Busy Kidz

Busy Kidz Play is our brain's favorite way of learning.

Food Pyramid 🥦🥕🍠
09/01/2026

Food Pyramid 🥦🥕🍠

Today update 8.1.2026
၂၀၂၆ ခုနှစ် အစားအစာပိရမစ် (Food Pyramid) ၏ အဓိကပြောင်းလဲမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

လမ်းညွှန်ချက်အသစ်တွင် အာဟာရဓာတ် ပြည့်ဝစွာပါဝင်မှု (Nutrient density) ကို အလေးထားထားပြီး ပြုပြင်ဖန်တီးထားသော အစားအစာများ (Processed foods) စားသုံးမှုကို သိသိသာသာ လျှော့ချရန် ဖော်ပြထားသည် -

* ပြောင်းပြန်လှန်ထားသော ပုံစံသစ် (Inverted Structure): ပိရမစ်၏ အကျယ်ဆုံးအပိုင်းသည် ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ၎င်းတွင် ပရိုတင်း (Protein)၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့်အတူ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါဝင်သည်။

* ပရိုတင်းကို အဓိကထားခြင်း (Protein Focus):တစ်နေ့တာ ပရိုတင်းလိုအပ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်သည်။ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ကြက်ငှက်နှင့် ပင်လယ်စာများကဲ့သို့သော အရင်းအမြစ်များမှ ပရိုတင်းဓာတ်ကို အစားအစာတိုင်းတွင် ပါဝင်အောင် စားသုံးရန် တိုက်တွန်းထားသည်။

* "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများ: လမ်းညွှန်ချက်အသစ်တွင် ပြည့်ဝဆီများ (Saturated fats) အပေါ် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီး အဆီလျှော့ထားသော နို့ထွက်ပစ္စည်းများထက် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများကို ပိုမိုအားပေးထားသည်။ ထို့ပြင် ဟင်းချက်ရာတွင် သံလွင်ဆီအပြင် ထောပတ် (Butter) သို့မဟုတ် အမဲဆီ (Beef tallow) တို့ကို အသုံးပြုရန် အကြံပြုထားသည်။

* ကောက်နှံစာများ လျှော့ချခြင်း (Whole Grains Demoted): လုံးတီးဆန်နှင့် ဂျုံကဲ့သို့သော ကောက်နှံစာများကို ပိရမစ်၏ အကျဉ်းဆုံးဖြစ်သော အောက်ခြေသို့ ပို့ဆောင်လိုက်ပြီး ပမာဏ ချင့်ချိန် စားသုံးရန် အကြံပြုထားသည်။

* သကြားလုံးဝမထည့်ခြင်း (Zero Added Sugar): ဖြစ်နိုင်သမျှ သကြားထပ်မံထည့်သွင်းခြင်း မပြုရန်လမ်းညွှန်ထားပြီး အစားအစာတစ်နပ်လျှင် စားသုံးရမည့် သကြားပမာဏ ကို တင်းကြပ်စွာ ကန့်သတ်ထားသည်။

* အူလမ်းကြောင်းကျန်းမာရေးနှင့် အချဉ်ဖောက်ထားသော အစားအစာများ: အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ (Microbiome) ကျန်းမာစေရန်အတွက် အချဉ်ဖောက်ထားသော အစားအစာများ (ဥပမာ- ကင်ချီ၊ မုန်ညင်းချဉ်၊ ကဖီယာနို့ချဉ်) စားသုံးရန် အစိုးရလမ်းညွှန်ချက်များတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထည့်သွင်းအကြံပြုထားသည်။

Ref:
https://time.com/7344593/new-dietary-guidelines-protein-processed-foods/

ကလေးလေးတွေ အပျော်ရှာကြည့်နော် ♥️
24/10/2025

ကလေးလေးတွေ အပျော်ရှာကြည့်နော် ♥️

Chococity ချစ်သူတွေ တန်ဆောင်တိုင်မုန့်ဖိုး လက်ဆောင်ယူကြမယ် 🌟🌟
Chococity ချစ်သူတွေ မျက်စိဘယ်လောက်လျင်လဲဆိုတာသိရအောင် ပုံလေး နှစ်ပုံမှာ Chococity ရဲ့ Star Pop ချောကလက်လေးတွေရဲ့ မတူညီတဲ့နေရာ (၅) ခုရှိပါတယ်။ အဲ့တာကို မှန်ကန်အောင်ရှာပြီး အဖြေမှန်တဲ့သူ (၁၀) ဦး ကိုဖုန်းဘေလ် (၅၀၀၀) ကျပ်လက်ဆောင်ပေးသွားမှာပါ။🌟
ပါဝင်ရမယ့် ပုံစံလေးကတော့ -
✨၁။ Chococity page ကို Like & Follow လုပ်ပေးပါ။
✨၂။ ယခု ပို့စ်ကို Public နဲ့ Share ပေးပါ။
✨၃။ Share ထားသောပို့စ်ကို Screenshot ရိုက်ပြီး အဖြေနှင့်တကွ comment မှာ မန့်ပေးရပါမယ်။

အဖြေမှန်သူ (၁၀) ယောက်တိတိကို Chococity က random ရွေးချယ်ပေးပြီး ဖုန်းဘေလ် (၅၀၀၀)ကျပ် လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 🥳

အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက Chococity ၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။
ကံထူးရှင်တွေကိုတော့ အောက်တိုဘာလ ( ၂၉ )ရက်နေ့မှာ ကြေငြာပေးသွားမှာမို့ ပါဝင်ကံစမ်းပေးပါအုံးနော်။ 🌟





😂
22/10/2025

😂

ငါမှားတာ ငါမှားတာ...


#အခမဲ့agency


#သင်တန်း

Mamee Monster fan လေးတွေအတွက် ♥️
18/10/2025

Mamee Monster fan လေးတွေအတွက် ♥️

မွန်းစတား စတေကာလေးတွေပါတဲ့ ပန်းရောင်ခေါက်ဆွဲခြောက်အထုပ်သစ်တွေထဲမှာ စတစ်ကာလေးတွေ သိမ်းထားမိတဲ့သူတွေအတွက် လက်ဆောင်နဲ့ ငွေသားဆုတွေ ရယူနိုင်မယ့် အစီအစဥ် လာပြီနော် 🎁​

ဘယ်လိုပါဝင်ရမလဲ ?​​

(1) မာမီးမွန်းစတား အထုပ်တွေထဲမှာ ပါလာတဲ့ မွန်းစတားစတစ်ကာလေးတွေကိုစုထား ​

(2) ကိုယ်စုဆောင်းမိထားတဲ့ မွန်းစတားစတစ်ကာလေးတွေက်ို ဓာတ်ပုံလှလှရိုက် (ကိုင်ပြီးပဲရိုက်ရိုက်၊ စာအုပ်မှာကပ်ထားတာပဲဖြစ်ဖြစ်၊ ကိုယ်နှစ်သက်ရာ ပစ္စည်းပေါ်မှာ အလှဆင် ကပ်ထားတာပဲဖြစ်ဖြစ် ရိုက်လို့ရတယ်နော်) ​

(3) ပုံမှာကိုယ့်အကောင့်နာမည်လေးကို Watermark ထိုးပြီး ကိုယ့်ရဲ့ Facebook မှာ | ဆိုတဲ့ Hashtag နဲ့ တင်လိုက် ​

