02/03/2024
Hello, all ❗️
ဒီ post လေးမှာတော့ Europe မှာ ကျောင်းတက်တာနဲ့ပတ်သက်ပြီး ပညာသင်ဆု group တချို့မှာပြန့်နေတဲ့ misleading information တွေကို အမှန်ပြင်ပေးချင်တယ်
📌 ပထမဆုံး တော်တော်များများ Europe နဲ့ပတ်သက်ပြီး ပြောကြတာတော့ “Europe က စျေးသက်သာတယ်။ ကျောင်းလခလည်း မပေးရဘူး”
✅ ဒီနေရာမှာ စျေးသက်သာတယ်ဆိုတဲ့ အချက်က မှားပါတယ်။ Europe က စျေးသက်သာတဲ့ထဲမှာ မပါပါဘူး။ ကျောင်းလခတွေက UK, USA, Australia & Canada စတဲ့နိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီးသက်သာတဲ့ အတွက် ကျောင်းလခသက်သာတယ် လို့တော့ပြောလို့ရပါတယ်။ ဒါပေမဲ့ Europe ရဲ့ living expenses က UK, US တို့နဲ့ တူတူလောက်ပါပဲ။ အကြမ်းဖျင်းအားဖြင့် တစ်လကို €500 ~ €1000 လောက်ကုန်နိုင်ပါတယ်။ Western European countries တွေဖြစ်တဲ့ Ireland, Netherlands, Belgium, Germany, France, etc က တခြား ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် ကုန်ကျစာရိတ်ပိုများပါတယ်။
Europe မှာ ကျောင်းလခတွေက €5000 ~ €10000 ကျော်ထိ ကုန်နိုင်ပါတယ်။ အဲ့အတွက်ကြောင့် Europe မှာကျောင်းတက်မယ်ဆို tuition fees + living expenses တစ်နှစ်စာကို € 13,000 အကြမ်းဖျင်းကုန်ကျနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်မယ်ဆို သိန်း 500 ဝန်းကျင်ပါ။ လက်ရှိမှာ မြန်မာငွေကျပ် တန်ဖိုးကျနေတာကိုပါ ထည့်စဉ်းစားသင့်ပါတယ်။
Kate ကျောင်းတက်ဖို့ပြင်တုန်းက €1 ကို 1900 ဝန်းကျင်ပါ။ ကျောင်းလခလွှဲတဲ့ အချိန်ကျတော့ €1 ကို 2750 MMK ထိခုန်တက်သွားပါတယ်။ အခုတော့ €1 ကို 3800 MMK ဖြစ်နေပါပြီ
✅ နောက်တစ်ခုကတော့ ကျောင်းလခမပေးရဘူးဆိုတဲ့ကိစ္စပါ။ တချို့နိုင်ငံတွေရဲ့ကျောင်းတွေက ကျောင်းလခမပေးရဘူးဆိုတာမှန်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် သူတို့ဘာသာစကားနဲ့ စာသင်မှမပေးရတာမျိုးပါ။ ဥပမာ Czech Republic, Norway
ကျောင်းလခမပေးရဘူးဆိုပြီး နာမည်ကြီးတဲ့နိုင်ငံတွေထဲကတစ်ခုကတော့ Germany ပါ။
Germany မှာက public university တွေဆို ကျောင်းလခမပေးရပေမဲ့ semester အလိုက် fees အနည်းငယ်တော့ပေးရပါတယ်။ နေထိုင်တဲ့ state နဲ့ ကျောင်းပေါ်မူတည်ပြီး semester fees €200~ €500 ပေးရပါတယ်။ Private university တွေမှာတော့ ကျောင်းလခပေးရမှာပါ။
Germany မှာ ကျောင်းလခမပေးရတဲ့ public university မှာတက်မယ်။ semester fees လေးပဲ ပေးရမှာ အရမ်းသက်သာတာပဲလို့ တွက်လိုက်ရင်တော့ အရမ်းမှားသွားပါပြီ ။ Germany မှာ visa လျှောက်တဲ့အခါ financial proof အဖြစ် မြန်မာပြည်က bank statement or property ပြလို့မရပါဘူး။ Germany ဘက်မှာ blocked account ဖွင့်ပြီး ကျောင်းတက်မဲ့ တစ်နှစ်စာ Euro 12,000 ဝန်းကျင်ကို ထည့်ထားရမှာပါ။ ငွေသားအစစ်ထည့်ရတာဖြစ်တဲ့အတွက် bank statement အတုလုပ်လို့မရပါဘူး။ ပြီးတော့ blocked account က visa သက်တမ်းတိုးတိုင်း ထည့်ရမှာပါ။ အဲ့အတွက်ကြောင့် blocked account အတွက် ပိုက်ဆံကိုပါထည့်စဉ်းစားထားသင့်ပါတယ်။
Blocked account အကြောင်း အသေးစိတ် >>>> https://www.facebook.com/share/p/uezjrzifXHK5QH9m/?mibextid=WC7FNe
(Kate လက်ရှိ Germany မှာ ကျောင်းတက်တာမဟုတ်တဲ့အတွက် တချို့ကျန်ခဲ့တဲ့ information ရှိရင် comment မှာချန်ထားခဲ့လို့ရပါတယ်)
📌 Europe မှာ GED နဲ့ ကျောင်းတက်လို့ရတယ်
