L .P. N Magic Jelly & Beauty Cosmetics

L .P. N Magic Jelly & Beauty  Cosmetics စိတ်ချ ယုံကြည်စွာ ဝယ်ယူအားပေးနိုင်?

🔥 Sunscreen အကြောင်း 🔥လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSunscr...
30/01/2025

🔥 Sunscreen အကြောင်း 🔥

လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSunscreen ကိုသေချာပေါက်လိမ်းကိုလိမ်းရမယ် Sunscreen မလိမ်းရင်ဘာဖြစ်နိုင်လဲဆိုတော့
-အရေးကြောင်း(Aging) ဖြစ်တာလွယ်မယ်
-အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ပြီးအသားတွေတွဲကျလာမယ်
-အသက်အရွယ်ရလာတဲ့အခါမှာတင်းတိတ် ၊ မှဲ့ခြောက်တွေဖြစ်ခြင်း
-အသားအရည်အရောင်မညီပဲ တစ်ခုခုလိုအပ်နေခြင်း
-တစ်ခုခုကြောင့်ကျန်ခဲ့တဲ့အမာရွတ်ပျောက်ဖို့အချိန်ကြာခြင်း
-နေလောင်ခံရခြင်း တို့ဖြစ်နိုင်ပါတယ်

Sunscreen လိမ်းတယ်ဆိုတာ နေရောင်ခြည်ကထုတ်လွှတ်လိုက်တဲ့ UV Raysတွေကို ကာကွယ်တာပါ နေရောင်ခြည်က ဖြာထွက်လာတဲ့ အလင်းတန်းတွေကို UltraViolet Radiation(UV Rays) လို့ခေါ်ပြီးUV rays မှာမှ UVA rays နဲ့ UVB rays ဆိုပြီး အမျိုးအစားထပ်ကွဲသွားပါတယ် Sunscreen မလိမ်းဘူးဆိုရင် UVA rays ကြောင့် အရေးကြောင်းဖြစ်တာ အသားရည်လျော့တွဲတာတွေဖြစ်ပေါ်လာနိုင်ပြီး UVB raysကြောင့်နေလောင်ပြီး အသားကရဲတက်လာနိုင်ပါတယ် နောက်ပြီး အသက်ရွယ်ရလာတဲ့အခါမှာ အမဲစက် တင်းတိတ်တွေဖြစ်လာ နိုင်ပါတယ်

📌 Sunscreen ဘယ်နှစ်မျိုးရှိတာလဲ?
Sunscreen (2) မျိူးရှိပါတယ် Physical Sunscreen နဲ့ Chemical Sunscreen ပါ Physical Sunscreen က အရေပြားအပေါ်ယံကနေ အလွှာတစ်ခုအနေနဲ့ကာကွယ်ပေးပြီး Chemical Sunscreen က UV နေရောင်ခြည်ကို absorb လုပ်ပြီး အပူပြောင်းပြီးကာကွယ်ပေးပါတယ်

Zinc Oxide ,Titanium dioxide တို့က Physical Sunscreen ရဲ့ ingredients တွေဖြစ်ပြီး များသောအားဖြင့် Skin typesတော်တော်များများနဲ့တည့်ကြပါတယ် Chemical Sunscreen က Lightweight ဖြစ်တဲ့အတွက်ကြောင့် blendရတာ ပိုလွယ်ကူပြီး Physical Sunscreen ကကြတော့ များသောအားဖြင့် White Cast တွေကျန်နေတာ ဖြစ်တတ်ပါတယ်(အခုနောက်ပိုင်း Sunscreen တွေကတော့ သိပ်မတွေ့ရတော့ပါဘူး)

📌 Chemical Sunscreen ကိုဘယ်လိုသူတွေသုံးသင့်လဲ?
-အားကစားလုပ်တဲ့သူ, ရေကူးတဲ့သူ တို့ဆို ပိုပြီးသင့်တော်ပါတယ် Chemical က Physical Sunscreen ထက်ပိုပြီး ချွေးစို၊ရေစိုခံတဲ့အတွက်ကြောင့်ပါ နောက်ပြီး Sun spray လည်းသုံးလို့ရပါတယ်

📌SPF (Sun Protection Factor)

