K-Pop Mi Nuu

K-Pop Mi Nuu 💛 𝐢𝐝𝐨𝐥'𝐬 𝐟𝐚𝐧𝐦𝐚𝐝𝐞 𝐠𝐨𝐨𝐝𝐬 & 𝐓𝐫𝐞𝐧𝐝 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 💛
China Direct ✈️ PREORDER NOW!
🫶 𝐊-𝐏𝐨𝐩 / 𝐂-𝐏𝐨𝐩 𝐆𝐨𝐨𝐝𝐬 𝐟𝐨𝐫 𝐅𝐚𝐧𝐠𝐢𝐫𝐥𝐬/𝐛𝐨𝐲𝐬 🫶

🏆 Winnerညီမလေး မင်မင်တို့ cb လာပြီး ဖုန်းနံပါတ် လိပ်စာလေး လာပြောပေးပါနော်🫶
04/01/2026

🏆 Winnerညီမလေး မင်မင်တို့ cb လာပြီး ဖုန်းနံပါတ် လိပ်စာလေး လာပြောပေးပါနော်🫶

ခုပြထားတဲ့ပုံ‌လေးတွေကို ညီမလေးတစ်ယောက်က လက်ဆောင် ပေးပေးပါဆိုလို့😍 comment မှာ " ယူ " ရေးပေးနော် မနက်ဖြန် random comment ...
02/01/2026

ခုပြထားတဲ့ပုံ‌လေးတွေကို ညီမလေးတစ်ယောက်က လက်ဆောင် ပေးပေးပါဆိုလို့😍 comment မှာ " ယူ " ရေးပေးနော် မနက်ဖြန် random comment picker နဲ့ တစ်ဦးရွေးပေးပြီး ဒီရက်ပိုင်းအတွင်း Deli အပ်ပေးပါမယ်
China Fanmade ✨ Quality ကောင်းတဲ့ Unofficial PC လေးတွေပါ။
Deli fee ကတော့ ကံထူးတဲ့သူလေးဘက်ကရှင်းပေး‌ပါနော်

💛နှစ်သစ်အစရဲ့ မင်္ဂလာနံနက်ခင်းလေးပါ🌻2026နှစ်သစ်ရဲ့ မနက်ခင်းအစကနေပြီး 2026နှစ် တစ်နှစ်တာပတ်လုံးစိတ်အေးချမ်းမှုနဲ့ စိတ်ခွန...
01/01/2026

💛နှစ်သစ်အစရဲ့ မင်္ဂလာနံနက်ခင်းလေးပါ🌻

2026နှစ်သစ်ရဲ့ မနက်ခင်းအစကနေပြီး
2026နှစ် တစ်နှစ်တာပတ်လုံး
စိတ်အေးချမ်းမှုနဲ့ စိတ်ခွန်အားအသစ်တွေ
ပိုင်ဆိုင်ခွင့်ရပါစေ။

ကျန်းမာရေးကောင်းမွန်ပြီး
မိသားစုနဲ့ အတူ အပူအပင်ကင်းစွာ နေရပါစေ။

အလုပ်အကိုင်လုပ်ငန်းတွေ အဆင်ပြေတိုးတက်ပြီး
မကောင်းတာတွေ ဝေးကွာသွားကာ
ကောင်းချီးမင်္ဂလာတွေ နီးကပ်လာပါစေ။

နေ့စဉ်ဘဝမှာ မေတ္တာ၊ သည်းခံမှုနဲ့
အနာဂတ်အလင်းရောင်ကို တွေ့ရှိနိုင်ပါစေ။

နှစ်သစ်မနက်ရဲ့ အလင်းရောင်နဲ့အတူ
2025 က စိတ်ပင်ပန်းမှုတွေ
အားလုံး ပျောက်ကွယ်သွားပါစေ။

အသက်ရှုတိုင်းမှာ ကျန်းမာခြင်းတွေ
ဝင်ငွေတွေ ဝင်လာပြီး
ခြေလှမ်းတိုင်းမှာ အောင်မြင်ခြင်းတွေ လိုက်လာပါစေ။

မိသားစုအပေါ် မေတ္တာပြည့်ဝစေပြီး
မိတ်ဆွေကောင်းတွေ နီးကပ်လာပါစေ။

မျက်ရည်ထက် အပြုံးပိုများတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး
ကိုယ်လိုချင်တဲ့အိမ်မက်တွေ တဖြည်းဖြည်း အကောင်အထည်ဖော်နိုင်ပါစေ။

စိတ်ချမ်းသာမှုကို ရွေးချယ်နိုင်တဲ့ စွမ်းအားရပြီး
ဘဝရဲ့ နေ့ရက်တိုင်းကို ကျေးဇူးတင်နိုင်ပါစေ။

