Crazy Ladybug

Crazy Ladybug My letters to you 💌

05/05/2026

ကိုကိုရေ သိလား
ချစ်တယ် ဆိုတာထက်လေ

အနားမှာအချိန်တိုင်း ရှိပေးချင်တယ်။
ညနေစောင်းချိန်မှာ လမ်းလျှောက်ထွက်ကြမယ်။
သဘာဝတရားကြဆီ အလည်အပတ်ထွက်ရင်း စကားတွေပြောမယ်။
ပျင်းနေတဲ့ ကိုကို့ကို ဂျီကျပြီး အပြင်ကိုဆွဲခေါ်ရင်း
စားကောင်းတာလေးတွေ တူတူစားကြမယ်။
ပင်ပန်းတဲ့ခါတိုင်း ဖွင့်ပြောမပြရင်တောင်သိနေတာမို့
ဖက်ထားပေးချင်တယ်။
ဝါသနာလေးတွေတူတူလုပ်ရင်း တစ်ခါတလေ အဓိပ္ပာယ်မဲ့ နေတက်တဲ့ အချိန်တွေကို memories လေးတွေအဖြစ်ပြောင်းမယ်။
စကားတွေ မပြောချင်တဲ့ခါတိုင်း ငြိမ်ငြိမ်လေးနေပြီး
ပြန်ပြောကြတဲ့အခါ ပွင့်လင်းကြမယ်။
ရန်တွေဖြစ်မိခဲ့ကြရင် တစ်ယောက်တစ်လှည့် ပြန်ခေါ်ကြမယ်။

စိတ်ညစ်စရာဆို မပြောချင်တဲ့ ကိုကို့ ကို ဘေးမှာထိုင်စနောက်ရင်း ရီမောစေချင်တယ်။
ကိုကိုက အားနာတက်မှန်းသိပေမဲ့ ပြောစကားနားထောင်မှာမို့ အားမနာတမ်း ဆူငေါက်စေချင်တယ်။

သူငယ်ချင်းဖြစ်ပေးမယ် ၊ မိသားစုဖြစ်ပေးမယ်။
မယုံကြည်တက်တဲ့ ကိုကို့ကို သူကလွဲပြီး ဘယ်သူ့မှ ခေါင်းထဲတောင်မရှိကြောင်း ပြောပြချင်သေးတယ်။
မိသားစုချစ်တက်တဲ့ ကိုကို့ကို သူလိုချင်တဲ့ ဘဝလေးဖန်တီးပေးချင်တယ်။
သူ့ဘေးမှာနေပေးမဲ့သူတစ်ယောက်ရှိကြောင်း သိစေချင်တယ် ။

အများကြီးပဲပေါ့ ~~

စိတ်ကူးတွေက ဖြစ်လာနိုင်ပါ့မလားမသိပေမဲ့ ကြိုးစားဖို့ အခွင့်အရေးရတဲ့အခါ အဆုံးထိ ကြိုးစားကြည့်ချင်သေးတယ်။

ချစ်တဲ့အကြောင်းတွေ ပြောပြတဲ့အခါ ပြုံးပြုံးလေးပဲ ကြည့်နေမိခဲ့တယ်။ပြောပြချင်တာပေါ့ စတွေ့ကတည်းက ခုန်ခဲတဲ့ ရင်ခုန်သံတွေဆံဖျာ...
07/12/2025

ချစ်တဲ့အကြောင်းတွေ ပြောပြတဲ့အခါ ပြုံးပြုံးလေးပဲ ကြည့်နေမိခဲ့တယ်။

ပြောပြချင်တာပေါ့
စတွေ့ကတည်းက ခုန်ခဲတဲ့ ရင်ခုန်သံတွေ
ဆံဖျားကနေ ခြေဖျားထိ သဘောကျပါကြောင်းနဲ့
အပြုအမူသေးသေးလေးတွေကအစ နွေးထွေးမှုကို ခံစားရလွန်းလို့ အရမ်းချစ်မိပါကြောင်း။

သဝန်တိုတယ် ၊ ပိုင်ဆိုင်ချင်တယ်
ဒီအမျိုးသားလေးက ချစ်ရသူလေးပါလို့ပြောချင်တယ်။
သေချာတာပေါ့ တစ်လောကလုံးက မနာလိုအောင်ထိ ချစ်တက်တယ်။