(4) တင်ထားတဲ့ Post Screenshot လေးကို ဒီပို့စ်အောက်မှာ (နိုဝင်ဘာ ၂၄ ရက်နေ့) မတိုင်ခင် လာမန့်လိုက်တော့ 😉​ ​

ဒီလိုပါဝင်လိုက်ရင် ဘာဆုတွေရရှိနိုင်မလဲ ?​​

🟡​ ပုံတစ်ပုံထဲမှာ စတစ်ကာ အခု (၂၀) နှင့်အထက် ပါဝင်အောင် ရိုက်ထားပြီး စုဆောင်းထားနိုင်တဲ့ မွန်းစတားချစ်သူတွေအတွက် ငွေသား ငါးသောင်းကျပ်ဆုနဲ့ ကံထူးရှင်ငါးဦး 🎁​​

🟡​ စတစ်ကာ (၁၀) ခုနှင့်အထက် စုဆောင်းထားပြီး ပုံထဲမှာဖော်ပြနိုင်တဲ့ မွန်းစတားချစ်သူတွေထဲကမှ ဆယ်ဦးအတွက် ငွေသားဆု “ သုံးသောင်းကျပ်” 🧧​​

🟡​ စတစ်ကာ (၅) ခုနှင့်အထက် စုဆောင်းထားပြီး ပုံထဲမှာ ဖော်ပြနိုင်တဲ့ မွန်းစတား ချစ်သူတွေထဲကမှ ဆယ်ဦးအတွက် ငွေသားဆု “တစ်သောင်းကျပ်” 💸​ ​

ဆုရွေးချယ်တာနဲ့ ပတ်သတ်ပြီး စတစ်ကာ အရေအတွက်အလိုက် အဆင့်ဆင့်ဆုတွေကို သတ်မှတ်အရေအတွက် အတိုင်းစုဆောင်းနိုင်တဲ့သူတွေထဲကမှ မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာရှိခဲ့ပါက Mamee Monster Myanmar ရဲ့ ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါတယ်နော်။ ​

ကဲ စတစ်ကာလေးတွေ စုရင်း ဆု လက်ဆောင်တွေ ရယူနိုင်ဖို့ နို၀င်ဘာလ (၂၄) ရက်နေ့ မတိုင်မှီ ပါဝင်လိုက်တော့နော် 🍀​🍀​🍀​

| |

⚠️
16/10/2025

⚠️

▫️ကလေးတို့ လူကြားထဲအာခေါင်ခြစ်အော်ရင်......
(Toddler screaming )

ဖေဖေ မေမေတို့ shopping mall ၊ ကစားကွင်း ၊ စားသောက်ဆိုင်၊တိရိစ္ဆာန်ရုံ စတဲ့ public area တွေမှာ နှစ်နှစ်အရွယ်ကလေးတို့ အာခေါင်ခြစ်ပြီး ငိုယို ဂျီကျနေတာ၊ သူတို့လုပ်ချင်တာမလုပ်ရလို့ ကန့်လန့်တိုက်နေတာတွေကို တွေ့ဖူးကြုံဖူးကြမှာပေါ့နော်။သူတို့လေးတွေရဲ့ အသံဟာ စားသောက်ဆိုင်တစ်ဆိုင်လုံးကို လွှမ်းနိုင်လောက်အောင်ကို ကျယ်တတ်ပြန်တယ်။ ဒီလိုအချိန်ကို မိခင်တွေ အနေနဲ့ အကြောက်ဆုံး၊ စိတ်အညစ်ဆုံးလို့တောင် ပြောလို့ရပါတယ်။ ပတ်ဝန်းကျင်က ရှိသမျှ လူတွေရဲ့ မျက်လုံးဟာ ကိုယ်တစ်ယောက်တည်းဆီကို ရောက်နေတယ်လို့ကို ထင်ပြီး ဘာလုပ်ရမှန်းမသိ ပျာယာခတ် စိတ်ရှုပ်ရတတ်ပါတယ်။ လေဆိပ် အဝင်အထွက်တို့လို.... Shopping mall ရဲ့ cashier တို့လို နောက်မှာ တန်းစီနေတဲ့ လူတွေရှိတဲ့နေရာမှာမှ ကလေးဟာ ထအော်ရင်တော့ အခြေအနေဟာ ချက်ချင်းကို ပွက်လောရိုက်သွားသလိုပါပဲ။ လှလှပပပြင်ဆင်ထားပြီး တိတ်ဆိတ်စွာ စားသောက်နေကြသောသူတွေများတဲ့ restaurant လို နေရာမျိုးမှာ ကလေးဟာ အာခေါင်ခြစ် ထငိုပြီး မတိတ်တော့ရင်တော့ ချက်ချင်းပဲ အဲဒီနေရာမှာ ကိုယ်ပျောက်သွားချင်စိတ်ပေါက်လောက်အောင် စိတ်ညစ်ရတာကလည်း ဖေဖေမေမေတို့ပါပဲ။ ဒီအခိုက်အတန့် မှာ တလောကလုံးက အပြစ်တွေကို ကိုယ်တစ်ယောက်တည်း ကျူးလွန်ထားသလို အပြစ်ရှိတဲ့ခံစားချက် ဖြစ်တတ်သလို ရင်ထဲမှရှက်စိတ်နဲ့ ဝမ်းနည်းစိတ်တွေဖြစ်ပြီး ဒေါသထွက်မိတာမျိုးလည်း... ဖြစ်တတ်တာပါပဲ။ သေချာတာကတော့ မိသားစု အပြင်အလည်အပတ်ထွက်တာဟာ အဆင်မပြေမချောမွေ့မှုတွေနဲ့ အဆုံးသတ်ရတော့တယ်လေ။ Toddlers လေးတွေဟာ အပြင်မှာ အော်တတ်သလို အိမ်မှာလည်း လိုတာမရ၊ အလိုမကျရင်လည်း အော်တတ်တာပါပဲ။ သူတို့ လိုတာမရမချင်း.... မကျေနပ်သရွေ့ အော်နေတတ်တာမျိုးတောင်ရှိတတ်ပါတယ်။

🧩ဘာကြောင့် ကလေးတို့ ဒီလို အော်တာလဲဆိုတာလေး လေ့လာကြည့်ရအောင်နော်...

ကလေးတို့ဟာ သူတို့ရဲ့ ဒုတိယနှစ်သက်တမ်းကို ရောက်လာတဲ့အခါမှာ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့အရာအားလုံးကို ပိုပြီး သိတတ်လာကြပါတယ်။ အမြဲတွေ့နေရတဲ့ သူတွေကို ပိုပြီး မှတ်မိသိတတ်လာကြသလို ပိုပြီးလည်း အပြန်အလှန် ဆက်ဆံလာတတ်ပါပြီ။ သူတို့ဖြစ်ချင်တာတွေကို ပိုသိလာတတ်သလို သူတို့ ကြိုက်တာမကြိုက်တာတွေလည်း သူတို့ဖာသာစမ်းသပ်စပြုလာနေချိန်ပါ။ Toddler လေးတွေဟာ သူတို့အသံရဲ့ ထိရောက်မှုကို စမ်းသပ်တတ်ကြပါတယ်။ ဒီလိုအော်လို့ရတယ်ဆိုတာ သူတို့ဖာသာ သူတို့ လည်း စပြီး သတိပြုလာပါတယ်။ ခံတွင်းကြွက်သားတွေ ပိုသန်မာလာတဲ့ ဒီအရွယ်လေးတွဟာ သူတို့ အော်လိုက်ရတာကို ကစားသလို ပျော်စရာလည်း လုပ်တတ်ပြန်တယ်လေ။ သူတို့ အော်ငိုလိုက်လို့ ရတဲ့ ရလာဒ်ကိုလည်း ကောင်းကောင်းကြီး သိတတ်လာနေပြီပေါ့။

