန်းဖွင့်ကာ ပြခန်းအတွင်းသို့ လှမ်းဝင်လိုက်ပါသည်။

မနေ့ကအထိ ဓာတ်ပုံပြပွဲအဖြစ် ရှိနေသော ပြခန်းသည် မနက်ဖြန်ဆိုလျှင် ပန်းချီပြပွဲအဖြစ် အသွင်ပြောင်းတော့မည်။ ပြပွဲအမည်က “နွေနှောင်းမုတ်သုဦး"။ ၂၀၁၅ ခုနှစ် မေလ နောက်ဆုံးပတ်၌ ငါးရက်တိုင်တိုင် ပြုလုပ်မည့် ပန်းချီပြပွဲသည် တစ်ကိုယ်တော်ပြပွဲတော့ မဟုတ်။ ပန်းချီဆရာ ခုနှစ်ဦး ပါဝင်ပေသည်။

ပန်းချီကားချပ်တို့သည် နံရံလေးဖက် အောက်ခြေနှင့် ကြမ်းပြင်ထိစပ်ရာမှာ သူ့နေရာနှင့်သူ ထပ်လျက်သား ရှိနေသည်။ ဘယ်နေရာတွင် ဘယ်ကား ချိတ်မည် စသည်ဖြင့် ပြပွဲစီစဉ်သူနှင့် စောစောကပင် လင်းတို့ တိုင်ပင် ပြီးစီးခဲ့သည်။

လင်းအပါအဝင် ပြခန်းဝန်ထမ်းများ၏ ထုံးစံမှာ ပြပွဲစီစဉ်သူ ပြင်ဆင်လိုသမျှ ဦးစွာ နားထောင်မည်။ နောက် အကြံဉာဏ် ပံ့ပိုးဖို့ လိုအပ်လျှင် ပံ့ပိုးမည်။ ပန်းချီကား၊ ဓာတ်ပုံတို့ကို ခြုံကြည့်ကာ ဘယ်တစ်ခုကို ဘယ်နေရာတွင် ချိတ်ဆွဲလိုက်မည် စသည်ဖြင့် တွေးဆစီစဉ်နိုင်ခြင်းကတော့ အလုပ်ခွင်က သင်ကြားပေးလိုက်တာ ဖြစ်သလို လင်းတို့ကိုယ်၌က အနုပညာအပေါ် အာရုံ
ဝင်စားတာလည်း ပါပေမည်။

လင်းသည် သစ်သားခုံတန်းထက် ဝင်ထိုင်ကာ အရှေ့ဘက် နံရံတစ်လျှောက် ဝန်ထမ်းလူငယ်လေး ပန်းချီကား ချိတ်ဆွဲပုံကို လှမ်းကြည့်နေသည်။ ဖြူသော နံရံထက် အစိမ်းလွင်လွင် ပန်းချီကားချပ် နေရာယူလိုက်ပုံမှာ လင်း၏ အမြင်တွင် ရှုမဆုံး။ တောတန်း ညိုညို လယ်ပြင်စိမ်းစိမ်း..။

ထိုဝန်းကျင်သည် လင်းနှင့် စိမ်းသော ဝန်းကျင် ..။ သို့သော် စိမ်းမြမြ ဝန်းကျင်တစ်ခုကတော့ လင်းနှင့် ကျွမ်းဝင်ပါပေသည်။ ရန်ကုန်တက္ကသိုလ်လေ။

ရန်ကုန်တက္ကသိုလ်ဝန်းကျင်တွင် ငယ်ဘဝ ဖြတ်သန်းခဲ့ရသော လင်းအတွက် အစိမ်းရောင်မှာ အညို့နိုင်ဆုံးသော အရောင်။ မြက်ပင်စိမ်းစိမ်းလေးတွေကို လင်း သိပ်ချစ်တာပဲဆိုတော့ မေမေက ရယ်လိုက်တာ၊ ပြီးတော့ အရူးမလေး ဆိုလား။

လင်းသည် မေမေ့ကို မြင်ယောင်တော့ ဖွဖွပြုံးမိသည်။ မနေ့ညနေက မေမေ့ထံ သူ ဖုန်းဆက်သေးသည်။ သားအမိနှစ်ယောက် ထုံးစံအတိုင်း
စကားလက်ဆုံ ပြောမကုန်သလို အကြောင်းအရာများစွာ တောင်စဉ်ရေမရ ပြောမိသည်။ အထူးသဖြင့်တော့ လင်းက ပြောသူ၊ မေမေက နားထောင်သူ။