Sunscreen မှာ SPF သည်လည်းအရေးကြီးတဲ့ထဲကတစ်ခုပါ SPF များလေ ပိုပြီးကာကွယ်နိုင်လေပါပဲ မိမိက အပြင်မထွက်ဘူး Work from home ပဲဆိုရင် SPF 30 လောက်ကလုံလောက်ပါပြီ ဒါမှမဟုတ်ပဲ အပြင်ခနခန ထွက်ရမယ်ဆိုရင် SPF 50 PA++++ ကိုလိမ်းပါ UVB Rays တွေက အရေပြားအပေါ်ယံလွှာကို ထိုးဖောက်ပြီးအသားရည်ထိခိုက်စေနိုင်ပါတယ်။UVB rays တွေကို ကာကွယ်နိုင်တာ SPFပါ UVA raysတွေက အရေပြားရဲ့ အနက်ဆုံးလွှာကို ထိုးဖောက်နိုင်တဲ့အတွက်ကြောင့် အရေးကြောင်းတွေဖြစ်နိုင်ပြီး အရေပြားကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။၄င်းကို ကာကွယ်နိုင်တာ PAပါ အဲ့တော့ အလွယ်နည်းနဲ့မှတ်ရမယ်ဆိုရင် 🔹A = Aging , 🔸B = Burning

📌Sunscreen ကိုဘယ်အဆင့်မှာလိမ်းရမလဲ? Moisturiser မလိမ်းပဲနဲ့ကောလိမ်းလို့ရလား?

Sunscreen ကို Skincare step တွေရဲ့နောက်ဆုံးမှာထားပြီးလိမ်းရပါမယ် အဲ့အပေါ်မှာမှ Cc cream , BB Cream , Foundation တို့ကိုလိမ်းရမှာပါ ။ Moisture မလိမ်းပဲ Sunscreen လိမ်းလို့ရပါတယ်နော် ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ လုံလောက်တဲ့ အစိုဓာတ်ကိုတော့ ရမှာမဟုတ်ပါဘူး (Dry Skinတွေက လိမ်းကိုလိမ်းပါ) Sunscreen က 2နှာရီခြားတစ်ခါလိမ်းရမှာပါ

📌Sunscreen က နွေရာသီပဲလိမ်းရမှာလား?
Noနော် No! နေပူပူ မိုးရွာရွာ အမြဲလိမ်းရမှာပါ မှန်ကနေ အလင်းပြန်တဲ့ အလင်းတန်းမှာလည်း UV raysတွေရှိပါတယ်

🔸 အသားဖြူတဲ့သူက အသားညိုတဲ့သူတွေထက် Melanin ထုတ်နှုန်းနည်းလို့ နေလောင်ဒဏ်ခံရဖို့ ပိုလွယ်ပါတယ် Sunscreen မလိမ်းတာ ငယ်တုန်းရွယ်တုန်းမှာချက်ချင်းကြီး မသိသာပေမဲ့ လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူက အသက်ကြီးလာရင် ကွာခြားချက်ကိုတွေ့ရမှာပါ

အားလုံးပဲ Be safe & strong ပါ 💛
နောက်နေ့မှာ Sunscreenတွေရဲ့ Reviews တွေနဲ့အတူပြန်လာခဲ့ပါမယ်

ြောင်း

-Han’s Details

“moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"…………………………………………………………………………Credit Dr Aye Min Htoo Moisturizer ဆိုတာ အစိုဓာတ်ထ...
06/06/2022

“moisturizer အကြောင်း စနစ်တကျ လေ့လာရအောင်"
…………………………………………………………………………
Credit Dr Aye Min Htoo

Moisturizer ဆိုတာ အစိုဓာတ်ထိန်းဆေးဖြစ်တယ်။ အစိုဓာတ်ထိန်းတာ မှန်သမျှ moisturizer ထဲပါတယ်။ ဒါ့ကြောင့် ကပ်သီးကပ်ဖဲ့ပြောရင် serum, essence, ampoule တွေကိုလည်း moisturizer ထဲထည့်လို့ရတယ်။ မြန်မာနိုင်ငံမှာတော့ moisturizer ဆိုတာ day cream နဲ့ night cream ကိုခေါ်ကြတာ။ အမှန်တော့ moisturizer အမျိုးအစား (၄)မျိုးရှိတယ်။

• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။

• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။

• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။ day cream, night cream တွေက moisturizer တွေဖြစ်ကြတယ်။

• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။ ဥပမာ Neutrogena Hydra Boost ဆိုတာ အစိုဓာတ်ထိန်းဂျယ်(Gel moisturizers )တမျိုး ဖြစ်ပါတယ်။

ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၁.၇.၂၀

အရမ်းကြိုက်သော Hokkoki Foot Cream👣 ခြေဖဝါးလှလှလေးလိုချင်ရင်ဒါလေးသာဆောင်ထား👣အမာရွတ်ပါပျောက်တယ်လို့ review တွေရထားတယ်✅✅👣 သ...
26/04/2022

