Shwe Ei

Shwe Ei ပျော်ရွှင်ပါစေ

နောင်ဘဝအဆက်ဆက်မှာ သက်ရှည်ကျန်းမာစွာနေရပါစေ ကလေးရေ 😢😢                       နေအိမ် ( ၁၀ )လွှာမှပြုတ်ကျပြီး ကွယ်လွန်သွားသေ...
15/08/2025

နောင်ဘဝအဆက်ဆက်မှာ သက်ရှည်ကျန်းမာစွာနေရပါစေ ကလေးရေ 😢😢

နေအိမ် ( ၁၀ )လွှာမှပြုတ်ကျပြီး ကွယ်လွန်သွားသော ( မင်းသစ်ဇဥာဏ် အသက် 8 )နှစ်

Crd / နှလုံးလှ

မိန်းမသား နှစ်ယောက်တည်းပါလာတာကို လူသူမရှိတဲ့ တောလမ်းထဲရောက်မှ တန်ဆာခ ထပ်တောင်းပြီး ပြဿနာရှာတဲ့ ကားဆရာ 😱တောင်ကြီးကနေ ကားစ...
11/08/2025

မိန်းမသား နှစ်ယောက်တည်းပါလာတာကို လူသူမရှိတဲ့ တောလမ်းထဲရောက်မှ တန်ဆာခ ထပ်တောင်းပြီး ပြဿနာရှာတဲ့ ကားဆရာ 😱

တောင်ကြီးကနေ ကားစီးလာတဲ့ အမျိုးသမီးနှစ်ယောက်ကတော့ လူသူမရှိတဲ့ တောလမ်းထဲရောက်မှ ကားဆရာနဲ့ ဂိတ်မှူးဆိုသူက ပစ္စည်းတွေ အရမ်းများလို့ တန်ဆာခ တစ်သိန်းထပ်တောင်းခဲ့ပြီး မပေးရင်း ဒီနေရာဘဲ ချခဲ့မယ်ဖြစ်ကြောင်း အကျ-ပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကားစီးလာတဲ့ အမျိုးသမီးကတော့ တန်ရာတန်ကြေးပေးပြီး စီးလာတဲ့အပြင် ပစ္စည်းများလို့ တန်ဆာခ တောင်းမယ်ဆိုရင်လည်း ကားဂိတ်မှာ တောင်းလို့ရရယ်သားနဲ့ လမ်းတစ်ဝက်ရောက်မှ အကျ-ပ်ကိုင်ပြီး တောင်းလို့ မပေးနိုင်ကြောင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ပုံထဲမှာ ပါတဲ့ ဂိတ်မှုးဆိုသူကတော့ မရမက အတင်းတောင်းပြီး မပေးရင် ဒီနေရာမှာ ချခဲ့မယ်ဖြစ်ကြောင်း ပြောဆိုခဲ့တဲ့အပြင် အပတ်စဥ် (၃၈) ကမလို့ တိုင်ချင်ရာ တိုင်နိုင်ကြောင်း ခြိ-မ်းခြော-က်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ဘဲ ကားစီးလာသူ အမျိုးသမီးကတော့ ဒီလို ကားသမားမျိုးကို ရှောင်ကြည်ဖို့ အသိပေးလာတာလည်း ဖြစ်ပတယ်

#သတိထားကြပါ

 #စွန့်ပစ်ပြန်ပီ ....... ဘယ်လိုတောင်ရက်စက်လဲကွယ် နေပြည်တော် လက်လုပ်တောင် စေတီတော်မြတ်ကြီး ရဲ့ ကြာသာပတေးထောင့်မှာ မွေးကင်...
11/08/2025