မချွဲနွဲ့မိတဲ့အခါ ၊ တီတီတာတာလေးတွေမပြောတဲ့အခါ
စကားပြောတာတွေ ပြတ်သားမိတဲ့အခါ ခွင့်လွှတ်ပါလို့ပြောချင်တယ်။
မျှော်လင့်ချက်နဲ့ ​ရယူမိချင်လွန်းတဲ့ စိတ်ကို စကားတွေနဲ့ ထိန်းမှရမှာမို့လိုပါ။

တစ်နေ့တော့ ပြောခွင့်ရခဲ့ရင် ချစ်ရပါကြောင်းတွေ ပြောပြချင်သေးတယ်။

မကမ်းပေးခဲ့ဖူးတဲ့ လက်တစ်စုံကို ဆုတ်ကိုင်မိတဲ့အခါဘယ်အချိန်လွတ်သွားမလဲလို့ စိုးရိမ်စိတ်ကြောင့် အရိပ် တကြည့်ကြည့် ခြေလှမ်းမ...
03/12/2025

မကမ်းပေးခဲ့ဖူးတဲ့ လက်တစ်စုံကို ဆုတ်ကိုင်မိတဲ့အခါ
ဘယ်အချိန်လွတ်သွားမလဲလို့ စိုးရိမ်စိတ်ကြောင့်
အရိပ် တကြည့်ကြည့် ခြေလှမ်းမြန်မြန် ပြေးလိုက်မိခဲ့တယ်။

တင်းကျပ်စွာလဲ ဖမ်းဆုတ်မထားရက်ခဲ့ဖူး
ဆွဲခေါ်ပေးပါလို့လဲ တောင်းဆိုဖို့ အခွင့်အရေးမရှိခဲ့ဖူး

အချိန်လေးတစ်ခုပေါ့ ပြေးလိုက်ရတာမောတဲ့အချိန်
ဒါမှမဟုတ် ဆွဲခေါ်ချင်တဲ့ လက်တစ်စုံ ရှိလာတဲ့အချိန်

ထပ်ပြီး ဆုတ်ကိုင်မထားတော့ဖို့ကြိုးစားရင်း
​ဆုတ်ကိုင်မိတဲ့လက်ကို ဖြုတ်မချခဲ့လို့ ကျေးဇူးတင်ရင်း

နေရာလေးတစ်ခုမှာ ရပ်နေရင်းပေါ့။

To ~ my Dearest, 🤎အချစ်ကို စာလွှာ လေးတွေအဖြစ် ရေးပို့လို့ရရင် တစ်ကမ္ဘာလုံးက စာတိုက်တွေမလုံလောက်နိုင်သလိုရေးလို့လဲ ပြီးဆု...
01/12/2025

To ~ my Dearest, 🤎

အချစ်ကို စာလွှာ လေးတွေအဖြစ် ရေးပို့လို့ရရင်
တစ်ကမ္ဘာလုံးက စာတိုက်တွေမလုံလောက်နိုင်သလို
ရေးလို့လဲ ပြီးဆုံးနိုင်မှာမဟုတ်ဘူး ။

မင်းအတွက်ရည်ရွယ်တဲ့ မေတ္တာတွေဟာလဲ
စကားလုံးတွေနဲ့ ဖော်ကျူးပြရုံနဲ့ မပြည့်စုံနိုင်ဘူး ။

ချစ်ခြင်းမေတ္တာတွေကိုကျော်လွန်ပြီး
သံယောဇဥ်တွေနဲ့ပါ ချည်နှောင်မိပြီထင်မိပါတယ်။

အတ္တတွေပါတဲ့အချစ် ကြားရတာ ရင့်ပေမဲ့ ပြောပြချင်ခဲ့တဲ့ သူ့ကို တန်ဖိုးထားရပါကြောင်းတွေသူ့ မျက်နှာညိုးရင် ကျွန်မကမ္ဘာကြီးပျက...
24/10/2025

အတ္တတွေပါတဲ့အချစ် ကြားရတာ ရင့်ပေမဲ့
ပြောပြချင်ခဲ့တဲ့ သူ့ကို တန်ဖိုးထားရပါကြောင်းတွေ

သူ့ မျက်နှာညိုးရင်
ကျွန်မကမ္ဘာကြီးပျက်ရပါကြောင်း

သူ့အပြုံးနဲ့ပဲ
အရာအားလုံးကိုခွင့်လွှတ်ပေးနိုင်ကြောင်း

သူ့အပြုအမူတွေက
ကျွန်မတွက်မဟုတ်ဘူးလို့ တွေးမိရင်

အစကတည်းက အတ္တတွေနဲ့ပဲ ချစ်ခဲ့မိဖို့ ကြိုးစားမိရင်
အတ္တကြီးစွာ လက်လွှတ်နိုင်မယ်ထင်တယ်။

