The Pike Street-Wear

The Pike Street-Wear The Pike Street Wear page provides a wide variety of clothing brands that was imported directly from

"ဆယ်ကျော်သက်အမျိုးသားတွေအတွက် Style Tips နဲ့ Outfit Idea များ"မင်္ဂလာပါရှင်။ 👋 ဒီနေ့တော့ မေသော့်ကို ရေးပေးဖို့ပြောထားကြတ...
27/11/2021

"ဆယ်ကျော်သက်အမျိုးသားတွေအတွက် Style Tips နဲ့ Outfit Idea များ"

မင်္ဂလာပါရှင်။ 👋 ဒီနေ့တော့ မေသော့်ကို ရေးပေးဖို့ပြောထားကြတဲ့အထဲက ဆယ်ကျော်သက်အမျိုးသားတွေရဲ့ ဖက်ရှင်စတိုင်အကြောင်း ရေးပေးချင်ပါတယ်။💁‍♀️ အမျိုးသားအများစုကတော့ တီရှပ်နဲ့ ဂျင်းဘောင်းဘီ တွဲဝတ်လိုက်ရင် ဘာမှမလိုတော့ဘူးလို့ ဆိုတတ်ကြပေမယ့် သူ့ကို accessory လေးထပ်ဖြည့်မယ် ဒါမှမဟုတ် Layer ထပ်ဝတ်ကြည့်တာမျိး လုပ်လိုက်တာနဲ့ လုံးဝမတူတော့တဲ့ outlook ကိုရသွားစေပါတယ်။☝️

ဟိုအရင်ကဆိုရင်တော့ အမျိုးသားတစ်ယောက်ရဲ့ ဖက်ရှင်အတွက် ရွေးချယ်စရာသိပ်မရှိလှဘူးဆိုပေမယ့် ခုချိန်မှာတော့ ဆယ်ကျော်သက်အမျိုးသားတွေသာမက သက်လတ်ပိုင်းအမျိုးသားတွေ၊ ၅၀ကျော် ၆၀ကျော်တွေအထိကို ကိုယ့်အကြိုက်၊ ဘယ်လိုvibe မျိုးလိုချင်တာလဲ၊ ကိုယ့် personal style ပေါ် မူတည်ပြီးတော့ကို ရွေးချယ်စရာတွေ တပုံတပင်ဖြစ်လာခဲ့ပါပြီ။ 👏

ဒါ့ကြောင့် ခုဆယ်ကျော်သက်အရွယ်မှာကတည်းက ကိုယ့်ဖက်ရှင်၊ အဝတ်အစားရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ စတွဲစပ်ရမယ်ဆိုတာ အိုင်ဒီယာမရှိသေးတဲ့သူတွေအတွက် fun လည်းဖြစ်၊ အပိုအလိုလည်းမရှိ အထာကျကျလေးလည်း ဖြစ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့ ပြောပြပေးလိုက်ပါတယ်။ ✨

တစ်ယောက်နဲ့တစ်ယောက် သဘောကျတဲ့ဖက်ရှင်စတိုင်တွေ မတူညီနိုင်တာမို့ Casual Style ကနေ E-Boy ဖက်ရှင်စတိုင်တွေထိ ဆယ်ကျော်သက်တွေနဲ့အလိုက်ဖက်ဆုံးဖြစ်စေမယ့် outfit ပုံစံတွေ ရွေးချယ် college လုပ်ပေးလိုက်ပါတယ်။ ပုံလေးတွေ အဆုံထိကြည့်ပေးပါဦးနော်။။💁‍♀️

အမျိုးသားတွေရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး ရေးပြီးသား Blog လေးတွေကို ဒီလင့်ခ်မှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်။👇
https://facebook.com/100044307945526/posts/349859483167647/

(စာများကိုကော်ပီယူပြီး ပြန်တင်ခြင်းမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ လွတ်လပ်စွာ Shareနိုင်သလို Save post လုပ်ထားနိုင်ပါတယ်။)✌️