“မေမေ၊ လင်းနဲ့ တစ်လှည့် လာနေပါဦးလား၊ အခု အန်တီကြည်ကြည့်အခန်းမှာ ကေသီနဲ့ လင်းနဲ့ နှစ်ယောက်တည်း ဆိုတော့လည်း တစ်ခါတလေ ပျင်းသားပဲ။ ပြီးတော့ မေမေရှိရင် လင်း ဟင်းကောင်းကောင်း စားရမှာ။ အများကြီးတော့ မဟုတ်ပါဘူး၊ တစ်နှစ်လောက်ပေါ့၊ နော် မေမေရယ်”

“သမီးဖေဖေ မေမေ့ကို ပြောမှာပေါ့”

“အို.. ဖေဖေနဲ့ နေတဲ့ နှစ်က လင်းနဲ့ မေမေ နေရတဲ့နှစ်ထက် ပိုများတယ်လို့ ပြောလိုက်”

“သမီး ပြောမလား၊ မေမေ ခေါ်ပေးမယ်လေ”

မေမေ့လေသံမှာ ချစ်ခင်ရိပ်နှင့် ရွှင်လျက်။ “မပြောပါဘူး” ဟု ရယ်လျက်ပင် လျှော့ချရသည်။

“မေမေ့ကို ဖေဖေ တစ်ယောက်တည်း အပိုင်စီးထားလို့ ရမလား၊ ရန်ကုန်လည်း လာရဦးမှာပေါ့၊ လင်း ရှိတာပဲ”

“ဒါဖြင့် သမီးကိုလည်း မော်လမြိုင် ပြန်လာခဲ့လို့ သမီးဖေဖေ ပြောမှာပေါ့”

“ဟင့်အင်း၊ လင်း ရန်ကုန်မှာပဲ ပျော်တယ်”

စင်စစ် မော်လမြိုင်သည် လင်း မွေးဖွားရာ ဇာတိမြေ။ သို့သော် ရန်ကုန်ကတော့ လင်း ကြီးပြင်းရင့်ကျက်ခဲ့ရာ မြေပါ ..။ လင်း ချစ်သော
သက်ရှိ၊ သက်မဲ့များစွာ ရှိရာမြေပါ။ ထိုမြေကို လောလောဆယ်တော့ စွန့်ခွာနိုင်စွမ်း မရှိသေး။ အထူးသဖြင့် ဖေဖေ့အရိပ်အောက် နေ့စဉ်ရက်ဆက် ကျဉ်းကျပ်စွာ နေထိုင်ရန် လင်း အဆင်သင့် မဖြစ်သေး။

မေမေသည် အဖြေသိပြီးသား မေးခွန်းတစ်ခုပမာ အိမ်ပြန်လာမလားဆိုသည့် စကားကို ဘယ်တော့မှ မဆို။ သမီးစိတ်ကို နားလည်လှတဲ့ မေမေ။

ဖုန်းချပြီးမှပင် မေမေ့ကို ပြောစရာ စကားတစ်ခု ကျန်ရစ်ကြောင်း လင်း သတိရတော့သည်။ ဖုန်း ပြန်ခေါ်ရန် လက်ရွယ်သည်။ နောက်တော့ စိတ်ကူးပြောင်းသည်။ မခေါ်တော့ပါဘူး၊ မပြောတော့ပါဘူး။

ဦးဦးကို ထူးထူးဆန်းဆန်း သတိရနေကြောင်း လင်း ဆိုမိလျှင် မေမေ ဘယ်သို့ တုံ့ပြန်မည်လဲ၊ လင်း မသိချေ။

“စန္ဒာ ဘယ်တော့ ပြန်လာမတဲ့လဲ မမလင်း”

လင်းသည် သူ့ကို ကျောပေးကာ ပန်းချီကား ချိတ်ဆွဲနေသော ကျော်ဦးထံ လှမ်းကြည့်သည်။ ပန်းချီကားမှာ သူ့ကိုယ်နှင့် အနည်းငယ်ကွယ်လျက်။ မြင်ရသမျှတော့ ဒီပန်းချီသည်လည်း အစိမ်းရောင်ရောသော ပန်းချီပါပဲ။

