Orchid's Mommy

Orchid's Mommy 👑Mini miss junior idol world winner 🏆 2020 👑

Quality ေကာင်းပြီး Design ဆန်းသော ကလေးဝတ်
ဝမ်းဆက်၊ ဂါဝန်၊ ပွဲတက်ထည်အမျိုးမျိုး
Size စုံကို ဈေးနှုန်းချိုသာစွာဖြင့်
လက်လီလက်ကားရရှိနိုင်ပါပြီရှင်။

Mobile ဖုန်း အခွန်လိုတိုရှင်း...Update: အောက်ဆုံးမှာ မိမိဖုန်း အ‌ခွန်ဆောင်ဖို့ လိုမလို စစ်နည်း ထည့်ထားပေးပါတယ်...- လက်ထဲ...
05/03/2026

Mobile ဖုန်း အခွန်

လိုတိုရှင်း...

Update: အောက်ဆုံးမှာ မိမိဖုန်း အ‌ခွန်ဆောင်ဖို့ လိုမလို စစ်နည်း ထည့်ထားပေးပါတယ်...

- လက်ထဲရှိ မသုံးပဲ ပိတ်ထားတဲ့ ဖုန်းတွေ မြန်မာဖုန်းလိုင်း နဲ့‌ နောင်တချိန် သုံးချင်တယ်ဆို ဒီလ ၃၁ မတိုင်ခင် ဖွင့်သုံးပေးထားဖို့လိုမယ်
- April ရောက်မှ ဖွင့်သုံးရင် ဒဏ်ကြေး + အခွန်ဆောင်ပြီး မှ သုံးလို့ရတော့မယ်
- အဲ့နောက်ပိုင်းဆို ပြည်ပက တင်သွင်းကတည်းက အခွန်ဆောင်လာတဲ့ ဖုန်း တွေပဲ ရတော့မယ့် သဘောထင်တယ်
- ဆိုလိုတာ အရင်ကလို ထိုင်း/စလုံး ကနေ အလည်သွားရင် ဝယ်လာတဲ့ ဖုန်းတွေ မြန်မာပြည်မှာ အခွန်မဆောင်ပဲ လာသုံးခွင့် မပေးတော့ဘူး
- တကယ်တော့ ဖုန်းတင် မဟုတ်ပါဘူး။ IMEI လို့ခေါ်တဲ့ ဖုန်း Network ပေါ်မှာ မှတ်ပုံတင်တဲ့ Code ပါလာတဲ့ Device တိုင်း အကျုံးဝင်လာမှာပါ။ ဖုန်း, Tablet, Watch, Router etc. အကုန်ပါမယ်... အလွယ်ပြောရင် sim card, esim ထည့်သုံးလို့ရတဲ့ အကုန်လုံးပေါ့...
- နိုင်ငံခြားကနေ မြန်မာပြည် လာလည်မယ့် Foreigner တွေရဲ့ ဖုန်းတွေတွေတော့ ဘယ်လိုဖြစ်လာမယ် မသိဘူး...

---

Update:

မိမိဖုန်း အ‌ခွန်ဆောင်ဖို့ လိုမလို စစ်နည်း

- ဖုန်းခေါ်တဲ့နေရာကနေ * #06 # ရိုက်ကာ မိမိဖုန်းရဲ့ IMEI ကို ရယူပါ။ Dual Sim (SIM 2 ကဒ်ထိုး) ဆိုရင်တော့ IMEI ၂ ခု ထွက်ပါမယ်

- Chrome/Safari စတဲ့ Browser တစ်ခုခုကနေ https://ceir.gov.mm/ သို့သွားပါ (www မပါဘူးနော်)

- လက်ရှိအခြေအနေစစ်ဆေးရန် ကို နှိပ်ပါ

- ခုနကရယူထားတဲ့ နံပါတ်ဖြည့် ပြီး အဆင့်ဆင့်နှိပ်ပေးပါ

- အစိမ်းရောင် ၃ ခုဆိုရင်တော့ စိတ်ချရပါပြီ

(မလုပ်တတ်မှာ စိုးလို့ တစ်ပုံချင်းကို တင်ထားပေးပါတယ်)

မြန်မာနိုင်ငံမှာ စတင်အသုံးပြုတော့မယ့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အကြောင်း တရားဝင် ကြေညာချက်ဖြစ်ပါတယ်။

အတိုချုပ်ရှင်းပြရရင် အဓိကအချက်တွေက ဒီလိုပါ။

💬 CEIR ဆိုတာဘာလဲ?
🗨 မိုဘိုင်းဖုန်းတွေရဲ့ နိုင်ငံတကာ သက်သေခံနံပါတ် (IMEI) ကို ဗဟိုဌာနက မှတ်ပုံတင်ပြီး စီမံခန့်ခွဲတဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် ခိုးယူခံရတဲ့ဖုန်း၊ တရားမဝင် တင်သွင်းလာတဲ့ဖုန်းတွေကို ကွန်ရက်ကနေ ပိတ်ဆို့နိုင်မှာ ဖြစ်ပါတယ်။