အချစ်တွေနဲ့မေ 💟





Happy Black Friday ZARA မှာတော့ 40%Off ပါတယ် ။
27/11/2021

Happy Black Friday ZARA မှာတော့ 40%Off ပါတယ် ။

Converse allstar  Review ******************Converse All star လို့ ပြောရင် မြန်မာ နိုင်ငံ မွာ 80` 90 ` born တွေ  အတွက်  င...
25/11/2021

Converse allstar Review
******************
Converse All star လို့ ပြောရင် မြန်မာ နိုင်ငံ မွာ
80` 90 ` born တွေ အတွက် ငယ် စဉ် ကတည်းက လူတိုင်းနီးပါး ရင်းနှီးကျွမ်း ဝင်တဲ့ ဖိနပ် တစ်ရံ လို့ ပြော ရင် ငြင်းလို့ မရပါဘူး တ​ေခတ် တခါ က
ခေတ် စားတဲ့ fashions တွေ အတွက် မရွိ မဖြစ် sneaker တစ်ရံ ဖြစ်ခဲ့ ပါတယ်

Converse company ဟာ 2001 ခုနှစ်မှာ ဒေဝါလီ ခံ ပြီး နောက် ပိူင်း ထုတ် လုပ်မှု တွေ လျော့ ချလိုက်တဲ့ အချိန် မွာ အခြား သော ဖိနပ် company တွေ က သူ့ နေရာကိူ ဝင်ရောက်လာပါတော့တယ်

Fashions ရေစီး ကြောင်း အရ လည်း 2000ခု နှစ်
နောက်ပိုင်းမှာ SUPRA တို့ adidas တို့ nike တို့ ရဲ့ sneaker တွေ က ပိုပြီး ခေတ်စား လာခဲ့ တယ်
Trend အရ converse allstar ဟာ Country rocks
couture နဲ့ Punk couture တွေ ရဲ့လက်စွဲ ဖိနပ် တစ်ရံ အနေနဲ့ သက် မှတ်လိုက်ကြပါတယ်

မြန်မာ နိုင်ငံ ရဲ့ fashions ရေစီး ကြောင်းမွာလည်း အလား တူပါပဲ 2000ခုနှစ်ကနေ 2015 2016 အထိ ConverseAllstar ဝတ် ဆင်တဲ့ လူဆိုရင် လူငယ် တေွ ကြား မွာ ``ဟာ all star ကြီး နဲ့ ´´ဟူ၍
ခေတ် နောက် ကျ နေသလို မျိုး ပြောဆိုခဲ့ ကြပါတယ် အဲ့ ဒီ အချိန် တွေ မွာ lowtop sneaker တွေ နဲ့
Skinny fit pants တွေ ရဲ့ trend က ခေတ် ထ ​ေနတဲ့ အချိန် ဆိုတော့ all star ဝတ်တဲ့ သူကို သိပ်မမြင်ကြရပါဘူး

ယနေ့ အချိန် 2018 /2019 / 2020 ခုနှစ်တွေ မွာ crop pants /Ankle pants /cargo pants /
jogger pants တွေ / tech pants တွေ နဲ့ ဘောင်းဘီ အပွ တွေ ပြန်လည်ခေတ် စား လာတဲ့ အချိန် မွာ
အဆို ပါ pants တွေ နဲ့ အလိုက္ဖက္ဆုံး ဖစ် တဲ့
nike Airjordan / nike blazer /Vans Ski 8hi /
အပါအဝင်အခြား သော hight top sneaker တွေ ရဲ့ trend က အမြင့် ဆုံး ရောက် ခဲ့ ပါတယ်
90`s fashions couture ကလည်း ပြန်လည်း
ခေ တ် ထ လာပါတယ်

တချိန်က နာမည်ကျော် converse company ဟာလည်း nike company. မှ ဝယ်ယူပြီး နောက်ပိုင်း
မွာ nike ရဲ့ နဲ့ ့ဆန်း သစ် တဲ့ ဒီ ဇိုင်းတွေ converse shoes တွေ မွာ ပေါင်းစပ် ဖန် တီး လာ ခဲ့ ပါတယ် off white နဲ့ nike ရဲ့ `` the ten Collaborations မှာပါဝင်တဲ့ Converse Chuck Taylor All-Star Vulcanized Hi Off-White နဲ့
❤ CDG play X Converse 70`s ကဲ့ သို့ collaborations တွေ ဟာ လည်း
Hypebeast collector တွေ ကြား မွာ ရေပန်းစား
လူကြိုက် မ်ား ခဲ့ ပါတယ်