“မသိသေးဘူး ကျော်ဦးရဲ့၊ သူ့အမေတော့ နေကောင်းပြီတဲ့၊ တစ်ရက်နှစ်ရက်နေရင် ပြန်ဆင်းလာမယ်ထင်တာပဲ၊ ဘာတုံး အဆူအငေါက်လေးတွေ မကြားရတာကြာတော့ သတိရနေတယ်ပေါ့၊ သိချင် ကိုယ့်ဘာသာ မေးပါတော့လား”

ခင်စန္နာအပေါ် သံယောဇဉ်ကြီးသလောက် ရှေ့တစ်လှမ်းမျှ မတိုးဝံ့သော ကျော်ဦးက ရှက်ရယ် ရယ်နေပေသည်။

“မမေးရဲပါဘူး၊ ဘာလို့ ဆက်တုံးဆို ဘယ်လို ပြောမလဲ”

“သတိရလို့ပေါ့၊ ကဲ”

“ဟာ- ပြန်လာရင် ကျွန်တော့် သတ်မှာပေါ့၊ မဆက်ရတာ ဘာမှမဖြစ်ဘူး၊ ပြန်လာလို့ စကားမပြောတော့ရင် ကျွန်တော် သေမှာ”

လင်းသည် ကျော်ဦး၏ မျက်နှာပေးကို မမြင်ရစေကာမူ ချစ်ခြင်းနှင့်ရောသော အကြောက်တရား ခိုနေမည့် ရိုးရိုးစင်းစင်း မျက်နှာရိပ်ကို မြင်ယောင်ကာ ပြုံးရယ်မိသည်။

“ကဲ- လာဟေ့ နောက်တစ်ကား”

ကျော်ဦးသည် အရယ်ရောသော စကားသံနှင့်ပင် ပန်းချီကားအထပ်ထဲမှ ပန်းချီတစ်ချပ်ကို ယူကာ ခေါက်လှေကားပေါ် တက်ရန် ပြင်သည်။
လင်း၏ အကြည့်သည် စောစောကမှ ချိတ်ပြီးသော ပန်းချီကားဆီရောက်သည်။ ဂျပ်ဆင်... မြက်ခင်းပြင်.. လူရိပ်အချို့ --။

ဟင်.. သိလိုက်တာ...ဒီပုံကို သိလိုက်တာ..။

ထိုင်နေရာမှ လင်း ရုတ်ခနဲ ထသည်။ ပန်းချီကားအနီးသို့ ခပ်သွက်သွက် ချဉ်းကပ်သည်။

“မမလင်း ဘာဖြစ်လို့လဲ၊ နေရာပြောင်းချင်လို့လား”

“မဟုတ်ပါဘူး ကျော်ဦးရယ်၊ လုပ်ပါ၊ မင်း လုပ်စရာရှိတာ လုပ်”

လင်းသည် နံရံဖြူပေါ် လက်ထောက်ကာ ပန်းချီကားကို အနီးကပ် မော့ကြည့်နေသည်။ မျက်လုံးများ ဝိုင်းလျက်၊ နှုတ်ခမ်းများ ပွင့်ဟလျက်။

အခန်းတစ်နေရာမှာ ရှိနေသော ပြပွဲစီစဉ်သူ၏ ဖုန်းပြောသံကိုပင် ကျော်တော့မယောင် သူ့နှလုံးခုန်သံမှာ တဒိတ်ဒိတ် တိုးလျက်။ လက်ဝါးပြင်သည် နံရံအေးမြမြ၌ တင်းတင်းကျပ်ကျပ် ထိကပ်မိနေသည်။ လက်ချောင်းထိပ်များမှာ တစ်စုံတစ်ရာ အားယူသလို လက်ဝါးပြင်သည် အနည်းငယ် ခုံးကာနေသည်။

ပန်းချီကားချပ်ထဲမှာတော့ ဂျပ်ဆင်ဘုရားကျောင်းရှေ့ မြက်ခင်းပြင်ပေါ် ထိုင်နေကြသော သားအမိနှစ်ဦး။ သမီးလေးကတော့ မိခင်ရင်ခွင်ထဲ
ခေါင်းထိုးရယ်မောလျက်။ မိခင်သည် သိမ်သိမ်မွေ့မွေ့ ပြုံးလျက် သမီးလေး၏ခေါင်းကို လက်ဝါးဖြင့် အသာအုပ်ထားသည်။