#စွန့်ပစ်ပြန်ပီ ....... ဘယ်လိုတောင်ရက်စက်လဲကွယ်

နေပြည်တော် လက်လုပ်တောင် စေတီတော်မြတ်ကြီး ရဲ့

ကြာသာပတေးထောင့်မှာ မွေးကင်းစ သားလေးတစ်ဦးကို

မနက် (၅) နာရီ ဝန်းကျင်ခန့် မှာ အုပ်ဆောင်းလေး ထဲ ထဲ့ရျ် စွ-န့်ပ-စ်ထားကြောင်းတွေ့ရှိထားပါတယ်ရှင်…

#ခိုင်နှင်းဝေ

" လှိုင်သာယာ ကိုရီးရဲ့ ကူညီမှုနဲ့ စက်ဘီးလေးရသွားတော့ ကလေးက သူသွားချင်တဲ့ နေရာလေးကို သွားလို့ရပါပြီ။ အလှူရှင်တွေ ကူညီပေးထ...
08/08/2025

" လှိုင်သာယာ ကိုရီးရဲ့ ကူညီမှုနဲ့

စက်ဘီးလေးရသွားတော့ ကလေးက သူသွားချင်တဲ့

နေရာလေးကို သွားလို့ရပါပြီ။ အလှူရှင်တွေ ကူညီပေးထားတာက (၁၄) သိန်း (၈) သောင်းပါ။

ကလေးအတွက် အရမ်းပဲ ဝမ်းသာမိသလို အရမ်းလည်း ကျေနပ်ပျော်ရွှင်ရပါတယ်။ မိဘ မရှိတဲ့ကလေးဖြစ်တဲ့အတွက် ... ? "
.... လို့ပြောပြလာတဲ့ လှိုင်သာယာကိုရီးရဲ့ ပရဟိတအလှူ


#လှိုင်သာယာကိုရီး #ပရဟိတ

#သားလေးခင်မောင်မြင့်ဘဝရဲ့ပျော်ရွှင်မှု အစ

ဘဝမှာ တခါတလေ နေချင်သလို နေပစ်ချင်တယ် 😁
08/08/2025

ဘဝမှာ တခါတလေ နေချင်သလို နေပစ်ချင်တယ် 😁

ကံကောင်းခြင်းတွေ ရရှိပါစေ ကလေးရေ 💖အိမ်ထောင်ရှိအမျိုးသားက လိ-မ်ပေါင်းပြီး ကိုယ်ဝန်ရှိချိန် အထားခံခဲ့ရတဲ့ မိန်းကလေးရဲ့ သမီ...
07/08/2025

ကံကောင်းခြင်းတွေ ရရှိပါစေ ကလေးရေ 💖

အိမ်ထောင်ရှိအမျိုးသားက လိ-မ်ပေါင်းပြီး ကိုယ်ဝန်ရှိ

ချိန် အထားခံခဲ့ရတဲ့ မိန်းကလေးရဲ့ သမီးလေးကို

အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ 🥰

ခိုင်နှင်းဝေက " ချောလိုက်တဲ့ သမီးလေး💙

မနက် (၆:၂၈) ၊ကြာသာပတေး သမီး၊ (၈)ပေါင် (၂) အောင်စ 🥰
သမီးလေးမွေးဖွားခြင်းကို မေတ္တာဖြင့် ခွဲစိတ်မွေးဖွားပေးပါသော

“ရွှေတော်ဝင် “အထူးကုဆေးရုံကြီး နှင့် ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်စမ်းစမ်းမြင့် နှင့် အဖွဲ့သားများ၊

ဝန်ထမ်းများအား လုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်" ဆိုပြီး အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

သမီးငယ်လေးကို မိခင်အရင်းက လာပြန်ခေါ်တော့ ဝမ်းသာလို့ ကျတဲ့ မျက်ရည်ရော. ..............သမီးလေးနဲ့သံယောဇဥ် ကြောင့် ကျလာတဲ့ မ...
07/08/2025