ယနေ့ အချိန် မွာ converse company ဟာ
Nike ဖိနပ်တွေ နဲ့ ပေါင်းစပ်ပြီး basket ball shoes
တွေ ဆန်း သစ်တဲ့ mordel အသစ်တွေ
Collaborations အသစ် တွေ နဲ့ hypebeast couture
ကို ပြန်လည်ထိူး ဖောက် လျက် ရှိပါတယ် !

Classic design တွေ ဖြစ် တဲ့ classic black
Classic white အပါအဝင် converse chuck taylor 70` s တို့ ဟာ ယနေ့ ခေတ် မွာ ဈေး နှုန်း အရ
သက္သာ ပြီး ယနေ့ ခေတ် fashions trend နဲ့
လိုက်ဖက် ညီ တဲ့ sneaker တစ်ရံ ဖြစ် လာပါတယ်

Colour တွေ နဲ့ converse တွေ ကို လည်း
1990 1970 တုန်းက fashions တွေ နဲ့ တွဲဖက်ပြီး
ဝတ်ဆင်ကြတာ ကို တွေ့ ရပါတယ်

Converse hight top တွေ က crop pants ankle pants တွေ နဲ့ jogger pants tech pants
Cargo pants တွေ ဘောင်း ဘီ အပွ တေ​ွ နဲ့ လိုက်ဖက်သလို short pants with long socks
လည်း ကြည့်လို့ လှပါတယ်

Low top တွေကတော့ ankle pants crop pants နဲ့
ဘောင်းဘီ အပွ တွေ နဲ့ လိုက်ဖက် မှု ရှိပါတယ်
Short pants တွေ ကို ခြေအိတ် အရှည်နဲ့ လည်း လိုက်ပါတယ်

အရပ်မြင့် တဲ့ သူတွေက high top နဲ့ ပိုပြီး လိုက်ဖက် မှု ရှိပါတယ်

မိန်း ခလေး တွေ အတွက် လည်း ယနေ့ ခေတ် fashions outfit တွေ နဲ့ တွဲ ဖက်ဖို့ အကောင်းဆုံး sneaker တစ် ရံ ဖြစ် လာပါတယ် !

အကယ်၍ ကိုယ်က long pants တွေ ကို
Skinny fit တွေ ဖင်ကြပ် တွေ ဝတ်ဆင်တက် တဲ့ သူ ဆို ရင်တော့ converse ကို လက်ရှောင်ဖို့ အကြံ ပေး ချင်ပါတယ် လူံး ဝ ကြည့်ရဆိူး ပါတယ် !

သူ့ အထာ နဲ့ သူတော့ ဝတ် ရမှာ ပေါ့နော်

ကဲ ခင်ဗျား တို့ ကရော low top လား hightop လား
Classic လား 70's လား comment မှာ ပြောသွား ကြဦးနော် 😘😘😘😘

ပုံတွေ မှာ ထပ်မံ စာဖြင့် ဖော်ပြထားပါတယ်
အဆုံး ထိ ကြည့် ဖက် ပေးပါ



24/11/2021

နေအုံး ကျော်မသွားနဲ့....🤔🤔

Vans ကို အထာကျကျနဲ့ဆော်ကြည်အောင် ဘယ်လိုကြိုးထိုးရမလဲ ကြည့်သွားနော် 😉😉😉

👟 adidas stan smith အကြောင်း တစေ့တစောင်း 👟----------------adidas stan smith...လို့ကြားလိုက်တာနဲ့.. ပေါ့ပါးမှု..စိတ်ကျေနပ...
23/11/2021

👟 adidas stan smith အကြောင်း တစေ့တစောင်း 👟
----------------
adidas stan smith...လို့ကြားလိုက်တာနဲ့.. ပေါ့ပါးမှု..စိတ်ကျေနပ်မှုတွေကို ပေးစွမ်းနိုင်တယ်လို့... adidas fans တွေကတင်စားလေ့ရှိကြတယ်။ တင်စားချင်စရာကောင်းလောက်အောင်လည်း ကိုသေချာဖန်တီးထားတာကိုး။ adidas ရဲ့ ပထမဆုံးမော်ဒယ်ဆိုရင်လည်းမမှားဘူး။