💬ဘယ်တော့ စမလဲ?
🗨 ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်ကနေ စတင် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

💬 လက်ရှိသုံးနေတဲ့ ဖုန်းတွေအတွက် ဘာလုပ်ရမလဲ?
🗨 ဘာမှ လုပ်စရာမလိုပါဘူး။ လက်ရှိသုံးနေတဲ့ ဖုန်းတွေကို ခွင့်ပြုစာရင်းထဲ အလိုအလျောက် ထည့်ပေးသွားမှာပါ။

· ဒါပေမယ့် မတ်လ ၃၁ ရက်နေ့ မတိုင်ခင်မှာ မိမိသုံးနေကျ SIM ကတ် (MPT, ATOM, U9, Mytel) ကို ဖုန်းထဲထည့်ပြီး အနည်းဆုံး တစ်ခါလောက် ဖွင့်အသုံးပြုထားဖို့ လိုအပ်ပါတယ်။

💬 ပြည်ပကနေ အသစ်တင်သွင်းတဲ့ ဖုန်းတွေအတွက်ကော?
🗨 ကုမ္ပဏီတွေက စနစ်တကျ တင်သွင်းပြီး အခွန်ဆောင်ပြီးရင် ခွင့်ပြုစာရင်းထဲ ထည့်ပေးသွားမှာပါ။

💬 ခွင့်ပြုစာရင်းမှာ မပါတဲ့ဖုန်းတွေ ဆက်သုံးလို့ရမလား?
🗨 ၂၀၂၆ ဧပြီလ ၁ ရက်နေ့ကစပြီး ခွင့်ပြုစာရင်းမှာ မပါတဲ့ဖုန်းတွေကို ကွန်ရက်နဲ့ စတင်ချိတ်ဆက်တဲ့အချိန်ကနေ ရက် ၃၀ ပဲ ယာယီသုံးခွင့်ရှိမှာပါ။
· ရက် ၃၀ အတွင်းမှာ ကျသင့်တဲ့ အခွန် ဒါမှမဟုတ် ဒဏ်ကြေးတွေကို ပေးဆောင်မှသာ ဆက်လက်သုံးခွင့်ရှိမှာဖြစ်ပါတယ်။

💬 အခွန်ဘယ်လိုပေးရမလဲ?
🗨 https://www.ceir.gov.mm ဝက်ဘ်ဆိုဒ်ကနေ IMEI နံပါတ်ထည့်ပြီး အွန်လိုင်းကနေ ပေးချေနိုင်ပါတယ်။
· နယ်စပ်ဒေသ ဒါမှမဟုတ် အင်တာနက်အခက်အခဲရှိတဲ့သူတွေအတွက် ပြည်တွင်းအခွန်များဦးစီးဌာန နဲ့ အကောက်ခွန်ဦးစီးဌာနရုံးတွေမှာလည်း သွားရောက်ပေးချေလို့ရပါတယ်။

💬 အသေးစိတ် ဘယ်လိုမေးမြန်းရမလဲ?
🗨 ဝက်ဘ်ဆိုဒ် https://www.ceir.gov.mm မှာ ကြည့်ရှုနိုင်ပြီး၊
· CEIR ခေါ်ဆိုရေးစင်တာ ၁၅၇၇ နဲ့ ၁၇၅၅ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Credit - Ko Aye Maung Maung Kyi

ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်ရွှ...
05/01/2026

ပိုက်ဆံကလေ ဘဏ်မှာထားရင် ၁ ကျပ်တိုးရတယ်
ချေးထားရင် ၃ /၅/၁၀ ကျပ်တိုးရတယ်
လုပ်ငန်းရှိလို့ ရင်းထားရင် ၁၀/၁၅ အမြတ်ရနိိုင်တယ်
ရွှေဝယ်ထားရင် ပြန်တွက်ကြည့် ၁၂ % လောက် အမြတ်ရနိုင်တယ်။
ဘာမှ မလုပ်ဘဲ ထိုင်သုံးနေရင်တော့ ကုန်သွားမှာပဲ။

ဘဏ်တွေက စိတ်မချရရင်
၁၀ ရက်တခါ စာရင်းသေအပ်ပါ။
အတိုးကို အများကြီးမယူဘဲ
ယုံကြည်ရသူဆီ ချေးငှါးပါ။
အရောင်းအဝယ်ကတော့
တကယ်ကျွမ်းကျင်တာကိုပဲ လုပ်ပါ။
လုပ်ငန်းရှိရင် စီစစ်ပြီးရင်းပါ။
ရွှေဝယ်မယ်ဆို အခေါက်ရွှေသာ ဝယ်ပါ။

မြေရင်း ဘာညာက သူ့အလွှာနဲ့သူမို့
မပြောတော့ပါဘူး။

မီးဖိုဆောင်မှာ လွှတ်ပစ်ရတာ
ပုပ်သိုးတာတွေ မရှိအောင်
အလေအလွင့်နည်းအောင် စီမံပါ
ဥစ္စာဖြို စားဖိုကမို့ လိုအပ်တာ မလိုအပ်တာ သေချာစီစစ်ပါ။
ဖုန်းဘေ စီစစ်သုံးပါ
ဝိုင်ဖိုင်ရနေလျင် Viber က ပြောကြပါ။
မလိုအပ်တဲ့ planတွေ မသိဘဲ နှိပ်မိသလားစစ်ပါ
လောင်းကစား ရှောင်ပါ။

