06/01/2026
အချောဆုံးလေးတွေ 😍
TC Calendar ရဲ့ ကမ္ဘာ့ မျက်နှာအချောဆုံးအမျိုးသား ၁၀၀ စာရင်းမှာ ပါဝင်လာတဲ့ ထိုင်းအနုပညာရှင် ၄ ဦး
TC Calendar ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့အထင်ရှားအကျော်ကြားဆုံး မျက်နှာပိုင်ရှင်တွေကို ပရိသတ်တွေရဲ့ ရွေးချယ်မှုနဲ့ ဝေဖန်အကဲဖြတ်ပညာရှင်တို့ရဲ့ အဆုံးအဖြတ်တို့ဖြင့် နှစ်စဉ်အဆင့်သတ်မှတ်ပေးနေတဲ့ ပေါ့ပ်ယဉ်ကျေးမှု ပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ်။
နှစ်တိုင်းနှစ်တိုင်း ဒီဇင်ဘာကုန်ခါနီးလောက်ဆိုရင် အမျိုးသား အယောက် ၁၀၀ ပါဝင်တဲ့ “The 100 Most Handsome Faces” (ကမ္ဘာ့အချောဆုံးမျက်နှာ ၁၀၀ စာရင်း) နဲ့ အမျိုးသမီး အယောက် ၁၀၀ ပါဝင်တဲ့ “The 100 Most Beautiful Faces” (ကမ္ဘာ့အလှဆုံးမျက်နှာ ၁၀၀ စာရင်း) ဆိုပြီးထုတ်ပေးလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွက်ကိုလည်း နိုင်ငံတကာမှ သရုပ်ဆောင်၊ အဆိုတော်၊ အားကစားသမားနဲ့ ထင်ပေါ်ကျော်ကြားတဲ့ အမျိုးသားများစွာပါဝင်တဲ့ စာရင်းသစ်ကို တရားဝင်ထုတ်ပြန်လာခဲ့ပါပြီ။
အဲဒီထဲကမှ BL ပရိသတ်တွေအတွက် ဂုဏ်ယူဝမ်းသာစရာပါဝင်လာနိုင်ခဲ့တဲ့ ထိုင်းမင်းသားချော ၄ ယောက်ကို ဖော်ပြပေးလိုက်ချင်ပါတယ်နော်။
အဆင့် ၄၀။ Keng Harit
၂၀၂၅ ခုနှစ်အတွက် စာရင်းပြုစုချက်တွေအရ အအောင်မြင်ဆုံး စီးရီးတစ်ခုဖြစ်တဲ့ ‘Khemjira’ စီးရီးမှာ ဖော့ခရူအဖြစ် ပရိသတ်အသဲစွဲခဲ့ရတဲ့ သရုပ်ဆောင် Keng Harit ဟာဆိုရင် ဒီနှစ်အတွက် အချောဆုံးထိုင်းမင်းသားအဖြစ်ဖော်ပြခံခဲ့ရပါပြီ။ TC Calendar ရဲ့ ကမ္ဘာအချောဆုံးမျက်နှာ ၁၀၀ စာရင်းကို ၂၀၂၅ ခုနှစ်အတွက်မှ ပထမဆုံးအကြိမ် အဆင့် ၄၀ နေရာကနေ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။
Keng ဟာ ‘DMD Friendship the Reality’ ပရိုဂရမ်မှတဆင့် ဖန်သားပြင်ပါတနာဖြစ်လာပြီး ‘Khemjira’ စီးရီးမှာ သူနဲ့ အလိုက်ဖက်ဆုံးဖြစ်ခဲ့တဲ့ Namping Napatsakorn နဲ့အတူ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေပါတယ်။ ဒီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာလည်း ‘Khemjira' စီးရီးရဲ့ ဖျော်ဖြေပွဲကြီးမှာ Keng ကို မြင်တွေ့အားပေးကြရပါဦးမယ်။
အဆင့် ၅၈။ Joong Archen
GMMTV ကို မရောက်လာသေးခင် ၂၀၁၉ ခုနှစ်ကတည်းက ‘2 Moons 2’ စီးရီးမှာ ‘Ming’ ဆိုတဲ့ ဇာတ်ရုပ်နဲ့ လူကြိုက်များခဲ့တဲ့ Joong Archen ကတော့ ၂၀၂၅ ခုနှစ်အတွက် TC Calendar ရဲ့ ထုတ်ပြန်ချက်အရ အချောဆုံး GMMTV မှ အမျိုးသားအနုပညာရှင်တစ်ဦးဖြစ်သွားခဲ့ပါပြီ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ အဆင့် ၅၈ နေရာမှာ ရပ်တည်နေပြီး ဒါဟာ Joong ရဲ့ ပထမဆုံးအကြိမ် ဒီစာရင်းမှာ ပါဝင်လာနိုင်ခဲ့ခြင်းပါ။