အရမ်းကြိုက်သော Hokkoki Foot Cream

👣 ခြေဖဝါးလှလှလေးလိုချင်ရင်ဒါလေးသာဆောင်ထား

👣အမာရွတ်ပါပျောက်တယ်လို့ review တွေရထားတယ်✅✅

👣 သူကfoot cream မို့ခြေထောက်တစ်ခုလုံးလိမ်းလဲရတယ်နော်

တစ်ယောက်တစ်ဘူးလောက်ဆောင်ထားသင့်တာလေး💥💥💥

💛 အနံ့လေးကသင်းသင်းလေး👍👍

7️⃣5️⃣0️⃣0️⃣ MMK

မျက်နှာ အဆီပြန်ခြင်း၊  ဝက်ခြံ ၊ အမဲစက် တွေ ပျောက်ကင်းစေဖို့ Toner သုံးတာ မဟုတ်ပါဘူး❌အဲတာတွေမဖြစ်စေဖို့  ကြိုတင်ပြီး ကာကွ...
26/04/2022

မျက်နှာ အဆီပြန်ခြင်း၊ ဝက်ခြံ ၊ အမဲစက် တွေ ပျောက်ကင်းစေဖို့ Toner သုံးတာ မဟုတ်ပါဘူး❌

အဲတာတွေမဖြစ်စေဖို့ ကြိုတင်ပြီး ကာကွယ်စေရန်
Toner က ယောက်ကျာ်းလေး ၊ မိန်းခလေး မဖြစ်မနေ သုံးပေးသင့်ပါတယ်✅✅✅

Simple Toner က တွေ အများကြီး ရထားပြီးးး Sensitive Skin သမားတွေ အပြင် All Skin Type အသုံးပြုနိုင်တယ်✅✅✅

1️⃣1️⃣0️⃣0️⃣0️⃣ MMK

Cathy Doll Anti Acne Clear Gel & Post Acne Spot Gelဝက်ခြံထွက်တတ်တဲ့သူတွေနှင့် အမာရွတ်ကျန်ခဲ့တဲ့သူတွေ အတွက်အထူး သင့်တော်ပ...
23/04/2022

Cathy Doll Anti Acne Clear Gel & Post Acne Spot Gel

ဝက်ခြံထွက်တတ်တဲ့သူတွေနှင့် အမာရွတ်ကျန်ခဲ့တဲ့သူတွေ အတွက်အထူး သင့်တော်ပါတယ်ရှင်။

🤍Anti Acne Clear Gel (အဖြူထုပ်) လေးကို ဝက်ခြံဖုပေါ်မှာ လိမ်းပေးပါနော်။
၃ ကြိမ်အထိ လိမ်းလို့ရပါတယ်ရှင်။

💚Post Acne Spot Gel (အစိမ်းထုပ်) လေးကို
ချပ်သွားတဲ့ ဝက်ခြံဖု၊ နီနေသော ဝက်ခြံ၊ ခြောက်နေသော ဝက်ခြံအမာရွတ်၊ မဲပြီးကျန်ခဲ့သော နေရာတွေကို မနက်တစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် အမာရွတ် မကျန်ခဲ့စေရန် လိမ်းပေးနိုင်ပါတယ်။

🤍💚ဂျယ် ၂ ခုကို အတူတကွအသုံးပြုခြင်းအားဖြင့် ဝက်ခြံများထွက်ခြင်း နှင့် အမာရွတ်ကျန်ခြင်းတို့ကို သက်သာစေပါတယ်။

💛💛💛
ဒီတစ်ခါတော့ Cathy Doll ကထုတ်လုပ်ထားတဲ့
Vitamin C Spot serum

နွေရာသီအတွက် တော်တော်လေးအဆင်ပြေပါတယ်နော်

အမဲစက်ကို သိသိသာသာ ပျောက်ကင်းစေပါတယ်
အဆီပြန်ခြင်းကို သက်သာစေတယ်
အသားဖြူဝင်းစေတယ်
အသားကြည်လင်စေတယ်
ဝက်ခြံအမဲစက်များကို ပျောက်ကင်းစေတယ်

Serum လေးကို ညပိုင်းမှာ သုံးစွဲပေးပြီးရုံနဲ့အဆီပြန်ခြင်းကင်းပြီး ဖြူဖွေးတဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီနော်