အသုံးမလျှော့နိုင်လျင် ပိုရှာပါ
ပိုမရှာနိုင်သေးလျင် မဖြုန်းတီးပါစေနှင့်။
စုဖို့ ဖယ်ပြီးမှ ကျန်တာကို ခွဲတမ်းချ သုံးစွဲပါ။

Crd

01/01/2026

ရဲ့ကြိုးစားမှု့လေး ...✨
၁၂ နှစ်အောက် Dance challenge

❤️ Kids Dancers ❤️
Kyal Sin LinnLae Aung
Htet Myat Noe Eain
KHIT OO Thanzin Ko

✨❤️✨

01/01/2026

✨ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့အတူ CNPC ရဲ့ The 5th CNPC youth short video challenge လေးမှာ ပါဝင်ထားပါတယ်ရှင်✨
နှစ်သစ်မှာ အားလုံးဘဲပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ...🎊

ဒီမနက်မှာ....ကျွန်မရဲ့မိသားစုတွေကို..... အဆက်အသွယ်ဖြတ်  လိုက်ပါတယ်မိနစ် (၂၀) ခန့်အတွင်းမှာ ဖုန်းက (၁၂) ကြိမ်တောင် မြည်လာ...
23/12/2025

ဒီမနက်မှာ....ကျွန်မရဲ့မိသားစုတွေကို..... အဆက်အသွယ်ဖြတ် လိုက်ပါတယ်

မိနစ် (၂၀) ခန့်အတွင်းမှာ ဖုန်းက (၁၂) ကြိမ်တောင် မြည်လာပါတယ်။ အရင်ဆုံးက သမီး ဆာရာ ဆက်တာပါ။ သမီးရဲ့ယောင်္ကျားလည်း ဆက်ပါတယ်။ ပြီးတော့ အိမ်ရဲ့ ကြိုးဖုန်းလိုင်းကနေလည်း ဖုန်းဝင်လာပါတယ်။

ကျွန်မ တစ်ခုမှ မကိုင်ခဲ့ပါဘူး။

ကျွန်မက မြို့သုံးမြို့ကျော်မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ ထိုင်ပြီး၊ ကိုယ်တိုင်လုပ်စရာမလိုတဲ့ ကော်ဖီနဲ့ မနက်စာကို အေးအေးဆေးဆေး စားနေတာပါ။

လွန်ခဲ့တဲ့ (၇) နှစ်လုံးလုံး......မနက် (၇) နာရီခွဲဆိုတာနဲ့ ကျောင်းသွားမယ့် မြေးတွေအတွက် ထမင်းဘူး (၃) ဘူး ကျွန်မ ပြင်ပြီးနေပါပြီ။

သုံးယောက်သုံးမျိုးဆိုပါတော့။ တစ်ယောက်က ပေါင်မုန့်အနားသားမကြိုက်ပါဘူး။ နောက်တစ်ယောက်က ဂျုံနဲ့မတည့်ဘူး...ဒီလိုနဲ့ သုံးယောက် သုံးမျိုးဆိုပါတော့။

ပျောက်နေတဲ့ ဘောကန်ဖိနပ်တွေကို လိုက်ရှာပေးရပါတယ်။ ကလေးတွေကြားက ရန်ပွဲတွေကို ဖြေရှင်းပေးရပါတယ်။
ကျွန်မဟာ အခကြေးငွေမရဘဲ တစ်နေကုန် မရပ်မနား လည်ပတ်နေရတဲ့ အိမ်တွင်းစီမံရေး မန်နေဂျာတစ်ယောက်ပါ။

ဒီနေ့တော့ သူတို့အိမ်ရဲ့ ကားလမ်းလေးကတော့ ဟာလာဟင်းလင်းပါပဲ။

ကျွန်မ အသက် (၆၀) ကျော်ပါပြီ။ အငြိမ်းစားယူတယ်ဆိုတာ နားနားနေနေ နေဖို့၊ ခရီးထွက်ဖို့၊ ဘာသာရေးလုပ်ဖို့ ....လို့ လူတွေက ပြောကြပါတယ်။

ဒါပေမဲ့ မြေးတွေရှိတဲ့ အဖိုး အဖွားတွေ အတွက်ကတော့ အငြိမ်းစားယူတယ်ဆိုတာ၊ အခပေးအလုပ်ကနေ အခမဲ့အလုပ် ကို ပြောင်းလုပ်လိုက်တာပါပဲ။ ( ဒီအလုပ်က ပိုပြီးတော့တောင် အချိန်ပေးရပါသေးတယ်။ )

