Golden Heart Diamond Heart

Golden Heart Diamond Heart ဘာများ စိတ်ဝင်စားလို့လဲရှင် reply ပြန်?

Credit original writer/sourcesအိန္ဒိယနိုင်ငံက ဆယ်ကျော်သက် လူငယ်သုံးဦးဟာ  2025 ခုနှစ်မှာခင်ဗျားတို့ ကျွန်တော်တို့ မစဉ်းစာ...
28/04/2025

Credit original writer/sources
အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် လူငယ်သုံးဦးဟာ 2025 ခုနှစ်မှာခင်ဗျားတို့ ကျွန်တော်တို့ မစဉ်းစားနိုင်တဲ့ လျှပ်စစ်မီးမလိုသောရေခဲသေတ္တာကို တီထွင်လိုက်ပါတယ်။ 1960 လောက်က အမိုနီယမ် နိုက်ထရိတ်၊ဆိုဒီယမ်နှင့်ရေကို အချိုးကျကျ ပေါင်းစပ်နိုင်မယ်ဆိုရင် အေးခဲစေနိုင်ပါတယ်။ အဲ့ဒီဖော်မြူလာကို 2025 မှာရေခဲသေတ္တာ ဖြစ်လာအောင် နည်းပညာမြှင့်ပြီးထုတ်လုပ်လိုက်တာပါ။ သူတို့ဟာ 2025 အိုဇုန်းလွှာ မပေါက်နိုင်တဲ့ ကမ္ဘာမြေဆုကို ရရှိခဲ့ပါတယ်။ ရတဲ့ဆုကြေးတွေနဲ့ နောက်ထပ် အလုံး 200 ထပ်ထုတ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လျှပ်စစ်မီးမရတဲ့ဒေသတွေက ဆေးရုံတွေမှာ ဆေးတွေထိန်းသိမ်းဖို့ပါပဲ။ အချိန်တွေကြာလာတာနှင့်အမျှ နည်းပညာတွေတိုးတက်လာပါတယ်။ အဲ့ဒီနည်းပညာတွေကို လူငယ်တွေကပဲ တီထွင်နေကြတာပါ။
ဒါကြောင့် လူငယ်တွေကို ဦးစားပေးပါ။

ဇော်မျိုးဦး

ငလျင် သတိပေးနှိုးချက်Credit photo
10/04/2025

ငလျင် သတိပေးနှိုးချက်
Credit photo

ငလျင်ရဲ့ ခုအခြေနေအရဆို ဒီတိုင်းတစ်ကယ်ဖြစ်နေပြီ။ 🚨🚨ငလျင်တွေဟာ ပြင်းအား တဖြေးဖြေးလျော့ကျသွားရမယ့်အစား ပြင်းအားမြင့်လိုက်နိ...
07/04/2025

ငလျင်ရဲ့ ခုအခြေနေအရဆို ဒီတိုင်းတစ်ကယ်ဖြစ်နေပြီ။ 🚨🚨

ငလျင်တွေဟာ ပြင်းအား တဖြေးဖြေးလျော့ကျသွားရမယ့်အစား ပြင်းအားမြင့်လိုက်နိမ့်လိုက်ဖြစ်နေတာကြီးကို ဘဝင်မကျနိုင်ဘူး။ စိုးရိမ်စရာကြီးဖြစ်နေတယ် ။ တကယ်နားလည်တဲ့ဘူမိဗေဒ ပညာရှင်တွေ၊ သုတေသနပညာရှင်တွေ ရဲ့ သုံးသပ်ခန့်မှန်းချက်တွေ အရေးတကြီး လိုအပ်နေတယ် ။
===========================
ငလျှင်ကြီး တစ်ခုပြီးတိုင်း aftershocks ငလျှင်ငယ်တွေလာတယ် ။ ဒါထုံးစံ ၊ အဲ့မှာမှ ၂ မျိုးထပ်ခွဲတယ် ။
1. ပုံမှန် aftershocks ( အန္တရာယ်မရှိ)
2. ပုံမှန် မဟုတ်တဲ့ Aftershocks ( အန္တရာယ်ရှိ)

