Vaporiser

Vaporiser Bringing Up to the next level to All.

12/03/2023
At the product Show
24/02/2023

At the product Show

See you all there..
20/02/2023

See you all there..

Speechless
06/02/2023

Speechless

ဟုတ်တုတ် တုတ် 😁
15/01/2023

ဟုတ်တုတ် တုတ် 😁

12/01/2023

* ကမ္ဘာပေါ်မှာအကောင်းဆုံး*

12.1.2023
7:23 am

မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာ ညီလေးတစ်ယောက်က မေးတယ်။

အကို ကမ္ဘာမှာ အကောင်းဆုံးကားက ဘာ ကားလဲတဲ့?

အကို့ကားပဲ ညီလေး ဆိုတော့ ဘယ်ကားလဲတဲ့။
အဲဒါနဲ့ ရပ်ထားတဲ့ Alphard လေးကို လက်ညှိုးထိုးပြလိုက်တယ်။

ဟာ အကို့ဟာ Alphard ကြီးလေတဲ့။ ဘယ်လိုလုပ် ကမ္ဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့။

လန်ဘော်ဂီနီတို့ ဖာရာရီတို့က ကမ္ဘာ့အကောင်းဆုံး ကားတွေ မဟုတ်ဘူးလားတဲ့။ Alphard တော့ မဟုတ်လောက်ပါဘူးတဲ့။

ကျွန်တော် သူ့မေးခွန်းကို ထပ် မဖြေသေး ပဲနဲ့ သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်္ကျီမြင်ဖူးလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။
ဒီအင်္ကျီပဲလို့ပြောတော့ သူကမေးတယ်။

ဘယ်လောက်ပေးရလဲတဲ့?

ဘတ် တစ်ရာ ညီလေးလို့။ မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်လို့။

ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတော့ ချာတိတ်က ရယ်သွားတယ်။ ဒီဘဲ ကြီးငါ့ကိုလာစားနေတယ် ထင်သွားပုံရတယ်။

ကျွန်တော် သူ့ကိုထပ်မေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖုန်းကော ညီလေး သိလားဆိုတော့ အကို့ဖုန်းမလားတဲ့။ ပြောပြီးရယ်နေတယ်။

အေး မင်းတော်လာပြီလို့
ပြောရင်းနဲ့ သူ့ကို ပြန်ရှင်းပြဖြစ်တယ်။
ညီလေး လက်မှာပတ်ထားတဲ့ နာရီလေး ဘယ်လောက်ပေးရလဲဆိုတော့ ခြောက်ထောင်တဲ့။ ဝယ်ထားတာ ခုနှစ်လရှိပြီတဲ့။

အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးနာရီပဲလို့။
ဘာဖြစ်လို့လဲဆိုတော့ မင်းပိုင်ဆိုင်ထားပြီး မင်းလက်မှာ မင်းပတ်ခွင့်ရနေလို့ လို့။

ညီလေးလက်က တက်တူးကကော ဘယ်လောက်ပေးရလဲ ဆိုတော့ ဘုရား ပွဲစျေးမှာထိုးတာတဲ့။ တစ်သောင်းကျော် ကျတယ်တဲ့။

အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက်တူးပဲလို့။ ဘာဖြစ်လို့လဲဆိုတော့
မင်းခန္ဓာကိုယ်ပေါ်မှာ ရှိခွင့်ရနေလို့လို့။
ညီလေး စီးထားတဲ့ ဖိနပ်ကော ဘယ်လောက်လဲဆိုတော့ ခြောက်ထောင်တဲ့။ ရေစိုခံလို့ဝယ်ထားတာတဲ့။

အေးအဲဒါလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖိနပ်ပဲလို့။ ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပဲလို့ ဆိုတော့ ကောင်လေး ခဏ ငိုင်ကျသွားတယ်။

နောက်တော့မှ ကျွန်တော်သိပြီတဲ့။ ကျွန်တော် မှာ မရှိတဲ့ အရာထက် ရှိနေတဲ့အရာက ပိုတန်ဖိုးရှိတယ် အကိုပြောတာတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ တဲ့။