ကျွန်မက "ပျက်ရက်မရှိ တာဝန်ကျနေတဲ့ အဘွား" ပါ။

ကျောင်းပို့ ကျောင်းကြိုလုပ်ရတယ်၊ မိဘတွေ အလုပ်နောက်ကျလို့ ကာရာတေးသင်တန်းတွေမှာ ထိုင်စောင့်ပေးရတယ်။
ဘယ်မြေးက မိုးကြိုးပစ်သံကြောက်တာလဲ၊ ဘယ်သူက ရေခွက်ထဲကို ရေခဲတုံး နှစ်တုံးပဲ ထည့်သောက်တယ် ဆိုတာအစ ကျွန်မ အကုန်သိပါတယ်။

သူတို့ဘဝ အဆင်ပြေဖို့အတွက် နောက်ကွယ်ကနေ တိတ်တိတ်လေး ပံ့ပိုးပေးနေရပေမယ့်၊ လူရာအသွင်းမခံရတဲ့.....အရေးပါတဲ့သူဆိုပါတော့။

"ဂျီဂျီ'' _ Gigiဆိုတဲ့ နောက်ထပ် အဘွားတစ်ယောက် ရှိပါသေးတယ်။ သူ့အဖေဘက်က တော်တာပါ။
သူက ဖလော်ရီဒါက ကွန်ဒိုမှာနေတယ်။ ကားအမိုးဖွင့်လေးကို စီးတယ်။ တစ်နှစ်ကို နှစ်ခါလောက်ပဲ လာလည်တတ်ပါတယ်။

ဂျီဂျီက ဟင်းတွေချက်ပြီး သယ်မလာပါဘူး။ သူက အထင်ကြီးစရာတွေပဲ သယ်လာတာပါ။

သူက ကလေးတွေကို ဘာစည်းကမ်းမှ မထုတ်ဘူး။ မုန့်တွေနဲ့ အံ့သြစရာ လက်ဆောင်တွေပဲ ထုတ်ပေးပါတယ်။

မနေ့က 'ဆိုဖီ'ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့ပါ။

အဲဒီအတွက် ကျွန်မ အပတ်တကုတ် ပြင်ဆင်ခဲ့ပါတယ်။

"ဆိုဖီ'' က ပန်းချီဆွဲတာ ဝါသနာပါတော့ အကောင်းစား ခဲတံတွေ၊ ပုံဆွဲစာအုပ်တွေနဲ့ ပန်းချီဆွဲကိရိယာ အစုံလိုက်လေး ကျွန်မ လုပ်ပေးခဲ့ပါတယ်။

အိတ်လေးကိုတောင် ဂျင်းသားနဲ့ ကိုယ်တိုင်ချုပ်ပြီး သူ့နာမည်အတိုကောက်လေး ထိုးပေးထားတာပါ။

တန်ဖိုးကြီးမကြီးပေမယ့် ကျွန်မရဲ့ စေတနာတွေ အပြည့်ပါပဲ။

မွေးနေ့ပွဲမှာ ကျွန်မက၊ အကင်စက်နားမှာ အသားကင်ရင်း အလုပ်ရှုပ်နေချိန်မှာပဲ ငှားထားတဲ့ ကားလှလှလေးတစ်စီး ဆိုက်လာပါတယ်။

"ဂျီဂျီ'' ရောက်လာပါပြီ။

အခြေအနေက ချက်ချင်း ပြောင်းသွားပါတယ်။ အကျီအရောင်တောက်တောက်တွေ၊ ရယ်သံကျယ်ကျယ်တွေနဲ့အတူ စျေးကြီးတဲ့ ရေမွှေးအနံ့ကပျံ့လွင့်လာပါတယ်။
သူက 'ဆိုဖီ' ကို လက်ဆောင်အိတ်လေး ကမ်းပေးလိုက်တယ်။ အထဲမှာက လူတိုင်း သိကြတဲ့ ဘူးလေးတစ်ခု...။

နောက်ဆုံးပေါ် '' iPad Pro '' တစ်လုံးပါ။

ကလေးတွေ အော်ဟစ်ပြီး ပျော်သွားကြတာ၊ သူတို့တွေ 'ဂျီဂျီ' ကို ဝိုင်းအုံနေကြတာက ''စန်တာကလော့စ်'' _ Santa Claus ရောက်လာ သလိုပါပဲ။

ဆိုဖီက ကျွန်မပေးတဲ့ လက်ဆောင်အိတ်လေးကို မြက်ခင်းပေါ် ချပစ်ခဲ့ပြီး ''အိုင်ပတ်'' ကို သွားယူတော့တာပါပဲ။

"အဘွားက ကမ္ဘာမှာ အကောင်းဆုံး အဘွားပဲ....." လို့ အော်ရင်း 'ဂျီဂျီ'ကို ပွေ့ဖက်လိုက်ပါတယ်။

ကျွန်မကတော့ မီးခိုးတွေထွက်နေတဲ့ မီးဖိုနားမှာ ရပ်ရင်း........
"ဒါ သဘာဝပါပဲလေ၊ ကလေးတွေဆိုတော့ ဒီလို လက်ဆောင်မျိုးတွေရရင် ပျော်မှာပေါ့" လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိပါတယ်။