တခါတလေ ကလေးတို့ဟာ ပျော်ရွှင်မှုကို မထိန်းနိုင်ပဲ အာခေါင်ခြစ်အော်တတ်ကြတယ်။ တခါတလေ ကလေးတို့ အာခေါင်ခြစ်ငိုတဲ့ အဓိပ္ပါယ်က "မေမေ သားကို ကြည့်ပါ။ သားကို ချီပါ" ဆိုတဲ့ အဓိပ္ပါယ်ပါ။ တခါတလေတော့ သူတို့လိုချင်တာကို ရဖို့အတွက် အာခေါင်ခြစ်ပြီး ငိုတဲ့ နည်းကို သုံးတတ်ပါတယ်။ တခါတလေတော့လည်း ကလေးတို့ ဗိုက်ဆာတာ၊ ပင်ပန်းတာ၊ စိတ်ရှုပ်တာတွေကို ခံစားရရင်လည်း ဘယ်လိုပြောပြရမလဲ မသိတာမို့ အာခေါင်ခြစ်အော်တာ၊ ငိုတာ၊ စတာတွေလုပ်တတ်ပါတယ်။

အသက် ၁၈-လ အရွယ်မှာ ပုံမှန်အားဖြင့် ကလေးတို့ဟာ စကားလုံးပေါင်း ၅၀ကျော်လောက်ပြောနိုင်နေပါပြီ။ ဒီ့ထက် ပိုပြောနိုင်တဲ့ ကလေးရှိနိုင်သလို အနည်းငယ်သာပြောနိုင်သေးတဲ့ ကလေးလည်း ရှိနိုင်တာပါပဲ။ ဒါကြောင့် ဒီအရွယ်ကလေးတွေဟာ သူတို့ ခံစားရတာတွေ၊ ဖြစ်ချင်တာတွေကို စကားလုံးတွေနဲ့ ပြောပြဖို့ရာ ခက်ခဲနေနိုင်သေးပါတယ်။ ဒါကြောင့် toddler တို့ ဒီလို ဖြစ်တတ်တဲ့ ကာလအတိုင်းအတာဟာ သူတို့လေးတွေ စကားကောင်းကောင်းပြောတတ်လာတဲ့အချိန် ၊ပိုပြီး ဆက်ဆံပြောဆိုတတ်လာတဲ့အချိန်တွေလောက်ဆိုရင် ပျောက်သွားပါတယ်။

🧩မိဘများအနေနဲ့ သိထားသင့်တာကတော့

ကလေးတို့ ဒီလိုဖြစ်တာဟာ ခဏတာသာဖြစ်ပါတယ်။ အမြဲဖြစ်နေမှာ မဟုတ်ဘူးဆိုတာကို သတိပြုသင့်ပါတယ်။။ ဒီလို ကာလမျိုးကို မိဘတိုင်းလိုလို ကျော်ဖြတ်ရတာမို့ မိမိတို့ တကယ် ကြုံတွေ့ ခက်ခဲနေချိန်မှာ ဒီလို အော်ဟစ်ဆူညံပြီး ဖြစ်တတ်တာဟာ မိမိတို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရသင့်ပါတယ်နော်။ shopping mall ၊ restaurant လိုနေရာမျိုးမှာ ကလေးတစ်ယောက် အာခေါင်ခြစ်အော်ငိုနေတာကို တချို့လူတွေက ဖြေရှင်းနေရတဲ့ မိခင်ကို စာနာနားလည်တတ်ကြပေမယ့် တချို့သောသူတွေအတွက်ကတော့ သိပ်ပြီး လက်ခံချင်စရာ မကောင်းဖြစ်တတ်ပါတယ်။ ဖေဖေ၊ မေမေတို့အနေနဲ့ ဝိုင်းအုံကျလာနိုင်တဲ့ မျက်လုံးအကြည့်တွေကို လျစ်လျူသာရှုနေလိုက်ပြီး မိမိတို့ရဲ့" ကလေးမှာခံစားချက်ထုတ်ဖော်နိုင်ခွင့်ရှိသင့်တယ်.... ဒီကာလဟာ ကလေးရဲ့ လူမှုဆက်ဆံရေး အခက်အခဲကာလသာဖြစ်တယ်" ဆိုတာသာ နှလုံးသွင်းပြီး တည်ငြိမ်ချောမွေ့စွာ ကိုင်တွယ်သင့်လှပါတယ်။

အော်နေတဲ့ ကလေးကို ပြန်အော်ပြီး ကလေးတိတ်အောင်လုပ်တာဟာ တကယ်တော့ ရေရှည်အတွက်အသုံးမဝင်လှပါဘူး။ ဒီလိုလုပ်ခြင်းဖြင့် ပိုကျယ်ကျယ်အော်နိုင်တဲ့ သူဟာ နိုင်တယ်ဆိုတာကို ကလေးကို သင်လိုက်သလိုပါပဲ။အော်ဟစ်နေတဲ့ ကလေးကို တိတ်သွားအောင် ရိုက်တာ၊ အခန်းထဲပိတ်ထားတာ၊ ထိခိုက်စေလောက်တဲ့ ဒဏ်တစ်ခုခုပေးတာ စတာတွေဟာ ဖြေရှင်းနည်းလမ်းမှန် မဟုတ်ပါဘူး။ ကလေးဟာ သူဘာကြောင့် ဒီလို အရိုက်ခံနေရသလဲ ဆိုတာ နားမလည်ရုံသာမကပဲ ကလေးကို ဒီလိုကြမ်းတမ်းတဲ့နည်းလမ်းတွေနဲ့ ပြဿနာဖြေရှင်းတတ်အောင် သင်ပေးလိုက်သလိုပါပဲ။ ကလေးတို့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောပြတတ်အောင်၊ထိန်းချုပ်တတ်အောင်၊ နေရာအလိုက် ပြုမူနေထိုင်တတ်အောင် သင်ကြားပေးရမှာပါ။ လိုချင်တာကို အိမ်မှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် ၊ အပြင်တစ်နေရာရာမှာပဲ ဖြစ်ဖြစ် အာခေါင်ခြစ်ငိုနေပြီး ပြောတတ်တဲ့ toddler ကလေးလေးတွေကို သူတို့ရဲ့ ဒီကာလလေးကို ဘယ်လို ဖြတ်ကျော်ရမလဲ၊ မိဘများအနေနဲ့လည်း ကလေးတို့ကို ပိုနားလည်ပြီး အဆင်ပြေစွာ ဆက်ဆံနိုင်ဖို့ရာ အထောက်အကူဖြစ်နိုင်မယ့် နည်းလမ်းလေးတွေ လေ့လာကြည့်ရအောင်နော်.....

