Hanwinthu

Hanwinthu Idole လေးတွေ � Han win thu�page ကို လွပ်လပ်စွာ Share န?

24/03/2025

ငလျင်လှုပ်တာကို 🧑‍🦳

ကုတင်လှုပ်တယ်ထင်ပြီး 🥱

ဘေးအိမ်ကအခန်းကို ချောင်းကြည့်မိတယ်🥱

"ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့အမြင် ကောင်းလာအောင် ဘယ်လိုလုပ်မလဲ"🔳 နည်းလမ်းတချို့ မျှဝေရရင်တော့ -📌 ၁။ ကိုယ်ဘယ်လိုလူမျိုး ဖြ...
30/07/2024

"ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့အမြင် ကောင်းလာအောင် ဘယ်လိုလုပ်မလဲ"

🔳 နည်းလမ်းတချို့ မျှဝေရရင်တော့ -

📌 ၁။ ကိုယ်ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတာ အရင်ဆုံး စိတ်ကူးပုံဖော်ကြည့်ပါ။

ဥပမာ ခုလို စိတ်ကူးပေါက်တိုင်း စားချင်ရာတွေ လျှောက်စားနေတဲ့လူ မဟုတ်တော့ဘဲ သွယ်လျကျစ်လစ်ပြီး ကျန်းမာနေတဲ့လူပုံစံမျိုးလား။

📌 ၂။ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေ ပြောပါ။

Positive self-talk လို့ ခေါ်ပါတယ်။ ငယ်ငယ်ကတည်းက အပြစ်တင်စကား၊ အထင်သေးစကားတွေပဲ ကြားနေခဲ့ရသူတွေဟာ Negative self-talk တွေ သိပ်များတတ်ပါတယ်။ အဲဒါကို Counter ပြန်လုပ်ဖို့ပါ။

📌 ၃။ Toxic ဖြစ်တဲ့သူတွေကို ရှောင်ပါ။

ဥပမာ ကိုယ်က အိမ်ထောင်ကွဲထားတယ်။ အဲဒါကြောင့်ဖြစ်တဲ့ သိမ်ငယ်စိတ်ကို ကြိုးစားဖြေဖျောက်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူက နင်က တစ်ခုလပ်နော်၊ အနေအထိုင် အသွားအလာဆင်ခြင်၊ လူပြောစရာဖြစ်မယ် ဆိုတာမျိုး တစ်ချိန်လုံး ပြောနေတယ်ဆို အိမ်ခွဲနေဖို့သာ ကြိုးစားပေတော့ပေါ့။

📌 ၄။ ခက်ခဲတဲ့ အရာတွေကို လုပ်ပါ။

အပေါ်မှာပြောခဲ့သလို၊ ကိုယ်တိုင် တကယ်ကျော်ဖြတ်ဖူးတော့မှ၊ ခက်ခဲတာ တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်ဖူးတော့မှ Self-identity က ကောင်းလာတာပါ။ ဒါကြောင့် Comfort zone ထဲကနေ ထွက်ပြီး တစ်ခုခု လုပ်ကြည့်ပါ။

ပြောမယ်ဆို ဘာသာရေးအရ အဓိဌာန်ဝင်တာတို့၊ Gym ကစားပြီး Six packs ထွက်အောင် လုပ်တာတို့၊ အစာရှောင်တာတို့၊ Crochet ထိုးနည်း၊ ပန်းချီဆွဲနည်း သင်တာတို့ဟာလည်း ဒီသဘောပါပဲ။ ခက်ခဲပြီး ရေရှည်တစိုက်မတ်မတ် လုပ်ရမှာကို ဖြစ်အောင် လုပ်တယ်။ အောင်မြင်တယ်။ ဒီအခါ ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မြင့်တဲ့သူအဖြစ် မြင်လာတယ်။ နောက်ထပ် နောက်ထပ် အခက်အခဲတွေကို ကျော်ဖြတ်ဖို့အတွက်လည်း ယုံကြည်မှု ရှိလာတယ်။

◾Self-identity is dynamic တဲ့။

ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့ ပုံရိပ်ဟာ တရား​သေ မဟုတ်ပါဘူး။ ဘယ်​တော့မဆို ပြောင်းလဲလို့ ရပါတယ်။ ငယ်ငယ်က တွေ့ကြုံခဲ့ရတာတွေကတော့ ပြင်မရတော့ပေမဲ့ ခုလက်ရှိက ကိုယ့်လက်ထဲမှာပဲ ရှိတာပါ။

ဒါကြောင့် Henry Ford ရဲ့ စကားတစ်ခွန်းနဲ့ ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။

“Whether you think you can or you can’t, you are right.”