မလိုအပ်တဲ့ ဝမ်းနည်းမှုတွေ ဝေးကွာသွားပြီး
လိုအပ်တဲ့ အင်အားနဲ့ ဉာဏ်ပညာကို နေ့တိုင်း ရရှိပါစေ။

မပြေးနိုင်တဲ့နေ့တွေမှာ သည်းခံနိုင်စွမ်းရှိပြီး
ပြေးနိုင်တဲ့နေ့တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်ရဲရင့်ပါစေ။

2026နှစ်တစ်တာပတ်လုံး
ကိုယ်ကိုယ်တန်ဖိုးထားနိုင်ပြီး
ကိုယ်ဖြစ်ချင်တဲ့ဘဝကို တဖြည်းဖြည်း နီးကပ်နိုင်ပါစေ။

🌅 နှစ်သစ် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။✨

31/12/2025

ABO Desire ⭐ Qiu Dingjie Bracelet

23/12/2025

RevengedLove Polaroid 20cards
China Fanmade ✨ Quality : Grade A+
Official 1card ဈေးနှုန်းတောင်မရှိတဲ့ဈေးနဲ့ cards20လုံးကိုရတာရယ်

23/12/2025

ရန်ကုန်ကနေထိုင်းအိမ်အရောက်ပို့ပေးတဲ့ စိတ်ချရတဲ့ Cargo လေးသိရင် အမကို ညွှန်းပေးပါလား အမ ပစ္စည်းလေး တခုပို့စရာရှိလို့ပါ

8.8.2025 - 27.9.2025 အတွင်း ပစ္စည်းအနည်းငယ်အမဆီရောက်ပါပြီ ZiYu Magazine မှာထားသူတွေလဲအကုန်ပါပါပြီနော်8လပိုင်းအရှေ့မှာထား...
18/12/2025

8.8.2025 - 27.9.2025 အတွင်း ပစ္စည်းအနည်းငယ်အမဆီရောက်ပါပြီ ZiYu Magazine မှာထားသူတွေလဲအကုန်ပါပါပြီနော်

8လပိုင်းအရှေ့မှာထားသူတွေရဲ့ ပစ္စည်းတွေက လမ်းမှာ ပိတ်မိနေတုန်းပါ ကြိုးစားပြီး သယ်ထုတ်ပေးနေပါတယ်နော် လမ်းကြောင်းအခြေနေတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုပဲဆိုးလာနေလို့ သည်းခံပြီးစောင့်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်

9လပိုင်း27နောက်ပိုင်းမှာထားသူပစ္စည်းတွေက သိပ်မကြာခင် ထပ်ရောက်နိုင်ပါတယ်

ပစ္စည်းပါတဲ့သူတွေကို Deliအပ်ပေးဖို့အကြောင်း အမတို့ cbမှာလိုက်ပြောပေးပါမယ်နော်

05/12/2025

နိုင်ငံရေးအခြေနေကြောင့် လမ်းတွေပိတ်ထားတာပါ ဘာမှမတတ်နိုင်ပါဘူး ဒီလိုပဲ စောင့်နေရတာပါနော်
ကိုယ်ချင်းစာပေး တဲ့Customerနဲ့တွေ့ရင် အရမ်းကျေးဇူးတင်ရပါတယ် 🙏
တချို့ Customer တွေဆို "အမ$ကြောင်းလေ" လို့ မပြောယုံတမယ်ပဲ🥴 cbမှာ တစ်ဦးစ နှစ်ဦးစ လာပြောတဲ့သူတွေရှိပါတယ် ဒါပေမယ့်လဲ အမတို့ သည်းခံပြီး ကောင်းကောင်းမွန်မွန်ပြေပြေလည်လည်လေး နားလည်အောင် ရှင်းပြပေးပေမယ့်လဲ တချို့ကျ လက်မခံချင်ကြဘူးရယ် အမပစ္စည်း တွေ ကို လူကိုယ်တိုင် သွားသယ်ရင်တာင် မရနိုင်တဲ့ အခြေနေမျိုးမို့ သည်းခံပြီးစောင့်ပေးဖို့ ပြောပြပေးရုံမှတပါး ဘာမှမတတ်နိုင်လို့ပါ🥺

လမ်းကြောင်းအခြေနေက နှစ်ကုန်ထိကို မကောင်းနိုင်သေးဘူးလို့ထင်ပါတယ် 😔 တစ်နိုင်ငံလုံးကလမ်းတွေကို ပတ်ပိတ်နေတာဖြစ်တဲ့အတွက် သည်း...
29/11/2025