🧩ကလေးတို့ ပျော်ရွှင်လို့ အော်တဲ့အခါ

Toddler လေးတွေဟာ သူတို့ကြိုက်တဲ့ ကစားစရာတွေ့ရင်ပဲဖြစ်ဖြစ်၊ မုန့်တွေ့ရင်ပဲဖြစ်ဖြစ် ဝမ်းသာပြီး စူးရှစွာ အော်တတ်ပါတယ်။ သူတို့သိပ်ကြိုက်တဲ့နေရာတစ်ခုခု ရောက်ရင်၊ သူတို့ ခုမှ စပြီး သေချာမှတ်မိသတိထားမိတဲ့ မွေးနေ့ပွဲလေး ကျင်းပခွင့်ရရင် စသဖြင့် ကလေးတို့ရဲ့ ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်ဟာ အထွတ်အထိပ်ကို ရောက်သွားတာမို့ တချို့ကလေးတွေဟာ အော်တတ်ပါတယ်။ ဒီလိုအခါမှာ ကလေးကို ချီလိုက်ပြီး ဖက်ထားပေးပြီး ကျောလေးကို ညင်သာစွာ သပ်ပေးပြီး ဒီခံစားချက်ဟာ ထိတ်လန့်စရာ မဟုတ်ဘူး။ ကောင်းမွန်တဲ့ ခံစားချက်ဖြစ်တယ် ဆိုတာကို အမူအယာနဲ့ သင်ကြားပေးနိုင်ပါတယ်။ နှုတ်မှလည်း " သမီးက ပျော်လို့လား။ ဟုတ်တယ်နော်.... ဒါလေးသမီးကြိုက်တယ်နော်" လို့ တိုးတိုးလေး တဖွဖွပြောပေးနိုင်ပါတယ်။ ကလေးဟာ အော်ဟစ်နေပေမယ့် မေမေတို့ရဲ့ ညင်သာတဲ့ အပြုအမူ၊ လေသံကို ခံစားသိရှိပြီး သင်ယူနေပါတယ်။ ဒီလိုနဲ့ ကလေးဟာ ပျော်ရွှင်လွန်းတဲ့ ခံစားချက်ကို သိသွားပြီး တအားစူးရှစွာ အော်ဟစ်တာမျိုး မလုပ်တော့ပါဘူး။

ကလေးငယ်ကို သူတို့အော်လို့ရတဲ့ နေရာ၊ အချိန် စတာတွေကို သင်ကြားပေးထားတာကလည်း အထောက်အကူ ဖြစ်ပါတယ်။ ကစားကွင်း၊ မျက်ခင်းပြင်၊ အိမ်အပြင် နေရာကျယ် စတဲ့ နေရာတွေရောက်ရင် " ဒီနေရာမှာဆို သမီးလေး ရေး.....လို့ အကျယ်ကြီး အော်လို့ရတယ်" ဆိုပြီး ပြောပြပေးနိုင်ပါတယ်။ အိမ်တွင်းမှာ...အဆောက်အဦးတွင်းမှာတော့ လေသံကို လျော့ပြီး ပြောရတယ်ဆိုတာမျိုးကိုလည်း သင်ထားပေးနိုင်ပါတယ်။ ကလေးက အသံ တိုးတိုးလေးနဲ့ အကျယ်ကြီးရဲ့ ကွာခြားချက်ကို သင်ကြားထားပေးတာကလည်း အထောက်အကူပြုပါတယ်။ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြရင် "တိုးတိုး" ဆိုတဲ့ သင်္ကေတ ဆိုတာကို toddler လေးတွေသိအောင် သင်ထားပေးနိုင်ပါတယ်။ ဒီလိုသင်ကြားပေးထားခြင်းဖြင့် တချို့သော အခြေအနေတွေမှာ ကလေး တအားထအော်တဲ့အချိန်မှာ မေမေတို့က နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြလိုက်ပြီး ကလေးအား အာရုံပြောင်းနိုင်ပါတယ်။

🧩ကလေးတို့ အလိုမကျ ဒေါသထွက်ပြီး အော်တဲ့အခါ

ကလေးဟာ အကြောင်းတစ်ခုခုကြောင့် မပျော်ရွှင်တော့ပဲ စိတ်ညစ်ပြီး တအားအော်တဲ့အခါမျိုးမှာတော့ ကလေးကို တခြားအာရုံတစ်ခုခုပြောင်းပေးနိုင်ပါတယ်။ အကြိုက်ဆုံး ကစားစရာ တစ်ခုခုပေးဆော့တာမျိုး၊ လုပ်စရာ တစ်ခုခုပေးလိုက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာက ကလေးကြိုက်နိုင်မယ့် ပစ္စည်း တစ်ခုခုကို ပြပြီး အဲဒီပစ္စည်းအကြောင်းလေး ပြောပြတာမျိုး ပြုလုပ်ပြီး အာရုံပြောင်းနိုင်ပါတယ်။ ကလေးဟာ အရမ်းကို စိတ်တိုပြီး အာရုံပြောင်းဖို့ မဖြစ်နိုင်အောင် အော်ဟစ်နေမယ်ဆိုရင်တော့ လူရှင်းနေရာ သပ်သပ်ဆီသို့ ခဏခေါ်သွားပြီး ကလေးတည်ငြိမ်မှုရအောင် ကူညီပေးနိုင်ပါတယ်။ ဒီလို လူတွေကြားထဲမှ ခဏခေါ်ထုတ်သွားခြင်းဖြင့် အသံအကျယ်ကြီးနဲ့ အော်နေရင် လူအများရှိတဲ့ အခန်းထဲမှာ နေလို့မရဘူးဆိုတာကို ကလေးကို သင်ပေးတာပါပဲ။ ကလေးတည်ငြိမ်သွားပြီဆိုမှ လောလောဆယ် သူပြုလုပ်လို့ ရနိုင်မယ့် အရာတစ်ခုခုပေးပြီး အာရုံပြောင်းပေးနိုင်ပါတယ်။

အခန်းတစ်ခုခုထဲကို (သို့) နေရာတစ်နေရာရာ ကို ဝင်ဖို့ခက်ပြီး အော်နေတာမျိုးဆိုရင်တော့ ကလေးကို ခဏတာ အချိန်ပေးသင့်ပါတယ်။ ဒီနေရာရဲ့ အကြောင်းလေးကို ပြောပြပေးနိုင်ပါတယ်။ အထဲမှာ ကလေးစိတ်ဝင်စားနိုင်မယ့် အရာလေးတွေ ရှိတဲ့ အကြောင်းပြောပြပေးနိုင်ပါတယ်။ " သားကြိုက်တဲ့ စတစ်ကာလေးတွေ သွားရှာရအောင်နော်" စသဖြင့်ပြောပေးပြီး ကလေးရဲ့ မသက်မသာဖြစ်နေတဲ့ ခံစားချက်ကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ၂-၃ နှစ်နဲ့ အထက် နည်းနည်းပိုပြီး နားလည်နိုင်တဲ့ ကလေးတွေကိုဆိုရင်တော့ သွားမယ့်နေရာရဲ့ အကြောင်းကို မသွားခင်မှာ ကြိုပြောပြထားနိုင်ပါတယ်။ ကလေးတို့ဟာ သူတို့ သွားမယ့်နေရာမှာ သူတို့ဘာကို တွေ့နိုင်တယ်ဆိုတာမျိုးကို ခန့်မှန်းတွေးဆနိုင်ရင် မအီမသာ စိတ်ညစ်ညူးဖြစ်တာတွေ သက်သာနိုင်ပါတယ်။

ကလေးဟာ သူ့စိတ်ထဲ အဆင်မပြေတာဖြစ်ပြီး ထအော်တာ အချိန်မရွေး ဖြစ်နိုင်တာမို့ ကလေးကို အော်လိုက်ဟာ ကလေးရဲ့ စိတ်ခံစားချက်ကို ပိုတိုးအောင် လုပ်လိုက်သလိုပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးဟာ ဒေါသတကြီး အော်နေရင်တော့ ကလေးရဲ့ ဒေါသပြေပြီး တည်ငြိမ်အောင် ခဏစောင့်ပေးပြီး ဖြေရှင်းတာကသာ ပိုထိရောက်နိုင်ပါတယ်။ " အတုမြင် အတတ်သင်" မို့ လူကြီးက အော်ပြီး ဆုံးမရင် ကလေးကလည်း အော်မှာပါပဲ။