သမီးငယ်လေးကို မိခင်အရင်းက လာပြန်ခေါ်တော့

ဝမ်းသာလို့ ကျတဲ့ မျက်ရည်ရော. ..............သမီးလေးနဲ့

သံယောဇဥ် ကြောင့် ကျလာတဲ့ မျက်ရည်ရောပါ ရော

ပြီး ငိုခဲ့ရတဲ့ မခိုင်နှင်းဝေ 😟

#စိတ်ထဲပျော်တာရောဝမ်းနည်းတာရောပေါ့

 #သတိထားကြပါနော်💢စားသုံးရန်မသင့်ကြောင်း FDA မှ ထုတ်ပြန်လိုက်သည့်အစားအသောက် အမှတ်တံဆိပ် ( ၂၃ ) မျိုးလုံးဝ (လုံးဝ) ရှောင်သ...
07/08/2025

#သတိထားကြပါနော်💢

စားသုံးရန်မသင့်ကြောင်း FDA မှ ထုတ်ပြန်လိုက်သည့်
အစားအသောက် အမှတ်တံဆိပ် ( ၂၃ ) မျိုး

လုံးဝ (လုံးဝ) ရှောင်သင့်ပါတယ် 🚫🚫🚫

ဦးနှောက်သွေးကြောရောင် အဆုတ် နှလုံး သွေးတိုး
ဆီးချို ကျောက်ကပ် လေဖြတ် ခလေးသူငယ်တွေ
ဥာဏ်ရည်ထိုင်း ခန္ဓာကိုယ်မဖွံ့ဖြိုးပိန်လီခြောက်ကပ် အမျိုးသား ယောင်္ကျားလေးတွေပန်းညှိုးလိင်အင်္ဂါသေးသိမ်
အစာအိမ် အူလမ်းကြောင်း လိပ်ခေါင်း စအိုနာ စတဲ့ရောဂါတွေဖြစ်စေနိုင်တဲ့အပြင် ကုရာနတ္ထိဆေး
မရှိတဲ့ ကင်ဆာဘုရင် အစားအစာတွေပါ။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ
၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လအထိ စားသုံးရန်မသင့်ဟု
စစ်ဆေးတွေ့ရှိခဲ့သည့် အစားအသောက် အမှတ်တံဆိပ်
စာရင်းများကို ဖော်ပြပေးလိုက်ပါသည်။

FDA မှ ဈေးကွက်၌ ရောင်းချလျက်ရှိသော အစားအသောက်
များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကို
ထိခိုက်စေနိုင်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသောကြောင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အချိုရည် ( ၉ ) မျိုး

၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750ml ပုလင်း၊
၂။ Aung အမှတ်တံဆိပ်ပါ Juice (သံပုရာဖျော်ရည်)
၃။ Lime Q အမှတ်တံဆိပ်ပါ Instant Lime Drink Mix
၄။ Power Bull အမှတ်တံဆိပ်ပါ Energy Drink
၅။ Fruity အမှတ်တံဆိပ်ပါ အချိုရည်
၆။ Bull အမှတ်တံဆိပ်ပါ အချိုရည်
၇။ Lion အမှတ်တံဆိပ်ပါ (Lion Juice) အချိုရည်
၈။ Super Frozen အမှတ်တံဆိပ်ပါ အချိုရည်
၉။ NSS C-Plus အမှတ်တံဆိပ်ပါ အချိုရည်

ခေါက်ဆွဲ ( ၅ ) မျိုး

၁။ စတားလိုက် အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ
၂။ ချမ်းမြေ့အောင် အမှတ်တံဆိပ်ပါ စပါယ်ရှယ် ဂျုံခေါက်ဆွဲ
၃။ စိန်တံဆိပ် အမှတ်တံဆိပ်ပါ ကြက်ဥခေါက်ဆွဲ
၄။ ဝမ်းစတား အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ
၅။ ဂန္ဓမာပန်း အမှတ်တံဆိပ်ပါ ခေါက်ဆွဲ

ပဲပြား ( ၃ ) မျိုး

၁။ အဝိုင်းတံဆိပ် (ပဲပြား)
၂။ တြိဂံတံဆိပ် (ပဲပြား)
၃။ စကြာင်္တံဆိပ် (ပဲပြား)

