YaZar Win Thit

YaZar Win Thit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YaZar Win Thit, Yangon.

31/03/2023
11/03/2023
08/02/2023

ဒီခေတ်လူငယ်အတော်များများမှာ V**e Device လေးတွေသုံးလာကြတာကို လွန်ခဲ့တဲ့ ၄နှစ် ၅ နှစ်လောက်ကတည်းက သတိထားလာမိတယ်။ Color အမျိုးမျိုး ၊ ပုံစံအမျိုးမျိုးလေးတွေနဲ့ လာတဲ့ V**e Device လေးတွေက အတော်လည်း smart ဖြစ်တာကို တွေ့လာရတယ်။
V**e Shop တွေ Sh**ha ဆိုင်တွေ အရမ်းခေတ်စားလာတဲ့ အခါမှာ V**e လို့ခေါ်တဲ့ E-Cigarette ထဲမှာ ဘာတွေပါလဲဆိုတာ စိတ်ဝင်စားခဲ့တယ်။ ဆေးလိပ်အစားထိုးပြီး ဒီ E-Cigarette သောက်ရင်ကော တကယ်ပဲ Safe ဖြစ်ရဲ့လားဆိုတာ တွေးမိလာလို့ သူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို Google လုပ်ကြည့်ဖြစ်တဲ့အခါမှာ Johns Hopkins University က သုတေသနပြုလုပ်ခဲ့တဲ့ အကြောင်းအရာလေးတွေကို တွေ့မိ ၊ ဖတ်မိလာတဲ့အရာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

“Johns Hopkins researchers find thousands of unknown chemicals in electronic cigarettes”

John Hopkin University က သုတေသနပညာရှင်တွေဟာ V**e Liquid / aerosol တွေထဲမှာ ဘာပစ္စည်းတွေပါသလဲဆိုတာကို high-resolution mass spectrometry ဆိုတဲ့ နည်းကို အသုံးပြုပြီး လေ့လာခဲ့ကြပါတယ်။ ဒီနည်းဟာ စွန့်ပစ်ရေဆိုးတွေ ၊ အစားအသောက်တွေ၊ သွေးထဲမှာ ပါဝင်တဲ့ Organic Compound တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာတဲ့နည်းပဲဖြစ်ပါတယ်။ Va**ng Products တွေမှာ အနံ့အမျိုးမျိုးရှိပေမယ့် ဒီလိုစမ်းသပ်လေ့လာတဲ့အခါ Consistency ညီညွှတ်မှုဖြစ်နေစေဖို့အတွက် တကယ်လူသိများတဲ့ Brand 4 မျိုးရဲ့ tobacco-flavored liquid type ကိုပဲ စမ်းသပ်လေ့လာခဲ့တာဖြစ်ပါတယ်။ ဘယ် Brand တွေလည်း ဆိုရင် ....
🌟Mi-Salt
🌟 Vuse,
🌟 Juul
🌟Blu တို့ဖြစ်ပါတယ်။

လေ့လာမှုတွေ ပြုလုပ်အပြီးမှာတော့ ဓါတုပစ္စည်းအမျိုးအစား ၂ ထောင်ကျော်နီးပါးကို ဒီProduct တွေထဲမှာ လေ့လာတွေ့ရှိခဲ့ပြီးတော့ ဒီထဲက ဓါတုပစ္စည်းတွေအတော်များများဟာ ဘာဓါတုပစ္စည်းလဲဆိုတာတောင် ခွဲခြားမရတာမျိုးတွေရှိတယ်ဆိုတာ ရေးသားထားပါတယ်။ ဒီဓါတုပစ္စည်းတွေထဲကမှ ၆ မျိုးဟာ လူကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပြီး အဲ့ဒီ ၆ မျိုးအနက် ၃ မျိုးဟာ အရင်တုန်းက E-Cigarettes တွေမှာ မတွေ့ခဲ့ရဘူးဆိုတာလည်း ဖော်ပြထားပါတယ်။