❤❤❤
Cathy Doll Bright Up Day Cream
SPF15 + Sleeping Mask

အသားအရေကို အချိန်တိုအတွင်း ပြန်လည်တောက်ပလာစေပြီး ကြည်လင်ဝင်းပဖြူစင်လာစေမယ့် Bright Up Set လေးပါရှင်။

နှစ်ထုပ် ပူးလေး ပါ Day Cream .... Sleeping mask နှစ်မျိုး ပါပါတယ်ရှင်

price 2500ks
Crd:

Cathy Doll New Serum Mask SheetPrice - တစ်ထုပ် - 1500 ks🥰🥰🥰💚Smooth Blur Serum Mask Sheet- Tea Tree အဆီပါဝင်သောကြောင့် ပု...
22/04/2022

Cathy Doll New Serum Mask Sheet

Price - တစ်ထုပ် - 1500 ks🥰🥰🥰

💚Smooth Blur Serum Mask Sheet
- Tea Tree အဆီပါဝင်သောကြောင့် ပုံမှန်ထပ် အဆီပြန်ခြင်းများကို သက်သာစေပြီး ဝက်ခြံထွက်ခြင်းကို သက်သာစေခြင်း
- မြင်းခွာရွက်အဆီပါဝင်သောကြောင့် ပျက်စီးနေသော အသားအရေများ ၊ ညစ်ထေးပြီး နီမြန်းသော အသားအရေ ပိုင်ရှင်များ အတွက် အထူးသင့်လျော်ခြင်း
- ချွေးပေါက်ကျယ်၍ ချွေးပေါက်နေရာများတွင် မဲညစ်နေခြင်း များကို ကုသပျောက်ကင်းစေခြင်း

💜HYALURON Serum Mask Sheet
- ခြောက်သွေ့ပျက်စီး၍ ကြမ်းတမ်းနေသော အသားအရေကို ပြန်လည်စိုပြေစေနိုင်သော hydro boost systemပါဝင်ခြင်း
- Beta-Glucan ကြောင့် အသားအရေကို ကြည်လင်ပြီး ရေဓာတ်ဖြည့်ပေးနိုင်တာကြောင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းကို ကုသပေးနိုင်ခြင်း

💗BABE FACE Serum Mask Sheet
- Peptide ၈မျိုးပါဝင်သော serum mask အမျိုးအစားဖြစ်သောကြောင့် မျက်နှာပေါ်မှ အရေးအကြောင်းများနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းများကို ထိထိရောက်ရောက် ကုသပေးနိုင်ခြင်း
- ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်သစ်များအား အတွင်းဆုံးအလွှာထိ အာဟာရဖြည့်တင်းပေးသောကြောင့် နုပျိုစိုပြေသော အသားအရေကို ပေးစွမ်းနိုင်ခြင်း
- အရွယ်ရောက်ပြီး အမျိုးသမီးအများစု အဖြစ်များသော တင်းတိတ်နှင့်အမဲစက်ဖြစ်ခြင်းများကို တားဆီးပေးနိုင်ပြီး ကျန်းမာသန်စွမ်းပြီး စိုပြေနူးညံ့သောအသားအရေကို ပေးစွမ်းနိုင်ခြင်း

🍊Whitamin C Serum Mask Sheet
🍊 ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဒီ Serum Mask Sheet လေးကတော့ အသားအရေမညီညာသူများ နှင့် မဲညစ်ပြီး ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေပိုင်ရှင်များ အကြိုက်တွေ့စေမှာ အသေအချာပါဘဲရှင့်..!

🍊 မျက်နှာပေါ်က ဆဲလ်သေများကို exfoliate လုပ်ပေးပြီး ဆဲလ်သစ်များကို အားသစ်များဖြစ်ပေါ်လာစေဖို့ ကူညီပေးပြီး အသားအရေကို အရင်ကထပ်ပိုမို ကြည်လင်ပြီး နူးညံ့လာစေပါတယ်ရှင့်..!

🍊 အမဲစက်များကို လျော့ပါးလာစေတာကြောင့် အသားအရေကို နူးညံ့စိုပြေပြီး အသားအရောင် ညီညာလာစေကာ Healthy Glow အသားအရေကို ရရှိစေမှာဘဲ ဖြစ်ပါတယ်ရှင်။

📌အသုံးပြုပုံလေးကတော့ မျက်နှာသစ်ပြီးသွားတာနဲ့ မျက်နှာပေါ်ကို မက်စ်လေးကပ်..၁၅-၂၀ မိနစ်လောက်ထိထား ပြီးသွားရင် အရည်အားလုံးစိမ့်ဝင်သွားအောင် ညင်သာစွာ ပွတ်ပေးပြီးတာနဲ့ ရပါပြီရှင့်..!