ဒီလို Toddler လေး ဒေါသကြီးပြီး အော်ပြီဆိုရင် ဖေဖေ မေမေတို့ရဲ့ ကိုယ်အမူအယာနဲ့ အသံကို ညင်သာနိုင်သမျှ ညင်သာနေနိုင်အောင် ဂရုပြု သင့်လှပါတယ်။ ဖေဖေ မေမေတို့ရဲ့ တိတ်ဆိတ်ညင်သာမှုကို ကလေးငယ်ဟာ မိနစ်အနည်းငယ်လောက်မှာ ခံစားသိနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တိုးတိုးလေး လေသံနဲ့ ပိုပြီး ပြောသင့်ပါတယ်။ ကလေးဟာ မေမေ့ရဲ့ လေသံလေးနဲ့ ပြောနေတာကို ခဏလေးအတွင်းမှာ လိုက်လုပ်လာနိုင်ပါတယ်။ ဒီအရွယ်လေးတွေက အတုခိုးလုပ်ရတာကို သိပ်သဘောကျတယ်လေ။ "သားရော မေမေ အသံနဲ့ အတူတူ တိုးတိုးလေး ပြောနိုင်လား" လို့လည်း တိုက်ရိုက် ပြုလုပ်ခိုင်းလို့ ရပါသေးတယ်နော်။ မေမေတို့ရဲ့ အမူအယာနဲ့ အသံဟာ ကလေးတို့ကို အများကြီး သက်ရောက်မှု ရှိပါတယ်။

🧩ကလေးတို့ ဂရုစိုက်မှု လိုချင်လို့ အော်တဲ့အခါ

ကလေးတွေဟာ သူတို့ အရင်းနှီးဆုံးသူရဲ့ အဆက်မပြတ် အာရုံစိုက်မှု ဂရုစိုက်မှုကို လိုချင်ကြပါတယ်။ မေမေတို့ ဖုန်းပြောနေတဲ့ အခါ ၊ ဧည့်သည် တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါတွေမှာ မှာ အော်ငိုတာလုပ်တတ်ပါတယ်။ သူတို့လိုချင်တဲ့ မေမေတို့ရဲ့ attention မရမချင်းပေါ့။
မေမေတို့ ဖုန်းပြောနေတဲ့အခါအခါမျိုးမှာ ငိုနေရင်တော့ ပေါင်ပေါ် ချီလိုက်တာမျိုး၊ ကျောလေးကို ပုတ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ကလေးကို ဖုန်းပြောနေရင်း ရယ်ပြတာ၊ စကားလုံးရဲ့ အတိုင်းမျက်နှာ အမူအဟာလေးနဲ့ ကလေးကို ကြည့်ပြီး ပြောပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို လေးလုပ်ပေးခြင်းဖြင့် " မေမေဟာ ကလေးကို လျစ်လျူရှုနေတာမဟုတ်ဘူး။ မေမေဟာ ကလေးကို အရေးထားပါတယ်" ဆိုတဲ့ သဘောကို ကလေးကို အသိပေးတာပါ။ ဒါပေမယ့် ကလေးဟာ အကြိမ်တိုင်းတော့ အရာအားလုံးရဲ့ အရေးထားမှုအလယ်ဗဟိုမှာ ၁၀၀% တော့ ရှိမနေနိုင်ဘူးဆိုတာကို လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။ဧည့်သည်နဲ့ စကားပြောတဲ့ အခါမှာလည်း ဒီနည်းအတိုင်း လုပ်နိုင်တာပါပဲ။ ဧည့်သည်နဲ့ စကားပြောရင် ကလေးဘက်ကို လှည့်ပြီး ဖက်ထားပေးတာ၊ စကားပြောရင်း ကလေးကို ပါကြည့်ပြီး " ဟုတ်တယ်နော်သမီးလေး .... " " အန်တီကို ... ပြောပြလိုက်" စသဖြင့် ကလေးကို စကားဝိုင်းမှာ ထည့်ပြောပြီး အလေးထားတဲ့ အမူအယာကို ပြပေးခြင်းဖြင့်လည်း ကလေးရဲ့ အလိုအမကျစိတ်ဖြစ်လာနိုင်တာကို ကာကွယ်နိုင်ပါတယ်။



🍀ဘာကြောင့်ပဲဖြစ်ဖြစ် ကလေးတို့ အာခေါင်ခြစ်အော်တယ်ဆိုတာ သူတို့ရဲ့ ခံစားချက်ကို ဖော်ပြတာပဲ ဖြစ်တာမို့ တခါတလေ ကျရင် ဘယ်လိုနည်းလမ်းပဲ သုံးသုံး အဆင်မပြေ ဖြစ်နေတတ်တာလည်း ရှိတတ်ပါတယ်။ ကလေးတို့ရဲ့ ဒီကာလလေးကို မကျော်ဖြတ်ခင်မှာ ဒီလိုခြေအနေမျိုးကို ဖြစ်တာနည်းအောင် ကြိုတင်ရှောင်ရှားနိုင်ပါတယ်။

🍀🍀အပြင်ထွက်လည်တော့မယ်ဆိုရင် ကလေးတို့နဲ့ သင့်တော်မယ့်နေရာမျိုးကို ရွေးချယ်ပါ။

မိသားစု တစ်နေ့တာ ထွက်လည်တာမျိုးဖြစ်လို့ ကစားကွင်းရှိတဲ့နေရာတွေ၊ ကလေး လျှောက်ပြေးလို့ရတဲ့ မျက်ခင်းပြင်လိုရှိတဲ့ နေရာမျိုးတွေ ကို ရွေးချယ်သင့်ပါတယ်။
အရမ်းတိတ်ဆိတ်တဲ့ restaurant တွေ ၊ မိသားစုတွေအတွက် အဆင်ပြေအောင်မလုပ်ထားတဲ့ စားသောက်ဆိုင်မျိုးတွေကို ဖြစ်နိုုင်ရင် ရှောင်သင့်ပါတယ်။ ခပ်ဆူဆူ ဖြစ်နေပြီးသား စားသောက်ဆိုင်မှာ toddler လေး ထအော်ရင် သိပ်မသိသာနိုင်တော့ပဲ ဖေဖေမေမေတို့အနေနဲ့ စိတ်ညစ်စရာ၊ အရှက်ရစရာတွေနည်းနိုုင်ပြီး ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ဖို့များပါတယ်။ဒါကြောင့် မိသားစုတွေ သွားတတ်တဲ့ နေရာမျိုး ၊ စားသောက်ဆိုင်မျိုးကို ရွေးချယ်သင့်ပါတယ်။

