VERTU Myanmar

VERTU Myanmar VERTU Myanmar သည် VERTU အသိအမှတ်ပြု မြန်မာပြည်၏တဦးတည်း တိုက်ရိုက်တင်သွင်းသူဖြစ်ပါသည်။

VERTU Myanmar သည် VERTU products များ၏ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု ရောင်းချသူဖြစ်ပါသည်။

30/08/2025
Available in BKK.
25/08/2025

Available in BKK.

The world’s first Web3 luxury smartphone. A seamless fusion of advanced blockchain technology, Smart AI, and timeless craftsmanship.
📍 Available now at Siam Paragon, 2nd Floor (Star Dome)
📍 Price Starting at 99,000 THB
🔗 Discover more: https://lin.ee/sR3zIpo

25/08/2025

ကမ္ဘာ့စျေးအကြီးဆုံး Vertu ဖုန်းများနှင့် ထူးခြားသော အနုပညာလက်ရာများ

လက်ကိုင်ဖုန်းလောကတွင် Vertu ဖုန်းများသည် သာမန်ဆက်သွယ်ရေးကိရိယာတခုထက် ပိုမိုပါသည်။ ၎င်းတို့သည် ဇိမ်ခံပစ္စည်း၊ အနုပညာလက်ရာနှင့် ဂုဏ်သိက္ခာ၏ ပြယုဂ်တခု ဖြစ်လာခဲ့သည်။ ကမ္ဘာ့စျေးအကြီးဆုံး Vertu ဖုန်းများသည် ၎င်းတို့၏ နည်းပညာများကြောင့် စျေးကြီးခြင်းမဟုတ်ဘဲ၊ အဖိုးတန် ကျောက်မျက်ရတနာများ၊ ရှားပါးသတ္တုများနှင့် လက်မှုပညာ အကောင်းဆုံးလက်ရာများကြောင့် စျေးနှုန်း မြင့်မားခြင်းဖြစ်သည်။

ကမ္ဘာ့စျေးအကြီးဆုံး Vertu ဖုန်းများထဲမှ တခုမှာ Vertu Signature Cobra ဖြစ်သည်။ ဖုန်းကို ပြင်သစ်လက်ဝတ်ရတနာကုမ္ပဏီ Boucheron က ဒီဇိုင်းရေးဆွဲခဲ့ပြီး ကမ္ဘာပေါ်တွင် (၈) လုံးသာ ထုတ်လုပ်ခဲ့သည်။ ၎င်း၏ ဒီဇိုင်းမှာ အလွန်ထူးခြားပြီး ဆွဲဆောင်မှုရှိသည်။ ဖုန်းကိုယ်ထည်ပေါ်တွင် မြွေတကောင် ရစ်ပတ်ထားသည့်ပုံစံကို ဖန်တီးထားပြီး ထိုမြွေကို ပတ္တမြား (၄၃၉) လုံးဖြင့် ပြုလုပ်ထားသည်။ ထို့အပြင် မြွေ၏ မျက်လုံးနေရာတွင် မြကျောက် (၂) လုံးကို အသုံးပြုထားသည်။ ဖုန်း၏စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၃၁၀,၀၀၀) ဝန်းကျင်ရှိပြီး၊ လက်လုပ်ပစ္စည်းများဖြစ်သောကြောင့် ဝယ်ယူသူထံသို့ ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်ပေးလေ့ရှိသည်။

ဒုတိတမျိုးမှာ Vertu Signature Diamond ဖုန်း ဖြစ်သည်။ ဒီဖုန်းသည် Vertu ၏ ဂန္တဝင်အကျဆုံး မော်ဒယ်တခုဖြစ်သည်။ ၎င်းကို အဖိုးတန် စိန်ပွင့်များစွာနှင့် Platinum သတ္တုဖြင့် ပြုလုပ်ထားသည်။ ဒီဇိုင်းမှာ ရိုးရှင်းသော်လည်း အလွန်အမင်း ခမ်းနားထည်ဝါပြီး Vertu ၏ လက်မှုပညာ အသေးစိတ်ကျမှုကို ဖော်ပြထားသည်။ ဖုန်း၏ စျေးနှုန်းသည်လည်း ၎င်း၏အသုံးပြုထားသော အဖိုးတန်ပစ္စည်းများကြောင့် အလွန်မြင့်မားသည်။