👉 stan smith ရဲ့အစပထမ

adidas ရဲ့... မူလဖန်တီးသူ...Adolf Dassler ရဲ့ Masterpiece ဖြစ်တဲ့..Stan smith ဟာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေပါတယ်။ 1963 မှာ adidas ရဲ့ပထမဆုံး Sneaker ကို..အပေါ်ပိုင်းအဖြူရောင်..သားရေသားနဲ့လွှမ်းခြုံထားပြီး အောက်ခံခုံကိုရော်ဘာနဲ့ကွပ်ထားပေးတဲ့အပြင် အတွင်းပိုင်းမှာ နူးညံ့တဲ့သားရေအပိုင်းကိုသုံးပြီး ဖန်တီးပုံဖော်ဖြစ်ခဲ့ပါတယ်။ ပြင်သစ်တင်းနစ်ပညာရှင် ရောဘတ်တေးလတ်နာမည်ကိုယူပြီး ပထမဆုံး sneaker ကိုကင်ပွန်းတပ်လိုက်တယ်။

stan smith နာမည်နဲ့ဖြစ်လာစေတဲ့အကြောင်းက ရောဘတ်ဟေးလတ် တင်းနစ်လောကကအနားယူသွားတဲ့အတွက်...adidas sneaker အကြောင်းသိအောင်လုပ်ပေးမယ့်သူမရှိတဲ့အတွက်...တင်းနစ်ကစားသမား..stan smith ကိုရှာတွေ့သွားခြင်းက...Stan smith sneaker ဖြစ်လာဖို့အကြောင်းဖန်လာခဲ့တယ်။ ၁၉၇၃...အထိ..၁၀နှစ်ကြာကာလမှာ adidas sneaker ကို adidas Haillet လို့ခေါ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် 1978 မှ တော့..sneaker ပေါ်က. Haillet နာမည်ကိုဖယ်ရှားပြီး...Stan smith ကိုတရားဝင်ပြောင်းလဲသတ်မှတ်ခဲ့တယ်။

👉 တဖြည်းဖြည်းကနေ တရှိန်ထိုးအောင်မြင်လာခဲ့တယ်

ဒီကြားထဲမှာ..Haillet နာမည်နဲ့..Sneaker သမိုင်းမှာတော်တော်လေးခရီးရောက်ပြီးအောင်မြင်နေပါပြီ။ stan smith လို့ပြောင်းလဲ့ပြီးတဲ့နောက်ပိုင်းမှာလည်း ဆန်းပွင့်ခြင်းတွေ..ဆက်တိုက်ဝေဆာဆဲပဲလို့ပြောလို့ရတယ်။ stan smith..စီးသူတွေကြားမှာ..အကြိုက်တွေ့စေတဲ့နှစ်တွေဖြစ်လာခဲ့တယ်။

၂၀၁၀ မှာ.Adidas ရဲ့ Stan smith sneaker အောင်မြင်မှုနာမည်ကြီး..Shortlist မဂ္ဂဇင်းကဖော်ပြတဲ့...10 best sneaker မှာ...နံပါတ် ၆ ဖြစ်တဲ့အထိဖြစ်လောက်အောင်...Stan smith ချစ်သူတွေအကြိုက်တွေ့စေခဲ့တယ်။ Stan smith က ဖန်တီးသူ..Adolf Dassler ရဲ့..ဂန္တဝင်ဆန်တဲ့..ပထမဆုံး..Masterpiece လို့ခေါ်လို့ရတယ်။