ပွဲပြီးတော့ ဂျီဂျီက ဧည့်ခန်းထဲမှာ ဗီဒီယိုကြည့်နေပါတယ်။ ကျွန်မကတော့ မီးဖိုချောင်မှာ ပန်းကန်တွေ ဆေးနေရတုန်းပါပဲ။

အဲဒီမှာ ဆိုဖီ ပြောလိုက်တဲ့စကားကို ကြားလိုက်ရပါတယ်။

"ဂျီဂျီ ဒီမှာပဲ သမီးတို့နဲ့ အတူတူ နေရင် ကောင်းမှာပဲနော်။"

ဆာရာ (ကျွန်မသမီး) က ရယ်ရင်း ပြောလိုက်တဲ့ အသံကိုလည်း ကြားလိုက်ပါတယ်။

"အေးလေ သမီးရဲ့၊ ဂျီဂျီက ပျော်ဖို့ အရမ်းကောင်းတာကိုး။"

"ဟုတ်တယ် မေမေ"

ဆိုဖီက ဆက်ပြောတယ် "နာနာ (ကျွန်မကိုပြောတာပါ ) ကကျတော့ စည်းကမ်းတင်းကြပ်တယ်၊ စာပဲ အမြဲလုပ်ခိုင်းနေတာ။"

ကျွန်မ စောင့်ဆိုင်းနေမိခဲ့ပါတယ်။

"နာနာ ရှိလို့ သမီးတို့ အဆင်ပြေနေတာ၊ နာနာ ရှိလို့ သမီးတို့ ဆော့နိုင်တာ၊ သမီးတို့ နေမကောင်းဖြစ်ရင် တစ်ညလုံး စောင့်ပေးတာ နာနာပဲ" လို့ ကျွန်မသမီးက၊ ကျွန်မဘက်ကနေ ဝင်ပြောပေးမှာကိုပါ။

ဒါပေမဲ့ ဆာရာက သက်ပြင်းချရုံလေးပဲ ချလိုက်ပြီး.........

"အင်း... ဒါကတော့ နာနာရဲ့ ပုံစံပဲလေ....ဂျီဂျီကတော့ ပျော်စရာကောင်းတဲ့ အဘွားပေါ့" တဲ့။

ပျော်စရာကောင်းတဲ့ အဘွား ''The Fun Grandma'' တဲ့လား။

အကြောင်းရှိတဲ့ အခိုက်အတန့်လေးတွေမှာပဲ ပေါ်လာတဲ့သူကိုတော့ ချီးကျူးကြတယ်။ အားလုံး အဆင်ပြေအောင် နောက်ကွယ်ကနေ အမြဲတမ်း ရုန်းကန်ပေးနေရတဲ့သူကိုတော့ ဘယ်သူမှ အသိအမှတ်မပြုကြပါဘူး။

တကယ် အလုပ်လုပ်ပေးတဲ့သူကိုကျတော့လည်း 'ပျင်းစရာကောင်းတဲ့လူ' လို့ပဲ မြင်ကြတယ်။

ကျွန်မ ပန်းကန်တွေ ဆေးပြီး၊ ခုံတွေကို သုတ်လိုက်ပါတယ်။ ဘာစကားမှ မပြောဘဲ အိမ်နောက်ဘက်ကနေ ထွက်လာခဲ့တယ်။

ကားထဲမှာ တစ်နာရီလောက် ထိုင်နေရင်း ကျွန်မ စဉ်းစားမိတယ်။
လျှော်ပြီးသား အဝတ်တွေ အပေါ်ထပ်ကို သယ်ပေးတိုင်း ကျွန်မရဲ့ ဒူးတွေနာတဲ့ အကြောင်း တွေးနေမိတယ်။

"ကလေးတွေက ငါ့ကို လိုအပ်နေတယ်" ဆိုတဲ့ ဆင်ခြေနဲ့ အကြိမ်ကြိမ် ဖျက်ခဲ့ရတဲ့ ကျွန်မရဲ့ ခရီးစဉ်တွေအကြောင်းလည်း တွေးနေမိတယ်။

အဲဒီမှာ ကျွန်မ တစ်ခု သဘောပေါက်သွားပါတယ်။

ကျွန်မက သူတို့ကို ကူညီနေရုံတင် မဟုတ်ပါဘူး။.....ကျွန်မကို လျစ်လျူရှုထားလို့ ရတယ်...ဆိုတာမျိုးကိုပါ၊ သူတို့ကို သင်ပေးနေမိတာပါလားလို့ တွေးမိပါတယ်။

ပုံမှန်ပေးဆပ်နေတဲ့ မေတ္တာက နောက်ခံကားချပ်လို ဖြစ်သွားပြီး၊ ဟန်ပြလုပ်တဲ့ မေတ္တာကမှ လက်ခုပ်သံ ရတတ်တာမျိုးပေါ့။

ဒါကြောင့် ဒီမနက်မှာ ကျွန်မ နိုးစက်မပေးခဲ့ပါဘူး။ သူတို့အိမ်ကိုလည်း မသွားခဲ့ပါဘူး။ ကော်ဖီလည်း ဖျော်မပေးခဲ့ပါဘူး။