ဒီ Product တွေထဲမှာ Caffeine ကိုတွေ့ရတဲ့အပြင် စက်မှုလုပ်ငန်းသုံးဓါတုပစ္စည်း ( Industrial Chemicals ) ၃မျိုး ၊ ပိုးသတ်ဆေး ( Pesticide ) တစ်မျိုး ၊ အသက်ရှုလမ်းကြောင်းကို အဆိပ်အတောက်ဖြစ်စေပြီး ယားယံစေနိုင်တဲ့ အနံ့အရသာအတွက်ထည့်ထားတဲ့ ပစ္စည်း ( Flavoring agent) ၂ မျိုးကို တွေ့ရှီခဲ့ပါတယ်တဲ့။

ဒီစမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ Carsten Prasse ( Assistant professor, School of Engineering ) က ဘာပြောသလဲဆိုတော့ လူတွေဟာ သူတို့ V**e လုပ်လိုက်တဲ့ အချိန်မှာ ကိုယ့်ခန္ဒာကိုယ်ထဲကို သိပ်ကိုရှုပ်ထွေးလှတဲ့ ဓါတုပစ္စည်းတွေကို ရှုသွင်းလိုက်တယ်ဆိုတာ သိစေချင်ပါတယ်တဲ့။ နောက် ဒီ လို V**e လုပ်တယ်ဆိုတာ ဆေးလိပ်သောက်တာထက် ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီး ဘာလို့ Marketing တွေလုပ်နေကြသလဲဆိုတာ သူစဉ်းစားလို့မရပါဘူးတဲ့ ။ သူ့အမြင်အရဆို ဒီလိုမပြောနိုင်ပါဘူးတဲ့။

Co-author Ana M. Rule, an expert in metals exposures from va**ng with the Johns Hopkins Bloomberg School of Public Health , ကလည်း အခုခေတ်မှာ ဆေးလိပ်မသောက်ဘူးတဲ့ လူငယ်တွေဟာ ဒီ Va**ng ကို သောက်သုံးနေတာဟာ safe ဖြစ်တဲ့ ရွေးချယ်မှုတစ်ခုမဟုတ်သလို risk အရမ်းများတယ်လို့ ပြောပါတယ်။

Style တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ၊ ဆေးလိပ်သောက်တာထက် ပိုပြီး safe ဖြစ်ပါတယ်လို့တွေးပြီးပဲဖြစ်ဖြစ် Va**ng လုပ်နေတာဟာ This is not a safe choice ပါ ။ ဖြစ်နိုင်ရင် ဆေးလိပ်ရော v**e ရောဟာ မသောက်သင့်တဲ့အရာတွေလို့ မြင်ပါတယ်။

Ref : https://hub.jhu.edu/2021/10/07/va**ng-unknown-chemicals/

04/02/2023

ဆီးချိုထိန်းသိမ်းမှုမကောင်းလျှင်ဖြစ်ကိုဖြစ်တဲ့ ‌ကျောက်ကပ်ပျက်စီးရခြင်းအကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ပျက်စီးမှုလည်း အဖြစ်များနေပြီး၊ တချို့မှာ နောက်ကျမှ သိရှိကာ ရောဂါဝေဒနာ ပိုခံစားရတာမို့၊ စောစောသိဖို့လည်း အရေးကြီးနေတယ်လို့ ဆီးချိုအထူးကုတွေက ထောက်ပြနေကြပါတယ်။

ဆီးချိုသွေးချိုရောဂါကနေ ကျောက်ကပ်ထိခိုက်ပျက်စီးစေရခြင်း အဓိက အကြောင်းရင်းကတော့ ဆီးချိုသွေးချိုကို ကောင်းကောင်းမထိန်းထားနိုင်တာကြောင့်၊ သွေးထဲသွေးချိုဓာတ် (ဂလူးကို့စ် သကြားဓာတ်) များပြီး သွေးကြောငယ်လေးတွေ ပျက်စီးကာ ကျောက်ကပ်ကို သွားရောက်ထိခိုက်တာပါ။