"တစ်ခါက..တင်းနစ်ကစားသမာတစ်ယောက်က stan smith ကိုမတွေ့ခင်.တင်းနစ်ကွင်းထဲမှာ ပြိုင်ဖက်ကရိုက်လိုက်တဲ့ ဘောလုံးနောက်ပြေးလိုက်ရင်း Sneaker ကခြေထောက်ကိုလေ့လံစေပြီး ပြိုင်ဖက်ကိုအရှုံးပေးခဲ့ရတဲ့ပွဲစဉ်တွေရှိခဲ့ဖူးတယ်တဲ့....Stan smith ဆိုတဲ့..ကျွန်တော်အလေးစားရဆုံး..ကစားသမားနာမည်နဲ့... sneaker ဆိုတော့..စိတ်ဝင်စားတာနဲ့ adidas ရဲ့ stan smith sneaker နဲ့ ထပ်ပြိုင်တာ ပွဲတွေဆက်တိုက်အနိုင်ရတယ်လို့" Stan smith..အကြောင်းရင်ဖွင့်ဖူးတယ်။

👉 stan smith ကိုဘာကြောင့်ကြိုက်ကြတာလဲ

Stan smith..ကို adidas fun တွေကြားသဘောတွေ့စေပြီးအောင်မြင်စေတဲ့အချက်တွေရှိပါသေးတယ်။ stan smith..စီးထားရတဲ့ခံစားချက်က..ကျစ်လျစ်ပေါ့ပါးပြီး...စီးရတဲ့သူအတွက်..စိတ်လုံခြုံမှုပေးနိုင်တဲ့အထိခိုင်ခိုင်ခံခံဖန်တီးပေးထားတယ်။ဘယ်နေရာစီးစီး..နေရာမရွေးတဲ့..အားသာချက်...အဝတ်အစားနဲ့လိုက်ဖက်ဖို့တွေးရင်း..စိတ်မရှုပ်ရတဲ့အချက်တွေက..Stan smith ကို...ပိုရွေးချယ်စေတဲ့အချက်တွေလို့ထင်တယ်။ stan smith ကို...တင်းနစ်ကစားသမားတွေအတွက်ပဲထုတ်ခဲ့တယ်ဆိုပေမယ့်...နောက်ပိုင်းမှာ...fashion အတွက်..ပေါ့ပေါ့ပါးပါးပိုစီးလာတာတွေ့လာရပါတယ်။ ဘာကြောင့်ဆို...Stan smith ဆိုတာကလည်း...သမိုင်းကြောင်းကြီးတဲ့အလျောက်..adidas Stan smith လို့ပြောလိုက်ရင်...အလိုလို..Confidence ရှိလာအောင်စွမ်းဆောင်ထားနိုင်ဆဲပါ။

👉 ဂန္တဝင် sneaker

adidas ရဲ့ ၁၉၇၃ ကနေစခဲ့တဲ့..ခရီးစဉ်တစ်လျှောက်..Stan smith sneaker အပါအဝင်..Design မျိုးစံဖန်တီးထားဆဲဖြစ်ပြီး...stan smith..ကတော့..adidas အပေါ်ယနေ့အထိ....သစ္စာရှိတဲ့..sneakerပါပဲ။ stan smith ဆိုတာ..adidas အတွက်တော့...ဘယ်တော့မှမေ့ရမှာမဟုတ်တဲ့..ဂန္တဝင် sneaker ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက..Stan smith funs တွေရှိရင်..stan smith ကြောင့်..Confidence ရှိခဲ့တဲ့နေ့ရက်လေးတွေကို..အမှတ်တရဝေမျှပေးခဲ့ပါအုံးခင်ဗျ။



NMD_R1 V2 SHOES$140original design ကိုမှ ပိုပြီးမိုက်အောင် Colour နဲ့ စာသား လေးတွေပါထည့်ပေးထားလို့ပိုပြီးတော့ကြည့်ကောင်း...
22/11/2021

NMD_R1 V2 SHOES
$140

original design ကိုမှ ပိုပြီးမိုက်အောင် Colour နဲ့ စာသား လေးတွေပါထည့်ပေးထားလို့ပိုပြီးတော့ကြည့်ကောင်းပြီး လူတိုင်းရဲ့ စိတ်ဝင်စားမှုခံရမှာနော်...