မင်းလုပ်နိုင်တယ်ပဲ ထင်ထင်၊ မလုပ်နိုင်ဘူးပဲ ထင်ထင်၊ မင်းမှန်ပါတယ်။ ဘာလို့ဆိုတော့ မင်းထင်တဲ့အတိုင်းပဲ ဖြစ်လာမှာမို့လို့ပါပဲ။
အသိပညာတစ်ခု ရကြပါစေ🙏

"မြန်မာကျပ်ငွေ တစ်သိန်းတိတိဖြင့်👇👇👇👇    BMW ကားအသစ်တစ်စီး ရောင်းမည် ” ဆိုပြီးနန်းတော်ကြီးတမျှ ခမ်းနားလွန်းတဲ့ အိမ်ကြီးတစ...
20/08/2023

"မြန်မာကျပ်ငွေ တစ်သိန်းတိတိဖြင့်👇👇👇👇
BMW ကားအသစ်တစ်စီး ရောင်းမည် ” ဆိုပြီး

နန်းတော်ကြီးတမျှ ခမ်းနားလွန်းတဲ့ အိမ်ကြီးတစ်လုံးရဲ့
ခြံတံခါးပေါက်မှာ ကြော်ငြာတစ်ခုကပ်ထားပါတယ်

ဒီကြော်ငြာကို ကျွန်တော် တွေ့နေတာ သုံးလေးလလောက်ရှိနေပါပြီ။ သိန်းထောင်ချီ တန်တဲ့ BMW ကားကို တစ်သိန်း နဲ့ရောင်းမယ်လို့ကြော်ငြာထားတာဖြစ်တဲ့ အတွက် ထူးဆန်းနေတာပါ။

တစ်ယောက်ယောက်က လာနောက်ထားတာလား ?

ဒါမှမဟုတ် ပိုင်ရှင်က စိတ်ဝေဒနာရှင်လား ?
ပုံမှန်မဟုတ်တာတော့ သေချာနေပါတယ်။

ဒါကြောင့် ကျွန်တော့်မိတ်ဆွေတစ်ချို့နဲ့
ဒီကြော်ငြာအကြောင်း ပြောမိပါတယ်။
ဒီအိမ်အကြောင်းသိတဲ့ သူငယ်ချင်းပြောပြတာက

" အိမ်ပိုင်ရှင်အဖိုးကြီး သေသွားတာ မကြာသေးကြောင်း ဒီအိမ်ကြီးမှာ အဖွားကြီး တစ်ယောက်တည်းနေတဲ့အကြောင်း အဖိုးကြီးသေသွားတဲ့အတွက် အဖွားကြီးက စိတ်ဝေဒနာ ခံစားနေရတာဖြစ်နိုင်ကြောင်း ” ပြောပြပါတယ်။

ဒီလိုနဲ့နောက် သုံး,လေးလ ကြာသွားပေမယ့် ကြော်ငြာကတော့ ရှိနေတုန်းပါပဲ။ တစ်နေ့မှာ ကျွန်တော် အဲဒီအိမ်ရှေ့ကဖြတ်သွားတုန်း ခြံထဲမှာ လမ်းလျှောက်နေတဲ့ အဖွားကြီးကို လှမ်းတွေ့လိုက်ပါတယ်။ သူ့ကိုကြည့်ရတာတော့ တကယ့်လူကောင်းအတိုင်းပါပဲ။

ဒါနဲ့ကျွန်တော်လည်း အခွင့်အခါသင့်တုန်းစပ်စုလိုက်ဦး မယ်ဆိုပြီး အဖွားကြီးကိုလှမ်း စကားပြောလိုက်ပါတယ်။

" အန်တီ မင်္ဂလာပါဗျာ ”

" မင်္ဂလာပါ သားရေ ”

" ဟုတ်ကဲ့ပါအန်တီ ကျွန်တော်တစ်ခုလောက်မေးလို့ရမလားဗျာ ”

" မေးလို့ရပါတယ် မေးပါ ”

" ဒီရှေ့မှာ ကြော်ငြာထားတာ တကယ်လားဗျာ”

" ဟုတ်ပါတယ် သားရေ
တကယ်ပါ တကယ်ရောင်းမှာပါ ”

"ဒါဆို အဲဒီကားကို
ကျွန်တော် ကြည့်လို့ရမလားဗျာ ” ဆိုတော့

" ရတယ် အိမ်ထဲ၀င် ” ဆိုပြီး
သူ့ခြံစောင့်ကိုတံခါးဖွင့်ခိုင်းပြီး
ကျွန်တော့်ကို ကားဂိုဒေါင်ဆီခေါ်သွားပါတယ်။
ဂိုဒေါင်ထဲရောက်တဲ့အခါ အ၀တ်နဲ့အုပ်ထားတဲ့
BMW ကားသစ်ကြီးကိုတွေ့လိုက်ရပါတယ်။