ငရုတ်ဆီ ( ၂ ) မျိုး

၁။ ကြက်ဖ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊
၂။ အောင်သိဒ္ဓိ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊

အခြားစားသောက်ကုန် ( ၄ ) မျိုး

၁။ အောင်ထက်ဖြိုး အမှတ်တံဆိပ်ပါ တုတ်ထိုးချိုချဉ်
၂။ နှင်းပုလဲ အမှတ်တံဆိပ်ပါ ငရုတ်အရောင်တင်မှုန့်
၃။ Mi Ki Ko အမှတ်တံဆိပ်ပါ ချယ်ရီသီး၊
၄။ ရွှေပိတောက် အမှတ်တံဆိပ်ပါ ဆန်ကြာဇံ

အထက်ဖော်ပြပါ အစားအသောက်များသည် ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်ပြီး ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားခြင်းကြောင့် ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့်
ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။

ကြက်ကြော်ကို တစ်ပတ်တစ်ကြိမ်ထက် ပိုစားပါက
အရွယ်မတိုင်ခင် သေဆုံးနိုင်
အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က) အရ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည်
အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊
ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများကို အသုံးပြုပြီး၊
ခွင့်ပြုအစားအသောက် ထပ်ဖြည့်ဓာတုပစ္စည်းများကို
သတ်မှတ်ပမာဏအတွင်း အသုံးမပြုပါက အရေးယူခံရမည် ဖြစ်သည်။

လက်ရှိကတော့ စားသောက်ကုန်ရောင်းချနေတဲ့လိုင်စင်ရှိတဲ့
ဆိုင်အသီးသီးကို အသိပေးပြီးဖြစ်ပါတယ်။ တစ်ချို့သာမာန်ဆိုင်အသီးသီးကတော့ ရောင်းချနေဆဲဖြစ်ပါတယ်။

မိဘပြည်သူတွေ ဆင်ခြင်စားသုံးလို့ရအောင် တင်ပြရခြင်းဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ထိရောက်စွာအကုန်အရေးယူနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေပါတယ်။

လုပ်ငန်းရှင် အသီးသီးက တားမြစ်စားသောက်ကုန်ပစ္စည်းတွေကိုဒီတံဆိပ်နဲ့
အရေးယူခံရလို့ရှိရင် တစ်ခြားနောက်နာမည်တစ်ခုတံဆိပ်ရိုက်ပြီး စျေးကွက်ထဲပြန်ရောင်းနေကြတော့ FDA တာဝန်ရှိသူတွေအဖို့ တော်တော်ကြိုးစားကြပ်မတ်ပြီးစီစစ်အရေးယူဆောင်ရွက်
ဖော်ထုတ်လျှက်ရှိနေပါတယ်။

လမ်းဘေး တုတ်ထိုးဆိုင်အသီးသီးမှာ လုပ်ရောင်းနေတဲ့ အချဉ်ရည်ငရုပ်ဆီအမျိုးမျိုးဟာ ကင်ဆာကုန်သည်ကြီး
တွေဖြစ်ပါတယ်။ တစ်နေ့အဲ့ဆိုးကျိုးတွေ ခန္ဓာကိုယ်ကလီစာတွေထဲမှာ ရောဂါတစ်ခုမဟုတ်တစ်ခု လက်တွေ့ခံစားရမှာဧကန်မလွဲပေ ။

လမ်းဘေးအစားအစာ အကင် တုတ်ထိုး အသုတ်စုံ စတာတွေ ဖြစ်နိုင်ရင်လုံးဝမစားပဲ ရှောင်သင့်ပါသည်။
လက်ရှိအချိန်အထိ အချို့သောတံဆိပ်တွေ ရောင်းချနေကြတာ တွေ့နေရကြောင်း သိရှိရပါတယ်...

Credit: FDA (အစားအသောက်နဲ့ဆေးဝါးကွတ်ကဲရေးဦးစီးဌာန)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share