ဆီးချိုသွေးချိုကို ကောင်းကောင်းထိန်းထားနိုင်ဖို့က မနက်စောစော ဘာမှမစားသေးခင် ဆီးချိုတိုင်းကြည့်လျှင် သွေးထဲမှာ ဆီးချိုပမာဏက ၈၀-၁၃၀ mg/dl ( သွေး တစ် ဒက်ဆီလီတာမှာ သကြားပမာဏ (၈၀) ကနေ (၁၃၀) မီလီဂရမ် အတွင်း) ရှိနေရပြီး၊ အစာစားပြီး တစ်နာရီအတွင်း (သို့မဟုတ်) နောက်ပိုင်း နေ့လည်နဲ့ ညနေမှာ တိုင်းလျှင်လည်း သွေးထဲ ဆီးချိုပမာဏ ၁၈၀ mg/dl ထက် မကျော်ရပါဘူး။

ဒါ့အပြင် (၃) လ တစ်ကြိမ် သွေးနီဥထဲက သကြားဓာတ် (ဟီမိုကလိုဘင် အေဝမ်းစီ - HbA1c) ကို တိုင်းရာမှာလည်း (၇) ရာခိုင်နှုန်း မကျော်ရပါဘူး။

ဆီးချိုကြောင့် ကျောက်ကပ်နောက်ဆက်တွဲ ပိုထိခိုက်နိုင်သူတွေကတော့ ဆီးချိုသွေးချို ကောင်းကောင်းမထိန်းနိုင်သူတွေအပြင် မျိုးရိုးဗီဇရှိသူ (မိသားစုထဲ ဆီးချိုရောဂါ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါပါ ဖြစ်သူရှိခြင်း)၊ ဆေးလိပ်သောက်သူနဲ့ သွေးတိုးရောဂါပါ ဆီးချိုနဲ့တွဲရှိပြီး သွေးတိုးမထိန်းထားနိုင်သူတွေပါ။

ဆီးချိုအမျိုးအစား (၂) မျိုးရှိရာမှာ ဆီးချိုအမျိုးအစား (၁) ဖြစ်တဲ့ ငယ်ရွယ်စဉ်ကတည်းက ဖြစ်လာသူတွေမှာ အင်ဆူလင် (Insulin) ဆေးထိုးထိန်းပေမယ့် ထိန်းရခက်တတ်တာကြောင့် သုနေသနတွေအရ နောက် (၅) နှစ်ကနေ (၇) နှစ်အတွင်းမှာ ကျောက်ကပ်ထိခိုက်လာနိုင်ပါတယ်။

ဒါ့အပြင် လူကြီး (အထူးသဖြင့် အသက် ၄၀ ကျော်) တွေမှာ စဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား (၂) ကလည်း ရောဂါဖြစ်ကြောင်း သိတာနောက်ကျပြီး၊ ကျောက်ကပ်ရောဂါအပါအဝင် နောက်ဆက်တွဲရောဂါတွေ ဝင်လာပြီးကာမှ သိသူက သုတေသနေတွေအရ (၅၀) ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

စောစောသိနိုင်ဖို့ ဆီးချိုသွေးချိုရောဂါ ရှိထားပြီးသူတွေအနေနဲ့ အနည်းဆုံး (၆) လ တစ်ကြိမ် ဆီးစစ်ဖို့လိုပါတယ်။

အကြောင်းက ဆီးချိုကြောင့် ကျောက်ကပ် စတင် ထိခိုက်လာတာကို ဆီးထဲ အသားဓာတ် (Albumin အမျိုးအစား) အဏုစိတ်ပမာဏ ပါလာတဲ့အဆင့် (Microalbuminuria) ကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်နိုင်လို့ပါ။