Adidas ဖြစ်လို စီးလိုက်ရင် စီးထားမှန်းမသိအောင်အိနေမှာကတော့ ပြောစရာမလိုတော့ဘူးထင်တယ်နော်😉😉

နောက်တစ်ခုက စျေးကလဲအရမ်းတန်တယ်လို့ပြောရမယ်ဗျ
(စျေးကတော့ $စျေးအတက်အကျကြောင့် သေချာပြန်တွက်ပေးမှာပါဗျ)....

အပိုတွေမပြောတော့ဘူး ကြိုက်တယ်ဆိုရင် The Pike ကိုအရောက်လာခဲ့လိုက်တော့ဗျာ....


Women's Air Jordan 11Black and Whiteအခုတစ်ခါက မိန်းကလေးတွေအတွက်လဲ လူကြိုက်အရမ်းများတဲ့ ဘာတဲ့....🧐🧐လူကြိုက်များပြီးရေပန်း...
21/11/2021

Women's Air Jordan 11
Black and White

အခုတစ်ခါက မိန်းကလေးတွေအတွက်လဲ လူကြိုက်အရမ်းများတဲ့ ဘာတဲ့....🧐🧐
လူကြိုက်များပြီးရေပန်းအစားဆုံး Air Jordan latest လေးရောက်ရှိလာတော့မှာနော်....😱😱

အားကစားလုပ်ရင်ဘဲဖြစ်ဖြစ် STYLE တစ်ခုအနေနဲ့ဘဲဖြစ်ဖြစ် လူကြိုက်အများဆုံး Jordan လေးတစ်ရံ....🥰🥰

အခုတစ်ခါ မတူ မတူတဲ့ပုံစံ စမ်းစမ်းလေးနဲ့ ကာကာတွေရင်ထဲရောက်ရှိလာတော့မှာဗျ...🤔🤔

အော်တစ်ခုရှိတယ် လောလောဆယ်တော့ Preorder ဘဲရအုံးမှာနော်.....🤘🤘
Preorder ဆိုပေမဲ့ စျေးလျော့ပေးထားတာဗျ...တကယ်စျေးကွက်ရောက်ရင်တော့စျေးအတက်အကျဖြစ်လာမှာဗျ...👍👍

အခုဘဲ The Pike Street-Wear မှာ Preorder တင်လိုက်တော့နော်😉😉

Air Jordan 9 boot NRG Black & Light Gumလူကြိုက်များပြီးရေပန်းအစားဆုံး Air Jordan latest လေးရောက်ရှိလာတော့မှာနော်....😱😱အာ...
21/11/2021

Air Jordan 9 boot NRG
Black & Light Gum

လူကြိုက်များပြီးရေပန်းအစားဆုံး Air Jordan latest လေးရောက်ရှိလာတော့မှာနော်....😱😱

အားကစားလုပ်ရင်ဘဲဖြစ်ဖြစ် STYLE တစ်ခုအနေနဲ့ဘဲဖြစ်ဖြစ် လူကြိုက်အများဆုံး Jordan လေးတစ်ရံ....🥰🥰

အခုတစ်ခါ မတူ မတူတဲ့ပုံစံ စမ်းစမ်းလေးနဲ့ ကာကာတွေရင်ထဲရောက်ရှိလာတော့မှာဗျ...🤔🤔

အော်တစ်ခုရှိတယ် လောလောဆယ်တော့ Preorder ဘဲရအုံးမှာနော်.....🤘🤘
Preorder ဆိုပေမဲ့ စျေးလျော့ပေးထားတာဗျ...တကယ်စျေးကွက်ရောက်ရင်တော့စျေးအတက်အကျဖြစ်လာမှာဗျ...👍👍

အခုဘဲ The Pike Street-Wear မှာ Preorder တင်လိုက်တော့နော်😉😉

ACG Air Mowabb Twine M 9 / W 10.5 (only 1 left) - 377200 Kyats 💯Good Price & Good Choice 💯ဒီဇိုင်းကာလာ အနေအထားကတော့ပြောစ...
14/09/2021

ACG Air Mowabb
Twine
M 9 / W 10.5 (only 1 left)

- 377200 Kyats

💯Good Price & Good Choice 💯

ဒီဇိုင်းကာလာ အနေအထားကတော့ပြောစရာမလို့တော့ဘူးထင်တယ်နော် 😉


ISPA Flow 2020Pure Platinum-381,000 Kyats ✅✅-Available 7/13 at 8:30 PM-M 4/ W 5 ~ M 14 / W 15Since launching in November...
06/07/2021