လင်းသည် ပန်းချီကား မျက်နှာပြင်အား လက်နှင့် ထိကိုင်မိတော့မလိုပြီးခါမှ လက်ကို ရုပ်လိုက်သည်။ ခပ်ဆဆ ဆုတ်လာသော လက်သည် ပွင့်ဟဆဲဖြစ်သော နှုတ်ခမ်းကို အုပ်မိသည်။ မျက်ဝန်းများသည် ပန်းချီကားထက် စူးစိုက်ဆဲ။

ဂျပ်ဆင်ထက်က ကောင်းကင်သည် အပြာကြည်ကြည် ဖြစ်သည်။ တိမ်တို့သည် ဖြူဖြူဆုပ်ဆုပ် ဖြစ်သည်။ ဘေးဘီက သစ်ပင်တို့သည် စိမ်းစိမ်းမြမြ။ ဝင်လုဆဲနေ၏ ရောင်ခြည်ဖျော့ဖျော့သည် သားအမိ နှစ်ဦးအပေါ်သို့ ဖြာနေသည်။ နှစ်ဦးစလုံး ဆည်းဆာရောင် တောက်သော အပြုံးအရယ်နှင့် ….။

ဟင့်အင်း...ပန်းချီကားထဲမှာ လူနှစ်ဦး မကပါဘူး။ သုံးဦးပါ...။

မြက်ခင်းပြင်ထက်က သားအမိနှစ်ဦးဘေး...အတိအကျ ဆိုရလျှင် သမီးလေးနှင့် မလှမ်းမကမ်းမှာ အရိပ်တစ်ခု ထိုးဖြာကျလျက်။ အသေအချာ သတိပြုကြည့်လျှင်တော့ လက်နှစ်ဖက်ကို ပင့်ထားသော (ကင်မရာ ကိုင်ထားသော) အမျိုးသားတစ်ဦး၏ အရိပ်ဖြစ်ကြောင်း သိနိုင်သည်။

အဲဒါ ဦးဦးလေ..။ ဦးဦး အရိပ်လေ..။

အတိတ်တစ်ချိန်က မေမေနှင့် လင်းအား ဦးဦး ရိုက်ပေးခဲ့ဖူးသော ဓာတ်ပုံတစ်ပုံ၊ လင်း ကောင်းစွာ မှတ်မိသော ဓာတ်ပုံတစ်ပုံသည် ပန်းချီကား
အဖြစ်သို့ ဘယ်သို့ဘယ်ပုံ ရောက်လာပါသနည်း။ ဦးဦးကိုယ်တိုင် သည်ပန်းချီကို ဆွဲခဲ့သလား။ မဖြစ်နိုင်ပါ။

ဦးဦးသည် ပန်းချီပညာကို ဓာတ်ပုံပညာလောက် စိတ်ဝင်တစားရှိသူ မဟုတ်ပါ။ လင်း သိသလောက် ဦးဦးသည်လည်း မြန်မာပြည်တွင် မရှိပါ။

သို့ဆိုလျှင် သည်ပန်းချီကား ဘယ်လိုများ ပေါ်ပေါက်လာရပါသနည်း။

လင်းသည် ပန်းချီကားအား ငေးမြဲငေးလျက်။

မျက်ရည်ရစ်သော အမြင်၌ ပန်းချီကားချပ်သည် လည်းကောင်း၊ ပန်းချီကားချပ်ထဲက လူပုံသွင်နှင့် အရိပ်တို့သည် လည်းကောင်း တစ်စစ ဝေဝါးခဲ့ရပြီတည်း။

🌸🌸🌸🌸🌸

ဆက်ရန်

😘😘😘
28/12/2022

😘😘😘

ဆိုင်လေးပြန်ဖွင့်ချင်ပြီ😢😢😢😢
08/03/2022

ဆိုင်လေးပြန်ဖွင့်ချင်ပြီ😢😢😢😢

ပြန်ရောက်ပြီနော်
21/08/2021

ပြန်ရောက်ပြီနော်

ရောက်ပြီ😘😘😘
21/08/2021

ရောက်ပြီ😘😘😘

Address

Yangon

Telephone

+959444885331

Website

Alerts

Be the first to know and let us send you an email when ပင်လယ်သား အုန်းသီးအုန်းသားရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share