Mingo

Mingo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mingo, Maymyo.

04/08/2024

"ကွဲပြားသည်ပါ"
အို…လောက၊သောက
သတစ်လုံးသာကွဲ၊အလွန်တာသွားမြဲ
အို…ဒုက္ခ၊သုခ
သတစ်လုံးသာကွဲ၊အလွန်တာသွားမြဲ
အို…ကွဲပြားကာလ
အသင်လူရယ်…အသင်နေရစမြဲပါပဲ
လက်ခံလိုက်ပါ…အသင်လူရယ်။
BT Jacob

28/04/2024

လူတွေကရူးတယ်ဗျ သိလားတော့မသိဘူး
လာပြန်ပြီ သောက်ပေါစာတွေရေးတော့မယ်
ဟုတ်တယ်မလားပြောနေပြီ… ကယ်ပါ ကယ်ပါ
ပြောချင်တာက
ငါတိုဘုရားသခင်ကိုကိုးကွယ်မှ ဘုရားကဆုချမှာ
အဲ့လိုတွေအရမ်းကျင့်သုံးတယ် တကယ်တော့
ဘုရားသခင်ကလူတိုင်းကို ဦးနောက်ပေးထားတယ်
လူ့ဦးနောက်က ကောင်းမကောင်းသိကျွမ်းရာအပင်လိုပါပဲ။ လုပ်သင့်တာကိုလုပ်ပြီး ဦးစားပေးသင့်တာ
ဖြစ်သင့်တာ နားလည်ပေးသင့်တာ ဂရုစိုက်ပေးသင့်တာ
ကြင်နာပေးသင့်တာတွေ ပေးရမယ်။
ဒါပါပဲ
BT Jacob

23/04/2024

ရုတ်တရက်ကြီး ခွဲခွါချိန်ဆိုရင်တော့
ရင်ပတ်ထဲဟာတာတာကြီးပေါ့
ဒါပင်မဲ့လည်း ဒါတွေဟာ လောကရဲ့နိယာမတွေပါပဲ။
ဒီနိယာမတွေကို မခံစားဘဲ နားလည်အောင်လုပ်ရမှာက
ကြုံတွေ့ရသူတာဝန်ပါ။

တိုက်ကြက်ကြီးခဗျားတို့ဒီစာဖတ်တော့ဟ ဘာလား ဒီစာကြီးကခေါင်းစဉ် အစလာတည်းကငစားတစ်ကောင်ရေးထားတာလားထင်မယ်။ဟုတ်တယ် လူတစ်ယောက်ရဲ့...
22/03/2024