ဒီကိုပဲ လာခဲ့လိုက်တယ်။

ကျွန်မ မုန့်တွေ စားနေတယ်၊ လွန်ခဲ့တဲ့ (၃) လက ဝယ်ထားတဲ့ စာအုပ်ကို ဖတ်နေတယ်။

ဖုန်းထဲကို မတ်ဆေ့တစ်စောင် ဝင်ရောက်လာပါတယ်။

"မေမေ? ဘယ်မှာလဲ? ကလေးတွေ ကျောင်းနောက်ကျတော့မယ်။ သမီးမှာ မိနစ် ၂ဝ နေရင် အစည်းအဝေးရှိတယ်။ ဖုန်းပြန်ဆက်ပါဦး။"

ကျွန်မ ကော်ဖီကို နောက်ထပ်တစ်ငုံ သောက်လိုက်တယ်။ အရသာက တကယ့်ကို ထူးကဲနေတာပဲ။

ကျွန်မ မြေးတွေကို ကိုယ့်အသက်ထက်မက ချစ်တာ မပြောင်းလဲပါဘူး။ ဒါပေမဲ့ ချစ်တယ်ဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပျောက်ကွယ်သွားအောင် လုပ်ဖို့တော့ မလိုပါဘူး။
"လိုအပ်တာ" နဲ့ "တန်ဖိုးထားတာ" က မတူဘူးလေ။

ကျွန်မ သူတို့ကို နောက်မှ ပြန်ဆက်ပါ့မယ်။ ပြန်တော့ သွားမှာပါ။ ဒါပေမဲ့ အရင်လိုတော့ မဟုတ်တော့ပါဘူး။

'' နောက်ကွယ်ကနေ တိတ်တိတ်လေး ပင်ပန်းခံ ပံ့ပိုးပေးနေတဲ့၊ ဘယ်သူမှ သတိမထားမိတဲ့ ဘဝမျိုး '' အဖြစ်ကနေ အခုပဲ အနားယူ (နုတ်ထွက်) လိုက်ပါပြီ။

တကယ်လို့ "အဘွား" တစ်ယောက်ကို လိုချင်တယ်ဆိုရင်တော့ ကျွန်မ သူတို့နဲ့အတူရှိနေမှာပါ။ အလုပ်တွေ စီမံခန့်ခွဲပေးဖို့ မဟုတ်ဘဲ သူတို့ကို ချစ်ပေးဖို့အတွက်ပေါ့။

သူတို့က ကားမောင်းသမား၊ အိမ်ဖော်နဲ့ ထမင်းချက် လိုချင်ရင်တော့ အပြင်မှာ ငှားလို့ရပါတယ်။

ဒါကို ဖတ်နေတဲ့ သူတွေထဲမှာလည်း သင့်ဘဝ အဆင်ပြေအောင် နောက်ကွယ်ကနေ တိတ်တိတ်လေး လုပ်ပေးနေတဲ့သူ (မိဘ၊ အဖော် ဒါမှမဟုတ် ဘိုးဘိုးဘွားဘွား)တွေ ရှိနေခဲ့ရင် သူတို့ကို ကျေးဇူးတင်စကား ပြောလိုက်ပါ။

သူတို့တွေ သင့်အပေါ်မှာ စိတ်ကုန်သွားတဲ့အထိ မစောင့်ပါနဲ့။
နေ့စဉ်ရက်ဆက် အပင်ပန်းခံ လုပ်ပေးနေတဲ့ မေတ္တာမျိုးဟာ တကယ်တော့ ကမ္ဘာပေါ်မှာ အခိုင်မာဆုံး မေတ္တာမျိုးပါ။ အဲဒီလို မေတ္တာမျိုးကို လူတွေက မျက်ကွယ်မပြုဘဲ အလေးအနက်ထားပြီး တန်ဖိုးထားပေးကြပါ။

Crd to owner 🤍

Saya U Khin Zaw ( ဘာသာပြန် )

@

ငွေကံအရမ်းညံ့နေတယ်ဆိုရင်🍀 - ဥုံ အရဟံ လာဘံ သိဒ္ဓိ- ဥုံ အရဟံ ပီယံ သိဒ္ဓိ- ဥုံ အရဟံ ဓနံ သိဒ္ဓိ  (၃၇) ကြိတိတိရွတ်ဆိုပြီး ငွေ...
29/11/2025

ငွေကံအရမ်းညံ့နေတယ်ဆိုရင်🍀
- ဥုံ အရဟံ လာဘံ သိဒ္ဓိ
- ဥုံ အရဟံ ပီယံ သိဒ္ဓိ
- ဥုံ အရဟံ ဓနံ သိဒ္ဓိ
(၃၇) ကြိတိတိရွတ်ဆိုပြီး ငွေကြေးကိစ္စ အချစ်ရေးကိစ္စကိုဆုတောင်း ရွတ်ဆိုပါ။

မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်နေတဲ့ ဟောကိန်းလေး ဖတ်လို့ ရပါပြီ ......ဇနကဟောကိန်း****************ဘုရားအလောင်းတော် မဟာဇ...
21/11/2025

မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်နေတဲ့ ဟောကိန်းလေး ဖတ်လို့ ရပါပြီ ......