🍀ကလေးရဲ့ စားချိန်၊ အိပ်ချိန်နဲ့ အဆင်ပြေချိန်ကို ရွေးချယ်ပါ။

ကလေးတို့ဟာ အိပ်ငိုက်ရင်၊ ဗိုက်ဆာရင်လည်း ဂျီကျတတ်တာမို့ အပြင်မသွားခင် အိပ်ရေးဝနေဖို့နဲ့ ဗိုက်ပြည့်နေဖို့ကိုလည်း ဂရုပြုသင့်ပါတယ်။ အပြင်သွားမယ့်အချိန်ဟာ ကလေးရော မိခင်ရော အားအင်ရှိနေတဲ့အချိန်ဆို ပိုပြီး အဆင်ပြေနိုင်ပါတယ်။ အိမ်ကမထွက်ခင် အိပ်ရေးဝနေပြီး တစ်ခုခု ကြိုပြီး ကျွေးထားမျိုး ပြုလုပ်နိုင်ပါတယ်။ စားသောက်ဆိုင်သွားတယ်ဆိုရင်တောင် ကလေး ကြိုက်တဲ့ စားနေကျ မုန့်လိုဟာမျိုးကို ဆောင်သွားနိုင်ပါတယ်။

🍀ကလေးအား စိတ်ဝင်စားစရာ တစ်ခုခုအမြဲရှိနေအောင် လုပ်ထားပါ။

ကားဂိတ်၊ လေဆိပ် ၊ shopping mall စတဲ့ လူများတဲ့နေရာတွေကို ကလေးနဲ့ မသွားမဖြစ်သွားရတော့မယ်ဆိုရင် မိဘများအနေနဲ့ မိမိတို့ ဘယ်သွားနေတာ ၊ ဘာလုပ်တော့မယ် စတာတွေကို ပြောပေးနေပြီး ကလေးရဲ့ အာရုံစိုက်မှုကို ရယူထားလို့ရပါတယ်။shopping mall မှာဆိုရင်
" မေမေက ဒီကြက်သွန်တွေ ဝယ်မှာ သားရဲ့...ဟင်းချက်မယ်နော်"
" ဟော.... ချိစ်လေးလည်းထည့်မယ်.... အို... ဒါလေးသားယူချင်လို့လား... ဒါက မလိုသေးဘူးနော်... " သမီးလေး မုန်လာဥနီနီရှာရအောင် ... ဘယ်မှာလဲ..." စသဖြင့် ပြောပေးခြင်းဖြင့် ကလေးကိုပျော်အောင်လုပ်ရာရောက်သလို စကားလုံးတွေ၊ အရောင်တွေ သင်ကြားပေးရာလည်းရောက်ပါတယ်။
ကားဂိတ်၊ လေဆိပ်စတဲ့နေရာတွေမှာလည်း သွားမယ့်နေရာအကြောင်း၊ အဲဒီနေရာက ပစ္စည်းတွေအကြောင်း စသဖြင့် ရှင်းပြပြောပြနေရင်း အချိန်အတူကုန်လို့ ရပါသေးတယ်။
- ကစားနည်းလေးတွေ အတူတူ ကစားတာ၊ nursery songs လေးတွေ အတူတူ ဆိုကြတာမျိုး ပြုလုပ်ပြီး စောင့်ဆိုင်းရတဲ့ အချိန်တွေကို သုံးနိုင်ပါတယ်။
- ကစားစရာ(သို့) မုန့်တစ်ခုခုကိုလည်း ပေးထားနိုင်ပါတယ်။ ဒီလိုပေးရာ ကလေးစိတ်ညစ်ပြီးမအော်ခင် တိတ်ဆိတ်နေချိန်မှာကတည်းက ပေးထားသင့်ပါတယ်။ ငိုမှပေးလို့ရှိရင် ကလေးက သူငိုလိုက်တဲ့အတွက် မုန့်စားရတယ်လို့ မှတ်ယူလိုက်ပြီး နောင် တစ်ခုခု လိုချင်တဲ့အခါတွေမှာလည်း အော်တဲ့နည်းကိုပဲ သုံးနိုင်လို့ပါ။

ဒီလိုနေရာမျိုးတွေမှာ ကလေးဟာ နေရာကြောင့် ၊ လူအများကြီးကြောင့် အကြောင်းကြောင်းကြောင့် စိတ်မအီမသာဖြစ်ပြီး အော်ဟစ်ဂျီကျတတ်ပါတယ်။ သူဘာကြောင့်ဒီလို စောင့်နေရတယ်.... ဘာလို့ တန်းစီနေရတယ် စသဖြင့် နားမလည်ပဲ သက်တောင့်သက်သာအနေအထားမဟုတ်တာကြောင့် ကလေးတို့ဟာ ပိုပြီး စိတ်ညစ်တတ်ကြပါတယ်။ ဒီအခါ သူတို့ လုပ်တတ်တာကလည်း ငိုတာပဲ ဖြစ်လို့ အာခေါင်ခြစ်အော်တတ်ကြပါတယ်။
ဒီလို လူတွေအများကြီးရှိတဲ့ နေရာမှာ ဖြစ်လို့ရှိရင် မိဘများဟာ ပိုပြီး စိတ်ရှုပ်ရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာဟာ ကလေးက တမင်လုပ်တာ မဟုတ်သလို၊ ဒီနေရာမှာ ရှိတဲ့ လူတွေ၊ ဝန်ထမ်းတွေကလည်း ကလေးတွေ ဒီလိုဖြစ်တတ်တာကို မြင်ဖူးတွေ့ဖူးနေကျပဲဆိုတာကို သတိရပါ။ ခဏတာသာတွေ့မယ့် သူများရဲ့ အထင်အမြင်ကို ဂရုစိုက်လိုက်မိပြီး ကိုယ့်ရင်သွေးလေးကို မဲပြီးအော်တာမျိုး မလုပ်မိဖို့ အထူးသတိပြုသင့်လှပါတယ်။

🍀ကလေးရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုပေးပါ

ကလေးဟာ မိဘရဲ့ အာရုံစိုက်တာကို ရဖို့ တအားအော်နေတယ်ဆိုရင် မိဘများအနေနဲ့ သေချာစဉ်းစားကြည့်သင့်ပါတယ်။ ကလေးဟာ မိခင်ရဲ့ အာရုံစိုက်မှုကို ဘာကြောင့်လိုချင်တာလဲ။ ရောက်နေတဲ့နေရာမှာ သက်တောင့်သက်သာမရှိလို့လား။ နေရာရဲ့ အနေအထားဟာ ကလေးအတွက် လက်ခံနိုင်ဖို့ ခက်ခဲနေသေးလို့လား။ ရိုးရိုးပဲ ငြီးငွေ့လာလို့ ငိုတာလား စသဖြင့် သိနိုင်အောင်ပြုလုပ်သင့်ပါတယ်။ မေမေတို့ shopping mallသွားလို့ ကလေးဟာ ငြီးငွေ့လာလို့ အော်တယ်ထင်ရင်
"သားပျင်းနေပြီလား...ခဏနော်... မေမေဒါလေး ဝယ်ပြီးရင် ပြီးပြီ" လို့ပြောပေးနိုင်ပါတယ်။ ဒီလိုလေးပြောပေးခြင်းဖြင့် ကလေးတို့ဟာ သူတို့ခံစားရတာကို မေမေက အသိအမှတ်ပြုတယ်ဆိုတာသိပြီး ကိုယ်ခံစားရတာကို စကားလုံးတွေနဲ့ ဘယ်လိုပြောလို့ရတယ်ဆိုတာကိုလည်း မေမေ့ဆီကနေ သင်ယူနိုင်ပါတယ်။