ဒီအစပိုင်း အဆင့်က လူနာခန္ဓာကိုယ်မှာ ဘာလက္ခဏာမှ မပြသေးပါဘူး။ ဒါပေမဲ့ အခုလို ဆီးစစ်ပြီး သိနိုင်လျှင်တော့ နောက်တဆင့်ဖြစ်တဲ့ ဒုတိယအဆင့် ကျောက်ကပ်ကို ပိုထိခိုက်လာတဲ့ ဆီးထဲအသားဓာတ် ကြီးမားစွာပါလာတဲ့အဆင့် (Macroalbuminuria) ထိ မရောက်သွားအောင် ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။

ဒီ ဒုတိယအဆင့်မှာတော့ ဆီးထဲမှာ အသားဓာတ်တွေပါလာတာကို မျက်စိနဲ့ စ သိနိုင်တာအပြင်၊ ကိုယ်ခန္ဓာမှာလည်း ဖောယောင်တာတွေ ခြေထောက်ကနေစဖြစ်ပြီး၊ မနက်မိုးလင်း မျက်လုံးတွေဖောယောင်တာ၊ မျက်နှာပါဖောလာတာတွေအထိ အဆင့်ဆင့်ဖြစ်လာတတ်ပါတယ်။

ဒီဒုတိယအဆင့်ကနေ ကျော်သွားလျှင်တော့ ကျောက်ကပ်လုံးဝပျက်စီးပြီး အလုပ်မလုပ်တဲ့ အဆိုးဆုံးအဆင့် (Chronic Kidney Disease၊ Chronic Renal Failure) ကို ရောက်သွားပါတယ်။

ဒီအဆိုးဆုံးအဆင့်မှာတော့ ကျောက်ကပ်အလုပ် မလုပ်နိုင်တာကြောင့် သွေးထဲကနေ အညစ်အကြေးတွေကို မစွန့်နိုင်တော့ဘဲ၊ သွေးမသန့်တော့တာကြောင့် လူနာက နေလို့မကောင်းတာ၊ ပျို.အန်တာ၊ အစာမစားချင်တာ၊ သွေးအားနည်းတာနဲ့ လှုပ်ရှားလျှင်မောလာတာတွေ အဆင့်လိုက် ဖြစ်လာပါတော့တယ်။

11/01/2023
06/01/2023

အစာမရှိမှသောက်ရမည့် ဆေး(၉)မျိုး
🔸🔹🔸🔹🔸🔹🔸🔹
ရောဂါဖြစ်ရင် ဆေးသောက်တယ်ဆိုပေမဲ့ ဆေးသောက်ပုံ၊ သောက်နည်း မှန်ကန်ဖို့လိုတယ်။
ဆေးသောက်နည်းမှန်မှ ဆေးအာနိသင်ကို ပြည့်ပြည့်ဝဝရမယ်။ ရောဂါပျောက်ကင်းမယ်။
ဒါကြောင့် ရောဂါဖြစ်လို့ ဆရာဝန်သွားပြရင် ဆရာဝန်က ဆေးပေးလိုက်တာမှန်ပေမဲ့ ပေးလိုက်တဲ့ ဆေးကို အစာနဲ့တွဲသောက်ရမလား၊ အစာနဲ့ခွာသောက်ရမလား( အစာမရှိချိန်သောက်ရမလား) ဆိုတာကို ဆရာဝန်ကို သေသေချာချာ မေးထားဖို့ လိုပါတယ်။ ဆေးကို သောက်သာသောက်တယ်။ ရောဂါဝေဒနာ မသက်သာဘူးဆိုတာသည် ဆေးသောက်နည်းမမှန်ခြင်းက အကြောင်းတချက်အနေနဲ့ ပါဝင်တယ်။ ဆေးသောက်နည်းတစ်ခုဖြစ်တဲ့ အစာနဲ့ခွာသောက်ရမယ့် ဆေး(၉) မျိုးရှိပါတယ်။ မိတ်ဆွေတို့ လက်ရှိသောက်သုံးနေရတဲ့ ဆေးဝါးများသည် အောက်ပါ ဆေးဝါးများ ၉ မျိုးထဲမှာ ပါနေတယ်ဆိုရင် အစာနဲ့ခွာသောက်ရမှာ ဖြစ်ပါတယ်။ ဒါမှ ဆေးအာနိသင်ကို အပြည့်အဝရပြီး ရောဂါဝေဒနာများ သက်သာမှာ ဖြစ်ပါတယ်။