တိုက်ကြက်ကြီး

ခဗျားတို့ဒီစာဖတ်တော့
ဟ ဘာလား ဒီစာကြီးကခေါင်းစဉ် အစလာတည်းက
ငစားတစ်ကောင်ရေးထားတာလားထင်မယ်။
ဟုတ်တယ် လူတစ်ယောက်ရဲ့ စားနေတဲ့ဦးနောက် (စား=ငပေါ၊သောက်ပေါ) ကဖြစ်လာတဲ့ စာမို့လို့
ပေါပေါပဲပဲ ပဲရေးမယ်။
တခြားဆရာရေးဆရာတွေလို့ ကဗျာအဖွဲ့အနွဲ့တွေနဲ့လည်း ဖွဲ့ဖို့အာရုံမလာဘူး။ (စာရေးဆရာလည်းမဟုတ်ဘူး)
ပြောချင်တာကတော့ဗျာ…
ခဗျားတို့ဘဝကြီးက ဘယ်ကကောင်ကြီး
ဘယ်ကလာတဲ့လူကြီးတွေဖြစ်နေဖြစ်နေ လူကြီးသားသမီးကြီး ဆင်းရဲနေတဲ့ကောင် သာမန်လူလတ်တန်းစားကောင်ကြီးဖြစ်နေပါလေ့စေ။
ဘာကြီးဖြစ်နေဖြစ်နေပေါ့ဗျာ…
ခဗျားတို့က ကြက်ကလေးတစ်ကာင်လိုအုပ်ဆောင်းထဲမှာ ရှိကိုရှိနေဖူးမှာပဲ ကျွန်တော်အပါအဝင်ပေါ့
ကယ်ထားပါ
ကြက်ဝိုင်းတပွဲကိုဥပမာတင်ပြောမယ်
ဟာ ဟိုတိုက်ကြက်ကြီးကဘယ်နေ့က
ဘယ်ကြက်ကြီးကို ဘယ်လိုဗျင်းထလိုက်တာ
ဘယ်လိုဗျင်းနေတာ အာပါးပါး တစ်ချက်ထဲနဲ့ဗျာ
မှောက်သွားတာ သွေးတွေကိုထွက်လို့
အေဒါပင်မဲ့
အဲ့တိုက်ကြက်ကြီးဘယ်လောက်ကြီးကြမ်းကြမ်း
သူက သူ့သခင် ထိန်းချုပ်တာ(control)နေရတာ
သူဘဝက တချိန်လုံး သူ့သခင်ရဲ့ လောင်းကစား
တိုက်ပွဲကြီးထဲမှာအချိန်ကုန်နေတာ
တိုက်ကြက်ပွဲပြီးတော့ အုပ်ဆောင်းလေးထဲ
ရော့အင့်ဆိုပြီး ဖုံးထားမှာ
တိုက်ကြက်ကြီးဘယ်လောက်ဖြစ်ဖြစ်
အုပ်ဆောင်းကြောက်တဲ့ကြက်ကရှိကိုရှိတယ်လို့ကြားဖူးတာပေါ့ဗျာ တိုက်ကြက်သမားတွေလုပ်ရက်ကတော့ မသိတဲ့သူရှားရှားပေါ့ ရှုံးတဲ့ကြက် ချက်စားပစ်မယ်
ဒါပဲ အဲ့ကြက်တစ်နေ့နေ့ လောင်းကြေးကြီးတာ
ရှုံးကြည့် ဟင်းအိုးထဲရောက်
ဒါပြီး အရက်နဲ့အမြည်းခံရမှာ
ဒီလိုပါပဲ ကျွန်တော်တို့ဘဝထဲက
ဘယ်လောက်ကြီးသောက်ရမ်းတော်တော်
လောကဒဏ်လှိုင်းကြီးဆိုတဲ့ ကောက်ရိုးပုံပမာလောက်ရှိတဲ့ သောက်ပြဿနာကြီးတွေလိုကြီးဖုံးဖိလာရင်တော့ ဂိကောင်းဂိမှာ။ ဒါပင်မဲ့ ကျွန်တော်တို့တွေက ခုဏက ကြက်လိုမဟုတ်ဘူး လူဗျ။
လဲကျရင်တောင်ထနိုင်တယ် ကျပ်ပြည့်တဲ့ သတ္တဝါတွေ (ကိုယ့်ကိုယ်ကိုယ် ကျပ်မပြည့်ဘူးမခံယူရင်တော့ ဘယ်တတ်နိုင်မှာ) ဒီလောကဒဏ်ကြီး
တဖိမ်းဖိမ်းနဲ့ ဗျင်းတာကိုခံနိုင်ရမှာ
မခံနိုင်ရင် လောကသမုဒ္ဓရာကြီးရဲ့လှိုင်းလုံးအောက်မှာပဲ ဘဝကြီးကသေသွားမှာ။
အဓိက ကဘယ်လောက်စိတ်ညစ်စရာကြီးလာလာ
ခင်ဗျာရဲ့ ချစ်ရဆုံး အမျိုးထဲကတစ်ယောက်သေသေ
ခင်ဗျာ ရဲ့သံယောဇဉ်တွေ (သံယောဇဉ်ကတော့အစုံပေါ့ဗျာ သက်မဲ့ကော်သက်ရှိကော်ပါတယ်) ဆုံးရှုံးရဆုံးရှုံး ရခင်ဗျာ ကခင်ဗျာလမ်းပေါ်မှာရှိနေသေးတုန်း
ဟိုကသူဟာသူအချိန်တန်လို့ သူနဲ့တွေဆုံရတဲ့ရက် သူ့ရဲ့နောက်ဆုံးနေ့ရက်ဖြစ်နေတာ
ခင်ဗျာ နဲ့ဘားမှ ကိုမဆိုင်တော့တာ
ဘဝလှေပေါ်မှာ ခင်ဗျာတစ်ယောက်ထဲ
လှော်တက်ကလည်း ခင်ဗျာ လက်ထဲမှာ