မိဘများအနေနဲ့ ကိုယ်ရောက်နေတဲ့ နေရာဟာ ကလေးအတွက် အရမ်းကြီးပြီး စိတ်ညစ်ညူးစရာဖြစ်နေလို့ ကလေးက ငိုတယ်ထင်ရင် ပြုလုပ်စရာရှိတာတွေက အမြန်ဆုံးသတ်ပြီး နေရာကနေချက်ချင်းထွက်သင့်ပါတယ်။Shopping mall ထဲမှာ လူများလွန်းတာ မခံနိုင်ဘဲခက်ခဲသေးလို့ အော်ဟစ်ငိုတတ်တဲ့ ကလေးမျိုးဆိုရင်လည်း လူများတဲ့အချိန်သွားတာမျိုးကိုရှောင်ပြီး လူနည်းနိုင်မယ့်အချိန်ကို ရွေးချယ်သွားသင့်ပါတယ်။ ကလေး အဆင်သင့်မဖြစ်သေးတဲ့ အချိန်အထိ ဆိုင်အသေးလေးတွေကို သွားတာမျိုးကို ပြောင်းလုပ်သင့်ပါတယ်။

အာခေါင်ခြစ်ငိုရင် သူသောက်ချင်တဲ့ ( ဥပမာ) အအေးဗူးသောက်ရမယ်ဆိုပြီး အော်နေတယ်ဆိုရင်တော့...
" သမီး... အအေးသောက်ချင်လို့လား... အခု သောက်လို့မရသေးဘူးနော်။ မေမေတို့ တန်းစီပြီး ကားပေါ်တက်ရဦးမယ်နော်။ အားလုံးပြီးရင် သောက်လို့ရမယ်...ဒါပေမယ့် ခု တိတ်တိတ်လေး အရင်နေကြည့်ကြမယ်နော်.... တိတ်တိတ်နေရင် မေမေ သမီးကို ပေးသောက်မယ်" ဒီလို ပြောပေးနိုင်ပါတယ်။
အငိုတိတ်ပြီး ကိစ္စအားလုံး ပြုလုပ်ပြီးရင် ဆုချတဲ့အနေနဲ့ အအေးဗူး ပေးသောက်နိုင်ပါတယ်။ လူတွေ အလယ်မှာ အာခေါင်ခြစ်မအော်ရဘူး....တိတ်တိတ်နေတတ်အောင်လုပ်ရတယ်ဆိုတာ သိသွားရင် ကလေးဟာ သူဘာနဲ့ ဆုချခံခဲ့ရသလဲဆိုတာ သတိမရတော့ပါဘူး။ အအေးဗူးနဲ့ အမြဲ ဆုချနေစရာ မလိုပါဘူး။ အအေးဗူးဟာ အရေးပေါ် ခဏ သုံးလိုက်တဲ့ နည်းလမ်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးဟာ ဖြစ်စဉ် တဒင်္ဂမှာ သူရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုခံလိုက်ရတယ်လို့ ခံစားရသလို စောင့်ဆိုင်းရတဲ့ စည်းကမ်းကိုလည်း သိနားလည်လိုက်ပါတယ်။

🍀လေ့ကျင့်ပေးပါ။ချီးကျူးပေးပါ

အိမ်မှာနေရတဲ့အခါတွေမှာ မိဘများအနေနဲ့ ကျယ်ကျယ်အော်တမ်း၊ တိုးတိုးပြောတမ်း စသဖြင့် ကစားပေးပြီး ကလေးတို့ကို ဘယ်အချိန်မှာတော့ အသံကျယ်လို့ရတယ် ဘယ်လောက်ကျယ်လို့ရတယ်။ ဘယ်လိုဆိုရင် တိုးတိုးပြောရတယ် ဆိုတာတွေ သိအောင် သင်ကြားပေးထားနိုင်ပါတယ်။
ဘွားဘွား ဘုရားရှိခိုးနေတဲ့ အချိန်မှာ မေမေကစပြီး တိုးတိုးလေးပြောပြမယ်... ကလေးက တိုးတိုးလိုက်ပြောရင် ချီးကျူးပေးမယ် ... စသဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။ ဖေဖေ အိပ်နေလို့ တိုးတိုးပြောကြမယ်။ အသံနှိမ့်ပြောနိုင်တဲ့သူကို ဆုချမယ် စသဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။

Toddler လေးတို့ ရဲ့ ဒီကာလဟာ သူတို့ပိုနားလည်လာတဲ့ အချိန်မှာ ကောင်းသွားတတ်တာမို့ မိဘများအနေနဲ့ ကလေးကို စိတ်တိုပြီး ကြမ်းတမ်းစွာ မကိုင်တွယ်မိဖို့ပဲ လိုတာပါ။ မိဘများ သည်းမခံနိုင်အဖြစ်တတ်ဆုံး အချိန်ကတော့ လူအများကြီးရှိတဲ့ public area မှာ မပြီးနိုင်အောင် အာခေါင်ခြစ်ငိုတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ဘုရားကျောင်းကန်၊ hotel ၊ တိတ်ဆိတ်သော restaurant စတဲ့ နေရာမျိုးဆိုရင်တော့ ကလေးကို အပြင်တစ်နေရာ ခေါ်ထုတ်သွားပြီး ချော့သင့်ပါတယ်။ ဒါမှမဟုတ်ပဲ လူများများ ဆူညံညံ ဖြစ်နေတတ်တဲ့ ကစားကွင်း၊ စားသောက်ဆိုင်၊shopping mall၊ ကားဂိတ် စတဲ့ နေရာတွေမှာဆိုရင်တော့ တခြားသူများကြည့်လည်း အာရုံထားစရာမလိုဘဲ ပေးကြည့်လိုက်ပြီး မိမိတို့ကလေးရဲ့ အခြေအနေကိုသာ အာရုံစိုက်သင့်ပါတယ်။ ကလေးငယ်တို့ဟာလည်း တချိန်မှာ သူတို့ ဖြစ်တာကို မအော်ပဲနဲ့ စကားလုံးတွေနဲ့ ပြောလို့ရမယ်မှန်း သင်ယူလာမှာပါ။

မေတ္တာဖြင့်
ယုငယ်
၁၀/၁၀/၂၀၁၆
#နီတိုးလေးမေမေ

11/10/2025

ခုတလော အာသီးယောင်ပြီး ဖျားတဲ့ ကလေးတွေ များလို့ ...ဂရုစိုက်ပါနော်🤗

Shout out to my newest followers! Excited to have you onboard! Mya Thida, Hanmayme HtetNew Follower လေးတွေ ဒီလ အစီအစဉ်လေ...
11/10/2025

Shout out to my newest followers! Excited to have you onboard! Mya Thida, Hanmayme Htet

New Follower လေးတွေ ဒီလ အစီအစဉ်လေးတွေမှာ ရှိနေပေးပါနော်။

⏰15 မိနစ် quality time ⏰
09/10/2025

⏰15 မိနစ် quality time ⏰

"အလုပ်များတဲ့ မိဘတွေအတွက်
တစ်ရက်ကို ၁၅ မိနစ် ကလေးအချိန်ပေးနည်း"

မနက်မိုးလင်းတာနဲ့ အလုပ်သွားဖို့ ပြင်ဆင်ရ၊
ရုံးမှာ တစ်နေ့ကုန် အစည်းအဝေးတွေ၊

အိမ်ပြန်ရောက်တော့ ညစာချက်ပြုတ်ရှင်းလင်းရ၊
ဖုန်းထဲကရောက်နေတဲ့ Email တွေ၊ Message တွေကို ပြန်စစ်ရနဲ့ တစ်နေ့တာကုန်ဆုံးသွားတဲ့အခါ... ကိုယ့်ကလေးက အိပ်မောကျနေနှင့်ပါပြီ။