ဇနကဟောကိန်း
****************
ဘုရားအလောင်းတော် မဟာဇနကမင်း၏ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍
ရှေးဆရာကြီးများက တီထွင်၍
တွက်ကိန်းဆင်ထားခြင်းဖြစ်သည် ။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည် ။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည် ။
--------------------------------
အဟောတွက်နည်း
ဥပမာ - မိမိက တနင်္ဂနွေသားသမီး
အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ ။
* နန်း * အကွက်ထဲတွင်ရှိ၍
ထိုအဟောကိုဖတ်ပါ ။

မိမိက တနင်္လာသားသမီး အခုရောက်သက် ၂၀နှစ်ဆိုရင် တနင်္လာဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ ။
ဇယားတစ်ကွက်လျှင်
(၂ )နှစ်အကျုံးဝင်ပါသည် ။
--------------------------------
**တည်**

တည်ဆိုတာ သင်္ဘော တည်ဆောက်တာကို ပြောတာပါ ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကိုရောက်နေတယ်လို့ ပြောတာပါ ။ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံဖို့ ရန်ရှာရာတွင်လွယ်ကူလိမ့်မည် ။ လုပ်ငန်းအကြံအစည်အောင်မြင်မည် ။ အလုပ်ရှာနေလျှင် အလုပ်ရမည် ။ အလုပ်လျှောက်ထားလျှင် အလုပ်ရမည် ။ အမှုကိစ္စတွေ ၊ အလုပ်တွေများမည် ။
ငွေဝင်များသလို ငွေထွက်လဲများမည် ။

**ထွက်**

ထွက်ဆိုတာ ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကိုပြောတာပါ ။ ကောင်းမွန်သောမိတ်ဆွေသစ်များ တိုးမည် ။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရမည့်အချိန်ကောင်းပါ ။ ပြည်တွင်း၊ပြည်ပခရီးများသွားရမည် ။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။

**ပျက်**

ပျက်ဆိုတာ သင်္ဘော ပျက်သွားတာကို ပြောတာပါ ။ ကံဇာတာညံ့ချိန်ပါ ။
စီးပွားရေးကျဆင်းမယ် ။
သူများမကောင်းကြံခံရတတ်သည် ။ မတော်တဆ ထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲဝေဒနာများ ဖြစ်တတ်သည် ။
ရာထူးလုပ်ငန်းကိုနှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မည်။ အိမ်ထောင်ရေးကို အထူးသတိထားပါ ။

**ကျောက်**

ကျောက်ဆိုတာ မေခလာနတ်သမီးက ကျောက်ဖျာထက်မှာတင်ပေးထားတဲ့ ကိန်းဆိုက်ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ ။ မမျှော်လင့်ပဲကူညီမယ့်သူတွေပေါ်မယ် ။ အောင်ပါလေသိန်းထီဆုကြီးများ ပေါက်မယ် ။
မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ် ။ ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ ။ အမှုရှိရင်ရှိနိုင်မည် ။ အချုပ်နှောင်ခံနေရရင် လွတ်မည် ။ ကျဆင်းနေသောစီးပွားရေးများ ပြန်တက်လာမည် ။ ပညာရေးလဲကောင်းမည် ။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်းနှင့်တွေ့ပြီလို့ဟောပါ ။ အကြံအစည်များ အောင်မြင်မည် ။

**ထီး**

ထီးဆိုတာ ထီးဖြူဆောင်းတဲ့ကိန်းပါ ။ နာမည်ကျော်ကြားထင်ရှားမည် ။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ ။ ဆုလာဘ်တွေရမည် ။ ဘွဲ့ထူးဂုဏ်ထူးများ ရမည် ။ စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည် ။
ရာထူးတိုးမည် ။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည် ။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်းပေါ်မည် ။

**နန်း**

နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ ။ ကံဇာတာကောင်းပြီလို့ဟောပါ ။ ရာထူးတိုးမည် ။ စီးပွားဖြစ်ထွန်းမည် ။ အမွေအနှစ်တွေရမည် ။ အပြိုင်အဆိုင်တွေမှာ အနိုင်ရမည် ။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည် ။ အိမ်ထောင်ကျကိန်းရှိသည် ။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည် ။ အလှူပြုလုပ်ရမည် ။ မင်းစိုးရာဇာ အကြီးအကဲဖြစ်မည်။

**စံ**

စံဆိုတာ မင်းစည်းစိမ်ကိုခံယူရတဲ့ကိန်းပါ ။
ဘေးအန္တရာယ်ကင်းပြီး စုတ်ကြီး ၊ လာဘ်ကြီးတွေဝင်မည် ။ လုပ်ငန်းတွေတိုးတက်မည် ။ ကြီးမားတဲ့ရာထူးတွေရမည် ။ သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်ရမည် ။
အခြွေအရံ မိတ်ဆွေအပေါင်းအသင်း
တိုးမည် ။ ငွေကြေးစုဆောင်းမိမည် ။