အချို့ဆေးကို ဘာကြောင့် အစာနဲ့ခွာသောက်သင့်သလဲ
🔸🔹🔸🔹🔸🔹🔸🔹
အချို့ဆေးတွေက အစာနဲ့ဝေးဝေးသောက်ပါ သောက်သင့်တယ်။ ဘာကြောင့်လဲဆိုတော့
စုပ်ယူမှု့နှေးခြင်းအစာက အချို့ဆေးတွေကို ကိုယ်ကနေစုပ်ယူမှု့နှေးစေတယ်။ ဒါကြောင့် ဆေးကကိုယ်ထဲမှာ အချိန်ကြာကြာနေပြီး ဆေးအာနိသင်ကို ကြာကြာရစေတယ်။
စုပ်ယူမှု့နည်းခြင်း
အချို့အစားအစာ၊ အချိုရည်၊ ဖြည့်စွက်စာများက ကိုယ်ထဲက ဆေးပမာဏ ကိုနည်းစေတယ်။
ဆေးဖြိုခွဲမှု့ နှေးခြင်း သို့မဟုတ် မြန်ခြင်း
လိုအချို့အသီးများသည် ကိုယ်ထဲမှာ အချို့ဆေးများရဲ့ ဖြိုခွဲမှု့နှုန်းကို မြန်စေတယ်။ အဲလိုမြန်ရင် ဆေးတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူး။ ဖျော်ရည်တွေက ကိုယ်ထဲမှာ ဆေးများရဲ့ ဖြိုခွဲမှု့ကို နှေးစေတယ်။ ဒါဆိုရင် ကိုယ်ထဲမှာ ဆေးတွေ စုပုံလာပြီး ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်ပါတယ်

အစာမရှိချိန်ဆေးသောက်ဆိုတာဘာကို ဆိုလိုတာလဲ
🔸🔹🔸🔹🔸🔹🔸🔹
အစာမရှိချိန်ဆေးသောက်ဆိုတာဟာ အစာမစားခင် ၁ နာရီ နဲ့ အစာစားပြီး ၂ နာရီကို ဆိုလိုတာဖြစ်တယ်။ အစာစားပြီးရင် အစာအိမ်ထဲက အဲအစာကုန်သွားဖို့ ၁ နာရီခွဲကနေ ၂ နာရီကြာတယ်။
ဒါပေမဲ့ စားတဲ့အစားအစာမျိုးအစားပေါ်မူတည်လည်းမူတယ်ပါတယ်။ ဥပမာ အဆီများတဲ့အစားအစားတွေဆိုရင် အစာအိမ်ထဲကနေ အစာတွေကုန်သွားဖို့ အချိန်ကို ပိုကြာစေတယ်။

(၁) #သိုင်းရွက်ရောဂါကုဆေးများ
🔸🔹🔸🔹🔸🔹🔸🔹
hypothyroid လည်ပင်းဟော်မုန်းနည်းတဲ့ရောဂါရှိရင် ဆေးသောက်ရတယ်။ မနက်ပိုင်း အစာမရှိချိန်သောက်ရတယ်။ အချို့အစားအစာနဲ့ဖျော်ရည်တွေက ဆေးရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲစေလို့ဖြစ်တယ်။ ဥပမာ အခွံမာသီး၊ အမျှင်ဓာတ်များတဲ့ အစားအစာများ၊ ပဲပုပ်တို့သည် ကိုယ်ကနေ levothyroxine စုပ်ယူမှု့ကို ထိခိုက်စေတယ်။ မနက်ခင်း ဖျော်ရည်များ၊ ဂရိတ်ဖရုသီး၊ ကော်ဖီ၊ နွားနို့ များကလည်း အလားတူ အကျိုးသက်ရောက်စေတယ်။ Levofloxacin ကို မနက်စာ မစာခင် မိနစ် ၃၀ အလိုမှာ သောက်ရတယ်။ အခြားဆေးများ မသောက်ခင် ၄ နာရီ အခြားဆေးများသောက်ပြီး ၄ နာရီ အကြာမှ ဆေးကို သောက်ရမယ်။