Joong ဟာ လက်ရှိမှာတော့ ‘Star and Sky: Star in My Mind' ၊ ‘Hidden Agenda’ ၊ ‘The Heart Killers’ နဲ့ ‘Dare You To Death' စီးရီးတွေမှာ သူနဲ့အတူ လိုက်ဖက်ညီစွာ ပါဝင်ထားသူ သရုပ်ဆောင် Dunk Natachai နဲ့ အနုပညာလှုပ်ရှားမှုများစွာ တွဲဖက်လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် Riser Music လက်အောက်မှ နာမည်ကြီး T-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ‘JASP.ER’ ရဲ့ အဓိကအဆိုရှင်တစ်ဦးအနေနဲ့လည်း လှုပ်ရှားမှုတွေရှိနေသူပါ။
အဆင့် ၇၉။ Pond Naravit
လတ်တလော BL ချစ်ပရိသတ်တိုင်းရဲ့ ပါးစပ်ဖျားမှာ နေရာယူထားနိုင်တဲ့အထိ အောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ မာဖီးယားလေး Thee (သို့မဟုတ်) Pond Naravit ကလည်း ၂၀၂၅ ခုနှစ်အတွက် TC Calendar ရဲ့ ကမ္ဘာအချောဆုံးမျက်နှာ ၁၀၀ စာရင်းမှာ အဆင့် ၇၉ နေရာကနေ ပါဝင်လာနိုင်ခဲ့ပါတယ်။ Keng နဲ့ Joong လိုပဲသူအတွက်လည်း ဒါဟာ ပထမဆုံးအကြိမ် ဒီစာရင်းမှာ ပါဝင်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်နော်။
လက်ရှိမှာတော့ ‘Fish Upon The Sky’ ၊ ‘Never Let Me Go’ ၊ ‘We Are’ နဲ့ ‘Me and Thee' တို့လို စီးရီးကောင်းတွေမှာ သူနဲ့ အတွဲညီခဲ့တဲ့ သရုပ်ဆောင် Phuwin Tang နဲ့အတူ အနုပညာလှုပ်ရှားမှုတွေ မနားတမ်းလုပ်ကိုင်နေလျှက်ရှိပါတယ်။ Pond ကလည်း Joong လိုပဲ ‘JASP.ER’ ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သီချင်းတွေမှာ Rap အပိုင်းကို အဓိကတာဝန်ယူပေးထားသူပါ။
အဆင့် ၉၅။ Win Metawin
ဒီလိုစာရင်းတွေမှာ မပါရင် Win Metawin ဘယ်ဟုတ်တော့မလဲလို့ ဆိုရမယ့်အထိ GMMTV ရဲ့ ထိပ်တန်းအမျိုးသားအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ‘2gether’ စီးရီးနဲ့အတူ တစ်ကမ္ဘာလုံးက BL ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နောက်ထပ်ရိုက်ကူးခဲ့သမျှ ပရောဂျက်တွေတိုင်းလည်း ကောင်းမွန်တဲ့ရလဒ်တွေနဲ့ အောင်မြင်မှုခိုင်ခိုင်မာမာ ဆိုက်ထူထားနိုင်သူပါ။
လက်ရှိမှာ တစ်ကိုယ်တော်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေတင်သာမကဘဲ စီးပွားရေးဘက်မှာလည်း လုပ်ငန်းတွေတွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေနိုင်ပြီး အရည်အချင်းအပြည့်ရှိတဲ့ လူငယ်တစ်ယောက်ပေါ့။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို မျက်နှာမျိုးပိုင်ဆိုင်ထားတဲ့ Win ကတော့၂၀၂၅ ခုနှစ်အတွက် TC Calendar ရဲ့ ရွေးချယ်မှုအရ ကမ္ဘာအချောဆုံးမျက်နှာ ၁၀၀ စာရင်းမှာ အဆင့် ၉၅ နေရာနဲ့ ပါဝင်လာခဲ့ပါတယ်နော်။ ဒါဟာ သူ့အတွက် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကတော့ ၂၀၂၁ ခုနှစ်တုန်းက အဆင့် ၅၇ နေရာနဲ့ ဝင်ခဲ့တာဖြစ်ပါတယ်။
ထူးထူးခြားခြား ဒီနှစ်အတွက် TC Calendar ရဲ့ ကမ္ဘာအချောဆုံးမျက်နှာ ၁၀၀ စာရင်းမှာ GMMTV ရဲ့ မင်းသား ၃ ယောက်တောင် ပါဝင်လာနိုင်ခဲ့တာမို့ မင်းသားချောတွေကြီး မွေးထုတ်ပေးထားနိုင်တဲ့ စီအီးအို P’Tha ကိုလည်း ဂုဏ်ပြုပေးလိုက်ချင်ပါတယ်။
BL Emperor