1. ပုံမှန် Aftershocks တွေဆိုတာ ငလျှင်ပြီးတဲ့အခါ နောက်ငလျှင်အသေးတွေမှာ ပြင်းအားတဖြည်းဖြည်း လျော့ကျလာမယ်။ ပြီးရင် တစ်ခုနဲ့ တစ်ခုကြား လှုပ်တဲ့အချိန် တဖြည်းဖြည်း ဝေးသွားမယ်။ ဥပမာ နာရီဝက်ခြားကနေ ၁ နာရီခြားတခါ ၊ အဲ့ကနေမှ ၂ နာရီခြားတစ်ခါ ။ ဆိုလိုတာက ပြတ်ရွေ့ကတဖြည်းဖြည်း တည်ငြိမ်စပြုလာတယ် ။ ပြီးရင် ပြန်ငြိမ်ကျသွားမယ်။ အန္တရာယ် မရှိတော့ဘူး။

2. ပုံမှန်မဟုတ်တဲ့ Aftershocks တွေဆိုတာ ကျတော့ ခုလို 7.7 ပြီးသွားတဲ့အခါ ၊ ငလျင်ငယ်တွေက ပြင်းအားမတည်ငြိမ်ဘူး 2.3M နဲ့လှုပ်မယ် ပြီးကျ 4.3 M နဲ့လှုပ်မယ် တခါ 3.0 ထပ်လှုပ်မယ်။ ပြီးကျ လှုပ်တဲ့အချိန်တွေက တောက်လျှောက်စိတ်နေမယ် ။တခါတလေ ၁ နာရီလောက်ကြာမယ် ။ ပြီးကျ ၁၀ မိနစ်ခြားတခါ ၁၅ မိနစ်ခြားတခါပြန်လှုပ်မယ်။ ဒါ့အပြင် 4.M ကျော်တွေ 5.M အကျော်တွေကလည်း ကြားထဲလှုပ်ဦးမယ်ဆိုရင် ဒါတအားစိုးရိမ်ရတဲ့ အနေအထားဖြစ်သွားပြီ။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် ပြတ်ရွေ့ကြီး မတည်ငြိမ်နေဘူး။ အဆိုးဆုံး ဘာဖြစ်နိုင်လဲဆိုရင် အစောပိုင်းလှုပ်ခဲ့တဲ့ 7.7 Mဆိုတာ အဓိကငလျှင်တောင်မဟုတ်ဘူး။ အဲ့တာ ရှေ့ပြေးငလျင်ကြီး ဖြစ်နိုင်တယ် ။ အဲ့တာအမှန်ပဲ.. ။

တစ်ခုရှိတာက စစ်ကိုင်းပြတ်ရွေ့က ဟိမဝန္တာတောင်တန်းတွေက စတယ် ။ မုတ္တမကွေ့နားမှာ ဆုံးတယ်။ အရှည် ကီလိုမီတာ ၁၂၀၀ ကျော်ရှိတယ် ။

အန္တရာယ်အရှိဆုံးက မုတ္တမကွေ့။ သူကျ စစ်ကိုင်းပြတ်ရွေ့နဲ့ တခြားပြတ်ရွေ့တွေလာပေါင်းတဲ့တဲ့ zone ။ အဲ့တော့ အဲ့ဒီနေရာသာ ထလှုပ်ရင် အနည်းဆုံးက 8M ပဲ။ ဖျာပုံ နားက လှုပ်တဲ့ ငလျှင် 5.0M ဆိုရင်လည်း Indian Plate နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တိုးဝှေ့မှူ ဖြစ်နေတယ် ဆိုတာ ပြတာပါ။ ထိုင်းကပြတဲ့ video အတိုင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်မြေသားတွေက မြောက်ဘက်ကိုတိုးနေပြီး အရှေ့ဘက်မြေသားတွေက တောင်ဘက်ကို တိုးနေပါတယ် ။ ဆူနာမီ အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ ကျ‌နော်တို့ ရန်ကုန် သတိကြီးကြီး ထားဖို့ လိုပါပြီ။ အဲ့တာက စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုပ်ရှားမှုဟာ တခြားပြတ်ရွေ့တွေကိုပါ အကျိုးသက်ရောက်စေတယ် ဆိုတဲ့ သဘောပါပဲ။ အန္တရာယ် အရမ်းရှိနေတဲ့ အခြေအနေပါ။

ဆက်ပြင်းမလား အားပျော့လာမလား ဒါတော့ ဘုရားပဲသိပါမယ် ။

ငလျှင်ကို လူသားတွေ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကြိုသိတဲ့ သတ္တဝါတွေရှိပါတယ် ။