(၂)
🔸🔹🔸🔹🔸🔹🔸🔹
(Fosamax), (Boniva), (actonel) တို့သည် ဆေးများဖြစ်တယ်။ #အရိုးပွရောဂါကို ကုသပေးပြီး အရိုးကျိုးခြင်းကနေ ကာကွယ်ပေးတယ်။ အချို့အစားတွေ၊ ၊ ဖြည့်စွက်စာများက အစာအိမ်ထဲမှာ များနဲ့ တွယ်ကပ်ပြီး ဆေးများကို စုပ်ယူမှု့ကို နှောင့်ယှက်နိုင်တယ်။ ဖျော်ရည်များနဲ့တွဲသောက်တာကိုလည် ရှောင်ရမယ်။
ရေနဲ့ယှဉ်လိုက်ရင် လိမ္မော်ရည်က စုပ်ယူမှု့ကို ၆၀ ရာခိုင်နှုန်း နှောက်ယှက်နိုင်တယ်။ alendronate, risedronate ဆေးများကို အစာမစားခင် နာရီဝက်အလိုမှာ သောက်ပါ။ ကိုတော့ အစာမစားခင် ၁ နာရီအလိုမှာသောက်ပါ။ ဆေးကို ရေတဖန်ခွက်ပြည့်ပြည့်နဲ့သောက်ပါ။ အစာအိမ်ထဲကို မြန်မြန်ရောက်ပြီး အစာရေမျိုပြွန်ကို ထိခိုက်တာကနေကာကွယ်နိုင်မှာ ဖြစ်တယ်။

(၃)
🔸🔹🔸🔹
အူလမ်းကြောင်းအနာကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ အနာကို အလွှာပါးအနေနဲ့ ကာကွယ်ပေးတယ်။ ဆေးကို အစာမရှိတဲ့အချိန်မှာ သောက်ရမယ်။ အစာစားပြီး အနည်းဆုံး ၁ နာရီ သို့မဟုတ် ၂ နာရီကြာမှ သောက်ရမယ်။ အစာနဲ့တွဲသောက်ရင် ဆေးက အနာကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ Antacid သောက်နေတယ်ဆိုရင်တော့ Sucralfate မသောက်ခင် သို့မဟုတ် သောက်ပြီး မိနစ်(၃၀)ကြာမှ ဆေးကိုသောက်ပါ။ မဟုတ်ရင် အနာကို Sucralfate က တွယ်ကပ်ကာကွယ်နိုင်မှု့ ကျဆင်းသွားစေနိုင်တယ်။

(၄) (Vi**ra)
🔸🔹🔸🔹🔸🔹🔸🔹
Sildenafil သည် ပန်းသေပန်းညှိုးရောဂါဖြစ်တဲ့ Dysfunction ကိုကုသတဲ့ဆေးဖြစ်တယ်။ ဆေးကို အစာနဲ့ဖြစ်စေ၊ အစာမရှိတဲ့အချိန်မှာဖြစ်စေ သောက်နိုင်တယ်။ ထောပတ်လိုအဆီများတဲ့အစားအစာများကို စားပြီးသောက်ရင် ဆေးကို ကြာရှည်အလုပ်လုပ်တယ်။