တတိယတမျိုးကတော့
Vertu Signature S Rose Gold Black Diamonds မော်ဒယ်ဖြစ်ပြီး Rose Gold ရွှေကို စိန်နက်များနှင့် ပေါင်းစပ်ပြီး ဖန်တီးထားသည်။ ဖုန်း၏ ခလုတ်တခုစီကိုလည်း လက်ဖြင့် တခုချင်းစီ ထည့်သွင်းတပ်ဆင်ထားသည်။ ထို့အပြင် ဖုန်း၏ စပီကာများတွင်လည်း နာမည်ကြီး Bang & Olufsen အမှတ်တံဆိပ်ကို အသုံးပြုထားသည်။

Vertu ဖုန်းများသည် အခြားသော နည်းပညာမြင့်ဖုန်းများကဲ့သို့ ခေတ်မီသော စမတ်ဖုန်းများ မဟုတ်ကြပါ။ ၎င်းတို့၏ စျေးနှုန်းကြီးမြင့်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ထူးခြားသောပစ္စည်းများနှင့် လက်ရာမြောက်သော ဒီဇိုင်းများအပြင် Vertu ပိုင်ရှင်များအတွက်သာ သီးသန့်ပေးထားသည့် “Concierge Service” ဝန်ဆောင်မှုကြောင့်လည်း ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုသည် တနေ့ (၂၄) နာရီ၊ တပတ် (၇) ရက်လုံးလုံး အသင့်ရှိနေသည့်
အကူတဦး စီစဥ်ပေးထားခြင်းဖြစ်သည်။

ဖုန်းပိုင်ရှင်သည် ထိုအကူကို
ဖုန်းခေါ်ဆို၍ လေယာဉ်လက်မှတ်များ၊ ဟိုတယ်အခန်းများ ကြိုတင်ဘိုကင်လုပ်ခြင်း၊ စားသောက်ဆိုင်များတွင် စားပွဲကြိုတင်မှာယူခြင်း သို့မဟုတ် အထူးပွဲများအတွက် လက်မှတ်များ ရှာဖွေပေးရန် တောင်းဆိုနိုင်ပါသည်။

အဆိုပါ ဝန်ဆောင်မှုသည် Vertu ဖုန်းကိုင်ဆောင်သူများအား အချိန်ကုန်သက်သာစေပြီး လူမှုရေးနယ်ပယ်တွင် အထူးအခွင့်အရေးများ ရရှိစေသည်။

နိဂုံးချုပ်အနေဖြင့် Vertu ဖုန်းများသည် ဖုန်းတလုံး၏ ရိုးရှင်းသော အလုပ်လုပ်ဆောင်မှုထက် ကျော်လွန်၍ ဇိမ်ခံပစ္စည်း၊ အနုပညာလက်ရာ၊ ဂုဏ်သိက္ခာနှင့် သီးသန့်ဝန်ဆောင်မှုတို့၏ ပေါင်းစပ်မှုဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သာမန်လူတယောက်အတွက် မဖြစ်နိုင်သော စျေးနှုန်းများဖြင့် ရပ်တည်နေခြင်းဖြစ်သည်။


10/06/2025

✨ SIGNATURE V – สัญลักษณ์แห่งความหรูหรา ✨
ด้วยดีไซน์อันเป็นเอกลักษณ์ ผลิตจากวัสดุพรีเมียมระดับโลก เช่น ทองคำ แพลตตินัม และหนังแท้ ผ่านกระบวนการสร้างสรรค์ด้วยมืออย่างพิถีพิถัน SIGNATURE V จึงเป็นมากกว่าโทรศัพท์มือถือ
📍 สัมผัสความหรูหราได้ที่: Siam Paragon ชั้น 2 (Star Dome)
📍 ราคาเริ่มต้นเพียง 699,000 บาท
📍 Now Available at Siam Paragon, 2nd Floor (Star Dome)
📍 Price Starting at 699,000 THB
🔗 Unlock Your Exclusive Privilege Today: https://lin.ee/sR3zIpo

ထိုင်းမှာလာဝယ်ရင် လေဆိပ်ကနေကြိုပေးဦးမှာပါ။
11/03/2025

ထိုင်းမှာလာဝယ်ရင် လေဆိပ်ကနေကြိုပေးဦးမှာပါ။

Address

Thingangyun
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+66834280075

Website

http://www.vertu.com/

Alerts

Be the first to know and let us send you an email when VERTU Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share