" ဒါ ဒါ ဒါကြီးကို တကယ်ရောင်းမှာလား....အန်တီ ”

"ဟုတ်တယ် ရောင်းမှာ”

"တစ်သိန်း ... တစ်သိန်း
မြန်မာငွေ တစ်သိန်းနဲ့ရောင်းမှာ သေချာလား အန်တီ ”

" ဟုတ်ပါတယ်ဆို တကယ်ရောင်းမှာ
မင်း၀ယ်မယ်ဆိုရင် စာချုပ်စာတမ်း အပြည့်အစုံနဲ့
ရှေ့နေခေါ်ပြီး စာချုပ်ချုပ်မယ် ” လို့
စိတ်မရှည်တဲ့ပုံနဲ့ပြန်ပြောပါတယ်။
ကျွန်တော်က အဖွားကြီးကိုအနီးကပ် သေသေချာချာ
လေ့လာကြည့်ပေမယ့် စိတ်ရောဂါသည်ပုံစံ လုံး၀မတွေ့ရတဲ့အတွက်မေးခွန်းတစ်ခုထပ်မေးပါတယ်။

" ဒီကြော်ငြာကို ကျွန်တော်တွေ့နေတာကြာပြီ အန်တီ မဖြစ်နိုင်ဘူးထင်လို့၀င်မမေးဖြစ်တာပါ
တခြားသူတွေရော လာမေးကြသေးလားဗျာ ”ဆိုတော့

သူမက
"အန်တီ ကြော်ငြာထားတာ ၆ လ ကျော်နေပြီ
အားလုံးက မင်းထင်သလိုထင်တဲ့အတွက်
ဘယ်သူမှ လာမမေးကြဘူး မင်းကပထမဦးဆုံးပဲ ”
လို့ပြန်ပြောပါတယ်။

ဒါနဲ့ကျွန်တော်လည်း
မယုံတယုံနဲ့၀ယ်ဖို့ဆုံးဖြတ်လိုက်လိုက်ပါတယ်။
အဖွားကြီးကရှေ့နေခေါ်ပြီးစာချုပ်စာတမ်း အပြည့်အစုံနဲ့ကျွန်တော့ကို လက်မှတ်ထိုး လွှဲပေးပါတယ်။

သိန်းထောင်ကျော်တန်တဲ့ BMW ကားအသစ်ကြီးကို တစ်သိန်းနဲ့ရလိုက်တဲ့အတွက် ပျော်မိတာမှန်ပေမယ့် ဘာကြောင့် တစ်သိန်းနဲ့ရောင်းတာလည်းဆိုတာကို ပိုပြီးစိတ်၀င်စားမိပါတယ်။

ဒါကြောင့် ကားကိုစက်နှိုးပြီး ခြံထဲကထွက်ခါနီးမှာ
ဘယ်လိုမှ မနေနိုင်တဲ့အတွက် မေးလိုက်မိပါတယ်။

"နောက်ဆုံးအနေနဲ့မနေနိုင်လို့မေးခွန်းလေးတစ်ခု
မေးခွင့်ပြုပါ အန်တီ ဒီလိုကားအကောင်းစားကြီးကို
ဘာလို့ တစ်သိန်းတည်းနဲ့ရောင်းရလဲဆိုတာကိုပါ ”

" ထွေထွေထူးထူး မရှိပါဘူးကွယ်
ဆုံးပါးသွားတဲ့အန်တီ့ အမျိုးသားရဲ့ ဆန္ဒပေါ့ကွယ်
သူကဒီ ကားကြီးကိုရောင်းလို့ ရတဲ့ငွေကို
သူ့နောက်မိန်းမကို ပေးရမယ်ဆိုပြီး
သေတမ်းစာ ရေးထားခဲ့လို့လေ ”
-------===================-------
အားလပ်ရက်မှာအပျော်သဘောတင်တာမို့ ဟာသအနေနဲ့သာဖတ်ရှုပေးကြပါရန် ☺☺

လေးစားစွာဖြင့်
😊

18/08/2023

ဘာအဆင့်ရှိလဲမေးရင််❓
ကိုယ့်ပိုက်ဆံကိုယ် ရှာသုံးနိုင်တဲ့💴

အဆင့်တော့ ရှိတယ်.."🤷‍♂️

17/08/2023

"မနက်ဖြန်တွေ"👇👇👇

အသက်ရှင်နေသရွေ့တော့ နေရအုံးမယ် လောကဓံဆိုတာ ဘာလဲမမေးနဲ့ မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက် အခွင့်အရေးပေးပြီးသာပဲမဟုတ်လား
ဘာလို့တွေးပြီး စိတ်ညစ်နေအုံးမှာလဲ...။😋