(၅)
🔸🔹🔸🔹
သွေးတိုးနဲ့နှလုံးရောဂါကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါ ကိုကုသရာမှာလည်း သုံးတယ်။ အစာနဲ့တွဲသောက်ရင် ဆေးကိုစုပ်ယူနိင်စွမ်းကျဆင်းစေလို့ အစာနဲ့တွဲမသောက်သင့်ဘူး။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရင် ဆေးစုပ်ယူမှု့ကောင်းစေတယ်။

(၆)
🔸🔹🔸🔹🔸🔹
ဆီးလမ်းကြောင်းတင်းခြင်းကို ကုသရာမှာသုံးတဲ့ဆေးဖြစ်တယ်။ ပျို့အန်ခြင်းရှောင်ရှားနိုင်ဖို့ အစာနဲ့ဝေးဝေးသောက်ရမယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရမယ်။ တနေ့ကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ် သောက်ရပါမယ်။

(၇)
🔸🔹🔸🔹🔸
အချို့ပိုးသတ်ဆေးတွေက အစာနဲ့ဖြစ်စေ အစာမရှိဘဲဖြစ်စေ သောက်နိုင်တယ်။ ampicillin ကိုတော့ အစာမရှိတဲ့အချိန်မှာ သောက်ရမယ်။ အစာနဲ့တွဲသောက်ရင် ဆေးစုပ်ယူမှု့ကို ကျဆင်းစေလို့ဖြစ်တယ်။ ရောဂါပိုးသတ်တာကို နှောက်ယှက်နိုင်တယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ဖို့ညွှန်ကြားထားတယ်။

(၈)
🔸🔹🔸🔹🔸
အစာကနေ အနှောက်အယှက်ပေးနိုင်တဲ့ ဆေးတစ်မျိုးကတော့ Zafirlukast ဖြစ်တယ်။ ကလေးနဲ့လူကြီး ပန်းနာရင်ကျပ်ဝေဒနာသည်များ ရောဂါကာကွယ်ဖို့ တနေ့ကို ၂ ကြိမ် သောက်ရတယ်။ အစာနဲ့တွဲသောက်ရင် Zafirlukast ဆေးစုပ်ယူမှု့ကို ၄၀ ရာခိုင်နှုန်း ထိကျဆင်းစေတယ်။ အစာမစားခင် ၁ နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ဖို့ညွှန်ကြားထားတယ်။

(၉) pump inhibitors
🔸🔹🔸🔹🔸🔹🔸🔹
အစာရေမျိုပြွန်ထဲကို အက်ဆစ်ဓာတ်များ ပြန်ဆန်တက်တဲ့ရောဂါဖြစ်တဲ့ ရောဂါကိုကုသရာမှာ သုံးတဲ့ဆေးများဖြစ်ပါတယ်။ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှု့ကို ကျဆင်းစေတယ်။ အစာက အက်ဆစ်ထွက်စေတယ်။ ဒါကြောင့်အက်ဆစ်မထွက်ခင် PPI ဆေးများကို သောက်ရမယ်။ ဒါကြောင့် များကို အစာမစားခင် မိနစ် ၃၀ အလိုမှာ သောက်ရတာ ဖြစ်တယ်။

အစားအသောက်အများစုသည် အချို့ဆေးများရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်။ ဒါကြောင့် အစာမရှိတဲ့အချိန်မှာ ဆေးကိုသောက်ရတာဖြစ်တယ်။ ဆေးပေါ်မှာ လည်း မူတည်ပါတယ်။ ဒါကြောင့် ဆေးမသောက်ခင် အဆိုပါဆေးသည် အစာနဲ့တွဲမသောက်သင့်တဲ့ဆေးလားဆိုတာကို သေချာမေးမြန်းပြီး သောက်မှာသာ ထိရောက်မှာ ဖြစ်ပါတယ်။

#ဒေါက်တာထွန်းမြတ်ဝင်း ( #ဆေးဝါးပညာ )

Address

Yangon

Telephone

+959261987539

Website

Alerts

Be the first to know and let us send you an email when YaZar Win Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share