ခွေး၊ ကြောင် ( အနည်းလေး ၁၅ မိနစ်ကနေ ၅ မိနစ် ကြိုသိကြတယ် ။ သူတို့ အမူအရာ မူမမှန်တော့ရင် ပြေးလွှားနေရင် သတိထားပါ။ ငလျှင်မလာခင် အရင်လာတဲ့ မီသိန်း အနံ့ကို သူတို့ကြိုရလို့ပါ။)

ငှက်များ ( အနည်းလေး နာရီဝက် နဲ့ ၁၅ မိနစ် ကြိုသိကြပါတယ်။ ငလျှင်ရဲ့ တုန်ခါမှူ ကို ခံစားရလို့ပါ။ ငှက်အော်သံတွေ ဆူညံလာရင် ပြေးဖို့ပြင်ပါ)
မြွေ ( ငလျင်ကို အစောဆုံးကြိုသိနိုင်တဲ့ကောင်ပါ။ ၃ ရက်ကြိုသိပါတယ်။ ငလျှင်လာခါနီး မြွေတွေ အများကြီး မြေကြီးပေါ် တတ်လာတတ်ပါတယ်။ )

ကြိုတင်ပြင်ဆင်မှု

1. ငလျှင်လှုပ်ပြီလို့ သိတာနဲ့ ပြေးဖို့ ကံမကောင်းရင် စက္ကန့် ၃၀ ၊ ကံကောင်းရင် ၁ မိနစ် အချိန်ရပါတယ်။ ရန်ကုန်လို အနေအထားနဲ့ကတော့ ဘယ်အောက်မှ မဝင်ပါနဲ့ ပြေးပါ။ ခုကတည်းက ငါဘယ်နားပြေးရင် အဆောက်အဦး ၊ ဓါတ်ကြိုး ၊ တွေနဲ့ လွတ်မလဲ ကြိုစဉ်းစားထားပါ။ ကြောက်လန့်ပြီး ထိုင်ချ နဲနဲငြိမ်မှ ထပြေးတဲ့သူတွေ အန္တရာယ်အများဆုံးပါ။ သူတို့အထွက် တိုက်အပြိုပါပဲ။ ဒါမဟုတ်လဲ ကြောက်ပြီး ထိုင်နေရင်း ပိသွားတာပါပဲ။

2. အရေးပေါ်အိတ် အိမ်တိုင်းပြင်ထားပါ။ မြင်သာတဲ့နေရာမှာ ရေတစ်ဗူး ထောင်ထားပါ။ သိမ့်ခနဲဖြစ်ရင် လှမ်းကြည့် ရေလှုပ်တာနဲ့ တန်းပြေးပါ။ အထပ်မြင့် ကွန်ဒို နေတဲ့သူတွေ ၊ အမြန် မဆင်းနိုင်တဲ့ လူကြီးတွေ ဆိုင်ကယ်စီး ဦး ထုတ် ကောင်းကောင်းဆောင်ထားပါ။ မွေ့ယာ ၂ ထပ်နဲ့အိပ်ပါ။ တဖက်ကို အသေချုပ်ထားပါ တဖက်ကို အဖွင့်ထားပါ ။ အရေးအကြောင်းဆို ဆိုင်ကယ်စီး ဦးထုတ်စွပ် ၊ မွေ့ယာ ၂ ခုကြား မှောက်ရက်အနေအထားနဲ့ငြိမ်သာနေလိုက်ပါတော့ ။ ပြိုကျသွားတောင် ပြေးဆင်းတာထက် အသက်ရှင်ဖို့ chance များပါတယ် ။ မဖြစ်မနေ ပြေးဆင်းရလည်း ဦးထုတ်ပါတော့ ပို safe ဖြစ်ပါတယ် ။

3. ဓါတ်လှေကား မသုံးပါနဲ့ ။ မီးပျက်တာနဲ့ ရောက်တဲ့နေရာ ရပ်ပြီး ပြိုတဲ့အထဲ ပါသွားမှာပါ။ ကားမသုံးပါနဲ့ ။ ကိုယ့်လို ကားသုံးတဲ့ကောင်တွေများပြီး ကားပိတ်တဲ့နေရာမှာ အထပ်မြင့်ပြိုရင် အုပ်လိုက်ပါသွားမှာပါ။

4. လမ်းပေါ်အခြေအနေဆိုးပြီး ပြေးပေါက်ရှာမတွေ့ရင် အမှိုက်ပုံ ၊ အမှိုက်ကန်ထဲ ဒိုင်ဗင်ပစ်ဝင်ပါ။ နဲနဲ နံနိုင်ပေမယ့် အမှိုက်အိတ်စုံက သင့်ကို air bag တွေလို ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ် ။