ပိုနေတဲ့ စီရမ်စ်လေးတွေကိုလည်း လည်ပင်း နဲ့ ခြေလက်တွေကို လိမ်းလို့ရသေးတယ်နော်။
Crd:

18/04/2022

အားလုံးပဲ မင်္ဂလာပါရှင့်

L.P.N ကို အစဉ်အမြဲ အားပေးကြတဲ့
Customer များအားလုံး နှစ်သစ်မှာ စီပွား လာဘ်လာဘ တွေတိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🥰🥰🥰🥰

⛔ Vaseline gluta lotion ⛔Vaseline က Lotion လေးတွေကဖြူတယ် ၊ ကြည်တယ် ဆိုတဲ့ Review ကောင်းလေးတွေ ရထားပြီးသား ✅✅ဒီ Gluta Glo...
08/04/2022

⛔ Vaseline gluta lotion ⛔

Vaseline က Lotion လေးတွေကဖြူတယ် ၊ ကြည်တယ် ဆိုတဲ့ Review ကောင်းလေးတွေ ရထားပြီးသား ✅✅

ဒီ Gluta Glowလေးက အသားအရေကြည်တာသိသာတယ်။ သူက Glutaပါတော့ အသားဖြူတယ်။ 10Xပါတော့ပိုတောင်မြန်သေးတယ်။အသားဖြူချင်တဲ့သူတွေTryကြည့်သင့်တယ်။

Textureကလည်း ကျဲကျဲလေး စိမ့်၀င်တာအရမ်းမြန်တယ်။အသားမညီတာတွေ အတွက်ဆို လုံး၀ recommend နော်။ Uvပါတဲ့အတွက် နေ့ခင်းဘက် လိမ်းလို့ရတယ်။ နေပူပူထဲထွက်ရင်တော့ Suncreamပါထပ်လိမ်းသင့်တယ်👍👍

ရေချိုးပြီး မနက် ၁ကြိမ် ည ၁ကြိမ် လိမ်းပေး....
၂ ပတ်လောက်ဆို သိသာပြီ✅✅✅

570 ml တောင်ဆိုတော့ ပေးရတဲ့စျေးနဲ့လဲ အများကြီး သူံးပျော်ပါတယ်နော်😍😍😍

9️⃣0️⃣0️⃣0️⃣ MMK🌟🌟🌟

💥 Biore UV watery essence 💥အရမ်းသုံးလို့ကောင်းတဲ့ sunscreen လေးပါ အဆီပြန် ဝက်ခြံသမားတွေနဲ့တောင် အဆင်ပြေတယ်လိမ်းထားမှန်း ...
08/04/2022

💥 Biore UV watery essence 💥

အရမ်းသုံးလို့ကောင်းတဲ့ sunscreen လေးပါ အဆီပြန် ဝက်ခြံသမားတွေနဲ့တောင် အဆင်ပြေတယ်

လိမ်းထားမှန်း မသိသာဘဲ ပါးပါးလေးဘဲ မလို့ sunscreen လိမ်းရတာ မကြိုက်တဲ့သူဆို ဒါလေးက အကြိုက်တွေ့စေမှာပါရှင်

ဘာလို့ ဝယ်သင့်လဲဆိုတော့.

ဂျပန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး လူကြိုက်အများဆုံး Sunscreen ပါ

ဒီ sunscreen ကတော့ တစ်ခြားဟာတွေ လိုပျစ်ပျစ်ကြီးနဲ့အဆီပြန်တာမျိုးမရှိဘူး

Biore uv ကတော့လိမ်းလိုက်ရင်ပေါ့ပေါ့လေးနဲ့စိမ့်ဝင်မြန်လို့အရမ်းအဆင်ပြေတယ်

အသားပေါ်စေးကပ်ကပ်လုံးဝမရှိတော့ လိမ်းရတာအရမ်းကောင်း

Waterproof လဲဖြစ်လို့ ရေကူးတဲ့သူတွေ ကမ်းခြေသွာတဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်နော်

SPF 50+/PA++++ ပါလို့ နေရောင်ဒဏ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်နော်

8️⃣5️⃣0️⃣0️⃣ mmk😘😘😘

Address

Maymyo
Yangon
MANDALAY

Website

Alerts

Be the first to know and let us send you an email when L .P. N Magic Jelly & Beauty Cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share