ယခုအဟောတစ်မျိုးထဲနှင့်
ပုံ‌သေယူ၍မရပါ။

မသိသေးသူများ သိစေရန်
ရည်ရွယ်၍ ကူးယူရေးသားပါသည် ။

မူရင်းရေးသူအား လေးစားစွာ Credit ပေးပါသည် ။



  အရင်ဦးတဲ့လူယူပါ 🥹📱 09254159620 လိုချင်လို့ဝယ်ခိုင်းခဲ့ပီးမှ မရောက်လာခင် ကိုယ်က Dior မှ Dior ဖြစ်သွားလို့ 😒သုံးနေကျ အနံ...
22/07/2024

အရင်ဦးတဲ့လူယူပါ 🥹

📱 09254159620

လိုချင်လို့ဝယ်ခိုင်းခဲ့ပီးမှ မရောက်လာခင် ကိုယ်က Dior မှ Dior ဖြစ်သွားလို့ 😒
သုံးနေကျ အနံ့ဘဲ ပြန်ဝယ်ချင်လို့အရှုံးခံ ပြန်ရောင်းချင်ပါတယ်...
Data အပြည့်စုံပြထားပါတယ် အများရီးမ‌ေပြာတော့ဘူး surprise ဈေးနဲ့ပေးမှာမလို့ သုံးတဲ့လူတန်မယ် ...
သုံးဖူးတဲ့လူတွေသိမယ်နော် မသုံးဖူးလို့ သုံးကြည့်ချင်သူ‌ေတွအတွက်လည်း မန့်မှာ ပြောပြထားပေးပါမယ်...

✨100 ml - 540000 mmk
(တေံတေ့ဆိုင်ဆိုင်ဆိုထပ်လျော့ပေးပါမယ်🥹)

(မူရင်းဈေး - ခု$ဈေးနဲ့ 8 သိန်းကျော်မယ်)

ဘယ်ဖြစ်ဖြစ် Deli free (Banking ရ)

#လူကြုံမှာတာမလို့ပုလင်းနဲ့ဘူးခွံဘဲပါမယ်_အိတ်ဘာညာမပါ_လက်ထဲပါကင်ဖွင့်စစ်ထားရုံဘဲစမ်းတောင်မစမ်းထားဘူး

💦*မကြာခင် မိုးရာသီရောက်တော့မှာဆိုတော့ ခြင်ကိုက်သက်သာဖို့ သမီးတော်လေးတွေအသဲစွဲမယ့် Sanrio Night dress လှလှလေးတွေကြိုမှာထာ...
22/04/2024

💦*မကြာခင် မိုးရာသီရောက်တော့မှာဆိုတော့ ခြင်ကိုက်သက်သာဖို့ သမီးတော်လေးတွေအသဲစွဲမယ့် Sanrio Night dress လှလှလေးတွေကြိုမှာထားလို့ရပါပီ*📢

Pre order - 4/5 weeks (no prepaid)
Quality A+

💰 16500 ks💰
( 2 စုံဈေး 31500 ks-save1500ks)

Size - 2 နှစ် မှ 10 နှစ်ထိဆိုဒ်ရ




Ph - 09254159620
09979280858
*message box တွင် အမည် နေရပ် လိပ်စာ ဖုန်း ပေးပီး မှာလို့ရပါပီရှင့် ....

04/03/2024

💥ရှယ်လန်းသောလေး💥

🖤❤️🤍💥သမီးတော်လေးတို့အတွက် အရမ်းခေတ်စားနေတဲ့ heart cargo pant အလန်း discountချတုန်း လေးဦးဦးဖျားဖျားရောင်းပေးမယ်နော်🖤❤️🤍💥p...
04/03/2024

🖤❤️🤍💥သမီးတော်လေးတို့အတွက် အရမ်းခေတ်စားနေတဲ့ heart cargo pant အလန်း discountချတုန်း လေးဦးဦးဖျားဖျားရောင်းပေးမယ်နော်🖤❤️🤍

💥pre order (ကြာချိန် 4-5 ) weeks
💥size - 120 to 170 ( 5 နှစ် မှ 14 နှစ်ထိ)

💥 မူရင်းဈေး 38000 ks ကိုမှ ခု 31800ks💥😱

💥Colour - အနက် /အဖြူ/အနီ

💥ဘောင်းဘီ ပါ ဝမ်းဆက်မဟုတ်ပါ💥
မှာယူချင်တယ်ဆိုရင်
📌message box (or) ph-09979280858 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ...
🚨လမ်းအခြေနေအခက်ခဲရှိလာနိုင်တဲ့အတွက်စောင့်နိုင်မှမှာပေးပါရန်မေတ္တာရပ်ခံပါသည်🚨
Orchid's Mommy ကိုအစဉ်ယုံကြည်အားပေးတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင့် 🙏🙏🙏





Address

Yangon
Yangon
11411

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 12:00 - 17:00
Sunday 12:00 - 17:00

Telephone

+959254159620

Website

Alerts

Be the first to know and let us send you an email when Orchid's Mommy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share