5. ငလျှင်ဟေ့ ဆိုတာနဲ့ ထပြေးပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပြေးသာပြေးပါ။ တကယ် ဟုတ်ခဲ့ရင် လွတ်ပါမယ် ။ မဟုတ်ခဲ့ရင် အစမ်းလေ့ကျင့်ရာ ရောက်ပါတယ် ။ နောက်တခါ ဘယ်လိုပြေးရင် ပိုမြန်မယ် ။ ဘယ်နေရာ သွားထိုင်ရင် ဘေးပိုကင်းမယ် ဘာညာ ကိုယ့်ဘာသာ ပြင်ဆင်လို့ရပါတယ် ။ သူများနိုင်ငံမှာ ကလေးဘဝကတည်းကသင်ရတာပါ။ ကိုယ်တွေက အခုလေ့ကျင့်ကြတာပေါ့။

6. ဘယ်သူဘာပြောနေနေ အိပ်ရေးဝအောင်အိပ်ပါ။ စားစရာရှိတာစားပါ။ ကူနိုင်တာ ကူပါ။လာမယ့်ဘေးဆို .. တွေးကြောက်နေလို့အပိုပါပဲ။ ပြေးဖို့နေရာ တွေးထားတာရှိပြီ။ အရေးပေါ်အိတ် ပြင်ထားပြီ။ Earthquake alarm ON ထားပြီ။ (Phone Silent လုပ်မထားပါနဲ့)ရေဗူးထောင်ထားမယ်။ အဲ့တာဆို စိတ်ချလက်ချအိပ်ပါ။
ဒါမှ သူများကပြေးဟေ့ဆို အားနဲ့ ပြေးနိုင်မှာပါ။စဉ်းစားလို့ရတာ ထပ်ဖြည့်ပါမယ်။
Credit
# ဘယ်သူ့ခန့်မှန်းချက်လည်းတော့မသိဘူး copy ယူလာတာ

အိမ်အလုံး၃၀ မြေကြီးထဲဝင်သွားတာတဲ့၊ဘယ်သူမှမသိတဲ့ "ပုလိပ်မြို့နယ်ထဲက စိတ္တရကျေးရွာ" တချို့နေရာတွေမှာ ရွာလုံးကျွတ် နစ်ဝင်သွ...
06/04/2025

အိမ်အလုံး၃၀ မြေကြီးထဲဝင်သွားတာတဲ့၊
ဘယ်သူမှမသိတဲ့ "ပုလိပ်မြို့နယ်ထဲက စိတ္တရကျေးရွာ"
တချို့နေရာတွေမှာ ရွာလုံးကျွတ် နစ်ဝင်သွားတာမျိုးတွေရှိကြတယ်တဲ့

အလှူရှင်များကူညီကြပါဦး🙏🙏🙏
ဒီနေရာလေး ဟုတ် မဟုတ် စုံစမ်းပြီး ဟုတ်ရင် ကူညီပေးကြပါဦး မြင်ရတာစိတ်မ
ကောင်း😞
#ပြန်လည်ကူးလာတာပါ

Credit original owner
photo

29/03/2025

ဘေးကင်းကြပါစေ

12/03/2025

စျေးရောင်းပြီး‌‌တော့ အောင်မြင်နေတဲ့သူတွေရဲ့ နာမည်တွေကိုကြည့်လိုက်တော့

ရဲလေးမ၊ ဝိုင်းခြုံမ၊ ဖက်တီးမ တဲ့
နင်တို့စျေးသည်တွေနာမည်မပြောင်းသေးဘူးလား??? ဆိုလို့

ကဲ ပြောင်းတော့မယ် ဘာပြောင်းရင်ကောင်းမလဲ။
#စုစုမ လား
#တီတီမ လား
#ရွှေစုမ လား😄(လက်တွေ့မှာတော့ မစုနိုင်တဲ့ပြင် ရှိတာပါ ထွက်ပြေးနေတာ😃)

ကဲ #ဘာမ ရမလဲသာ အကြံပြုကြဦး

04/03/2025

ที่อยู่

Mae Sot

เบอร์โทรศัพท์

+959973829370

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Golden Heart Diamond Heartผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Golden Heart Diamond Heart:

แชร์