ISPA Flow 2020
Pure Platinum

-381,000 Kyats ✅✅
-Available 7/13 at 8:30 PM
-M 4/ W 5 ~ M 14 / W 15

Since launching in November 2018, Nike ISPA has continued to redefine sportswear around its organizing philosophy: Improvise. Scavenge. Protect. Adapt. The label’s latest offering features the ISPA Flow 2020—an airy silhouette that uses lightweight textile to create a sock-like feel for incredible comfort.

The woven upper promotes optimal breathability, while a unique lacing system lets you easily customize your fit on the go. A foam midsole gives you adaptive support throughout your journey, while the clear rubber outsole provides traction, durability and premium detail.

❗️$ စျေးက အတက်အကျရှိတာမလို့ စျေးအကြမ်းမျဥ်းတွက်ပေးထားပါတယ်...တကယ်လိုချင်တယ်ဆိုရင် စျေးသေချာပြန်တွက်ပေးမှာမလို့ Chat box မှာ စုံစမ်းပါဗျာ...👍👍 ❗️


CLIMACOOL VENTO SHOESBREATHABLE SHOES FOR TACKLING WARM-WEATHER RUNS IN STYLE.-221,100 Kyats ✅✅-M 4/ W 5 ~ M 14 / W 15Do...
06/07/2021

CLIMACOOL VENTO SHOES
BREATHABLE SHOES FOR TACKLING WARM-WEATHER RUNS IN STYLE.

-221,100 Kyats ✅✅
-M 4/ W 5 ~ M 14 / W 15

Don't shrink away from the sun. Harness its energy as you hit the pavement in these adidas running shoes. The super breathable mesh upper with HEAT.RDY maximizes airflow so you stay cool and ventilated even when the temperature rises and the heat builds. Segmented Boost cushioning returns energy with every take-off and landing, keeping your legs fresh and your mind free to focus on the clear blue skies.

❗️$ စျေးက အတက်အကျရှိတာမလို့ စျေးအကြမ်းမျဥ်းတွက်ပေးထားပါတယ်...တကယ်လိုချင်တယ်ဆိုရင် စျေးသေချာပြန်တွက်ပေးမှာမလို့ Chat box မှာ စုံစမ်းပါဗျာ...👍👍 ❗️


Air Jordan 3 RetroRacer Blueသင်တို့ကြိုက်ခဲ့ရတဲ့ Jordan အသစ်လေးလာပြီဗျာ-424,530 Kyats ✅✅-Available 7/10 at 8:30 PM-M 4/ ...
01/07/2021

Air Jordan 3 Retro
Racer Blue

သင်တို့ကြိုက်ခဲ့ရတဲ့ Jordan အသစ်လေးလာပြီဗျာ

-424,530 Kyats ✅✅
-Available 7/10 at 8:30 PM
-M 4/ W 5 ~ M 14 / W 15

The Air Jordan 3 is one of the most timeless silhouettes around the world, and with this colorway, its legacy is furthered by combining classic elements with fresh colors and features. A white tumbled leather upper with elephant print on the forefoot and heel counter recalls classic Air Jordan 3 style, but there's a small twist: this elephant print is actually reflective 3M, allowing the silhouette to shine brighter even when it’s dark out. A Racer Blue accent energizes and punctuates this Air Jordan 3's aesthetic with a sporty feel meant for summertime stylings.

❗️$ စျေးက အတက်အကျရှိတာမလို့ စျေးအကြမ်းမျဥ်းတွက်ပေးထားပါတယ်...တကယ်လိုချင်တယ်ဆိုရင် စျေးသေချာပြန်တွက်ပေးမှာမလို့ Chat box မှာ စုံစမ်းပါဗျာ...👍👍 ❗️

Address

No, 190 , 8-floor, Bogyoke Road , Botahtaung Township
Yangon
11181

Telephone

+959777161299

Website

Alerts

Be the first to know and let us send you an email when The Pike Street-Wear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Pike Street-Wear:

Share