လမ်းကြောင်းအခြေနေက နှစ်ကုန်ထိကို မကောင်းနိုင်သေးဘူးလို့ထင်ပါတယ် 😔 တစ်နိုင်ငံလုံးကလမ်းတွေကို ပတ်ပိတ်နေတာဖြစ်တဲ့အတွက် သည်းခံပြီးတော့ စောင့်ယူပေးကြပါရန် မေတ္တာရပ်ခံပါတယ် 🙏

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင်မှ ထွက်လာသော ကုန်ကားမှန်သမျှကို ဖမ်းဆီးရန်နှင့် စစ်တပ် ထိန်းချုပ်မှု မရှိသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် မည်သည့်ကုန်သွယ်ရေးမှ လုပ်ခွင့်မရရေး တားဆီးရန် စစ်ရုံးက ညွှန်ကြားချက်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA ။ MNDAA နှင့် TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင်မှ ထွက်လာသော ကုန်ကားမှန်သမျှကို ဖမ်းဆီးရန်နှင့် အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်မှ မည်သည့် ကုန်သွယ်ရေးမှ လုပ်ဆောင်ခြင်းမပြုရေး တားဆီး ဆောင်ရွက်ရန် စစ်တပ်က အထူး ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယခုနိုဝင်ဘာလလယ်ပိုင်းမှစတင်၍ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှ ပြည်တွင်းသို့ တရုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်ကားမှန်သမျှကို လမ်းပိုင်းအားလုံးတွင် မဖြစ်မနေ တားဆီး ဖမ်းဆီး ဆောင်ရွက်ရန် ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်လာကြောင်း သိရှိရသည်။

"တပ်မတော်ရဲ့ ထိန်းချုပ်မှု မရှိတဲ့ ၊ နိုင်ငံတော်ကို အခွန်မဆောင်တဲ့ ကုန်သွယ်ရေးဂိတ်တွေအားလုံးက တရားမဝင် ကုန်သွယ်ရေး အဖြစ် သတ်မှတ်တယ်။ တရားမဝင် ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်သွယ်တဲ့ ကုန်ကားတွေရော၊ ကုန်သည်တွေရော အကုန်လုံးကို ထိထိရောက်ရောက် တားဆီး အရေးယူဖို့ ညွှန်ကြားချက် ထပ်ထုတ်ပါတယ်။ အဓိက ကုန်ကားတွေ လွတ်နေလို့ ညွှန်ကြားချက် ထပ်ထုတ်တဲ့သဘော။ တရားမဝင်ကုန်သွယ်ရေးကြောင့် ဒီနယ်စပ်ကို အခြေပြုပြီး နိုင်ငံတော်ကို ဆန့် ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘဏ္ဍာအင်အားတောင့်တင်းပြီး တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေတာ။။ အဲဒါကြောင့် မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က လာတဲ့ ကုန်ကားတွေနဲ့ အဲဒီကုန်သွယ်ရေးဇုန်ကို သွားတဲ့ ကုန်ကားတွေမှန်သမျှ တားဆီးပြီး ထိထိရောက်ရောက် အရေးယူဖို့ ၊ ကုန်သည်တွေကို တရားမဝင် ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်သွယ်မှုတွေ မလုပ်ဖို့ တားဆီးမိန့် ထွက်လာတာ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီ နောင် မဟာ မိတ် ၃ ဖွဲ့ က သိမ်းပိုက်ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ရရှိရေးအတွက် တရုတ်အစိုးရထံသို့ စစ်တပ်က ယခုနှစ် ဩဂုတ်လအတွင်း အဆိုပြု တင်ပြခဲ့သော်လည်း တရုတ်ဘက်က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၊အကြမ်းဖက်စစ်တပ်က တရုတ်အစိုးရထံသို့ နှစ်နိုင်ငံကုန်သွယ်မှု လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးရန် အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်တွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ကျသော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်တပ်ထံသို့ ပြန်လည်ပေးရန် ကူညီဆောင် ရွက်ပေးရေးကို တရားဝင် တင်ပြ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ တရုတ်ခရီးစဉ်တွင်လည်း မင်းအောင်လှိုင်က တရုတ်နှင့်မြန်မာနိုင်ငံသည် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များက အရေးပါသေား ကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချု့်အရ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ် ၈ ခုရှိကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါ နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်- ရွှေလီ နယ်စပ်ဂိတ် ၁ ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရပ်တန့်ထားရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကလည်း ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မူဆယ် ၁၀၅ မိုင် ကျင်းစန်းကျော်ဂိတ်တွင် ကုန်သွယ်မှုအသွင်းအထုတ် ဂျူတီဆောင်နှုန်းများကို စီမံခန့်ခွဲ၍ အခွန်များ ကောက်ခံလျက်ရှိသည်။

Address

Yangon
11031

Telephone

+959758782372

Website

Alerts

Be the first to know and let us send you an email when K-Pop Mi Nuu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share