ဒုက္ခတွေ မရှိရင် သုခဆိုတာဖြစ်မလာပါဘူး🤷‍♂️
နေအပူဓာတ်ကို ကာကွယ်ဖို့အတွက် အများဆုံးတော့ သစ်ပင်တစ်ပင်ရှင်သန် ကြီးထွား နိူင်ဖို့ ရေလောင်းပေါင်းသင် ရတာ နေပူ ပြင် ကပဲမဟုတ်လား...။

ဘဝမှာ စိတ်ညစ်စရာဆိုတာလူတိုင်းရှိကြတယ်❓
နားလည်မှုတွေနဲ့ ဆင်ချင်စဥ်စားပြီး စိတ်အေးအောင် နေရတာပါပဲ...။

ဒုက္ခကြုံလဲ မနက်ဖြန်ဆိုတာရှိ သေး တယ် အဝေးကြီးတွေးပြီး စိတ်ညစ်မနေနဲ့ ဘဝက သင်လိုချင်တိုင်း ရေးလို့ရတဲ့ စာအုပ်တစ်အုပ်မှမဟုတ်တာ အနည်းဆုံးတော့😆🤷‍♂️
ပျော်သလိုနေရမှာပါ❓❓😋

17/08/2023

နေမင်းလို ဘဝ ပိုင်ဆိုင်ထားလို့😄
နေကြာလို ပန်းမျိုးနဲ့မှ အဆင်ပြေမယ်😁

ကိုယ်မှားနေတောင် ကိုယ့်ဘက်မှာ ရပ်မဲ့ လူမျိုး😘
ကိုယ်အဆင်မပြေတောင် ကိုယ်ရှိရာ 🙃
မျတ်နှာမူမဲ့ လူမျိုးပေါ့၊😘

ကိုယ်မေတ္တာတွေ မင်းမြင်နိုင်ရင်😁
ကိုယ့်အလင်းတန်းတွေ မင်းအပေါ် အေးမှာပါ ။😆

17/08/2023

တစ်ချို့လူတွေနဲ့ 🤷‍♂️🤷‍♂️😎
တစ်ချို့ကိစ္စလေးတွေ ကြုံလိုက်ရတဲ့အခါ ....

ချစ်ခင်ရင်းနှီးမှုတွေဟာ အရင်လိုပြန်မဖြစ်တော့ဘူး။
ဆက်ဆံရေးတွေ မပြတ်သွားရင်တောင် မျက်နှာဖုံးအောက်က မျက်နှာတွေကို တွေ့လိုက်ပြီးချိန်မှာတော့
အရင်လို ကိုယ်ရောစိတ်ပါနှစ်ပြီးတော့ မဆက်ဆံဖြစ်တော့ပါဘူး။

တချို့တွေဆို ရှင်လျှက်နဲ့ မဆုံနိုင်အောင် ဝေးကုန်ကြတဲ့ ဆက်ဆံရေးတွေ ဖြစ်သွားကြရတယ် ။

ဒီလိုဖြစ်လာတဲ့အခါ ...
အရာအားလုံးအပေါ် လိပ်ပြာလုံခဲ့သူက စိတ်အေးလက်အေးနဲ့ နောင်တမရှိ
ရှေ့ဆက်လို့ရတယ်။🤷‍♂️

17/08/2023

ဘယ်အရာကိုမှ တွယ်ကပ်မနေဘူး👇
စိတ်ပင်ပန်းလာရင် အကုန်လုံးကို🤷‍♂️
စွန့်လွှတ် ပလိုက်တော့မှာ ။😎

17/08/2023

တွဲတဲ့သူတိုင်းနဲ့ 😗
ပြတ်သွားတဲ့လူကို 😋
မြင်ဖူးချင်ပါတယ်👇
hiပေးပါ ။🤷‍♂️

01/08/2023

လ နဲ့ ကြယ် နဲ့ သာ နီးနေတာပါ👇

ကျနော်နဲ့ ခဗျားကဘယ်တော့မှ👨‍❤️‍👨
နီးမှာ မဟုက်ဘူး။🤷‍♂️

01/08/2023

ပိုင်ဆိုင်ပြီးသားအရာကို😗
ပြန်ပီးငေးကြည့်နေရတာလောက်👇
ရင်နာစရာကောင်းတာမရှိဘူး။😇

01/08/2023

ဆုံးရှုံးခဲ့ရတဲ့👇
အရာတွေထဲက🤷‍♂️
ဘာကိုပြန်လိုချင်လဲ ?🤗

Address

Wakema

Website

Alerts

Be the first to know and let us send you an email when Hanwinthu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hanwinthu:

Share