အဲ့ဒီအခါမှ Mie တို့မိဘတွေရဲ့ရင်ထဲမှာ
"ငါဒီနေ့ ငါ့ကလေးနဲ့ စကားတောင်
ကောင်းကောင်းမပြောလိုက်ရပါလား" ဆိုတဲ့
စိတ်မကောင်းဖြစ်မှုလေးနဲ့အတူ
အပြစ်တင်စိတ် (guilt) ဝင်လာတတ်ပါတယ်။

ကလေးအတွက် အကောင်းဆုံးတွေ
ကြိုးစားပေးနေရင်းကပဲ ကလေးနဲ့အတူရှိပေးဖို့
အချိန်တွေ ပျောက်ဆုံးနေသလို ခံစားရတာဟာ
အလုပ်များတဲ့ မိဘတိုင်းရဲ့ တူညီတဲ့အခက်အခဲတစ်ခုပါ။

ဒါပေမဲ့... သတင်းကောင်းတစ်ခုရှိပါတယ်။
ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့
ပျော်ရွှင်မှုအတွက် သင်ပေးရမှာ

အချိန် “ပမာဏ” (Quantity) ထက်၊
အချိန်ရဲ့ “အရည်အသွေး” (Quality) က
ပိုအရေးကြီးပါတယ်။

အာရုံ ပေါင်းများစွာဖြင့် အတူရှိနေတဲ့ နာရီပေါင်းများစွာထက်၊ အပြည့်အဝအာရုံစိုက်မှုနဲ့ ပေးတဲ့ အချိန် ၁၅ မိနစ်က သင့်ကလေးရဲ့ဘဝကို ပိုပြီးအဓိပ္ပာယ်ရှိစေပါတယ်။

ဒါဆို "ရွှေရောင် ၁၅ မိနစ်" ကို အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ ❓

ဒီ ၁၅ မိနစ်ကို "အထူးအချိန်" (Special Time)
ဖြစ်သွားစေမယ့် ရွှေစည်းမျဉ်း ၃ ခုရှိပါတယ်။

၁။ ၁၀၀% အပြည့်အဝ အာရုံစိုက်မှု ✅

ဒါက အရေးအကြီးဆုံးပါပဲ။ ဒီ ၁၅ မိနစ်အတွင်းမှာ သင့်ဖုန်းကို အသံတိတ်ပြီး ဘေးချထားပါ။ တီဗီကို ပိတ်ပါ။ Laptop ကို ပိတ်ပါ။ တစ်ခြား ဘယ်အလုပ်ကိုမှ multitasking မလုပ်ပါနဲ့။ သင့်ရဲ့ စိတ်ရော၊ လူရော၊ အာရုံစိုက် အကုန် လုံး က သင့်ကလေးအပေါ်မှာပဲ ရှိနေပါစေ။ ဒီ ၁၅ မိနစ်မှာ သင့်ကလေးဟာ သင့်ကမ္ဘာရဲ့ ဗဟိုချက်ဖြစ်ပါစေ။

၂။ ကလေးကို ဦးဆောင်ခွင့်ပေးပါ ✅

ဒီအချိန်ဟာ သင်လုပ်ချင်တာကို လုပ်တာမဟုတ်ဘဲ၊ ကလေးရဲ့ကမ္ဘာထဲကို သင်ကဝင်သွားတာပါ။ "သား/သမီး အခု ဘာအလုပ်ချင်ဆုံးလဲ" လို့မေးပြီး သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါ။ သူတို့ကစားချင်တဲ့ ကစားနည်း၊ သူတို့ပြောချင်တဲ့ စကားကိုပဲ အာရုံစိုက်ပေးပါ။ ဒါက သူတို့ကို "ငါက အရေးပါပါလား၊ ငါ့ဆန္ဒကို တန်ဖိုးထားပါလား" ဆိုတဲ့ ခံစားချက်ကို အပြည့်အဝပေးပါတယ်။

၃။ သွန်သင်ဆုံးမခြင်း၊ ပြင်ဆင်ခြင်း မလုပ်ပါနဲ့ ✅

ဒါဟာ အိမ်စာလုပ်ချိန်၊ စည်းကမ်းသင်ပေးချိန်၊
ဆုံးမချိန်မဟုတ်ပါဘူး။

Connection time သက်သက်ပါပဲ။
ကလေးက အရုပ်တွေကို ပုံစံမှားယွင်းစွာ
ဆက်နေရင်တောင် "ဒီလိုမဟုတ်ဘူး၊
ဟိုလိုလုပ်" လို့ ပြင်မပေးပါနဲ့။

သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပြီး
ပျော်ရွှင်စွာ ပါဝင်လိုက်ပါ။

သူတို့ အသက်အရွယ် အတိုင်း
လိုက် နေ၊ လိုက်ကစား စီးမျောပေးပါ။
..................

တစ်နေ့ကို ၁၅ မိနစ်ဆိုတာ
နည်းတယ်လို့ထင်ရပေမယ့်၊
အာရုံစူးစိုက်မှုအပြည့်နဲ့
နေ့စဉ်ပုံမှန်ပေးတဲ့ ဒီ ၁၅ မိနစ်ဟာ

သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုနဲ့
မိဘနဲ့ ကလေးကြားက ရင်းနှီးချစ်ခင်မှုကို
တည်ဆောက်ပေးနိုင်တဲ့ အစွမ်းထက်ဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။

ပြီးပြည့်စုံတဲ့မိဘ၊
အချိန်တွေအများကြီးပေးနိုင်တဲ့မိဘဖြစ်ဖို့
ကြိုးစားမယ့်အစား၊

ဒီ "ရွှေရောင် ၁၅ မိနစ်" လေးကိုပဲ
ပုံမှန်ပြုလုပ်ပေးဖို့ ရည်မှန်းလိုက်ပါ။
ဒါဟာ လုံလောက်ပါတယ်။

သင်ဟာ လုံလောက်တဲ့မိဘတစ်ယောက် ဖြစ်နေပါပြီ။

< Dr.Mie Page မှစာသားများကို သဘောကျနှစ်သက်ပါက မူရင်းပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်။
ကူးယူဖော်ပြခွင့်မပြုပါ။ >

~ 𝐘𝐨𝐮𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫 - 𝐃𝐫.𝐌𝐢𝐞 🎀

#အချိန်ပေးခြင်း

09/10/2025

မီးပိုးကောင် အန္တရာယ် ⚠️

ကျောင်းပိတ်ရက်မှာ activity လုပ်ဖို့ 🤓🟢 အာရုံစူးစိုက်မှုကောင်း🟡 စိတ်ရှည်စေတဲ့အပြင် 🔵 Screen Time လည်း လျော့စေတဲ့ diamond ...
04/10/2025

ကျောင်းပိတ်ရက်မှာ activity လုပ်ဖို့ 🤓

🟢 အာရုံစူးစိုက်မှုကောင်း
🟡 စိတ်ရှည်စေတဲ့အပြင်
🔵 Screen Time လည်း လျော့စေတဲ့ diamond painting

💎 ဘောင်ကျောက်စီ - 1800 ks
💎 ရိုးရိုး - 1200ks
👶 4 yrs & up

04/10/2025

🏮မီးပုံးလေး လုပ်ကြည့်မယ် 🏮

Address


11141

Telephone

+959881882515

Website

Alerts

Be the first to know and let us send you an email when Busy Kidz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Busy Kidz:

  • Want your business to be the top-listed Shop?

Share