လက်လွှတ်ပေးပြီးသား မေတ္တာတရားတွေကလဲ အမြဲအေးချမ်းနေတာတော့မဟုတ်ဘူးဆိုတာ သိရတဲ့အခါ
နောက်ကျသွားနှင့်ပြီ။

ကိုရေ ကို အောင်မြင်တဲ့ချိန်၊ ပျော်နေတဲ့အချိန်မှာ ကျွန်မက ဘေးမှာရှိနေချင်မှရှိနေနိုင်မယ် ကံကြမ္မာဆိုတာ ကြိုသိနိုင်တာမှမဟု...
21/10/2025

ကိုရေ
ကို အောင်မြင်တဲ့ချိန်၊ ပျော်နေတဲ့အချိန်မှာ
ကျွန်မက ဘေးမှာရှိနေချင်မှရှိနေနိုင်မယ်
ကံကြမ္မာဆိုတာ ကြိုသိနိုင်တာမှမဟုတ်ပဲလေ။
ဘေးမှာရပ်နေမဲ့သူက ကျွန်မမဟုတ်တာလဲဖြစ်နိုင်တာပဲ​။

တစ်ခုပဲ
ကိို စိတ်ဓာတ်ကျနေချိန်၊ အထီးကျန်နေချိန်တွေမှာတော့
မိုင်တွေများစွာဝေးနေခဲ့ရင်တောင် ကျွန်မဆိုတဲ့ အရူးမက နည်းလမ်းပေါင်းစုံနဲ့ ကို့ ဘေးကိုအရောက်ပြေးလာမှာ
ကို့ဘေးမှာ ဆိုင်သူမရှိခဲ့ရင်ပေါ့လေ။

သေချာတာက
ကို ကျွန်မကို လိုအပ်နေသရွေ့ ဆိုင်သူရှိခဲ့ရင်တောင်
မှန်ကန်တဲ့ စည်းဘောင်အတွင်းကနေ ကို့ရဲ့ ဆိုင်သူကိုပါမေတ္တာထားနိုင်ဖို့ ကျွန်မကြိုးစားမိလိမ့်မယ်။
ကိုက ကျွန်မအတွက် တန်ဖိုးထားရတဲ့ လူသားမို့ပါ။

ပန်းရွှေကြာရယ် အမြတ်တနိုးထားသော်ငြားလဲ သူ့ရပ် ၊ သူ့အညာ၊ သူ့နေရာ မသင့်ပြန်တော့ ကြံကြံမခိုင်သာ နွမ်းရရှာ စွန့်ပစ်ရန်မဝံ့သာ...
09/10/2025

ပန်းရွှေကြာရယ် အမြတ်တနိုးထားသော်ငြားလဲ
သူ့ရပ် ၊ သူ့အညာ၊ သူ့နေရာ မသင့်ပြန်တော့
ကြံကြံမခိုင်သာ နွမ်းရရှာ စွန့်ပစ်ရန်မဝံ့သာ
မြတ်နိုးသူရင်မှာ လွမ်း၍သာကျန်ခဲ့ပြန်ပေါ့
တမ်းတကာ တွေးမိသည်က မှားသွားလေသလား ။

သို့/တန်ဖိုးထားရသူရေအချိန်တွေကို နောက်ပြန်ရစ်လို့ရခဲ့ရင်တောင်နှစ်ခါမစဥ်းစားပဲ မင်းကိုပဲ ဖမ်းဆုပ် ထားဦးမှာကိုယ်မရချင်တဲ့...
25/08/2025

သို့/
တန်ဖိုးထားရသူရေ
အချိန်တွေကို နောက်ပြန်ရစ်လို့ရခဲ့ရင်တောင်
နှစ်ခါမစဥ်းစားပဲ မင်းကိုပဲ ဖမ်းဆုပ် ထားဦးမှာ
ကိုယ်မရချင်တဲ့ နောင်တတွေထဲက တစ်ခုက
မင်းလက်ကို မဆွဲလိုက်မိတဲ့ နောင်တမို့
အကြိမ်ကြိမ် ဆွဲထားမိတဲ့အခါ ခွင့်မလွှတ်ပါနဲ့

Address

Taunggyi

Telephone

+959975787070

Website

Alerts

Be the first to know and let us send you an email when Crazy Ladybug posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share