✅ Europe ရဲ့ public university တော်တော်များများက GED ကို high school diploma အဖြစ် လက်မခံကြပါဘူး။ private university တွေကတော့ လက်ခံကောင်း လက်ခံကြပါလိမ့်မယ်။
တချို့ကျောင်းတွေကလည်း university ကို direct ပေးမတက်ပဲ foundation program ကို အရင်တက်ခိုင်းပြီးမှ university ကို ပေး join ကြတာမျိုးရှိပါတယ်။
ကိုယ်တက်ချင်တဲ့ကျောင်းက GED ကို လက်ခံမခံ သိချင်ရင် အလွယ်ဆုံးက ကျောင်းရဲ့ official website မှာဝင်ကြည့်တာပါ။ website မှာ GED အကြောင်းမပြောထားရင် ကျောင်းကို direct email ပို့ပြီး confirm လို့ရပါတယ်။ ဒီနိုင်ငံက လက်ခံလား ဟိုနိုင်ငံကလက်ခံလား မေးနေတာထက် ကျောင်းကို email ပို့တာက အသေချာဆုံးပါ။
ရှားရှားပါးပါး GED ကို Finland ရဲ့ university တစ်ခုမှာ လက်ခံကြောင်း share ထားတဲ့ post Kate တွေ့ထားတာရှိပါတယ်
Post link >> https://www.facebook.com/share/p/wudLQPYhtqAqjTRu/?mibextid=WC7FNe
https://www.facebook.com/share/p/VtqxzNEgjuGDubjn/?mibextid=WC7FNe
📌 Europe မှာ part time job ရဖို့လွယ်တယ်။ part time job လုပ်တာ living expenses ကို cover ဖြစ်တယ်
✅ Part time job ရဖို့လွယ်တယ် ဆိုတာ ဘယ်သူပြောလိုက်လဲတော့ မသိပေမဲ့ reality က မအေးအေးဝင်း စီစဉ်တာ မဟုတ်တော့ အခုချက်ချင်းရောက် အခုအလုပ်ရတော့ ဘယ်ဟုတ်မလဲနော် 🥹
Europe မှာ part time job လုပ်ဖို့ဆိုရင် language လိုပါတယ် ပြီးရင် တရားဝင် နေထိုင်ခွင့်ကတ် (residence permit)၊ bank account
ဒါ့အပြင် ကံလည်းလိုပါတယ်
European တွေက English လိုတက်ကြပေမဲ့ part time job ပဲရှာရှာ full time job ပဲရှာရှာ language တက်ထားရင် အလုပ်ရှာရပိုအဆင်ပြေပါတယ်။
English တစ်ခုတည်းနဲ့လည်း အလုပ်ရနိုင်ပါတယ် ဒါပေမဲ့ language တက်တဲ့သူထက် အလုပ်ရှာရပိုခက်ပါတယ် (ကိုယ်တွေ့ပါ)
နောက်တစ်ခုက residence permit ရဖို့ဆို အနည်းဆုံး 3 လ ကနေ 6 လထိ ကြာတတ်ပါတယ်။ residence permit card ရမှ bank account ဖွင့်လို့ရတာပါ။ ဒီမှာက salary ကို bank transfer ပဲ ပေးပါတယ်။ cash job မရှိသလို လခကို cash လည်းမပေးတတ်ကြပါဘူး။
အဲ့အတွက်ကြောင့် အလုပ်ရှင်က residence permit card number နဲ့ bank account information တောင်းကြပါတယ်။ ပြီးရင် အစိုးရကို ပြန်ပြီး အလုပ်လုပ်တဲ့ information တွေပြန်တင်ကြပါတယ်။ tax လည်းပေးရပါတယ်။
အဲ့အတွက်ကြောင့် စရောက်ရောက်ချင်း အလုပ်လုပ်ပြီး အိမ်လခပေးဖို့ ကိုယ်သုံးဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ အနည်းဆုံး 6 လစာ လောက် အိမ်က ယူလာမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်
Part time job လုပ်တာ Living expenses ကို cover ဖြစ်မဖြစ်ကတော့ ကိုယ်အပေါ်အများကြီး မူတည်ပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ယောက်အလုပ်လုပ်လို့ရတဲ့ နာရီကို ကန့်သတ်ထားတာမျိုးရှိတဲ့ အတွက် ပိုက်ဆံအများကြီးရှာလို့မရပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘာကို ကျောင်းလခပေးဖို့ကတော့ အဝေးကြီးပါပဲနော် 😭😭
🍀 ဒီလောက်ဆိုရင်တော့ Europe နဲ့ပတ်သက်တဲ့ information တော်တော်များများကို သိသွားကြမယ်ထင်ပါတယ်
See you in next post 💕
Disclaimer : this content is based on my research & personal experience
My SNS:
🔗 YouTube - Kate Su (https://youtube.com/)
🔗 Instagram- kate.su__ (https://instagram.com/kate.su__?igshid=YmMyMTA2M2Y=)