ခင်ဗျာ မလှော်ရင် မမြင်ရသေးတဲ့ကျွန်းကိုရောက်လာမှာမဟုတ်ဘူး လှော်မှမြင်ရမှာ။
ဒါပါပဲ ဘုရားသခင်ပေးထားတဲ့ဘဝလေးက
ကိုယ့်အစွမ်းအစကိုထုတ်သုံးတတ်အောင်လည်း
အသိဉာဏ်တွေပေးထားတယ် သူများတွေကပါရမီဘာညာ အလကား အရှုံးသမားစကား
ကြိုးစားမှ*ရသင့်ရထိုက်တာ* ရတာ
မရသင့်တာတော့ဘယ်ရမှာလည်းဗျာ။
အေဒီနေရာမှာဖြည့်ပြောချင်သေးတာက
ကြက်ပိုင်ရှင်နေရာပေါ့
အော်သူတစ်ပွဲပဲရှုံးတာပါ သူဘဝလေးအေးအေးချမ်းချမ်းနဲ့ ဆက်လျှောက်ရအောင်
ကြက်သဘာဝလေးပီပီထားရမယ်ဆိုပြီး
လွတ်လပ်ခွင့်ပေးလိုက်ရင် ကြက်ကြီးရဲ့ဘဝဘယ်လောက် အပူအပင်ကင်းမလည်း
လာစမ်းပါ ဒီတစ်ခါကျရင် ကြက်ချင်းတိုက်ရမှာမဟုတ်ဘူး ခွေးတွေပါပြန်ချချင်ချရမှာ
အဲ့ခါကျ သူလည်းသူဟာသူပိုကာကွယ်တတ်လာမယ်။
ပြောချင်တာကတော့ဗျာ…
မိဘအချို့ ငါ့သားလေး သူမီးပူကိုင်တော့မှာ
ဟယ်ဒုက္ခပဲ သူအပူထိပြီး အမာရွတ်ဖြစ်လိမ့်မယ်။
တည့်ပဲပြောမယ် ဖြစ်ပါလေ့စေ ဒါမှ သူအပူရဲ့အန္တရာယ်ကိုသိမှာ အန္တရာယ်ကိုမသိသေးရင်ဘားမှ မသိတဲ့ (innocent life) ဘဝလေးကနေ ထွက်လာတော့မှာ မဟုတ်ဘူး သောက်ပေါကြီးဖြစ်နေမှာ
ငါ့သားလေး အပြင်ထွက်သွားပြီ သူများတွေနဲ့ရန်ဖြစ်နေမှ ဒုက္ခ ဖြစ်ပါလေစေ လူငယ်သဘာဝဖြစ်မှာ
ဒါမှ ရန်ကိုရှောင်တတ်လာမှာ အကျင့်ကောင်းတွေ
(Great manners) တွေရလာမှာ
လူတစ်ယောက် လူတော်၊ပညာတတ်ကောင်းဖို့ဆိုတာ သောက်ဒုက္ခတွေကြုံနေမှ ကောင်းလာတာ
စာကျက်ရတာလည်း သောက်ဒုက္ခတမျိုးပဲ
(Parrot leaning မပါ) ငါ့သားလေးငါ့သမီးလေး
ဆိုပြီးစိုးရိမ်မနေနဲ့ လူပဲ သောက်ဒုက္ခကဘေးနားမှာ
လင်းယုန်တွေလို သုတ်ဖို့ချောင်းနေတာ
သောက်ဒုက္ခခဏခဏသုတ်ခံရမှ ရှင်သန်တတ်လာမှာ ဒါကဒီလိုဖြစ်တယ်ပြောရုံနဲ့မပြီးဘူး
ခင်ဗျားတို့ သားသမီးက ဒုက္ခဆိုတာ မကြုံဖူးသေးသ၍ မဖြေရှင်းတတ်ဘူး (ကျွန်တော်အပါအဝင် နှမ်းသာဖြူးနေတာ ဘားမှ မလုပ်တတ်ဘူး)။
ပြောချင်တာကဒါပဲခဗျ ဒုက္ခဆိုတာ
အလင်းတစ်ခုပဲ ဘားမှ စိတ်ညစ်စိုးရိမ်နေစရာမလိုဘူး။ဒါမှ ပြင်မရတဲ့ဒုက္ခကိုလည်း ပြင်တတ်လာမှာ။
ဒိီမှာတစ်ခုတော့ပြောမယ် စိတ်ဓာတ်ခွန်အားလာပေးတာမဟုတ်ဘူး ခင်ဗျာဘာခင်ဗျာ ကျချင်သလောက်ကျ ဆက်ကျနေရင်တော့ အဲ့စိတ်ဓာတ်ကျတာနဲ့ လစ်သွားမှာ။ ကျစရာရှိတာထက်
ကျနေတာကိုဖြေရှင်းဖို့က အဓိကကျတယ်။

ကျွန်တော် BT Jacob

Crd photo

Address

Maymyo

Opening Hours

Monday 16:00 - 12:00
Tuesday 16:00 - 12:00
Wednesday 16:00 - 12:00
Thursday 16:00 - 12:00
Friday 16:00 - 12:00
Saturday 16:00 - 12:00
Sunday 00:00 - 12:00

Telephone

+959758598199

Website

Alerts

Be the first to know and let us send you an email when Mingo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mingo:

Share