ကျွန်တော်တို့တွေရဲ့ ပြသနာအများစုက က ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားပဲ မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ။

ကိုယ်နေတဲ့အိမ်။ ကိုယ်လုပ်နေတဲ့အလုပ်။ ကိုယ်စီးနေတဲ့ကား။ ကိုယ့်ရဲ့လက်တွဲဖော်။ ကိုယ့်မိသားစု။ စသဖြင့်ပေါ့။

အနားမှာရှိတဲ့သူတွေ.. ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ ထက် ကိုယ့်မှာ မရှိတဲ့ အရာတွေ ပေါ် ပိုပြီးအာရုံစိုက်မိနေကြတာ။

ကိုယ့်မိသားစုမှာပြသနာ ရှိပေမယ့် တစ်ခြားလူတစ်ယောက်ရဲ့ ပြသနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့ မိသားစုကို အားကျနေတယ်။

ကိုယ့် မှာရှိနေတဲ့ ဆိုင်ကယ်လေးထက် ပိုပြီး စျေးကြီးပြီး လူကြိုက်များတဲ့ ဆိုင်ကယ်ကိုပို တန်ဖိုးထားမိတယ်။

ကိုယ့်မှာ ရှိနေတဲ့ လက်တွဲဖော်ထက် ပိုချောတယ်လို့ထင်ရတဲ့ သူတစ်ဦးကို ပိုတန်ဖိုးထားမိတယ်။
ကိုယ့် အလုပ်ထက် အဆင်ပိုပြေနေတယ်လို့ထင်နေရတဲ့ သူများအလုပ်ကို ပိုလုပ်ချင်မိတယ်။

လူ့သဘာဝက လူတိုင်းအကောင်းကြိုက်ပါတယ်။
ပိုကောင်းမယ်လို့ထင်ရ တဲ့အရာကိုပဲ ဘယ်သူမဆိုလိုချင်မိကြတာ မမှားပါဘူး။

တစ်ခါတစ်ခါကျတော့ ပိုကောင်းတဲ့ အရာတွေကို အာရုံစိုက်တာ များသွားပြီးရှိနေတာတွေကို တန်ဖိုးမထားမိတာတွေ ဖြစ်တတ်ပါတယ်။
ဒါကိုသတိမထားမိခဲ့လို့ ရှိနေတဲ့အရာတွေပါ ဆုံးရှုံးသွားတဲ့ လူတွေလည်း ဒုနဲ့ဒေး နဲ့ပါပဲ။

ပိုကောင်းတဲ့အရာတွေကို မျှော်လင့်တာ မ မှားပေမယ့် ရှိနေတဲ့ အရာတွေကို လည်း တန်ဖိုးထားဖို့ မေ့နေကြမှာစိုးလို့ မေတ္တာနဲ့ သတိပေးချင်တာပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားက သင်စီး နေတဲ့ ကား ပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံးစက်ဘီးက သင်ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေး ပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူက သင့်အနားမှာရှိတဲ့ သင့်ချစ်သူပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစု က သင့်ကို ချစ်တဲ့ သင့် မိသားစုပါ။

ကမ္ဘာပေါ်မှာ အတော်ဆုံးလူက သင် ကိုယ်တိုင်ပါပဲ။

04/01/2023

"တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် ၁၇ ချက်"

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ
မျှမျှတတ ဆက်ဆံပါ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ
ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို
ဖြည့်ဆည်းပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက
ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ်
အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်သလို
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ပါလိမ့်မယ်။

Credit

See You all at EGYPT!!
06/12/2022

See You all at EGYPT!!

We shall meet again!!
05/12/2022

We shall meet again!!

Leader
11/11/2022

Leader

Another event, Catch Up!
11/11/2022

Another event, Catch Up!

Address


Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959788217143

Alerts

Be the first to know and let us send you an email when Vaporiser posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share